← Chapters

အခန်း ၃၀၄

Vol. 31 Ch. 304

အခန်း ၃၀၄

Vol. 31 Ch. 304

အခန်း (၃၀၄) သွေးနှော [၁]

ထိုလမ်း၏ အနောက်ဘက်တွင် သေသပ်စွာ ဖောက်လုပ်ထားသော လမ်းသွယ်လေးတစ်ခု ရှိနေ၏။ လမ်းပေါ်ရှိ ခြေရာများအရ လူများ မကြာခဏ လျှောက်လှမ်းလေ့ရှိကြောင်း သိသာသဖြင့် ပိုင်ချူးရန်သည် ထိုလမ်းအတိုင်း သစ်တောထဲမှ ထွက်လာခဲ့ရာ အဆုံးတွင် မတ်စောက်သော ချောက်ကမ်းပါးတစ်ခုသို့ ရောက်ရှိသွားသည်။

ချောက်ကမ်းပါး အောက်သို့ ငုံ့ကြည့်သောအခါ အမှောင်ထု လွှမ်းခြုံနေသော တောရိုင်းမြေပြင်ကျယ်ကြီးထဲတွင် မှိတ်တုတ်မှိတ်တုတ် လင်းလက်နေသော မီးရောင်လေးတစ်ခုကို တွေ့လိုက်ရ၏။

"မင်း ဘာတွေ့လို့လဲ။"

ပိုင်ချူးရန်၏ လှုပ်ရှားမှုများကို ခံစားမိသောအခါ တစ်နေကုန်နီးပါး အသေကောင်သဖွယ် ငြိမ်သက်ဟန်ဆောင်နေခဲ့သော ကျီရှန်းက ဦးခေါင်းကို ခါယမ်းကာ ပြောလာသည်။ "ငါ့ကိုလည်း ပြဦးလေ။"

ပိုင်ချူးရန်သည် ကျီရှန်း၏ ဦးခေါင်းကို မတင်ပြီး တောရိုင်းထဲမှ မီးတောက်များကို ကြည့်ရှုစေသည်။ ထိုအရာကို မြင်လိုက်သည်နှင့် ကျီရှန်းက တစ်စက္ကန့်မျှပင် မစဉ်းစားဘဲ ချက်ချင်း ပြော၏။

"အဲဒါ လူသားတွေ နေထိုင်တဲ့နေရာ မဟုတ်ဘူးလား။"

"ဟုတ်တယ်။"

ပိုင်ချူးရန်က ခေါင်းညိတ်၏။ "မြစ်ကမ်းဘေးမှာ တွေ့ကတည်းက အဲ့ကောင်မလေး ကျန်းလန်က လူသားမျိုးနွယ်အပေါ် အတော်လေး သဘောထားကောင်းရှိပုံရတယ်။"

"အော်... ဒါနဲ့ စကားမစပ် ငါ မင်းကို ပြောဖို့ မေ့နေတာ။"

ကျီရှန်းသည် ယခုမှပင် အရေးကြီးသောအချက်ကို သတိရသွားဟန်ဖြင့် ဖြည့်စွက်ပြောသည်။ "အဲဒီ ကောင်မလေးက နတ်ဘုရားနဲ့ လူသား သွေးနှောလေးကွ။"

"သွေးနှောလား။"

ပိုင်ချူးရန်က အံ့အားသင့်စွာဖြင့် ပြောသည်။ "ဒါဆို သူမက နတ်ဘုရားတစ်ပိုင်းပေါ့လေ။"

"နတ်ဘုရားတစ်ပိုင်း ဆိုပေမဲ့ သူမက သွေးသန့်နတ်ဘုရားတစ်ပါးပဲကွ။ အရင်မျိုးဆက်ရဲ့ နတ်ဘုရားအာဏာစွမ်းအားတွေကို ပြီးပြည့်စုံစွာ ဆက်ခံထားတဲ့ အမျိုးအစားလေ။"

ကျီရှန်းက ပြန်ရှင်းပြ၏။ "မိန်းကလေးစုကိုပဲ ကြည့်။ သူက မိစ္ဆာတစ်ပိုင်းလေ။ အဲဒါက နတ်ဆိုးဧကရာဇ်ရဲ့ သွေးဆက်က မျိုးဆက်ပေါင်းများစွာ ဆင်းသက်လာလို့ပဲ။ ဘာပဲဖြစ်ဖြစ် အဲဒီသွေးဆက်က ငါတို့ လူသားတွေရဲ့ သွေးဆက်ကို အပြည့်အဝ ဖျောက်ဖျက်မပစ်နိုင်ဘူး။ ဒါပေမဲ့ နတ်ဘုရားတွေရဲ့ သွေးဆက်ကတော့ မတူဘူးကွ။ နတ်ဘုရားတွေရဲ့ သွေးဆက်အဆင့်က ဒီခေတ်က တခြားလူမျိုးစုတွေနဲ့ ယှဉ်ရင် မြင့်မြတ်လွန်းတယ်။ တခြားလူမျိုးစုတွေနဲ့ ပေါင်းဖက်လို့ မွေးလာတဲ့ ကလေးတွေဆိုရင် မခံနိုင်ဘဲ တိုက်ရိုက်သေသွားတတ်သလို အသက်ရှင်ကျန်ရစ်ရင်လည်း သွေးသန့်နတ်ဘုရားတွေပဲ ဖြစ်လာကြရော။"

"ဒါဆိုရင်တော့ လူသားမျိုးနွယ်အပေါ် သူမ ဘာလို့ ဒီလောက် သဘောထားကောင်းနေရသလဲဆိုတာ ရှင်းသွားပြီပေါ့။"

ပိုင်ချူးရန်သည် မေးစေ့ကို ပွတ်သပ်ကာ သဘောပေါက်သွားဟန်ဖြင့် ခေါင်းညိတ်သည်။

"ဒါနဲ့ သူမရဲ့ မိဘတွေက ဘယ်သူတွေလဲ။"

"မင်းက အဲ့တာသိချင်သေးတာလား။ ငါ့ရဲ့ မဟာဉာဏ်ပညာနဲ့တောင် အဲ့တာကို မမြင်နိုင်ဘူး။ ဒီခေတ်ကာလရဲ့ ကြီးမြတ်တဲ့ တည်ရှိမှုတွေအတွက် သူတို့နာမည်တွေက မှတ်သားထားလောက်အောင် မတန်သေးတာလည်း ဖြစ်နိုင်တယ်။"

ကျီရှန်းက ပြန်ဖြေ၏။ "ငါ သိသလောက်ဆို သူအဖေက သာမန်လူသားတစ်ယောက်ပဲ။ ဆေးပညာကို စောင့်ရှောက်ရတဲ့ နတ်ဘုရားမဖြစ်ခဲ့တဲ့ သူမရဲ့အမေက နောက်ပိုင်းမှာတော့ ပင်လယ်ကို အုပ်စိုးသွားခဲ့တာ ထင်တယ်။"

"ဒါဆို သူကကော။" ပိုင်ချူးရန်က ထပ်မံ၍ စူးစမ်းသည်။

"သူကတော့ မင်းကြားခဲ့တဲ့အတိုင်းပဲ ကပ်ရောဂါနဲ့ ဆေးပညာကို တာဝန်ယူရတယ်။ သေချာတာပေါ့။ သူမအမေရဲ့ အာဏာကိုလည်း အပြည့်အဝ ဆက်ခံထားတယ်။"

ကျီရှန်းက ပြန်ဖြေသည်။ "သူမက ပင်လယ်ကို အုပ်စိုးခွင့်ရပေမယ့် ပင်လယ်ထဲမှာ မနေဘူး။ ပြီးတော့ ကပ်ရောဂါကို တာဝန်ယူရပေမဲ့ လူသားတွေနဲ့ ဒီလောက် နီးနီးကပ်ကပ် လာနေထိုင်နေတယ်။ ကောင်းကင်ပေါ်က ကောင်တွေကတော့ သူမကို ရှင်းထုတ်ဖို့ အချိန်ပြည့် နည်းလမ်းရှာနေကြမှာ အသေအချာပဲ။"

"ငါတို့ဘက်ကကြည့်ရင် သူမကို တကယ် ယုံကြည်စိတ်ချလို့ ရနိုင်ပါ့မလား။" အဆုံးတွင် ပိုင်ချူးရန်က လေးနက်သော လေသံဖြင့် မေး၏။

"ကြည့်ရသလောက်တော့ ဘာပဲဖြစ်ဖြစ် သူါကို လူသားတစ်ယောက်လို့ သတ်မှတ်လို့ရပါတယ်။ လောလောဆယ်မှာတော့ သူက မင်းကို ဒုက္ခပေးစရာ အကြောင်းအရင်းမရှိဘူး။"

ကျီရှန်းသည် ခေတ္တမျှ တွေဝေသွားပြီး ပြောသည်။

"ဒါနဲ့ ဟို သစ်သီးရည်သောက်ပြီးပြီးချင်း မင်း ဆီးသွားချင်ရတဲ့ အကြောင်းအရင်းကို ငါ အခုမှ ကောင်းကောင်း နားလည်သွားပြီ။"

"ဘာအကြောင်းအရင်းလဲ။" ပိုင်ချူးရန်က မျက်မှောင်ကြုတ်မိသွားသည်။

"ရွှေရည်သစ်ပင်ရဲ့ ဝိုင်အရက်ထဲမှာ တကယ်တော့ အဆိပ်ခတ်ထားတဲ့ အိတ်တစ်ခု ရှိနေခဲ့တာကွ။"

ကျီရှန်းက ရှင်းပြလိုက်၏။ "ဟုတ်တယ်။ မင်း ခန့်မှန်းမိတဲ့အတိုင်းပဲ အဲဒီကိုရောက်သွားတာ အဲဒီကောင်မလေးပေါ့။ မင်း ရုတ်တရက် ဆီးသွားချင်လာတာက မင်းခန္ဓာကိုယ်ထဲက အစာမကြေနိုင်တဲ့ ပြင်းထန်တဲ့ အဆိပ်အတောက်တွေကို ကိုယ်ခန္ဓာကနေ အလိုအလျောက် တက်တက်ကြွကြွ စွန့်ထုတ်လိုက်လို့ပဲ။ တစ်နည်းအားဖြင့် ပြောရရင်တော့ ကောင်းကင်နတ်ဘုရားတွေရဲ့ နတ်နဂါး မိုလုံက တကယ်တော့ မင်းရဲ့ဆီးကြောင့် အဆိပ်သင့်ပြီး သေသွားခဲ့ရတာပဲ။"

"သောက်ကျိုးနည်း"

ပိုင်ချူးရန် မျက်နှာမှာ ချက်ချင်း ပျက်ယွင်းသွားသည်။

"သူ ငါ့ကို ဒုက္ခမပေးဘူးလို့ ခုလေးတင် မင်းပဲ ပြောခဲ့တာလေ။"

"သူ တကယ်ပဲ မင်းကို ဒုက္ခပေးချင်တာ မဟုတ်ပါဘူးကွာ။ သူက အဆိပ်ဆေးကို အဲဒီမှာ ထားခဲ့တာ။ သာမန်လူသားတွေဆိုတာ အဲဒီလိုနေရာမျိုးကို ဘယ်လိုလုပ် ရောက်နိုင်မှာလဲ။ သူ တကယ် အဆိပ်ခတ်သတ်ချင်တာက ဖြတ်သွားဖြတ်လာ တိရစ္ဆာန်တွေ ဒါမှမဟုတ် နတ်ဘုရားတွေပဲ ဖြစ်လိမ့်မယ်။ မင်းက လမ်းခုလတ်မှာ သွားပြီး သောက်မိလိမ့်မယ်လို့ ဘယ်သူက ကြိုသိမှာလဲ။"

ကျီရှန်းသည် သက်ပြင်းချကာ သူ့ကိုယ်သူ ကာကွယ်ပြောသည်။ "ငါ့ကိုပဲ အပြစ်တင်ပါကွာ။ အဲဒီတုန်းက ငါလည်း သေသေချာချာ မမြင်လိုက်မိဘူး။ ဒါပေမဲ့ ဘာပဲဖြစ်ဖြစ် မင်းခန္ဓာကိုယ်က တော်တော်လေး ခံနိုင်ရည်ရှိတော့ မင်းအတွက် အန္တရာယ်မရှိပါဘူး။ ဘာမှမဖြစ်သလိုပဲ သဘောထားလိုက်ပါကွာ"

All Chapters