အခန်း ၃၆၈
Vol. 25 Ch. 368
အခန်း (၃၆၈) ချစ်ခင်မှုကို ယှဥ်ပြိုင်ခြင်း
သွမ်းသွမ်းသည် သူ့သခင်မနှင့် သီးသန့်တွေ့ဆုံနေတဲ့ ခွေးကောင်ကို ဖမ်းမိသွားသလိုပဲ၊ စုယုရွှမ်ရဲ့ ပွေ့ဖက်မှုကနေ လွတ်မြောက်ဖို့ အတင်းရုန်းကန်ခဲ့သည်။
စုယုရွှမ်က အံ့အားသင့်သွားသည်။ သူက သွမ်းသွမ်းကို ထိန်းထားချင်ပေမယ့် သူ့အင်အားကြောင့် သွမ်းသွမ်းလေး နာကျင်သွားမှာကို စိုးရိမ်နေသောကြောင့် သွမ်းသွမ်းသည် သူ့လက်ထဲကနေ အမြန်လွတ်မြောက်သွားနိုင်ခဲ့သည်။
သွမ်းသွမ်းသည် စုယုရွှမ်ရဲ့ လက်ကနေ လွတ်မြောက်သွားသည်နှင့် တပြိုင်နက် သူသည် စက်ရုပ်လေးဆီသို့ ဟောင်ရင်း ချက်ချင်းဆိုသလို ပြေးလွှားသွားခဲ့ပါသည်။
“သွမ်းသွမ်း” စုယန်ယန်သည် တခဏတာမျှ အံ့အားသင့်သွားခဲ့သည်။ သူမသည် သွမ်းသွမ်းက စက်ရုပ်လေးဆီသို့ အပြေးအလွှား ပြေးသွားသည်ကိုမြင်ပြီး စက်ရုပ်လေးကို လဲကျမသွားစေဖို့ ကာကွယ်ရန် စက်ရုပ်လေးရဲ့ ရှေ့မှာ သူ့အလိုလို ရပ်လိုက်မိသည်။
မထင်မှတ်ဘဲ နောက်တစက္ကန့်မှာ သူမရဲ့ နောက်ကနေ ရင်းနှီးကျွမ်းဝင်နေတဲ့ စက်ရုပ်အသံတစ်ခုကို ကြားလိုက်ရသည်။ “ထိုးစစ်အားကောင်းတဲ့ အရာတစ်ခု ချဥ်းကပ်လာတာကို တွေ့ရှိရပြီး ချက်ချင်း နှင်ထုတ်ပစ်ဖို့ အကြံပြုထားပါတယ်။”
“နှင်ထုတ်...” စုယန်ယန်က ဘာကိုဆိုလိုသည်ကို နားမလည်မီတွင် စက်ရုပ်လေးက သူ့လက်ကို ပြန်ရုပ်သိမ်းလိုက်တာကို တွေ့လိုက်ရသည်။ သူလေးရဲ့ လက်ကို ပြန်ထုတ်လိုက်ချိန်တွင် လက်ဝါးပုံစံပြောင်းသွားပြီး... ပါးချလိုက်တာလား။
ဖြန်း...
“ဝုဖ်”
တရားဝင်ဇနီးကဲ့သို့ ရန်လိုပြီး မယားငယ်မကို ရိုက်နှက်ချင်နေတဲ့ သွမ်းသွမ်းသည် ပါရာဘိုလာလို ပျံထွက်သွားပြီး ထိတ်လန့်တကြား အော်ဟစ်လိုက်သည်။
ဟောက်ချန်ဟွမ်း၊ “…”
ကျိုးယန်ပိုင်၊ “…”
စုယုရွှမ်က သွမ်းသွမ်းကို တားမြစ်ဖို့ ပြေးဝင်လာရာမှ ရပ်တန့်သွားသည်၊ “...”
“သွမ်းသွမ်း” အဆုံး၌ စုယန်ယန်က ပထမဆုံး တုံ့ပြန်နိုင်ခဲ့သည်။ သူမက အော်ဟစ်ပြီး သွမ်းသွမ်းရဲ့ အခြေအနေကို စစ်ဆေးဖို့ ပြေးသွားခဲ့သည်။
ကံကောင်းထောက်မစွာဖြင့်၊ သွမ်းသွမ်းသည် ရိုလီပိုလီ၏ ပါးရိုက်ချက်ကြောင့် ပင်မတံခါးအပြင်ဘက်က နှင်းဆီချုံထဲသို့ ပြုတ်ကျသွားရမယ့်အစား သူ့ဘေးက မြက်ခင်းပြင်ပေါ်သို့ ပြုတ်ကျသွားခဲ့ပြီး ဒဏ်ရာမရရှိခဲ့ပေ။
စုယန်ယန်က သူလေးကို မြက်ခင်းထဲမှ တူးထုတ်လိုက်သောအခါ သူ့ခန္ဓာကိုယ်ပေါ်တွင် အရွက်အနည်းငယ် တင်ကျန်ရစ်သည်။ သူလေးရဲ့ ခန္ဓာကိုယ်ပေါ်ရှိ အမွှေးများသည် ညစ်ပတ်ပေရေကုန်သည်။ ခွေးလေးသည် မူးဝေပြီး မတ်တပ်မရပ်နိုင်သည့်အပြင် အခြား အန္တရာယ်မဖြစ်ခဲ့ပါဘူး။
စုယန်ယန်က သူလေးကို ကောက်ယူပြီး ခေါင်းကနေ ခြေဖျားအထိ စစ်ဆေးကြည့်ရှုခဲ့သည်။ သွမ်းသွမ်းတစ်ကောင် အဆင်ပြေကြောင်း အတည်ပြုပြီးနောက် သူမ သက်ပြင်းချလိုက်မိသည်။ ထို့နောက် သူမသည် သွမ်းသွမ်းရဲ့ ခေါင်းလေးကို ပုတ်လိုက်သည်။
“နင့်ကို ငါ ဘာပြောထားလဲ။ သူတစ်ပါးကို လွယ်လွယ် ဒေါသမထွက်ဖို့ ငါပြောခဲ့တယ် မဟုတ်ဘူးလား။”
“ဝုဖ်...” သွမ်းသွမ်းသည် အလွန်ဝမ်းနည်းစွာ ညည်းတွားလိုက်ပြီး စုယန်ယန်ကို အပြစ်တင်သည့် အကြည့်တွေဖြင့် ကြည့်လိုက်သည်။
မင်းရဲ့ သားလေးကို အပြင်မှာ မေ့ပြီး ထားခဲ့မိပေမယ့် အခု မင်းဆီမှာ ကလေးအသစ်တစ်ယောက်တောင် ရခဲ့ပြီပေါ့လေ။
ကလေးအသစ်ရတာ အဆင်ပြေပေမယ့် အခုအချိန်မှာ ကလေးအသစ်ကြောင့် ငါ့ကိုအပြစ်တင်နေတုန်းပဲလား။ နှလုံးသားမရှိတဲ့ သခင်မ။
စက်ရုပ်လေးသည် ပြေးလာပြီး သူ့ပိုင်ရှင်အား “ရန်လိုသော သက်ရှိတစ်မျိုးကို တွေ့လိုက်ရပါတယ်၊ မင်း အဲ့တာကို နှင်ထုတ်ချင်လား။” ဟု မေးလိုက်သည်။
စုယန်ယန်သည် အနည်းငယ် ထိတ်လန့်သွားသည်။ စက်ရုပ်လေး ပြောတဲ့ နှင်ထုတ်ခြင်းရဲ့ အဓိပ္ပါယ်ကို နောက်ဆုံးတော့ သူမ နားလည်သွားခဲ့ပါပြီ။ “ဒါက ငါတို့ရဲ ခွေးလေးပါ။ ငါတို့ ဒါလေးကို နှင်ထုတ်လို့မရပါဘူး။” ဟု ပြုံးပြုံးလေး ပြောလိုက်ပါသည်။
ရိုလီပိုလီသည် စုယန်ယန်ရဲ့ အမိန့်ကို လက်ခံရရှိခဲ့သည်။ ဒင်း ဒေါင်၊ “ပိုင်ရှင်ရဲ့ အိမ်မွေးခွေး၊ အချက်အလက်ကို သိမ်းဆည်းပြီးပါပြီ။ ဒါကြောင့် မောင်းထုတ်ဖို့ မလိုအပ်ဘူး။”
ရိုလီပိုလီသည် သူ့သခင်ရဲ့ ပတ်ဝန်းကျင်ရှိ အန္တရာယ်ရှိသော သတ္တဝါများကို ဆက်လက်စစ်ဆေးခဲ့သော်လည်း၊ ဤလုပ်ရပ်က သွမ်းသွမ်း၏ ထိလွယ်ရှလွယ်သော နှလုံးသားလေးကို နောက်တစ်ကြိမ် ထပ်ခါထပ်ခါ ထိုးနှက်သွားစေခဲ့မိသည်ကို သူ မသိခဲ့ပေ။
ဒီအရှက်မရှိတဲ့ နတ်ဆိုးလေးက ငါ့သခင်မကို ချစ်ခင်လာအောင် ဆွဲဆောင်ခဲ့ရုံသာမက ငါ့ကိုပါ အဝေးကို မောင်းထုတ်ပစ်ချင်နေတယ်။ ဒါကို လုံးဝ သည်းမခံနိုင်ဘူး။
“ဝုဖ်... ဝုဖ်... ဝုဖ်... ဝုဖ်... ဝုဖ်... ဝုဖ်...” ခွေးလေးက သွားဖြဲပြရင်း ရိုလီပိုလီကို ခုန်ကိုက်ဖို့ အကြိမ်ကြိမ် ရုန်းကန်နေလေသည်။
မှိန်ဖျော့နေပြီဖြစ်သော ရိုလီပိုလီ၏ မျက်လုံးများသည် နောက်တဖန် အလင်းရောင် မှိန်ဖျော့ဖျော့ဖြင့် ပြန်လင်းလာခဲ့သည်။ “ဒီခွေးက ရန်လိုနေတာကို တွေ့ရပါတယ်။ ဒီခွေးကို နေရာမှာတင် အပြစ်ပေးချင်ပါသလား။”
သူ့ကို အပြစ်ပေးရမလား။
စုယန်ယန်တစ်ယောက် သက်ပြင်းတစ်ချက် မှုတ်ထုတ်လိုက်မိသည်။ ဒီကောင်လေးက ဘာလုပ်ဖို့ ကြိုးစားနေတာလဲ။ ခွေးသားဟော့ပေါ့ဖြစ်အောင် ကြိုးစားနေတာလား။