← Chapters

အခန်း ၃၇၁

Vol. 25 Ch. 371

အခန်း ၃၇၁

Vol. 25 Ch. 371

အခန်း (၃၇၁) - ယန်ယန်ကို ကျေးဇူးတင်ရုံတင် မကဘူး မဟုတ်လား

တကယ်တော့ သူတို့နှစ်ယောက်သား အတွေးလွန်နေကြတာပဲ ဖြစ်သည်။

နျဥ်နှင့် ချီမိသားစုများမှ လူများ ဤနေရာတွင် စုဝေးရခြင်း အကြောင်းအရင်းမှာ အဓိကအားဖြင့် သူတို့နှင့် တွေ့ဆုံလိုခြင်းကြောင့် ဖြစ်သည်။

“အရင်က စစ်ယွမ်က လွေ့လွေ့ရဲ့ ရောဂါအကြောင်း ပြောပြတာ ကြားကတည်းက ငါတို့ မင်းကို အမြဲတွေ့ချင်နေကြတာ၊ ဒါပေမယ့် လွေ့လွေ့ရဲ့ ရောဂါက ငါတို့ကို အမှန်တကယ် ဝမ်းနည်းစေပြီး သူ့ကို အရမ်း ထိတ်လန့်သွားစေမှာ စိုးရိမ်ခဲ့တယ်။ လွန်ခဲ့တဲ့ နှစ်ရက်က မင်း ငါတို့အိမ်ကို လာဖို့ ရှိတယ်ဆိုတာကို လွေ့လွေ့ဆီက ကြားတော့ ငါတို့ မင်းကို ကျေးဇူးတင်ဖို့ ရောက်လာကြတာပါ။”

“ရှင်တို့ အားနာလွန်းနေပါပြီ။ ချီလွေ့က ကျွန်မတို့ကုမ္ပဏီရဲ့ အနုပညာရှင်တစ်ဦးပါ။ ကျွန်မတို့ တတ်နိုင်တာဆို သူ့ကို ပြန်ကြည့်ပေးရမှာပေါ့။” စုယန်ယန်က ပြောနေရင်း ခဏရပ်ကာ “ရှင်တို့ စိတ်မရှိဘူးဆိုရင် ကျွန်မကို ယန်ယန်လို့ ခေါ်လို့ရပါတယ်” ဟု ပြောလိုက်သည်။

စုယန်ယန်သည် သူမ၏ မိခင်ရင်းကဲ့သို့ ပြုမူရန် ဖိအား အနည်းငယ် ခံစားခဲ့ရသည်။

“ကောင်းတယ်၊ ကောင်းတယ်။” အမျိုးသမီးနျဥ်က စုယန်ယန်ကို ကြည့်လေကြည့်လေ ပိုသဘောကျလာလေလေ ခံစားရသည်။

သူမက လက်ထပ်ပြီး အိမ်ထောင်ရှိပြီးသားဖြစ်နေတာ သနားစရာပါပဲ။ မဟုတ်ရင် သူမရဲ့ အသက်အရွယ်၊ အသွင်အပြင် ဒါမှမဟုတ် မိသားစုနောက်ခံ ဘယ်လိုပဲဖြစ်ဖြစ် သူမဟာ စစ်ယွမ်နဲ့ အရမ်းလိုက်ဖက်ညီလွန်းပါသည်။

ထို့နောက် အမျိုးသမီးနျဥ်သည် သူမ၏ သားကြီးအား ဒေါသတကြီး ကြည့်လိုက်သည်။ အသက်ကြီးနေပြီဖြစ်သော်လည်း ဇနီးမယားရှာဖွေရန် အလျင်စလို မလုပ်သဖြင့် မိန်းကလေးကောင်းများကို အခြားသူများက လုယူသွားခဲ့သည်။

လဲကျနေတာကို သေနတ်နဲ့ ပစ်သတ်ခံလိုက်ရတဲ့ သခင်လေးနျဥ်၊ “...” အမေ ကျွန်တော့်ကို မကြည့်နဲ့၊ ဟောက်ချန်ဟွမ်းရဲ့ စူးရှတဲ့ မျက်လုံးက အမေ့ရဲ့ သားကို ဓားနဲ့ ဆန်ကာပေါက်ဖြစ်အောင် ထိုးတော့မလို ဖြစ်နေတာကို အမေ မမြင်ဘူးလား။

စုယန်ယန်သည် အမျိုးသမီးနျဥ်ရဲ့ အကြည့်တွေကို မြင်သောအခါ သူမ တစ်ကိုယ်လုံး ယားယံလာသလို ခံစားလိုက်ရသည်၊ “သိပ်မကြာသေးခင် ချီလွေ့ ပိုကောင်းလာပြီ မဟုတ်လား၊ သူ့မှာ တခြားရောဂါတွေတော့ မရှိဘူးမလား။”

နျဥ်ချီလွေ့အကြောင်း ပြောသောအခါ အားလုံးရဲ့ အာရုံက စုယန်ယန်ပေါ် ရောက်လာခဲ့သည်။

“မကြာသေးမီက သူ ဖြည်းဖြည်းချင်း ပြန်ကောင်းလာပါပြီ။ သူ မင်း ပေးလိုက်တဲ့ အစားအစာကို စားပြီး အခြေအနေက တဖြည်းဖြည်း သက်သာလာပါပြီ။”

စုယန်ယန်က သက်ပြင်းတစ်ချက်ချကာ “အဲ့တာဆို မဆိုးပါဘူး။ သူ့မှာ တခြားရောဂါတွေနဲ့ တခြားနောက်ဆက်တွဲရောဂါတွေ မရှိဘူးဆိုရင် ဖြည်းဖြည်းချင်း ပြန်သက်သာလာပါလိမ့်မယ်။ သူ့ရောဂါက အမြန်ပျောက်ကင်းသက်သာနိုင်တဲ့ ရောဂါမျိုး မဟုတ်တော့ ပြန်ကောင်းလာဖို့ အချိန်ယူရလိမ့်မယ်။”

သူမ ပြောတာကိုကြားတော့ အဖေနျဥ်က ဆောလျင်စွာ ပြန်ပြောသည်၊ “ဘယ်လောက်ကြာကြာ အရေးမကြီးဘူး၊ သူ နေပြန်ကောင်းလာသရွေ့ ငါတို့ အချိန်တွေ ဘယ်လောက်ပဲ ကုန်ပါစေ အဲဒါက ထိုက်တန်ပါတယ်။”

အမျိုးသမီးနျဥ်ကလည်း ခေါင်းညိတ်ပြီး “ဟုတ်တယ်” ဟု လေးလေးနက်နက် သဘောတူခဲ့သည်။

ဒီအချိန်မှာ သူ့ဘေးမှာ ထိုင်နေတဲ့ အဘိုးအိုက ရုတ်တရတ် စကားထပြောသည်၊ “မင်း ချီလွေ့ကို အပ်စိုက်ကုထုံးနဲ့ ကုသပေးခဲ့တယ်လို့ ငါကြားတယ်။ ဒီနည်းလမ်းက ပျောက်ကွယ်နေတာကြာပြီ၊ ဒါပေမယ့် မင်းလို လူငယ်တစ်ယောက်ရဲ့ လက်ထဲမှာ ပြန်ပေါ်လာလိမ့်မယ်လို့ ငါမထင်ထားဘူး။ မျိုးဆက်သစ်လူငယ်တွေက ရှေးလူကြီးတွေကထက် ပိုသာလွန်နေတာပဲ။”

စုယန်ယန်တစ်ယောက် အနည်းငယ် အံ့အားသင့်သွားပြီး ယဲ့ချီလျန့်သည် နျဥ်ချီလွေ့၏ အဖိုးထံမှ အပ်စိုက်ကုထုံးအကြောင်းကို မတော်တဆ ကြားလိုက်ရသောကြောင့် သူမထံ လာရှာခဲ့သည်ကို သတိပြုမိသည်။

အဘိုးအိုက ဒီအကြောင်းကို အခုပြောနေတာ အံ့သြစရာတော့ မဟုတ်ပါဘူး။

“အိမ်မှာ ဒီအကြောင်းနဲ့ ပတ်သက်တဲ့ စာအုပ်တချို့ရှိတယ်၊ ဒီနယ်ပယ်ကို စိတ်ဝင်စားလို့ လေ့လာကြည့်လိုက်တာ မထင်မှတ်ဘဲ အရည်အချင်းရှိနေတယ်။ ဒါက တိုက်ဆိုင်မှုတစ်ခုပါပဲ။”

“မင်း နှိမ့်ချနေဖို့ မလိုပါဘူး၊ အဲဒီအဖိုးကြီးယဲ့က ဒေါသကြီးပေမယ့် သူက သူ့အလုပ်နဲ့ ပတ်သက်ပြီး ဘယ်တော့မှ နောက်ပြောင်တာမျိုး မရှိဘူး။ သူက မင်းကို အရမ်းချီးကျူးတယ်၊ ဆိုတော့ မင်းမှာ တကယ့်ကို အရည်အချင်းရှိလိမ့်မယ်လို့ ငါထင်တယ်။ နောက်ပြီး ချီလွေ့ရဲ့ ပြန်လည်သက်သာလာမှုက မင်းကို ငါတို့အားလုံး မြင်ရတာပဲ၊ ငါတို့ မင်းကို တကယ်ကျေးဇူးတင်ပါတယ်။”

စုယန်ယန်သည် အဖိုးအို၏ ချီးမွမ်းခြင်းကို ခံရသော်လည်း အကြိမ်အနည်းငယ်သာ ရယ်မောပြီး သူမသည် အခြာသူများနှင့် ဆက်ဆံရာတွင် တကယ့်ကို မနေတတ်ပေ။ “ကျေးဇူးတင်ပါတယ်” ဟုသာ ပြောခဲ့သည်။

ဟောက်ချန်ဟွမ်းက စုယန်ယန်တစ်ယောက် မသက်မသာ ဖြစ်နေသည်ကို မြင်လိုက်ရတော့ သူ့မျက်လုံးတွေက မည်းမှောင်သွားသည်။ သူက ရုတ်တရတ် ကြားဖြတ်ပြောလိုက်သည်၊ “ဒီနေ့ မင်းတို့အားလုံး ဒီမှာစုနေကြတာက ယန်ယန့်ကို ကျေးဇူးတင်ရုံတင် မဟုတ်ဘူးလို့ ငါထင်တယ် ဟုတ်တယ်မလား။”

All Chapters