အခန်း ၃၄၄
Vol. 23 Ch. 344
အခန်း (၃၄၄) - မင်း ကိုယ့်ကို တကယ်မလိုဘူးလား။
စုယန်ယန်သည် သူ့အသံထဲမှ အဆင်မပြေသည့်ပုံစံကို ကြားလိုက်ရ၏။ သူမသည် ခွက်ထိုးခွက်လန်ရယ်ကာ ပြောလိုက်သည်။ “ကျွန်မအစ်ကိုကြီး ဒီမှာ မရှိပါဘူး။ ရှင် အရမ်း စိတ်ပူနေစရာ မလိုပါဘူး။”
ဟောက်ချန်ဟွမ်း၊ “…”
စုယန်ယန်သည် ပြုံးကာ ဆက်ရှင်းပြလိုက်သည်။ “သူ့အကြံပြုချက်ကို ကျွန်မသဘောတူလိုက်မယ်၊ ဘာဖြစ်လို့လဲဆိုတော့ ဒါက ကောင်းမယ်လို့ ကျွန်မခံစားရတယ်။ ပြဿနာတချို့ ရှိလာခဲ့မယ်ဆိုရင်တောင် အကျိုးအမြတ်က ကုန်ကျစရိတ်ကို ကာသွားလိမ့်မယ်။”
သူမ၏ တိုက်ရိုက်ထုတ်လွှင့်တင်ဆက်မှုအား ကြည့်ရှုသည့် ပရိသတ်ထဲမှ တချို့မှာ ရှုပ်ထွေးသော ရောဂါဝေဒနာများ ရှိနိုင်သည်။ ဖျားတယ်ဆိုတာ ကိစ္စလေးတစ်ခုပါပဲ ဒါပေမယ့် ဖြစ်နိုင်ရင် လူတိုင်းကတော့ ကျန်းမာပြီး ပုံမှန်ဖြစ်ချင်ကြတာပဲလေ။
ဒီကမ္ဘာကြီးမှာ ပေါ်ပြူလာဖြစ်တဲ့ ဘယ်သူ့ကိုမဆို ဝေဖန်နေကြတဲ့ ဦးနှောက်မဲ့ ဆန့်ကျင်ဖက်ပရိသတ်တွေလို စိတ်အနှောက်အယှက်ဖြစ်စေတဲ့သူတွေ အများကြီးရှိနေပေမယ့် ကျန်လူအများစုကတော့ ချစ်စရာကောင်းပြီး ကြင်နာတတ်တဲ့ နတ်သမီးလေးတွေပဲဖြစ်သည်။
ဝေဖန်ခံရမှာကြောက်လို့ ပြဿနာတက်မှာကြောက်လို့နဲ့ သူမကို ချစ်ခင်ကြင်နာပေးတဲ့လူတွေ ထိခိုက်တာကို သူမ ထိုင်ကြည့်မနေနိုင်ပေ။ သူမသည် သူတို့ကို မကူညီနိုင်ပေမယ့် ဘာမှမလုပ်ဘဲ နေမှာတော့ မဟုတ်ပေ။
“ပြီးတော့…” စုယန်ယန် ရှက်သွေးဖြာသွားသည်။ “တချို့လူနာတွေကို ကုသရတာ ကျွန်မလို မိန်းကလေးတစ်ယောက်အတွက် အဆင်မပြေဘူး။ ယောက်ျားလေးတွေကို သင်ပေးတာက ပိုအဆင်ပြေတယ်။”
ဟောက်ချန်ဟွမ်းသည် မျက်လုံးများကို မှေးလိုက်သည်။ “ဥပမာဆိုရင်။”
“ဥပမာ ရှင့်ရဲ့အခြေအနေဆို ဟွမ်ထျောင့်အပ်စိုက်မှတ်လိုမျိုးနေရာကို အပ်စိုက်ကုထုံး အသုံးပြုဖို့ လိုအပ်တယ်။” စုယန်ယန် အကြည့်လွှဲသွား၏။ “ဟွမ်ထျောင့်အပ်စိုက်မှတ်နေရာက ရှင့်ကို ဘောင်းဘီချွတ်ခိုင်းတဲ့ နေရာပဲ...”
ဟောက်ချန်ဟွမ်း၏ မျက်နှာ မည်းမှောင်သွားသည်။ တစ်နေ့တွင် စုယန်ယန်သာ အခြားအမျိုးသား တစ်ယောက်၏ ဘောင်းဘီကို ချွတ်ကာ အခြားလူ၏တင်ပါးကို အပ်စိုက်နေမည့်ပုံကို သူတွေးလိုက်မိသည်။
“မရဘူး။”
စုယန်ယန် လန့်သွားသည်။ သူမ ခေါင်းကို မော့လိုက်ပြီး ဒယ်အိုးဖင်လို မဲတူးနေသော ဟောက်ချန်ဟွမ်း၏ မျက်နှာအားမြင်လိုက်ရ၏။ သူမမှာ မရယ်ဘဲ မနေနိုင်တော့ပေ။ “ရှင် ကျွန်မကို အဲ့လိုလုပ်ခွင့်မပေးဘူးလား။ ပယ်ရီနီယမ်အပ်စိုက်မှတ်နေရာက ဘယ်မှာလဲဆိုတာ ရှင်သာသိရင် …”
(A/N - ပယ်ရီနီယမ်အပ်စိုက်မှတ်နေရာသည် အမျိုးသားများ၌ စအိုဝနှင့် ကပ်ပယ်အိတ်အကြား တစ်ရှုးဖြစ်ပြီး အမျိုးသမီးများတွင် စအိုနှင့် အင်္ဂါဝအကြားရှိ တစ်ရှုးဖြစ်သည်။ ဆီးပေါက်၊ မွေးလမ်းကြောင်း၊ စအိုတို့ရှိသည့်နေရာတဝိုက်ဖြစ်သည်။)
စုယန်ယန်သည် ဟောက်ချန်ဟွမ်း၏ အရေးကြီးသောအစိတ်အပိုင်းအား တစ်ချက်ကြည့်လိုက်သည်။
ဟောက်ချန်ဟွမ်းသည် သူမပြောနေသည့် အပ်စိုက်ကုထုံးအချက်ကို မသိရင်တောင်မှ သူ့ရဲ့တည်နေရာကို ခန့်မှန်းနိုင်ပေသည်။ သူ့မျက်နှာမှာ ပိုလို့မည်းမှောင်သွား၏။
စုယန်ယန်သည် ဟောက်ချန်ဟွမ်း ဒေါသကြောင့် စိတ်လွတ်သွားမည်စိုးသောကြောင့် သူမ အလျင်အမြန် အရှုံးပေးလိုက်သည်။ “ကောင်းပြီ၊ စိတ်မဆိုးပါနဲ့တော့။ ရှင် ကျွန်မကိုမပြောရင်တောင် ရှင်ကလွဲပြီး ဘယ်သူ့ကိုမှ ဒီလိုလုပ်ပေးမှာမဟုတ်ဘူး”
ဟောက်ချန်ဟွမ်းတစ်ယောက် မျက်ခုံးပင့်လိုက်သည်။ သူ့ကိုတော့ အဲ့လိုလုပ်ပေးမယ်လို့ ဆိုလိုတာလား။
ဟောက်ချန်ဟွမ်းမှာ ကြောက်ရွံ့နေသော်လည်း သူ ဒါကိုဖြစ်လာဖို့ စောင့်မျှော်နေပါသေးသည်။
စုယန်ယန်သည် ဟောက်ချန်ဟွမ်းတစ်ယောက် ဘာတွေတွေးနေမှန်းမသိပေ။ သူ အနည်းငယ် ငြိမ်သွားသည်ကို တွေ့လိုက်ရသောအခါတွင် သူမ သက်ပြင်းတစ်ချက် ချလိုက်၏။ “လူနာတွေကို ဒုက္ခရောက်နေတုန်း ပစ်ထားခဲ့တာမျိုး သည်းမခံနိုင်ပေမဲ့ ဒါက အချိန်အများစုမှာတော့ အဆင်မပြေလှဘူး။ သူ့ကိုသင်ပေးလိုက်တာက ကျွန်မအတွက်လည်း အကျိုးအမြတ်ရှိတာပေါ့။ သူ့ဖိတ်ကြားချက်ကိုသာ လက်ခံလိုက်ရင် ကျွန်မမှာ အားလပ်ချိန်နည်းသွားမှာ။ ဒါပေမယ့် သူနဲ့ ညှိဖို့ ကျွန်မ အကောင်းဆုံး ကြိုးစားသွားမှာပါ။ ကျွန်မတို့ရဲ့ ကိုယ်ရေးကိုယ်တာအချိန်တွေကို အများကြီးမယူပါဘူး။”
“မင်း အခုပြောတဲ့သူ …”
“ဟမ်။”
“ကျောင်းသားတွေကို စာသင်ပေးတဲ့အခါ သရုပ်ပြဖို့ လိုအပ်လား။”
စုယန်ယန်သည် ဟောက်ချန်ဟွမ်း၏ ဘာပြောလဲဆိုတာကို နားမလည်ပေ။
“သရုပ်ပြဖို့ လိုအပ်ရင် ကိုယ်ကလွဲပြီး တခြားဘယ်သူ့ကိုမှ မရှာရဘူး။”
စုယန်ယန်မှာ နောက်ဆုံးတော့ သူဘာကိုဆိုလိုသည်ကို နားလည်သွားသည်။ သူမ၏ မျက်နှာမှာ ပြုတ်ထားသော ပုဇွန်ကဲ့သို့ပင် နီရဲသွား၏။ “ရှင် ရှင် ရှင်…”
“ဟမ်။”
“…”
စုယန်ယန်သည် အသက်ပြင်းပြင်းရှူကာ သူမကိုယ်သူမ တည်ငြိမ်အောင် ထိန်းလိုက်သည်။ “ကိုယ်ဟန်ပြဖို့ လူအရုပ်ကို ကြိုပြင်ထားဖို့ ပရော်ဖက်ဆာယဲ့ကို ကျွန်မပြောလိုက်မယ်။ တကယ့်လူတွေ မလိုအပ်ပါဘူး။”
“အိုး။”
စုယန်ယန်မှာ စကားမပြောနိုင်ပေ။ သူ့ပုံစံက ဘာလို့ဒီလောက်စိတ်ပျက်သွားရတာလဲ။
စုယန်ယန်သည် အခြားအမျိုးသားများကို မရှာဘဲ လူအရုပ်အား အသုံးပြုမယ် ဆိုပေမယ့် ဟောက်ချန်ဟွမ်းကတော့ စိတ်မသက်မသာဖြစ်နေဆဲပင်။
“မင်း ကိုယ့်ကိုတကယ်မလိုဘူးလား။”
“ကျွန်မ ရှင့်ကို တကယ်မလိုဘူး။”