← Chapters

အခန်း ၃၆၃

Vol. 25 Ch. 363

အခန်း ၃၆၃

Vol. 25 Ch. 363

အခန်း (၃၆၃) - နောက်ဖေးတံခါးကိုဖွင့်ပါ။

ဟောက်ချန်ဟွမ်းသည် သူ့ဆံသား မပျက်စီးသေးသည်ဟု ခံစားမိကာ နူးညံ့သိမ်မွေ့သောအမူအရာဖြင့် အစားအသောက်ကို စားသောက်ပြီးစီးခဲ့၏။

စုယန်ယန်သည် ဟောက်ချန်ဟွမ်းက ဒီဟင်းပွဲကို ချက်ပြုတ်သော ရည်ရွယ်ချက်အား အလွန်အထိမခံဖြစ်နေတာကို မသိပေ။ ဒါပေမယ့် လူတချို့ရဲ့ အမြင်မှာတော့ ဒီဟင်းပွဲက ထူးထူးခြားခြားကို ဂုဏ်ယူစရာပါပဲ။ လူတစ်ယောက်ရဲ့ ကံကြမ္မာက ဘယ်လောက်ကြီးမှန်း ဘယ်သူ သိမှာလဲ။

အဲဒီညမှာပဲ ဟောက်ချန်ဟွမ်းက ကျိုးယန်ပိုင်ကို ဖုန်းဆက်ပြီး နောက်တစ်နေ့မနက်မှာ သူ့အိမ်ကို စက်ရုပ်လေးတစ်ရုပ် ပို့ပေးဖို့ ပြောခဲ့သည်။

လူတွေကို ပင်ပန်းနွမ်းနယ်မှုတွေ သက်သာစေနိုင်သရွေ့ အခြားလုပ်ဆောင်ချက်များစွာ မလိုအပ်ပါ။

ကျိုးယန်ပိုင်သည် မတုံးအပေ။ စက်ရုပ်သည် သခင်မလေးအတွက် ရည်ရွယ်သည်ဟု သူ ချက်ချင်း ခန့်မှန်းမိခဲ့သည်။

တစ်ချိန်တည်းမှာပင်၊ သူက “သခင်လေး၊ ကုမ္ပဏီထဲက လူတော်တော်များများ ဒီနေ့ သခင်မလေးရဲ့ တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ကြတယ်…”

စုယန်ယန်က သူ့ဆံပင်ပုံပန်းသဏ္ဍာန်ကို စိတ်ပူတယ်လို့ ပွင့်ပွင့်လင်းလင်း ပြောခဲ့တာကို ပြန်ပြောင်းသတိရရင်း ဟောက်ချန်ဟွမ်းရဲ့ မျက်နှာဟာ မည်းမှောင်သွားခဲ့သည်။

ကောင်းပြီ၊ အခု သူ့ကုမ္ပဏီက လူတိုင်းဟာ သူ့ဆံပင်ပုံပန်းသဏ္ဍာန်က အန္တရာယ်ရှိနေတယ်လို့ ထင်နေကြလိမ့်မယ်။

ကျိုးယန်ပိုင်သည် သူ့သခင်လေးက အခြားအရာများကို အာရုံစိုက်နေပြီး သူဆိုလိုချင်သည့် အရိပ်အမြွက်ကို လုံးဝ နားမလည်မှန်း မသိခဲ့ပေ။

ကျိုးယန်ပိုင်သည် ဟောက်ချန်ဟွမ်းက ဘာမှ ပြန်မပြောတာကို သတိပြုမိတော့ ကျည်ဆံကိုကိုက်ပြီး “ကုမ္ပဏီက လူတော်တော်များများက တိုက်ရိုက်လွှင့်တာကို ကြည့်ပြီး သခင်မလေးက သူတို့ရဲ့ ဆိုးရွားလှတဲ့ ဆံပင်လေးတွေကို ကယ်တင်ပေးနိုင်လိမ့်မယ်လို့ မျှော်လင့်နေကြပါတယ်…”

ဟောက်ချန်ဟွမ်းသည် မျက်လုံးများကို မှေးကျဥ်းထားသည်။ "မင်း သူချက်တာစားချင်ရင် စားသောက်ဆိုင်ကိုသွားလို့ ပြောလိုက်လေ။"

ကျိုးယန်ပိုင်၏ မျက်လုံးထောင့်စွန်းတွေဟာ တွန့်ကွေးသွားခဲ့သည်။ “အဲဒါလည်း ကျွန်တော် သူတို့ကိုပြောခဲ့တယ်၊ ဒါပေမယ့် သူတို့က သခင်မလေးရဲ့ ဆေးဖက်ဝင်ဟင်းလျာစားသောက်ဆိုင်မှာ ဘွတ်ကင်လုပ်ထားတာ တစ်နှစ်ခွဲလောက် စောင့်ရဦးမယ်လို့ပြောကြတယ်။ အဲဒီအချိန်အထိ ကျွန်‌တော်တို့ တကယ်စောင့်နေရရင် ကျွန်တော်တို့ကုမ္ပဏီထဲက ဝန်ထမ်းတစ်ဝက်နီးပါးလောက် ထိပ်ပြောင်သွားလိမ့်မယ်။”

ဒါက ရယ်စရာလို့ ထင်ရပေမယ့် မဖြစ်နိုင်တာတော့ မဟုတ်ပါဘူး။ ကာကွယ်ရေးစက်ရုပ်တစ်ရုပ်ကို တီထွင်နိုင်ရန်အတွက် သူတို့သည် နောက်ထပ် ခြောက်လ သို့မဟုတ် တစ်နှစ်အထိ အချိန်ပိုအလုပ်လုပ်ရမည်ဖြစ်ပါသည်။

ဤသုတေသနနှင့် ဖွံ့ဖြိုးတိုးတက်မှုမျိုးသည် မြင့်မားသောလစာနှင့် အောင်မြင်မှု မြင့်မားစွာ ရရှိတယ်လို့ဆိုနိုင်ပေမယ့် ဤအောင်မြင်မှုများအားလုံးသည် သူတို့၏ဆံပင်ပါးလွှာပြီး ဆံပင်များ အဆက်မပြတ် ကျွတ်ခြင်းဖြင့် လှဲလှယ်နေတယ်ဟုဆိုတာက ချဲ့ကားပြောဆိုခြင်း မဟုတ်ပါ။

သူတို့ရွေးချယ်နိုင်မယ်ဆိုရင် ဘယ်သူက ထိပ်ပြောင်ပြီး ဆံပင်ကျွတ်ချင်မှာလဲ။

ဟောက်ချန်ဟွမ်းသည် ကျိုးယန်ပိုင်၏ စကားကိုလိုက်ပြီး တွေးကြည့်တော့ သူ့ကုမ္ပဏီရှိ လူထက်ဝက်နီးပါးဟာ မီးသီးလုံးလေးလို ခေါင်းပြောင်နေသည့် မြင်ကွင်းကို မြင်ယောင်ကြည့်မိသည်။

“…”

ကျိုးယန်ပိုင်သည် ဟောက်ချန်ဟွမ်းတစ်ယောက် တိတ်ဆိတ်သွားပြန်တာကို မြင်လိုက်ရသောအခါ သူလည်း အနည်းငယ် စိတ်ရှုပ်ထွေးသွားခဲ့သည်။ “သခင်မလေးရဲ့ ဆိုင်က ဝန်ထမ်းတွေအားလုံး အစားအစာတွေကို အခမဲ့မြည်းစမ်းခွင့်ရပြီး ဆေးဖက်ဝင်ဟင်းလျာ အကျိုးခံစားခွင့်ကိုပါ ရကြတယ်လို့ ကျွန်တော်ကြားတယ်။ ဒါ့ကြောင့် ကုမ္ပဏီက လူတော်တော်များများ ရာထူးကနေ နှုတ်ထွက်ပြီး သခင်မလေးရဲ့ အလုပ်မှာ လျှောက်ထားဖို့ စိတ်ကူးရှိနေကြတယ်။”

ဟောက်ချန်ဟွမ်း၊ “...” နည်းပညာမြင့် ဥာဏ်ရည်ရှိတဲ့ ပရိုဂရမ်မာတွေက ငါ့မိန်းမရဲ့ စားသောက်ဆိုင်ကို ဘာဖြစ်လို့ သွားချင်နေကြတာလဲ။ အလုပ်လုပ်ဖို့လား၊ စားပွဲထိုးလုပ်ဖို့လား။

“ဒါက ရုတ်တရတ် ခေါင်းထဲဝင်လာတဲ့ စိတ်ကူးဆိုပေမယ့် သခင်မလေးရဲ့ ဆိုင်က အကျိုးကျေးဇူးတွေက ဘယ်လောက်ထိ ဆွဲဆောင်မှုရှိတယ်၊ ဆေးဖက်ဝင်ဟင်းလျာတွေက ဘယ်လောက်နာမည်ကြီးသလဲဆိုတာကို ပြသနေပါတယ်။”

ကျိုးယန်ပိုင်သည် အရင်က စုယန်ယန်ကို မြှောက်ပင့်ပြောဆိုသည့် ယုကျစ်ယန်၏ ချီးကျူးပြောဆိုသည့် စကားလုံးများကိုပင် အတုခိုးပြောဆိုခဲ့သည်။ “သခင်လေးနဲ့ သခင်မလေးက မိသားစုတွေပဲ။ လင်နဲ့ မယားဆိုတာ တစ်သားတည်းဖြစ်ကြတယ်လေ။ ဒါ့အပြင် ကျွန်တော်တို့ရဲ့ ကုမ္ပဏီက သခင်မလေးရဲ့ အမည်အောက်မှာ ရှိနေတာ ဖြစ်တာကြောင့် ဒီကုမ္ပဏီတွေကိုလည်း သခင်မလေးရဲ့ ကုမ္ပဏီတွေလို့ဆိုနိုင်ပါတယ်။”

ဟောက်ချန်ဟွမ်းသည် ပြောစရာစကားပျောက်ရှသွားသည်။ အစကတည်းကပင် သူက သူ့ကုမ္ပဏီတွေကို တင်တောင်းလက်ဆောင်အဖြစ် စုယန်ယန်ကို ပေးဖို့ စီစဥ်ခဲ့ပေမယ့် သူ ဂရုတစိုက်ပြုစုပျိုးထောင်ထားတဲ့ ကောင်းမွန်တဲ့ ကျောရိုးတွေကို နောက်ဆုံးမှာတော့ သူ့ဇနီးသည်က ခိုးယူသွားလိမ့်မယ်လို့ ဘယ်တုန်းကမှ မတွေးခဲ့ဖူးပါဘူး။

သူ ဒေါသထွက်သင့်လား ဒါမှမဟုတ် ပျော်သင့်လား။

ကျိုးယန်ပိုင်က ခပ်ဖွဖွ ချောင်းဆိုးပြီး အရှက်မရှိစွာ ပြောလိုက်သည်။ “အဟမ်း... ကောင်းပါပြီ၊ ကျွန်တော်တို့က သခင်မလေးရဲ့ စားသောက်ဆိုင်က ဝန်ထမ်းတွေလို တူညီတဲ့ အကျိုးကျေးဇူးတွေ မတောင်းဆိုပါဘူး။ ကျွန်တော်တို့ကို သခင်လေးရဲ့ မျက်နှာကြောင့် သခင်မလေးက နောက်ဖေးတံခါးဖွင့်ပေးတာကို လိုချင်မိရုံပါပဲ။”

ဟောက်ချန်ဟွမ်း၊ “...”

All Chapters