အခန်း ၃၆၅
Vol. 25 Ch. 365
အခန်း (၃၆၅) - ငါ့ယောကျာ်းက အရမ်းကြည့်ကောင်းတာပဲ
နျဥ်ချီလွေ့ဘက်မှ ပြဿနာကို ဖြေရှင်းပြီးနောက် စုယန်ယန်သည် မတ်တပ်ရပ်ကာ ပတ်ပတ်လည်ကို ကြည့်လိုက်မိသည်။ တစ်စုံတစ်ခုကို ခံစားလိုက်ရသလို မျက်မှောင်ကြုတ်သွားမိသည်။
သူမ တစ်ခုခုကို... မေ့သွားသလို ခံစားနေရသည်။
စုယန်ယန်သည် အိမ်ထဲမှာ ဟိုဟိုဒီဒီ လမ်းလျှောက်ရင်း စဥ်းစားကြည့်နေခဲ့သော်လည်း သူမ မေ့နေတဲ့အရာကို လုံးဝ မမှတ်မိတာကြောင့် ကူကယ်ရာမဲ့စွာ စွန့်လွှတ်လိုက်သည်။
ဘာကို မေ့နေတာလဲ။ သေချာပြန်စဥ်းစားကြည့်ပါဦး။
ထိုအချိန်တွင် စုမိသားစုမှာ အရွယ်ရောက်ပြီးသူနှစ်ဦးထံမှ ကံမကောင်းစွာဖြင့် မေ့လျော့သွားခြင်းကို ခံရသော ကလေးလေးသည် ပြတင်းပေါက်အပြင်ဘက်မှ မှောင်မိုက်နေသော ညကို ဝမ်းနည်းနေသည့်အမူအရာဖြင့် ကြည့်နေလေသည်။
“သွမ်းသွမ်းလေး မကြောက်ပါနဲ့၊ ယန်ယန်က မင်းကိုမလိုချင်တော့ဘူးဆိုရင်တောင် မင်းမှာ မင်းဦးလေးတစ်ယောက်လုံး ရှိပါသေးတယ်။ လာခဲ့၊ ငါ မင်းကိုရေချိုးပေးမယ်။ မင်းရေချိုးပြီးရင် ငါတို့အိပ်ရာဝင်လို့ရပြီ။” စုယုရွှမ်သည် သွမ်းသွမ်းရှေ့တွင် ထိုင်ချပြီး ဂန္တဝင်ဦးလေးတစ်ယောက်၏ ထူးဆန်းသော အပြုံးမျိုးကို ထုတ်ဖော်ပြသလိုက်သည်။
“ရေချိုးရမယ်” ဟူသော စကားလုံးများကိုကြားပြီးနောက် နောက်ဆုံးတွင် သွမ်းသွမ်းလေးသည် စတင်တုံ့ပြန်လာခဲ့သည်။ သူ့ရဲ့ ခြေထောက်တိုတိုလေးများကို ရှေ့သို့ဆန့်ထုတ်ပြီး သူ့ရဲ့ သေးငယ်သော ခန္ဓာကိုယ်လေးနှင့် မလိုက်ဖက်သော ခုန်ပေါက်မှုမျိုးနှင့်အတူ သူလေးရဲ့ ခြေကန်ချက်က စုယုရွှမ်း၏ ခန့်ညားသောမျက်နှာပေါ်သို့ ကျရောက်သွားခဲ့သည်။
ထို့နောက် စုယုရွှမ်း၏ မိန်းမောတွေဝေနေမှုကို အခွင့်ကောင်းယူပြီး သူလေးရဲ့ ခြေတိုလေးများဖြင့် ထွက်ပြေးသွားခဲ့သည်။
စုယုရွှမ်သည် ဖြစ်ပျက်သွားသည့် အခြေအနေကို သဘောမပေါက်မီ စက္ကန့်အနည်းငယ်မျှ အနည်းငယ် ထိတ်လန့်သွားခဲ့သည်။ သူက သွမ်းသွမ်းကိုဖမ်းရန် အမြန်ထလိုက်သည်။
“အိုး... မပြေးနဲ့လေ။ မြန်မြန်ပြန်လာခဲ့။”
“ဝုဝုဝု... ဝုဝုဝု...” ဒီလိုအချိန်မျိုးမှာ မပြေးတာက မိုက်မဲတာပဲ။ ငါလေးက အရူး မဟုတ်ဘူးလေ။
ဒီလိုနဲ့ တစ်ကောင်ကပြေးပြီး နောက်တစ်ယောက်က လိုက်ဖမ်းတယ်။ ညဥ့်နက်သန်းခေါင်ယံအချိန် စုမိသားစုမှာ ဆူညံ့နေပြီးတော့ လေထုက အလွန်အမင်း အသက်ဝင်နေခဲ့သည်။
နောက်နေ့မနက်စောစောမှာ ကျိုးယန်ပိုင်က စက်ရုပ်ငယ်လေးကို တံခါးဆီ ကိုယ်တိုင်ကိုယ်ကျ လာပို့ခဲ့သည်။ ဟောက်ချန်ဟွမ်းကို တွေ့တော့ မျှော်လင့်ချက်နှင့် လိုအင်ဆန္ဒများ ပြည့်နှက်လျက်ရှိသော အကြည့်တွေဖြင့် ကြည့်နေခဲ့သည်။
ဟောက်ချန်ဟွမ်း၊ “...”
စုယန်ယန်သည် သူတို့နှစ်ယောက်ကြားက ဇာတ်ကြောင်းကို မသိခဲ့ပါဘူး။ ကျိုးယန်ပိုင်က စက်ရုပ်လေးကို လာပို့ကြောင်း ကြားလိုက်ရတာနဲ့ ချက်ချင်းဆိုသလိုပင် အိမ်ပေါ်ထပ်မှ ပြေးဆင်းလာခဲ့ကာ “ဒါက အရမ်းစမတ်ကျတဲ့ စက်ရုပ်လေးလား။ ကျွန်မကို တစ်ချက်ပြပါဦး။” ဟု စိတ်လှုပ်ရှားစွာ ပြောခဲ့သည်။
ဒါကိုကြားတော့ ကျိုးယန်ပိုင်က စုယန်ယန်တစ်ယောက် စက်ရုပ်လေးကို ရှင်းရှင်းလင်းလင်း မြင်နိုင်ရန် ဘေးဖက်သို့ အလျင်အမြန် ဖယ်ပေးခဲ့သည်။
ဒါက စက်ရုပ်လေးဆိုပေမယ့် တစ်မီတာခန့်မြင့်ပါသည်။ ၎င်း၏ ခန္ဓာကိုယ်အစိတ်အပိုင်းတိုင်းသည် လုံးလုံးဝိုင်းဝိုင်းလေး ဖြစ်သည်။
၎င်း၏ ဦးခေါင်းက ဝိုင်းသလို ၎င်း၏ လက်နှင့် ခြေထောက်တွေကလည်း ဝိုင်းဝိုင်းလေးတွေဖြစ်သည်။ ၎င်း၏ ခန္ဓာကိုယ်ကလည်း ဝိုင်းစက်နေတယ်ဆိုတော့ ကောက်ညှင်းလုံးကြီးနှင့်တူသည်။
စုယန်ယန်ရဲ့ မျက်လုံးတွေက တောက်ပလာခဲ့သည်။ သူမသည် ဤချစ်စရာကောင်းတဲ့ကောင်လေးကို မြင်မြင်ချင်း ချစ်သွားခဲ့သည်။
“သူ့မှာ... နာမည်ရှိလား။”
“မရှိဘူး။ မရောင်းရသေးတဲ့ စက်ရုပ်တွေမှာ နာမည်မရှိဘူး။ သူတို့မှာ နံပါတ်တွေသာရှိပြီးတော့ ဖောက်သည်တွေက သူတို့ကို ဝယ်ယူပြီးတဲ့အခါကျရင် စက်ရုပ်တွေကို သူတို့စိတ်ကြိုက် နာမည်ပေးနိုင်ပါတယ်။ ဒီစက်ရုပ်ရဲ့ နံပါတ်က ၀၀၁ ပါ။”
“၀၀၁ လား။” စုယန်ယန်က ထိတ်လန့်သွားပြီး ချက်ချင်းဆိုသလို စနစ်အကြောင်းကို တွေးလိုက်မိသည်။
[စနစ်၊ ဒါကို တစ်ချက်ကြည့်ပါဦး။ ဒါလေးက အရမ်းချစ်စရာကောင်းတာပဲ။ အချိန်အတော်ကြာ ဝင်ရောင်စွက်ဖက်ပြီးတာတောင်မှ စကားတစ်ခွန်း ပြောဖို့တောင် ဝန်လေးနေတဲ့ နင်နဲ့မတူဘူး။]
စုယန်ယန်သည် စနစ်ကို ပုံမှန်အတိုင်း စနောက်လိုက်ပေမယ့် သူမကို ပြန်လည်တုံ့ပြန်လာဖို့ကိုတော့ မမျှော်လင့်ထားခဲ့ပေ။
မမျှော်လင့်ထားစွာဖြင့် နောက်တစက္ကန့်မှာပင် သူမ ရင်းနှီးကျွမ်းဝင်နေသော စက်ပိုင်းဆိုင်ရာအသံကို ကြားလိုက်ရသည်။
[ကျေးဇူးပြုပြီး စနစ်ကို ဒီလိုအဆင့်နိမ့်စက်ရုပ်မျိုးနဲ့ မနှိုင်းယှဥ်ပါနဲ့။]
ဒါဟာ တင်းကြပ်တဲ့ ကြေငြာချက်ဆိုပေမယ့် စုယန်ယန်က သူ့အသံထဲမှာ အထင်အမြင်သေးပြီး ဒေါသအရိပ်အမြွတ်ကိုပါ ခံစားရပါသည်။
ဒါဟာ စုယန်ယန်တစ်ယောက် စနစ်ထံမှ ပထမဆုံးအကြိမ်အဖြစ် စိတ်ပိုင်းဆိုင်ရာ တုံ့ပြန်မှုကို ခံစားခဲ့ဖူးတာဖြစ်သည်။ စုယန်ယန်က စနစ်ကို အရမ်းစိတ်ဝင်စားသွားသည်။ စုယန်ယန်တစ်ယောက် စက်ရုပ်လေးကို ပြုံးကြည့်နေရင်း သူမရဲ့ အကြည့်တွေက ရွှန်းလဲ့နေခဲ့သည်။
“ဒါလေးကို မဖွင့်ရသေးဘူးလား။ ဒါလေးကို ဘယ်လိုဖွင့်ရတာလဲ။”
ကျိုးယန်ပိုင်က ဘာမှပြန်မပြောပေ။ အဲဒီအစား၊ သူက ဟောက်ချန်ဟွမ်းကို လှမ်းကြည့်လိုက်သည်။
ဟောက်ချန်ဟွမ်းက သူ့ကို တစ်ချက်ကြည့်ပြီး ထိန်းချုပ်ဘောင်ကို နှိပ်ရန် အစပြုလိုက်သည်။
စုယန်ယန်သည် အင်တာဖေ့စ်ပေါ်တွင် စာရိုက်နေသော သူ့လက်ချောင်းများကိုသာ မြင်နိုင်သည်။ သူ စာရိုက်နေတာ မြန်လွန်းသဖြင့် ပုံရိပ်များသာ ကျန်ရှိနေတော့သလိုပင်။
သူ့ရဲ့ လှုပ်ရှားမှုတွေနှင့်အတူ စုယန်ယန်ရဲ့ မျက်ဝန်းတွေက ဝိုင်းစက်နေပြီး ရင်ခုန်မြန်လာခဲ့သည်။ သူမအတွေးထဲမှာ အတွေးတစ်ခုသာ ကျန်ရှိတော့သည်။
လူတွေက တစ်စုံတစ်ခုကို အာရုံစိုက်နေတဲ့ အမျိုးသားတွေက အရမ်းချောကြတယ်လို့ပြောတာ မမှားဘူးပဲ... သူမရဲ့ ခင်ပွန်းက... အရမ်းချောတာပဲ။