← Chapters

အခန်း ၃၀၀

Vol. 30 Ch. 300

အခန်း ၃၀၀

Vol. 30 Ch. 300

အခန်း (၃၀၀) ဆီးသွားခြင်း။ နဂါး။ (၁)

ပိုင်ချူးရန်သည် ကျီရှန်းကို ချုံပုတ်များထဲတွင် လုံခြုံစွာ ပုန်းကွယ်စေပြီးနောက် အခြေအနေကို တိတ်တဆိတ် စောင့်ကြည့်ရန်သာ ဆုံးဖြတ်လိုက်၏။

"ဟွန့်... ဒီမြစ်ထဲကို အဆိပ်ခတ်ပြီး ငါ့ရဲ့ နဂါးကို အဆိပ်မိသေအောင်လုပ်ခဲ့တာဆိုတော့ သေချာစဉ်းစားကြည့်ရင် ဒီအနီးအနားမှာ မင်းတို့လို အဆင့်နိမ့်တဲ့ သေတတ်တဲ့ လူသားတွေပဲ လုပ်တာဖြစ်မှာ။"

ထိုနတ်ဘုရားသည် ဒူးထောက်နေသော လူသားများရှေ့တွင် ဟိုဟိုဒီဒီ လမ်းလျှောက်နေပြီး သူ၏ လေးလံသော ခြေလှမ်းများက မြစ်ကမ်းစပ်တစ်ခုလုံးကို သိမ့်သိမ့်တုန်သွားစေသည်။

"မင်းတို့တွေ ဝက်ဝံနှလုံးနဲ့ ကျားသစ်အသည်းတ စားထားရင်တောင်မှ ဒှနတ်ဘုရားရဲ့ နဂါးကို အဆိပ်မခတ်ရဲဘူးဆိုတာ ငါ သိတယ်။ ဒါပေမဲ့ ဘာပဲဖြစ်ဖြစ် ဒီနတ်ဘုရားရဲ့ နဂါးကို မင်းတို့ အဆိပ်ခတ်လိုက်တာကတော့ ငြင်းမရတဲ့ အမှန်တရားပဲ။ ကဲ ငါ မင်းတို့ကို ဘယ်လို အပြစ်ပေးသင့်တယ်လို့ ထင်လဲ။"

လူသားများသည် မည်သည့်စကားမျှ မဟရဲဘဲ အချိန်အတော်ကြာ တိတ်ဆိတ်နေကြသည်။ ခေါင်းဆောင်ဖြစ်သူ လူသားသည် အဆုံးတွင် ခေါင်းငုံ့ကာ တိုးညှင်းသော အသံဖြင့် ပြန်ဖြေ၏။

"ကျွန်တော်မျိုးက သူတို့ရဲ့ ခေါင်းဆောင်တစ်ယောက်အနေနဲ့ ကျွန်တော်မျိုးရဲ့ အသက်ကို ပေးဆပ်ဖို့ ဆန္ဒရှိပါတယ်။"

"ထွက်သွားစမ်း။"

နတ်ဘုရားက ဒေါသတကြီး အော်ငေါက်ပြီး မြေပြင်ကို ဆောင့်နင်းလိုက်ရာ သူ့ခြေအောက်ရှိ မြေပြင်မှာ အက်ကွဲသွားလေသည်။

"မင်းက ဘာကောင်မို့လို့လဲ။ ဒီနတ်ဘုရားရဲ့ နဂါးနဲ့များ ယှဉ်နိုင်လို့လား။ မင်းရဲ့ အဆင့်အတန်းနဲ့ အသက်လေးက ငါ့ နဂါးနဲ့ တန်လို့လား။"

အခြား လူသားများသည် သူတို့၏ ခေါင်းများကို ပိုမို ငုံ့ထားမိပြီး အပေါ်သို့ မော့မကြည့်ရဲကြပေ။ ခေါင်းဆောင်ဖြစ်သူက ထပ်တောင်းပန်လေ၏။

"နတ်ဘုရားရယ် ဒေါသကို ထိန်းပါဦး။ နတ်ဘုရားက ဘယ်လို လျော်ကြေးမျိုးကို လိုချင်လဲ။ ကျွန်တော်တို့ မျိုးနွယ်စုအနေနဲ့ နတ်ဘုရားရဲ့ ဆန္ဒပြည့်ဝအောင် အစွမ်းကုန် ကြိုးစားပေးပါ့မယ်။"

"ပုံမှန်ဆိုရင် ငါ့နဂါးလေးရဲ့ အသက်အတွက် လျော်ကြေးအနေနဲ့ မင်းတို့ မျိုးနွယ်စုရဲ့ ခေါင်းတွေကို အကုန်ဖြတ်ယူရမှာပဲ။"

နတ်ဘုရားသည် သူ၏ လက်ထဲရှိ ဓားကို လှည့်ကာ ဟိုဟိုဒီဒီ လမ်းလျှောက်နေသည်။

"ဒါပေမဲ့ မင်းတို့ မျိုးနွယ်စုက နေ့စဉ်ရက်ဆက် နတ်ဘုရားတွေကို ကိုးကွယ်ပူဇော်ပြီး အရှင်မင်းကြီးနဲ့ တခြား နတ်ဘုရားတွေရဲ့ မျက်နှာသာပေးမှုကို အမြဲတမ်း ရရှိထားတာကို ထောက်ထားပြီး ဒီနတ်ဘုရားလည်း သဘောထားကြီးကြီးနဲ့ ဒီတစ်ခါတော့ မင်းတို့ကို လွှတ်ပေးလိုက်မယ်။ အချိန်တွေကို တွက်ကြည့်ရရင် မင်းတို့ မျိုးနွယ်စုထဲက မွေးကင်းစ ကလေးတွေ မွေးဖွားသင့်တဲ့ အချိန်ရောက်ပြီပဲ။ မင်းတို့တွေ ပြန်သွားပြီး ချစ်စရာကောင်းတဲ့ ကလေး အနည်းငယ်ကို ရွေးချယ်ပြီး ဒီနတ်ဘုရားအတွက် လက်ဆောင်အဖြစ် ဆက်သလိုက်။ ဒါဆိုရင် အခုကိစ္စကို ကျေအေးပေးမယ်။"

ထိုစကားကို ကြားလိုက်သည်နှင့် ခေါင်းဆောင်ဖြစ်သူ၏ ခန္ဓာကိုယ်မှာ သိသိသာသာ တုန်ရီသွားသည်အား ပိုင်ချူးရန် သတိပြုမိလိုက်၏။ သို့သော် အဆုံးတွင် ခေါင်းဆောင်သည် ခေါင်းငုံ့ကာ တိုးညှင်းသော အသံဖြင့်သာ ပြန်လည်ဖြေကြားလာသည်။

"နတ်ဘုရားရဲ့ ကြီးမားလှတဲ့ ကျေးဇူးတော်အတွက် ကျေးဇူးတင်ပါတယ်။ နတ်ဘုရားရဲ့ အလိုဆန္ဒအတိုင်း လိုက်နာပါ့မယ်။"

"ကောင်းပြီ။ မှတ်ထား။ နောက်ဆုံးရက်က ဒီကနေစပြီး ခုနစ်ရက်ပဲ။"

နတ်ဘုရားလည်း ကျေနပ်စွာ ခေါင်းညိတ်၏။

"ပြီးတော့ တစ်လထက်ကျော်တဲ့ ကလေးတွေကို ငါ မကြိုက်ဘူး။ အဲဒီအရွယ်တွေကို မေ့ထားလိုက်။"

"ဟုတ်ကဲ့ပါ..."

ထိုရက်စက်လှသော အခြေအနေကို မြင်သောအခါ ပိုင်ချူးရန် နောက်ထပ် ထိုင်ကြည့်မနေနိုင်တော့ကြောင်း ခံစားလိုက်ရသည်။

ဤရှေးဟောင်း နတ်ဘုရားများသည် လူသားမျိုးနွယ်ကို သက်ရှိများအဖြစ် မသတ်မှတ်ဘဲ စကားပြောဆိုနိုင်သည့် လှောင်အိမ်ထဲမှ မွေးမြူရေး တိရစ္ဆာန်တစ်မျိုးအဖြစ်သာ သတ်မှတ်ပုံရ၏။

ပိုင်ချူးရန်သည် လက်ကောက်ဝတ်ကို အကြောလျှော့ပြီး ထိုနတ်ဘုရားကို ငရဲသို့ပို့ရန် သူ့ခန္ဓာကိုယ်ထဲရှိ စစ်မှန်သော ချီစွမ်းအင်များကို လှုံ့ဆော်လိုက်ချိန်၌ အရပ်မျက်နှာ အနှံ့အပြားရှိ လေဟာနယ်များသည် ရုတ်တရက်ဆိုသလို မီးခိုးရောင်အဖြစ်သို့ ပြောင်းလဲသွားပြီး လောကရှိ အရာခပ်သိမ်းမှာ အေးခဲရပ်တန့်သွားကာ ရင်းနှီးနေသော အချိန်ဖိအားကြီးသည် တစ်ဖန် ပြန်လည် ဖြတ်သန်းသွားသည်။

သို့သော် ဤတစ်ကြိမ်တွင် ဖိအားမှာ အလွန် ပြင်းထန်ခြင်းမရှိဘဲ ပိုင်ချူးရန်၏ လှုပ်ရှားမှုကို ရပ်တန့်သွားစေရုံမျှသာ ဖြစ်သည်။ တဘက်ခြမ်းရှိ အချိန်များသည်တော့ ရပ်တန့်သွားခြင်း မရှိပေ။ ကြည့်ရသည်မှာ ကောင်းကင်လမ်းစဉ်သည် သူ သမိုင်းကို ပြောင်းလဲပစ်မည်စိုး၍ ဤလောကမှ ယာယီ ခွဲထုတ်ထားလိုက်ပုံပင်။

"ဒါက ကောင်းကင်လမ်းစဉ်ရဲ့ ဝင်ရောက်စွက်ဖက်မှုပဲ။"

ကျီရှန်းက ခပ်တိုးတိုးပြောလာ၏။ "ကြည့်ရတာ ငါတို့ကို ဖြစ်တည်ပြီးသား သမိုင်းကြောင်းအချို့ကို ဝင်မပြောင်းလဲစေချင်ဘူး ထင်တယ်။"

ပိုင်ချူးရန်သည် နှုတ်ခမ်းကို လှုပ်ရှားကာ တစ်ခုခုပြန်ပြောမည့်အချိန် ပုံမှန် စီးဆင်းနေသော ကမ္ဘာတစ်ဖက်ခြမ်းရှိ မြစ်ကမ်းစပ် နောက်ကွယ်ရှိ ချုံပုတ်များထဲမှ အေးစက်စက် အသံတစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။

"နေဦး... ရှင် အဲဒီမှာ ရပ်လိုက်စမ်း။"

All Chapters