အခန်း ၃၀၈
Vol. 21 Ch. 308
အခန်း (၃၀၈)
– သူ့ကို တားမြစ်လိုက်တာလား။
ရှားကျွင်းရှန့်က ဒီလိုပြောရင်း စုယန်ယန်ကို မသိစိတ်က မေးလိုက်မိသည်၊ “အစ်ကိုတို့ သူတို့ရဲ့ မန်နေဂျာတွေကို ပြောင်းလိုက်သင့်လား။”
စုယန်ယန်က ခဏလောက် စဥ်းစားပြီးနောက် ခေါင်းခါလိုက်သည်၊ “သူ့ရဲ့ အရည်အချင်းကို အရင်ကြည့်ရအောင်။ ဒီအသိုင်းအဝိုင်းထဲက လူတွေရဲ့ အဆက်အသွယ်တွေကို လျှော့မတွက်နဲ့။”
ရှားကျွင်းရှန့်ရဲ့ မျက်လုံးတွေက တဖျပ်ဖျပ် လှုပ်ခါသွားပေမယ့် သူ ဘာမှတော့ မပြောလိုက်ပါဘူး။
နောက်ဆုံးအဆင့်ထိ ကျန်ရှိသည့် သုံးယောက်အကြောင်းကို သိရှိပြီးနောက် စုယန်ယန်သည် ကံမကောင်းတဲ့တစ်ယောက်အကြောင်း မေးလိုက်မိသည်၊ “ယိုယွီရှစ်ရဲ့ ဒဏ်ရာအခြေအနေကရော ဘယ်လိုလဲ။”
“သူမ ပြန်သက်သာလာပါပြီ၊ ဒါပေမယ့်...”
“ဘာဖြစ်လို့လဲ။”
“အစကတည်းက ယွီရှစ်က အဆိုရော အကပါ တွဲဖက်သီဆိုတဲ့ အဆိုတော်တစ်ဦးဖြစ်ဖို့ စီစဥ်ထားခဲ့တာ၊ အခု သူမ ဒီလိုဖြစ်သွားတော့ သူမရဲ့ ဒီဒဏ်ရာကို ပြန်သက်သာလာဖို့ အချိန်အတိုင်းအတာတစ်ခုအထိ စောင့်ရလိမ့်မယ်။ ဒ့ါအပြင်၊ သူမက ကုမ္ပဏီနဲ့ နှစ်အတိုဆုံး သုံးနှစ်တာစာချုပ်ကိုပဲ ချုပ်ထားတယ်။ စာချုပ်သက်တမ်း နှစ်နှစ်ကျော်ကျန်သေးပေမယ့် ယိုမိသားစုက သူမကို ဒီအဖြစ်အပျက်အပြီးမှာ စာချုပ်ဖျက်သိမ်းပြီး ဖျော်ဖြေရေးနယ်ပယ်ကနေ နုတ်ထွက်ခိုင်းဖို့ ဖြစ်နိုင်ခြေများတယ်။”
စုယန်ယန်လည်း ဒါကို မျှော်လင့်ထားသည်။
“သနားစရာပဲ။”
ယိုယွီရှစ်သည် ယိုမိသားစု၏ ဒုတိယသခင်မလေးဆိုသည့် သူမရဲ့ နောက်ခံကို မမှီခိုဘဲ ပြိုင်ပွဲ၏ ထိပ်တန်း အယောက်နှစ်ဆယ်စာရင်းသို့ ဝင်ရောက်နိုင်ခဲ့သည်။ ဒါကိုကြည့်လျှင် သူမသည် သေချာပေါက် အရည်အချင်း ဆိုတာကို ညွှန်ပြနေပါသည်။
အဲဒီမတိုင်ခင်က၊ ရှားကျွင်းရှန့်ထံမှ ယိုယွီရှစ်သည် ဖျော်ဖြေရေးနယ်ပယ်ထဲသို့ အပျော်သဘောမျိုး ဝင်ရောက်လာတာ မဟုတ်ဘဲ အသက်မွေးဝမ်းကြောင်းအလုပ်အဖြစ် အမှန်တကယ် ကြိုးစားလိုသောကြောင့် ဝင်ရောက်လာတာ ဖြစ်ကြောင်းကိုလည်း ကြားသိခဲ့ရပါသည်။
သူမက စိတ်အားထက်သန်ပြီး သူမရဲ့ မိသားစုနောက်ခံလည်း ရှိသည်။
ဒါကို ဘယ်လို ပြောရမလဲ။ ကြောက်စရာကောင်းတာက တခြားသူတွေက မင်းထက် ပိုကောင်းတာ မဟုတ်ဘူး၊ သူတို့တွေက မင်းထက် ပိုကြိုးစားကြတယ်။
“တကယ်လို့ ယိုမိသားစုက တကယ်ပဲ စာချုပ်ဖျက်သိမ်းဖို့ တောင်းဆိုခဲ့ပြီး သူမကိုယ်တိုင်လည်း အဲ့လိုလုပ်ချင်စိတ်ရှိရင် ညီမတို့ဖက်က လက်ခံပေးလိုက်ပါ။ အစ်ကို မြင်းကို ချောင်းစပ်ကို ဦးတည်ပို့ဆောင်ပေးနိုင်ပေမယ့် ရေတိုက်ပေးလို့တော့ မရဘူး။ ဒီကိစ္စအတွက်နဲ့ ယိုမိသားစုနဲ့ သဘောထားကွဲလွဲဖို့ မလိုဘူး။”
ရှားကျွင်းရှန့်က သက်ပြင်းတစ်ချက်ချကာ ညည်းတွားသည်။ ယိုယွီရှစ်အတွက် အရင်းအမြစ်များစွာ မသုံးစွဲရသေးသည့်အတွက် တိတ်တဆိတ် ဝမ်းသာသွားမိသည်။ စာချုပ်ကို အမှန်တကယ် ဖျက်သိမ်းလိုက်မယ်ဆိုရင်တောင် ဆုံးရှုံးမှုက သိပ်ကြီးမှာ မဟုတ်ဘူး။
“စကားမစပ်၊ နောက်တစ်ခု ရှိသေးတယ်။”
“ဘာရှိသေးတာလဲ။”
“နျဥ်ချီလွေ့ရဲ့ အခြေအနေက ဘယ်လိုလဲ။”
“သူက ပိုသက်သာလာပါပြီ။” စုယန်ယန်က ရှားကျွင်းရှန့်ကို ကြည့်လိုက်သည်၊ “အစ်ကိုက ဘာဖြစ်လို့ သူ့အကြောင်း ရုတ်တရတ် မေးရတာလဲ။ တစ်ခုခု ဖြစ်လို့လား။”
“သူ နာလန်ပြန်ထူလာကတည်းက သူ ဘာအလုပ်မှ မလုပ်သေးဘူး။ သူ့ပရိသတ်တွေက ဒါကို သတိပြုမိပုံရပြီး ကုမ္ပဏီက သူ့ကို ဆိုင်းငံ့ထားတယ်လို့ အထင်လွဲနေကြတယ်။ ဒါကြောင့် သူတို့က အခြားတက်သစ်စလေးတွေကို စပြီး ပံ့ပိုးလာကြတယ်။”
စုယန်ယန်က အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။ သူမသည် မကြာသေးမီက သူမ၏ မင်္ဂလာပွဲနှင့် စားသောက်ဆိုင်ကြောင့် အလုပ်ရှုပ်များနေသဖြင့် အွန်လိုင်းပေါ် မတက်ဖြစ်တာ ကြာပါပြီ။ ဒီအကြောင်းကို သူမ ပထမဆုံးအကြိမ် ကြားမိခြင်း ဖြစ်သည်။
“အခုမှပဲ ညီမ နားလည်တော့တယ်။ နျဥ်ချီလွေ့ရဲ့ မိသားစုက သူ့ရောဂါအကြောင်း သိသွားဖြစ်လို့ ဒီအကြောင်းကို ဆက်ပြီး ဖုံးကွယ်ထားဖို့ မလိုပါဘူး။ သူ့ပရိသတ်တွေကို အမှန်အတိုင်း ပြောပြဖို့ သူ့ကို ဆိုရှယ်မီဒီယာမှာ ပို့စ်တင်ခိုင်းဖို့ ညီမတို့ စီစဥ်လိုက်မယ်။ အချိန်တန်ရင်၊ ကုမ္ပဏီရဲ့ တရားဝင်အကောင့်ကနေ ဒီကိစ္စနဲ့ ပတ်သက်ပြီး အလေးအနက်ထားရှိကြောင်း ပြသဖို့ အဲဒီပို့စ်ကို ပြန်လည်မျှဝေဖို့ မမေ့ပါနဲ့။”
ထို့နောက်တွင်မူ ရှားကျွင်းရှန့်သည် ကုမ္ပဏီတွင် ဝါရင့်သဘာရင့်လူတစ်ဦး ဖြစ်သည်။ စုယန်ယန်ရဲ့ စကားတွေကို ကြားလိုက်တာနဲ့ ကုမ္ပဏီရဲ့ ပုံရိပ်ကို မြှင့်တင်ပေးနိုင်ပြီး သူတို့ကုမ္ပဏီအပေါ် ပရိသတ်များ၏ အထင်ကြီးလေးစားမှု တိုးမြင့်လာစေမယ့် အခွင့်အလမ်း ရယူနိုင်လိမ့်မယ်လို့ သူ ကောင်းကောင်းကြီး ခံဏားမိခဲ့သည်။
ရှားကျွင်းရှန့်က ချက်ချင်း ပြောလိုက်သည်၊ “ကောင်းပြီ၊ ပြည်သူ့ဆက်ဆံရေးဌာနက နျဥ်ချီလွေ့ရဲ့ပို့စ်အပေါ် မူတည်ပြီး ဘာပြောရမလဲ ဆိုတာကို သေသေချာချာ စဥ်းစားပြီး ပြန်လည်မျှဝေပါလိမ့်မယ်။”
“အင်း၊ ဒါမေပယ့် အဲ့ကောင်လေး အရှင်းပြန်ကောင်းလာဖို့ ဆိုရင်တော့ အနည်းဆုံး လအနည်းငယ်လောက်တော့ အချိန်ယူရလိမ့်မယ်။ ဒီကာလအတွင်း ကုမ္ပဏီက ထိုင်နေရုံအပြင် ဘာမှ မလုပ်နိုင်ဘူး။ ညီမတို့ တက်သစ်စလေးတွေ များများမွေးမြူရမယ်။”
“ဒီကိစ္စအတွက် ညီမလေး စိတ်ပူစရာ မလိုဘူး။ ရွှယ်ချိုင်ဝေနဲ့ ဟုန်ဟွေ့တို့က မကြာခင် ပြန်ရောက်လာတော့မှာဖြစ်ပြီး နောက်ကျရင် သူတို့ကို တက်သစ်စလူငယ်လေးတွေကို သင်ပြပေးဖို့ သူတို့ကို တောင်းဆိုနိုင်ပါတယ်။”
ရွှယ်ချိုင်ဝေနှင့် ချိုင်ဝေ့သည် တုန်ချမ်းအင်တာတိန်းမန့်ရဲ့ ထိပ်တန်းသရုပ်ဆောင်များ ဖြစ်သည်။ တစ်ယောက်က ရုပ်ရှင်ဘုရင်မဖြစ်ပြီး နောက်တစ်ယောက် ကောင်းကင်ဘုံဘုရင်တစ်ပါးဖြစ်သည်။ ဒီလို ထိပ်တန်းနာမည်ကြီးနှစ်ဦးက သူတို့ကို ဦးဆောင်လမ်းပြပေးမယ်ဆိုရင် တက်သစ်စလေးတွေအချို့ လမ်းလွှဲသွားတာကို နည်းနည်းလောက် ရှောင်ရှားသွားနိုင်မှာ ဖြစ်ပေမယ့်...
“အစ်ကိုလည်း သေချာဂရုစိုက်ဦး။ နာမည်ဆိုးနဲ့ အဆုံးမသတ်သွားစေနဲ့။ ဒါက မတန်ဘူး။” ဖြတ်လမ်းများကို ရယူခြင်းရဲ့ အကျိုးကျေးဇူးတွေ ရှိပေမယ့် တချို့သော ဝန်ထုပ်ဝန်ပိုးတွေကိုလည်း ခံနိုင်ရည်ရှိရပါမည်။
“အစ်ကို နားလည်ပါတယ်။”
သူမတို့နှစ်ဦးသား စကားစမြည်ပြောဆိုနေသည့်အချိန်တွင် ရုံးခန်းတံခါးခေါက်သံကို ကြားလိုက်ရသည်။ အမျိုးသမီးအတွင်းရေးမှုးသည် တံခါးဖွင့်ဝင်လာပြီး “ဥက္ကဌစု၊ အောက်ထပ်မှာ ဥက္ကဌစုကို တွေ့ချင်နေတဲ့ စုံတွဲတစ်တွဲရှိနေတယ်။” ဟု ကိုးရိုးကားရားနိုင်စွာ ပြောလာသည်။