အခန်း ၃၂၄
Vol. 22 Ch. 324
အခန်း (၃၂၄)
- သူတို့သည် သူတို့၏အမှားကို ဝန်ခံခဲ့ကြရသည်။
လင်းရှောင်ချီး၊ “…”
ဟောက်ချန်းဟွမ်း နှင့် ယုကျစ်ယန်၊ “…”
သဘာဝဖြစ်စဥ် ဆိုတာ သူမ ဘာကိုဆိုလိုတာလဲ။
လင်းရှောင်ချီးသည် ထိုစကားကြောင့် ထိတ်လန့်သွား၏။ စက္ကန့်အနည်းငယ်အကြာမှ သူမ သတိပြန်ဝင်လာကာ ငိုချလိုက်သည်။
“အဟင့် အဟင့်၊ ငါ့ရဲ့ သနားစရာကလေးလေး၊ အခုကစပြီး မင်းအရင်ကလို ဖြူစင်ပြီး အပြစ်ကင်းစင်တော့မှာ မဟုတ်တော့ဘူး။”
စုယန်ယန်မှာ စကားလုံးများ ပျောက်ရှသွားရသည်။
ဟောက်ချန်ဟွမ်း “…”
သွမ်းသွမ်းသည် လင်းရှောင်ချီး နှင့် ပထမဆုံး အိမ်သို့လိုက်ပါလာစဥ်က သူသည် ဟွားဟွား နှင့် ရင်းနှီးချင်ခဲ့သော်လည်း သူ့နေရာကို သူသိနေသေးသည်။ ထို့အပြင် ဟွားဟွားသည် သူ့ထက် သန်မာ၏။ သူ့မှာ လျို့ဝှက်ထားတဲ့ ရည်ရွယ်ချက်လေးတွေ ရှိခဲ့မယ်ဆိုရင်တောင် သူသည် မိနစ်ပိုင်းအတွင်း ဖိနှိပ်ခံရလိမ့်မည်ဖြစ်သည်။
အစပိုင်းတွင် လင်းရှောင်ချီးသည် သွမ်းသွမ်းအား ဟွားဟွားနှင့် အလွန်မနီးကပ်စေရန် တင်းတင်းကြပ်ကြပ် စောင့်ကြည့်ခဲ့သည်။
အထူးသဖြင့် ညဘက်တွေမှာ သေချာ စောင့်ကြည့်ခဲ့၏။ ပုံမှန်အားဖြင့်တော့ ခွေးတစ်ကောင်ချင်းစီကို အခန်းတစ်ခုထဲမှာ သော့ခတ်ထားမည်။ ခွေးက တံခါးကို ကုတ်ခြစ်ဖို့ ဘယ်လောက်ပဲ ကြိုးစားနေပါစေ၊ ဝံပုလွေကို အခန်းထဲကို လွယ်လွယ်နဲ့ ခေါ်သွားလို့ မဖြစ်ဘူး။
လင်းရှောင်ချီးသည် နံနက်စောစော အိပ်ရာမှ နိုးလာသည်။ နေ့လည်ခင်းတွင် အိပ်ငိုက်လာသောကြောင့် အိပ်ခန်းထဲ ဝင်အိပ်လိုက်မိ၏။
မမျှောင်လင့်ဘဲ သူမ အိပ်ရာနိုးလာပြီးနောက် မထင်မှတ်ဘဲ ဟွားဟွားရဲ့ အခန်းထဲက ထွက်လာသည့် သွမ်းသွမ်းကို တွေ့လိုက်ရသည် ...
“ဒီခွေးကောင်က ငါတို့ဟွားဟွားရဲ့နောက်ကျောမှာ တက်စီးနေတာကို ငါတွေ့ခဲ့တယ်။” လင်းရှောင်ချီးမှာ ထိုမြင်ကွင်းအား ပြန်သတိရသောအခါတွင် စိတ်ဓာတ်ကျသွားရပြန်သည်။
အကယ်၍ အကြည့်ဖြင့်သာ လူသတ်နိုင်ခဲ့ပါက ဒီကာမတဏှာလွန်ကဲနေသော ခွေးသည် အကြိမ်ပေါင်း တစ်သန်းကျော်လောက် အသတ်ခံရပြီးဖြစ်သည်။
စုယန်ယန်မှာ သူမ၏သားလေး ဒီလောက်ကံကောင်းလိမ့်မည်ဟု မမျှော်လင့်ထားပေ။
သူမသည် ခွေးလေးအား ပွေ့ဖက်ပြီး အနမ်းတစ်ခုပေးကာ “တော်တယ်” ဟု ချီးကျူးလိုက်သည်။
ယုကျစ်ယန် “???”
ဟောက်ချန်ဟွမ်း “…”
“စု! ယန်! ယန်!” လင်းရှောင်ချီးတစ်ယောက် လုံးဝ ပေါက်ကွဲသွား၏။
စုယန်ယန်သည် သူမ၏ အမူအရာအား ချက်ချင်းတင်းမာလိုက်ပြီး ကိုးရို့ကားယားနိုင်စွာ သွမ်းသွမ်းကို ဆူငေါက်လိုက်သည်။ “အဲဒါ သူ့အပြစ်ပဲ။ ဒါတွေအားလုံးက သူ့အမှားပါ။ ဒါမျိုးဟာကို ခွင့်ပြုချက်မရှိဘဲ ဘယ်လို လုပ်နိုင်ရတာလဲ။ နင်က အရူးလား။ နင် အရမ်းလောလွန်းတယ်။ ငါ နင့်ကို အရင်တုန်းက ဘာသင်ပေးထားခဲ့လဲ။ ဘယ်သူနဲ့ပဲနေပါစေ ဒါကို လုပ်လို့မရဘူးလေ။ မင်း ငါ့ကို တကယ်စိတ်ပျက်စေခဲ့တယ်။”
“…” ရုတ်တရတ်ကြီး ဆူငေါက်နေတာက ဘာဖြစ်သွားပြန်တာလဲ။
သူ့သခင်မ၏ သစ္စာဖေါက်မှုကို ခံလိုက်ရသော ခွေးလေးသည် ဤအခြေအနေကို ကယ်တင်ရန်အတွက် အစွမ်းကုန် ကြိုးစားဖို့ကလွဲပြီး ရွေးချယ်စရာမရှိတော့ပေ။ ထို့နောက် သူသည် သူ့အဖေအား လှည့်ကြည့်လိုက်သည်။
ဟောက်ချန်ဟွမ်းသည် ခွေးလေး၏ အသနားခံသော အကြည့်အား လက်ခံရရှိခဲ့သော်လည်း သူသည် အကြည့်လွှဲလိုက်ကာ ဘာကိုမှ မမြင်ဟန်ဆောင်လိုက်၏။
“???” တစ်ယောက်ပြီးတစ်ယောက် ငါ့ကို ကျောခိုင်းပြီး ဘာဖြစ်သွားကြတာလဲ။ ဒီလိုအချိန်မျိုးမှာ မင်းတို့ ငါ့ကို ဘယ်လိုတောင် လျစ်လျူရှုနိုင်ရတာလဲ။
“ဟုတ်တယ်၊ ဒါက သူ့အပြစ်ပဲ။ မဟုတ်ရင် ဒါက ငါတို့ ဟွားဟွားရဲ့ အပြစ်ဖြစ်နိုင်ပါ့မလား။” စုယန်ယန်၏ ကောင်းမွန်သော ‘အမှားကို ဝန်ခံခြင်း’ ကြောင့် လင်းရှောင်ချီး၏ ဒေါသတို့ အနည်းငယ် လျော့ပါးသွားခဲ့သည်။
သို့သော် ယနေ့မှစ၍ သူမရဲ့ ကလေးလေးသည် အပျိုစင်မဟုတ်တော့ဘူးဆိုတာကို သူမ တွေးမိသောအခါတွင် သူမသည် အလွန်အမင်း ဒေါသထွက်နေသေး၏။
“ငါတို့ ဟွားဟွားက ကလေးပဲရှိသေးတာကို ဒီလိုမျိုး ကြုံတွေ့ရတာ သနားစရာပဲ။ ဒါနဲ့ပဲ ကိုယ်ဝန်ရသွားရင် ဘယ်လိုလုပ်မလဲ။ အားရိုးး ငါတို့ ဟွားဟွားရဲ့ဘဝက ဘာလို့ ဒီလောက်တောင် ခက်ခဲနေရတာလဲ။ ဒါလည်း ငါ့အပြစ်မကင်းဘူး။ အားနည်းနေတုန်းကို ဘာဖြစ်လို့ ပြန်ခေါ်လာမိတာလဲ။ ဒါက မကောင်းတဲ့ ညစ်ပေကောင် ဆိုတာ ငါသိပေမယ့် ပြန်ခေါ်ခဲ့သေးတယ်။ ငါတကယ်ပဲ ဝံပုလွေတစ်ကောင်ကို ငါ့အိမ်ထဲကို ခေါ်လာခဲ့မိတာပဲ။ ငါအရမ်းနောင်တရတယ်။”
လင်းရှောင်ချီး၏ မျက်နှာသည် ဖျော့တော့နေသည်။ သူမသည် ကြောက်စရာကောင်းလှသော အနာဂတ်အား တွေးတောနေပုံရ၏။ သူမသည် စုယန်ယန်အား မကျေမနပ်ဖြင့် ကြည့်လိုက်သည်။
ထို့ကြောင့် နောက်ဆယ်မိနစ်ခန့်အကြာတွင် စုယန်ယန် နှင့် ဟောက်ချန်ဟွမ်းတို့မှာ သူတို့ကလေးက အသက် ငယ်ငယ်ရွယ်ရွယ်တွင် ချစ်မိသွားပြီး ကောင်မလေးအား ကိုယ်ဝန်ရှိစေကာ ကောင်မလေး၏မိခင်အား အသက်တမျှ တုန်လှုပ်သွားစေခဲ့သည်ဟူသော ကြောက်စရာကောင်းလှသည့် အတွေ့အကြုံအား နဖူးတွေ့ဒူးတွေ့ တွေ့ကြုံလိုက်ကြရသည်။
ယုကျစ်ယန်သည် တံခါးဝတွင် ရပ်နေပြီး လူတိုင်းက မော့ကြည့်ရလေ့ရှိသည့် ထိုသူဌေးနှစ်ယောက်အား ကြည့်လိုက်သည်။ အရှက်ရသည်အထိ အပြောခံရပြီးနောက် သူတို့သည် နောင်တဖြင့် ခေါင်းကိုသာ ငုံ့ထားနိုင်ကြ၏။ သို့သော် ထိုအချင်းအရာမှာ သူတို့အပေါ် စာနာမှုမဖြစ်ရုံသာမက ရယ်ချင်လာသလိုပင် ခံစားရပေသည်။