← Chapters

အခန်း ၃၇၀

Vol. 25 Ch. 370

အခန်း ၃၇၀

Vol. 25 Ch. 370

အခန်း (၃၇၀) မိသားစုနှစ်စု အတူတကွရှိသည်

ဟောက်ချန်ဟွမ်းက သူမကို လေးလေးနက်နက် စိုက်ကြည့်ရင်း အဓိပ္ပါယ်ရှိစွာပြောသည်၊ “တကယ်လို့ ကိုယ့်ကို ကိုယ့်ယောက်ဖက သဘောကျရင် ကိုယ် မင်းတို့အိမ်မှာ ကောင်းကောင်းနေနိုင်ပြီ။”

“ရှင့်ပြောတာကိုကြားရတာ မသိရင် ကျွန်မအစ်ကိုက ရှင့်ကို တစ်ခုခု လုပ်နေသလိုပဲ။ မနေ့က ရှင် ကျွန်မနဲ့အတူ အိမ်ပြန်ခဲ့တယ်၊ ကျွန်မမိဘတွေက ရှင့်ကို ခက်ခဲအောင် မလုပ်ခဲ့ဘူးမလား။”

ဟောက်ချန်ဟွမ်းက ပြုံးနေပေမယ့် ဘာမှပြန်မပြောပေ။ မနေ့က စုမိသားစုက သူ့ကို ခက်ခဲအောင် သိပ်မလုပ်ခဲ့ဘဲ သူ့ကို လက်ခံနိုင်ဖို့ကိုတောင် အတတ်နိုင်ဆုံး ကြိုးစားပေးခဲ့ကြသည်။ ထုံးစံအတိုင်း သူလည်း မတုန်မလှုပ် မနေနိုင်ပါဘူး။

စုယန်ယန်အတွက်ဆိုရင်တောင် သူတို့နဲ့ ဆက်ဆံရေးကောင်းဖို့ အကောင်းဆုံး ကြိုးစားရမည်။

“စကားမစပ်၊ ဒီစက်ရုပ်မှာ အခြေခံလုပ်ဆောင်ချက်တွေပဲရှိတယ်လို့ ရှင်ပြောခဲ့တယ်မဟုတ်လား။ သွမ်းသွမ်းက ပြေးခုန်လာတာနဲ့ ဘာဖြစ်လို့ သူက ပြင်းပြင်းထန်ထန် တုံ့ပြန်ရတာလဲ။”

“တိုက်ထုတ်ခြင်း” နှင့် “နှင်ထုတ်ခြင်း” ဆိုသည့် စကားလုံးများသည် ကြားရတာနဲ့ပင် ထိတ်လန့်ဖွယ်ကောင်းလှသည်။

“သူ့ရဲ့ လုပ်ဆောင်ချက်တွေက မပြည့်စုံပေမယ့် ဒီအခြေခံကနေ ပေါင်းစပ်ထားတဲ့ စက်ရုပ်တစ်ရုပ်ဖြစ်နေတုန်းပါပဲ။ ဒါ့ကြောင့် သူက သဘာဝအတိုင်း ကာကွယ်ပေးနိုင်စွမ်းရှိတယ်။ သို့ပေမယ့်...”

“ဘာလဲ”

“သူ့ရဲ့ အကာအကွယ်စွမ်းအားက အထူးအားကောင်းတာ မဟုတ်ဘူး။ အများစုကတော့ အဝေးကို မောင်းထုတ်တာမျိုးလောက်ပါပဲ။”

စုယန်ယန်သည် ဟောက်ချန်ဟွမ်း၏ စကားနောက်ကွယ်ရှိ အဓိပ္ပါယ်ကို ချက်ချင်း နားလည်သဘောပေါက်သွားသည်။ သူမက “တကယ်လို့ သူက ပြီးပြည့်စုံတဲ့ စက်ရုပ်သာဆိုရင်၊ ဖြစ်နိုင်တာက...” အတည်ပြုလိုက်သည်။

ဟောက်ချန်ဟွမ်းသည် သူမကို တစ်ချက်ကြည့်ပြီး အဓိပ္ပါယ်ရှိစွာ ပြောလိုက်သည်။ “သူ အသက်ရှင်တာ ကံကောင်းလို့ပဲ။”

စုယန်ယန် ဆွံ့အသွားသည်။

“ဝုဖ်...” သေမင်းလက်မှ လက်မတင်လေး လွတ်မြောက်သွားခဲ့တာကို မသိတဲ့ သွမ်းသွမ်းက သူ့သခင်မနဲ့ ခွေးဒယ်ဒီကို ရူးကြောင်ကြောင်ရုပ်လေးနဲ့ ကြည့်နေခဲ့သည်။

စုယန်ယန်သည် ခွေးလေးရဲ့ ခေါင်းကို သနားစိတ်ဖြင့် ပွတ်သပ်ရင်း တိတ်ဆိတ်နေခဲ့သည်။

စုယန်ယန်သည် နေ့ခင်းဘက်တွင် ဟောက်ချန်ဟွမ်းကို သူမနှင့်အတူ နျဥ်မိသားစုအိမ်ကို ခေါ်ဆောင်သွားခဲ့သည်။ သူမ မထွက်ခွာမီတွင် သူမသည် ရိုလီပိုလီကို အကြိမ်ကြိမ် သတိပေးခဲ့ရပါသည်။

စုယန်ယန်သည် ဒီခွေးလေးက မိသားစု၏ တစ်စိတ်တစ်ပိုင်းဖြစ်ကြောင်း ရိုလီပိုလီအား သေချာပြောခဲ့ပါသည်။ သူလေးက ဆိုးသွမ်းနေရင်တောင် အရမ်းမရက်စက်သင့်ပါဘူး။

သူမ ပြန်ရောက်လာတဲ့အခါ သူမ သားလေးရဲ့ ‌အေးစက်နေတဲ့ အလောင်းကို တွေ့ရမှာကို သူမ စိုးရွံ့မိပါသည်။

ကံမကောင်းစွာဖြင့်၊ ခွေးလေးသည် သူ့သခင်၏ မိခင်စိတ်ကို လုံးဝ နားမလည်ခဲ့ပါ။ သူ့သခင် ထွက်သွားသည်ကို မြင်သည်နှင့် ချက်ချင်းပင် ရိုလီပိုလီကို ပြဿနာရှာရန်အတွက် ပြေးသွားခဲ့သည်။

စုယန်ယန်က ဘယ်သူ့ကို တားရမှန်း မသိခဲ့ဘူး။

သူတို့နှစ်ယောက် နျဥ်မိသားစုအိမ်ကို ရောက်သောအခါ နေ့လည် ၃ နာရီ ထိုးနေပြီဖြစ်သည်။ နျဥ်မိသားစုကို ကြိုတင် အကြောင်းကြားထားသောကြောင့် လမ်းမှာ အတားအဆီးမရှိသဖြင့် နျဥ်မိသားစု၏ အိမ်တံခါးဆီသို့ အမြန်ရောက်လာခဲ့ကြသည်။

သူတို့ကို လာကြိုရန် ထွက်လာသူက နျဥ်စစ်ယွမ် တစ်ဦးတည်းသာ ဖြစ်သော်လည်း မမျှော်လင့်ဘဲ အိမ်ထဲမှာ လူငါးယောက် ခြောက်ယောက်လောက် ထိုင်နေခဲ့သည်။

သက်လတ်ပိုင်း စုံတွဲ နှစ်တွဲနှင့် သူ့အဖိုးနှင့် သက်တူရွယ်တူ ဆံပင်အဖြူရောင် သက်ကြီးရွယ်အို နှစ်ဦးလည်း ရှိနေကြသည်။

စုယန်ယန်က အနည်းငယ် ထိတ်လန့်သွားသည်။ တစ်ခဏတာမျှ ဒီမိသားစုက ဘာကိုဆိုလိုချင်မှန်း သူမ သေချာမသိပေ။

ဟောက်ချန်ဟွမ်းက သူမ ဒီလူတွေကို သတိထားနေမှန်း သတိပြုမိလိုက်ပုံရသည်။ သူက သူမရဲ့ လက်ကို ဆွဲကိုင်လိုက်ပြီး သူ ဒီမှာရှိနေတယ်ဆိုတော့ စိတ်မပူဖို့ သူမရဲ့ လက်လေးကို အသာဖွဖွ ပုတ်ပေးလိုက်သည်။

နျဥ်စစ်ယွမ်က သူတို့နှစ်ယောက်ကို မိတ်ဆက်ပေးခဲ့သည်။ “ဒါက ငါ့မိဘတွေနဲ့ ငါ့အဖိုး။ သူတို့ရဲ့ ဆန့်ကျင်ဘက်မှာ ထိုင်နေတာကတော့ ငါ့ဦးလေး၊ အဒေါ်နဲ့ အဖိုးပါ။”

စုယန်ယန်က မျက်ခုံးပင့်လိုက်သည်။ အခု ဒီနေရာမှာရှိနေတဲ့သူတွေက နျဥ်မိသားစုနှင့် ချီမိသားစုမှ အကြီးအကဲတွေမှန်း သူမ လျင်မြန်စွာ နားလည်သဘောပေါက်သွားခဲ့သည်။ ဒါက တကယ့်ကို သာမန်မဟုတ်ပါဘူး။

သို့ပေမယ့်၊ ဒီတွေ့ဆုံမှုက သူတို့ကို ဆိုးရွားတဲ့ အစပြုဖို့ပဲဖြစ်မလား၊ ဒါမှမဟုတ်...

သူမ နောက်ထပ် တွေးတောင် မတွေးနိုင်ခင်မှာပဲ မဒမ်နျဥ်က ရှေ့ကို လှမ်းလာပြီး စုယန်ယန်ရဲ့ လက်ကို နွေးထွေးစွာ ဆုပ်ကိုင်လိုက်သည်။

“မင်းက အမျိုးသမီးဟောက်ပဲဖြစ်ရမယ်၊ ဟုတ်လား။ တံခါးနားမှာပဲ ရပ်မနေနဲ့၊ လာဝင်ထိုင်ပါဦး။”

စုယန်ယန်သည် သူမ၏ ရင်းနှီးဖော်ရွေသော အပြုအမူကြောင့် အံ့အားသင့်သွားခဲ့သည်။ သူမ အသိပြန်ဝင်ချိန်မှာတော့ သူမ အဆွဲခံလိုက်ရပြီးပြီဖြစ်သည်။

ဒါကိုမြင်တော့ ဟောက်ချန်ဟွမ်းရဲ့ မျက်လုံးတွေက ဖျတ်ခနဲ လှုပ်ရှားသွားသည်။ သူက နျဥ်စစ်ယွမ်ရဲ့ အကူအညီကို ယဥ်ကျေးစွာ ငြင်းဆိုခဲ့ပြီး သူ့ဘီးတပ်ကုလားထိုင်ကို လှည့်ကာ စုယန်ယန်ရဲ့ နံဘေးကို ရွှေ့လိုက်သည်။ သူက ဒီမိသားစုနှစ်စုရဲ့ ဖြစ်ပျက်နေတာကို အေးစက်စွာ ကြည့်နေခဲ့သည်။

All Chapters