အခန်း ၃၆၆
Vol. 25 Ch. 366
အခန်း (၃၆၆) - ဘက်စုံသုံး ရိုလီပိုလီလေး
ဒင်းဒေါင်...
သတိပေးချက်အသံသည် စုယန်ယန်အား လက်တွေ့ဘဝသို့ အောင်မြင်စွာ ဆွဲထုတ်နိုင်ခဲ့သည်။
“သူ့ကို နာမည်ပေးလိုက်ပါ။” ဟောက်ချန်ဟွမ်းက စုယန်ယန်ကို အလိုလိုက်လိုသည့် အရိပ်အမြွက်ဖြင့် လှည့်ကြည့်လိုက်သည်။
“ကျွန်မလား။”
“သူ့ကို နာမည်ပေးတဲ့သူက သူ့ပိုင်ရှင် ဖြစ်လိမ့်မယ်။”
စုယန်ယန်က ရုတ်တရတ် နားလည်သဘောပေါက်သွားသည်။ သူမသည် စက်ရုပ်လေးကို သေသေချာချာကြည့်ကာ “သူ့ကိုကြည့်ရတာ တစ်ကိုယ်လုံး ဝိုင်းစက်နေတာပဲ။ သူ့ကို ကျွန်မတို့ ရိုလီပိုလီလို့ ခေါ်သင့်လား။” ဟု ရေရွတ်လိုက်သည်။
ဟောက်ချန်ဟွမ်း၊ “…”
ကျိုးယန်ပိုင်၊ “…”
စနစ်၊ “…”
စုယန်ယန်သည် ဒီနာမည်လေးက အတော်လေးကို ကောင်းမွန်တယ်လို့ တွေးထင်မိသည်။ အဆိုပါ နာမည်သည် ဒီစက်ရုပ်လေးနှင့် အတော်လေးကို လိုက်ဖက်သည်။
“ဘယ်လိုလဲ။”
“... မင်း သဘောကျသရွေ့ပေါ့။”
ဒီလိုနဲ့ပဲ၊ ပိုက်ဆံနဲ့ ဝယ်လို့မရတဲ့ ဒီစက်ရုပ်လေးကို ဆိုးရွားတဲ့ နာမည်တစ်ခု ပေးအပ်ခဲ့ပါတယ်။
သို့ပေမယ့် ပတ်ဝန်းကျင်ရှိလူများသည် သူတို့ရဲ့ အသိစိတ်ကို ဆန့်ကျင်ပြီး နာမည်ပေးခဲ့တဲ့သူကို ချီးမွမ်းရန်မှတပါး အခြား ရွေးချယ်စရာမရှိပေ။ သူမသည် ထိုနာမည်ကောင်းကို စက်ရုပ်လေးအား ပေးအပ်ခဲ့ပြီး လူအများကို ပင့်သက်ရှိုက်စေခဲ့မိသည်။
စက်ရုပ်ငယ်လေး၊ “…” သူလေးက အားနည်း၊ ကူကယ်ရာမဲ့ပြီး သနားစရာကောင်းတယ်လို့ ခံစားရတယ်။
စုယန်ယန်သည် စက်ရုပ်ကို နာမည်ပေးပြီးနောက် တစ်ခုခုကို စဉ်းစားနေပုံရသည်။ သူမသည် စနစ်ကို ဆက်လက် နှောင့်ယှက်ခဲ့သည်။
[နင့်ကိုရော နာမည်ပေးစေချင်လား။ 001 ဆိုတာက အရမ်းသာမန်ဆန်နေသလိုပဲ။]
စနစ်၊ “...” ရိုလီပိုလီ ကဲ့သို့သော နာမည်တစ်ခုနှင့် နှိုင်းယှဥ်ပါက 001 သည် တော်တော်ကောင်းသည်ဟုထင်သည်။
ဤဆိုးရွားသော ပြဿနာကို ရှောင်ရှားရန်အတွက်၊ စနစ်သည် ဉာဏ်အမြော်အမြင်ကြီးစွာဖြင့် သေသလို ဟန်ဆောင်နေဖို့ ဆုံးဖြတ်လိုက်သည်။ စုယန်ယန်က သူ့ကို ဘယ်လိုပဲ ရန်စနေပါစေ၊ သူက အသံပေးဖို့ ငြင်းဆန်ခဲ့သည်။
စုယန်ယန်သည် စနစ်ကို အချိန်အတော်ကြာ အနှောင့်အယှက်ပေးခဲ့သော်လည်း တုံ့ပြန်မှု မရရှိခဲ့ပေ။ ထို့ကြောင့် သူမ လက်လျှော့ခဲ့ပြီး စက်ရုပ်လေးကို ဆက်လက်ဒုက္ခပေးခဲ့ပါသည်။
နာမည်ထည့်ပြီးနောက် နောက်ထပ် သတိပေးချက်တစ်ခု ထွက်ပေါ်လာခဲ့သည်။ စက်ရုပ်လေး၏ နက်မှောင်သော မျက်လုံးများသည် ရုတ်တရတ် တောက်ပလာပြီး သူ့ရဲ့ အတွင်းပိုင်းစနစ်သည် နောက်ဆုံးတွင် စတင်အလုပ်လုပ်လာခဲ့သည်။
“မင်္ဂလာပါ၊ ဒီစမတ်ရိုဘော့လေးရဲ့ နာမည်က ရိုလီပိုလီပါ။ ဒီနေ့မှစပြီး မင်းကို အကောင်းဆုံး ခစားသွားပါ့မယ်။ ငါ့ကို သခင်က သဘောကျပေး၊ ချစ်ပေးပြီး မိသားစုဝင်တစ်ယောက်လို ဆက်ဆံပေးလိမ့်မယ်လို့ ငါမျှော်လင့်ပါတယ်။”
စက်ရုပ်လိုအသံမျိုး ပျောက်ကွယ်သွားပြီးနောက် ကလေးလေးတစ်ယောက်၏ အသံအဖြစ်သို့ ပြောင်းလဲသွားသည်။ “မင်္ဂလာပါ၊ သခင်၊ သခင်မ၊ ကျွန်တော်က ဥာဏ်ရည်မြင့်စက်ရုပ် 001 ရိုလီပိုလီပါ၊ ငါ့ရဲ့ သေးငယ်တဲ့ အသွင်အပြင်ကြောင့် လှည့်စားမခံရပါနဲ့၊ ငါက ထင်ထားတာထက် အများကြီး အသုံးဝင်ပါတယ်။”
ဟောက်ချန်ဟွမ်း and asked with a smile၊ “What do you do then?”
စုယန်ယန်သည် ဟောက်ချန်ဟွမ်းကို ရွှင်မြူးသောအသွင်အပြင်ဖြင့် လှည်ကြည့်လိုက်သည်။ သူမသ်ည ဟောက်ချန်ဟွမ်းကို ခပ်ပြုံးပြုံး မေးလိုက်သည်၊ “သူက ဘာတွေလုပ်တတ်လဲ။”
“ရိုလီပိုလီက ပန်းကန်ပြားသယ်နည်း၊ အဝတ်လျှော်နည်း၊ အိမ်သန့်ရှင်းရေးလုပ်နည်းတွေကို သိပါတယ်။ ငါက စားပွဲတွေသယ်တာ၊ မီးသီးလဲတာနဲ့ အိမ်တစ်လုံးကိုတောင်မှ ဆောက်လုပ်နိုင်...”
“ဖူး...” စုယန်ယန်သည် စက်ရုပ်လေးက ကလေးအသံဖြင့် စားပွဲသယ်တာ၊ မီးသီးလဲတာတွေကိုပါ လုပ်နိုင်ကြောင်း ပြောတာကို ကြားလိုက်ရသည်။ အချို့သော အကြောင်းရင်းများကြောင့် သူမသည် တရားမဝင် ကလေးအလုပ်သမား ခန့်အပ်ထားမိသလို ခံစားလိုက်ရပါသည်။
“မင်းက အရမ်းတော်တာပဲ၊ ငါ မင်းကို တစ်လကို ဘယ်လောက်ပေးရမှာလဲ။”
“သခင်၊ မင်း ရိုလီပိုလီကို လစာ ပေးစရာ မလိုပါဘူး။ ရိုလီပိုလီကို နေ့တိုင်း ကျွေးပြီး ရိုလီပိုလီမှာ အလုပ်လုပ်ဖို့ ခွန်အားရှိနေသရွေ့ သခင်က ရိုလီပိုလီကို လစာ ပေးစရာ မလိုပါဘူး။”
“နင့်ကို ကျွေးရမှာလား။” စုယန်ယန်ကို ရုတ်တရတ် လန့်ထိတ်သွားစေသည်၊ “ငါ နင့်ကို အားသွင်းပေးရမယ်လို့ ဆိုလိုတာလား။”
“အဲ့လိုလုပ်ဖို့ မလိုပါဘူး။” ဟောက်ချန်ဟွမ်း ထပ်ထည့်ပြောသည်။ “သူ့ကို အားသွင်းဖို့ ဆိုလာပြားကို အသုံးပြုထားတယ်။ သူ့ကို နေ့တိုင်း နေနှင့်ထိတွေ့စေရုံမျှဖြင့် ပုံမှန်လည်ပတ်မှုကို ထိန်းသိမ်းထားနိုင်ပြီး နောက် တစ်လ သို့မဟုတ် နှစ်လကြာ အသုံးပြုနိုင်တယ်။”
အိုး... ဘုရားရေ၊ ဒီစက်ရုပ်လေးကို နေရောင်ခြည်တစ်ခုတည်းနဲ့ ပုံမှန်လည်ပတ်မှုကို ထိန်းသိမ်းထားနိုင်ပြီး နောက် တစ်လ နှစ်လကြာလောက် အသုံးပြုနိုင်တယ်ဆိုပါလား။ ဒါက အလွန်သင့်လျော်ပြီး အရမ်းကြာရှည်ခံတာပဲ။
ဒီစက်ရုပ်လေးက သူ့ပိုင်ရှင်ကို မကာကွယ်နိုင်ဘူးဆိုရင်တောင်မှ အိမ်မှာ ကလေးရှိရင် ကလေးထိန်း၊ အိမ်မွေးတိရိစ္ဆာန်လေးနဲ့ ကလေးရဲ့ ကစားဖော်လေးတောင် ဖြစ်နိုင်ပါတယ်။
ဒီစက်ရုပ်လေးဟာ ရိုးရိုးရှင်းရှင်း ဘက်စုံအသုံးပြုနိုင်သော ရတနာသေတ္တာလေးဖြစ်ပြီး ပိုင်ရှင်အား အလိုမကျ စိတ်ကောက်တတ်ပြီး အများကြီးစားသောက်မယ့် အဲဒီအိမ်မွေးတိရိစ္ဆာန်လေးတွေထက် အများကြီး ပိုကောင်းပါတယ်။
“???”