အခန်း ၃၆၉
Vol. 25 Ch. 369
အခန်း (၃၆၉) ကျေးဇူးပါ ယောက်ဖ
စုယန်ယန်သည် သဟဇာတမဖြစ်သော ခွေးနှင့် စက်ရုပ်ကိုကြည့်ကာ သူမ၏ နဖူးကို ကူကယ်ရာမဲ့စွာ ဖိကိုင်ထားရင်း ခေါင်းကိုက်နေပါသည်။
သူမသည် သွမ်းသွမ်း၏ ခေါင်းကို ပွတ်သပ်ကာ သူ့ခန္ဓာကိုယ်ပေါ်ရှိ အမှုန်အမွှားများကို ခါပေးရင်း တိုးတိုးလေး ဖျောင်းဖျနေခဲ့ပါသည်။ “ဟေး၊ ငါပြောတာကို နားထောင်ပါဦး။ သူက ငါတို့မိသားစုဝင်အသစ် ရိုလီပိုလီလို့ခေါ်တယ်။ ရှေ့လျှောက် မင်းတို့နှစ်ယောက် တစ်ယောက်ကိုတစ်ယောက် ချစ်ချစ်ခင်ခင်နေရမယ်။ တစ်ယောက်နဲ့တစ်ယောက် ရန်ဖြစ်မနေကြနဲ့။”
စုယန်ယန်ရဲ့ စကားကို ကြားပြီးနောက် သွမ်းသွမ်းသည် ရိုလီပိုလီကို ဟောင်နေခြင်းအား ရပ်တန့်လိုက်သည်။ အဲဒီအစား၊ သူလေးသည် သူ့တင်ပါးကို ရိုလီပိုလီဘက် လှည့်လိုက်သည်။ သူလေး အကြမ်းမဖက်ပေမယ့် ပူးပေါင်းဆောင်ရွက်လိုခြင်း မရှိသည်မှာ သိသာထင်ရှားပါသည်။ သူတို့တွေက ငြိမ်းချမ်းစွာ အတူယှဥ်တွဲနေနိုင်ရန် လုံးဝမဖြစ်နိုင်ပါဘူး။
စုယန်ယန်သည် သူမ၏ နာကျင်ကိုက်ခဲနေသော ခေါင်းကို ပွတ်သပ်ကာ သက်ပြင်းချမိသည်။
ဟောက်ချန်ဟွမ်းက သူမကို ဆုပ်ကိုင်ကာ နှစ်သိမ့်ပေးခဲ့သည်၊ “သွမ်းသွမ်းက အိမ်မှာ နောက်တစ်ယောက် ပိုလာလို့ ထူးဆန်းနေတာပါ။ ဒီရက်ပိုင်းအတွင်း အဆင်ပြေသွားပါလိမ့်မယ်။”
“မျှော်လင့်တာပဲ။”
“ဒါ ဘာလဲ။ စက်ရုပ်လား။”
နှစ်ယောက်သား ရင်းနှီးကျွမ်းဝင်သောအသံကို ကြားလိုက်ရသောအခါ မသိစိတ်က ခေါင်းကို လှည့်ကြည့်လိုက်ရာ စုယုရွှမ်က ဘေးနားတွင် ရပ်နေတာကို သတိပြုမိလိုက်သည်။
“ကိုကြီးလား။ ဘယ်တုန်းက ရောက်နေတာလဲ။”
စုယုရွှမ်သည် သူ့ညီမ၏ လျစ်လျူရှုမှုကို အနည်းငယ် မကျေမနပ်ဖြစ်မိသည်။ သူက နှာခေါင်းရှုံ့ပြီး ပြောလိုက်သည်၊ “ငါ ဒီကောင်လေးကို လာပို့ပေးတာလေ။ နင် မနေ့တုန်းက အိမ်မာ မေ့ကျန်ခဲ့တာ။ နင် အိမ်မှာရှိတုန်းက အကြင်နာမဲ့တဲ့ ဒီကောင်လေးက အိမ်မှာ နင်နဲ့အတူ ရှိနေခဲ့တာ မဟုတ်ဘူးလား။ အခု နင် အိမ်ထောင်ကျသွားတာနဲ့ နင်က ဒီကောင်လေးကို စွန့်ပစ်လိုက်ပြီလား။ မနေ့ညက ဒီကောင်လေး နင့်ကိုရှာဖို့ ကြိုးစားရင်း ငါတို့အိမ်မှာ တစ်ညလုံး ခုန်ပေါက်ပြေးလွှားနေတယ်။ ငါ့မျက်လုံးအောက်က အမည်းစက်တွေကို ကြည့်ပါလား။ ဒါတွေ အကုန်လုံး ဒီကောင်လေးကြောင့် ဖြစ်တာလေ။”
စုယန်ယန်သည် သူ့အစ်ကို၏ အထွန့်တက်တာကို နားထောင်ပြီး သူမ၏ မျက်နှာပေါ်တွင် ရှားရှားပါးပါး ရှက်ကိုးရှက်ကန်းဖြစ်သည့် အရိပ်အယောင်လေး ပေါ်လာခဲ့သည်။
မနေ့ညက တစ်ခုခုတော့ လွဲနေတယ်လို့ သူမ ခံစားနေရတာ အံ့သြစရာ မရှိဘူးပဲ။ သူမ ဒီဟာလေးကို မေ့ကျန်ခဲ့တယ်။
“ညီမလေး မနေ့က အန်တီလေးနဲ့ စကားပြောရင်း သူ့ကို အိမ်မှာ မေ့ကျန်ခဲ့မိသွားတယ်။ ဒါကြောင့် ဒီကောင်လေး စိတ်မတည်မငြိမ် ဖြစ်နေတာကိုး။ မနေ့ညက ကိုကြီးရဲ့ ကြိုးစားအားထုတ်ပေးမှုအတွက် ကျေးဇူးတင်ပါတယ်။”
စုယုရွှမ်က သက်ပြင်းချလိုက်သည်။ ဒီပြဿနာကို ဆက်ပြီး ပြောနေမယ့်အစား သူ့ဘေးနားရှိ စက်ရုပ်လေးကို အာရုံစိုက်လိုက်သည်။
“ဒါလေးက စက်ရုပ်လေးလား။ အသိဥာဏ် ရှိလား။”
စုယန်ယန်က စကားမပြောဘဲ ဟောက်ချန်ဟွမ်းကို တစ်ချက်ကြည့်လိုက်သည်။
ဟောက်ချန်ဟွမ်းသည် မည်သည့်လျှို့ဝှက်ချက်ကိုမျှ ဖုံးကွယ်မထားခဲ့ပါ။ “ဒါ ကျွန်တော်တို့ကုမ္ပဏီရဲ့ ထုတ်ကုန်အသစ်လေ၊ ယန်ယန် ကစားဖို့အတွက် လာပို့ခိုင်းတာ။ ဒါလေးကို ချို့ယွင်းချက်ကို ရှာဖွေတဲ့ ထုတ်ကုန်အဖြစ် သဘောထားပါ။”
“အိုး...” စုယုရွှမ်က ဒီစက်ရုပ်လေးကို အလွန်စိတ်ဝင်စားနေခဲ့သည်မှာ သိသာထင်ရှားသော်လည်း ဟောက်ချန်ဟွမ်းကို ဒီဟာလေးအတွက် မတောင်းဆိုခဲ့ပေ။
ဟောက်ချန်ဟွမ်းက သူ့အတွေးတွေကို မြင်ပုံရကာ အပြုံးဖြင့် ပြောလိုက်သည်။ “ဒီပရောဂျက်က သိပ်မဖွံ့ဖြိုးသေးဘူး။ ပရောဂျက်ပြီးတာနဲ့ ကျွန်တော် အစ်ကိုကြီးကို တစ်ခုပေးမယ်။”
စုယုရွှမ်၏ အမူအရာဟာ အနည်းငယ် အေးခဲသွားပြီး အရှက်ရရာမှ ဒေါသအဖြစ်သို့ ပြောင်းလဲသွားသည်၊ “မင်း ဒါ့ကို ဒီလို လာဘ်ထိုးနိုင်လိမ့်မယ်လို့ မထင်နဲ့။”
“ကျွန်တော်တို့တွေက မိသားစုတွေမို့ ကျွန်တော် ဘာအထွေအထူး ပြောနေရမှာလဲ။ ကျွန်တော်က ကျွန်တော့်မိသားစုကို မပေးရင် သူစိမ်းတွေကို ပေးသင့်လား။”
စုယုရွှမ်က မျက်တောင် ပုတ်ခတ်ပုတ်ခတ် ဖြစ်သွားသည်။ မိနစ်အနည်းငယ်ကြာမှ “ဒါဆိုရင်လည်း ကောင်းပြီလေ။ မင်းတို့ ပရောဂျက်ပြီးသွားရင် ငါတို့အိမ်မှာ သုံးဖို့ ငါ့ကို တစ်ရုပ်လောက် ရောင်းပေးချေ။” ဟု ပြောလိုက်သည်။
ဟောက်ချန်ဟွမ်း၏ နှုတ်ခမ်းထောင့်များသည် အနည်းငယ် ကွေးညွှတ်သွားသော်လည်း ငြင်းဆန်ခြင်း မရှိပေ။
အဲဒီအချိန်ကျရင် သူ ရောင်းသည်ဖြစ်စေ၊ ပေးသည်ဖြစ်စေ၊ ဒါက သူ့အပေါ်မှာပဲ မူတည်တယ်မဟုတ်လား။
“ဒီစက်ရုပ်ရဲ့ နည်းပညာက မပြီးပြည့်စုံသေးတဲ့အတွက် သူ့ကို အိမ်မှာထားထားရင် အန္တရာယ်ရှိနိုင်လား။”
“မရှိဘူး။ ကျွန်တော်တို့စက်ရုပ်ရဲ့ ပထမဆုံးရည်ရွယ်ချက်က သူ့သခင်ကို ကာကွယ်ပေးဖို့ကို အာရုံစိုက်ထားပါတယ်။ သူ့သခင်က ယန်ယန်ပါ။”
ထိုအခါမှ စုယုရွှမ်တစ်ယောက် လုံးဝ စိတ်သက်သာရာရသွားပြီး နောက်ဆုံးမှာတော့ သူ မပြန်ခင် စက်ရုပ်လေးကို အကြိမ်အနည်းငယ်ကြာအောင် ကြည့်ရှုခဲ့ပါသည်။
စုယန်ယန်သည် စုယုရွှမ် ပြန်သွားသည်အထိ သူတို့ စကားစမြည်ပြောဆိုနေတာကို မနှောင့်ယှက်ခဲ့ပေ။ စုယုရွှမ် ပြန်သွားချိန်မှာတော့ သူမ ရယ်ချင်စိတ်ကို မထိန်းထားနိုင်တော့ပေ။
“ရှင်က လူတွေရဲ့ နှလုံးသားကို ဘယ်လို ဝယ်ရမလဲဆိုတာ သေချာသိနေပါလား။ ကိုကြီးကို ဒီစက်ရုပ်မျိုးကို ပေးလိုက်ရင် သူက ရှင့်ကို အပြစ်ရှာဖို့ ရှက်နေလိမ့်မယ်။”