အခန်း ၃၇၂
Vol. 25 Ch. 372
အခန်း (၃၇၂) မိခင်ဖြစ်သူ၏ တောင်းဆိုချက်
ဟောက်ချန်ဟွမ်း ထိုသို့ပြောလိုက်သည်နှင့် တပြိုင်နက် အခန်းသည် တခဏမျှ တိတ်ဆိတ်သွားသည်။
အမျိုးသမီးနျဥ်၏ မျက်နှာပေါ်ရှိ အပြုံးသည် ခဏတာမျှ အေးခဲသွားသည်။ အမျိုးသမီးနျဥ်သည် နှုတ်ခမ်းကို ခပ်ဖွဖွကိုက်ကာ နောက်ဆုံးတွင် သက်ပြင်းချလိုက်မိသည်။ “မစ်စတာဟောက် ပြောသလိုပဲ၊ ငါတို့က မစ္စဟောက်ကို တွေ့ပြီး လူကိုယ်တိုင် ကျေးဇူးတင်စကားပြောဖို့ ဒီကို ရောက်လာကြတာပါ။ မစ္စဟောက် ကျေးဇူးတင်ပါတယ်၊ နောက်တစ်ခုအနေနဲ့ မစ္စဟောက်ကို မေးစရာလည်း ရှိပါတယ် ... ငါတို့မိသားစု စစ်ယွမ်ကို ကူညီပေးနိုင်မလား မသိဘူး။”
ဒီစကားတွေပြောဖို့ အမျိုးသမီးနျဥ်အတွက် တကယ်ကို ခက်ခဲပါသည်။
သူတို့က သူမကို ကျေးဇူးဆပ်ဖို့ နည်းလမ်းတွေ မစဥ်းစားခဲ့ရုံသာမကဘဲ သားအကြီးဆုံးအတွက်ပါ ဆက်ပြီး ကုသပေးချင်နေသေးသည်။
လျော်ကြေးအတွက် တခြားသူတွေကို ကျေးဇူးမတင်ချင်ဘူးဆိုရင်တော့ ကောင်းပါတယ်၊ ဒါပေမယ့် မင်းရဲ့ သားအကြီးဆုံးကို ကုသပေးဖို့ တစ်ယောက်ယောက်က ဆက်ပြီး ကူညီချင်ပါသေးတယ်။
ဒီကိစ္စကို ဘယ်လိုမြင်နေပါစေ၊ ဒီလူတွေက နည်းနည်းတော့ အရှက်ကင်းတယ်လို့ ခံစားရစေသည်။
ဒါပေမယ့် အမျိုးသမီးနျဥ်က မတတ်နိုင်ခဲ့ပါဘူး။
နျဥ်စစ်ယွမ်၏ ပန်းနာရင်ကြပ်ရောဂါကို ပျောက်ကင်းအောင် ကုသနိုင်တယ်ဆိုတာ အခုမှ ရုတ်တရက် သိလိုက်ရတော့ မျက်နှာပျက်ရမယ် ဆိုရင်တောင်မှ ဒီလိုပြောဖို့ကလွဲပြီး သူမမှာ အခြားရွေးချယ်စရာ မရှိဘူး။
“ဒီတောင်းဆိုမှုဟာ ကျိုးကြောင်းဆီလျော်မှုမရှိဘူးဆိုတာ ငါသိပါတယ်၊ ဒါပေမယ့် မင်း ဒီအမေရဲ့ နှလုံးသားကို ငဲ့ညှာဖို့ မင်းကို မေတ္တာရပ်ခံချင်ပါတယ်။”
“အမေ” နျဥ်စစ်ယွမ်သည် သူ့မိခင်၏ တောင်းဆိုချက်ကို မြင်တော့ ရှက်ရွံ့သွားပြီး မျက်မှောင်ကြုတ်ကာ သူမ ပြောနေတာတွေကို ရပ်တန့်လိုက်ချင်မိသည်။
အမျိုးသမီးနျဥ်က သူ့ကို လေးလေးနက်နက် တစ်ချက်ကြည့်လိုက်ပြီး ဆက်ပြောခဲ့သည်၊ “စစ်ယွမ်ရဲ့ ပန်းနာရင်ကြပ်ရောဂါက အမိဝမ်းထဲက ထွက်ကတည်းက ရှိနေခဲ့တာ။ ဒီနှစ်တစ်လျှောက်လုံးမှာ အတိတ်ဘဝတုန်းက ငါ မကောင်းတာတွေလုပ်ခဲ့လို့ ငါ့ကလေးက ငါ့အစား ဒီဝေဒနာကို ခံစားနေရတယ်လို့ မကြာခဏဆိုသလို အတွေးဝင်မိတယ်။”
အမျိုးသမီးနျဥ် ဒီလိုပြောပြီးတာနဲ့ မိသားစုနှစ်စုက သူမကို အံ့သြတကြီး ကြည့်မိသွားကြသည်။ သူတို့က သူမကို ဒီလိုတွေးနေလိမ့်မယ်လို့ မထင်ထားတာ သိသာထင်ရှားပါသည်။
“ဒီရောဂါကြောင့် စစ်ယွမ်ဟာ ငယ်ငယ်လေးကတည်းက ခန္ဓာကိုယ် အားနည်းခဲ့တယ်၊ ဖျားနာတဲ့အခါတိုင်း အချိန်အတော်ကြာ မသက်မသာ ခံစားခဲ့ရတယ်။ ငါတို့မိဘတွေ အနေနဲ့ကတော့ အဲဒါကို မြင်ပြီး စိတ်မကောင်းဖြစ်မိတယ်။ သူ့ကို ပိုပြီး သက်သာရာရစေဖို့အတွက် ငါတို့ရဲ့ မွေးရပ်မြေကနေ လေထုအခြေအနေ အကောင်းဆုံးဖြစ်တဲ့ မြို့တော်အေကို ပြောင်းလာခဲ့ပေမယ့် သူ့ရောဂါက မသက်သာလို့ ဆေးဝါးကိုပဲ အားကိုးနေရတယ်။ ဆေးက အဆိပ်ပြင်းတယ်၊ ငါတို့...”
အမျိုးသမီးနျဥ်ကို တကယ်ကြေကွဲစေခဲ့တာကတော့ သူမ သားကြီးရဲ့ ရောဂါကြောင့် သူတို့ အရမ်းစိုးရိမ်နေခဲ့ရပြီလေ။
အစကတော့ သူမရဲ့ ကျန်းကျန်းမာမာ ရှိနေတယ်လို့ ထင်ရတဲ့ သားငယ်လေး ရုတ်တရတ် နာမကျန်းမှု ဖြစ်ခဲ့ပါသည်။ မြင့်မြင်သူတစ်ဦးရဲ့ အကူအညီကြောင့်သာ မဟုတ်ရင် သူမရဲ့ သားအကြီးဆုံးထက် စောပြီး ဆုံးပါးသွားနိုင်ပါသည်။
အမျိုးသမီးနျဥ်သည် ထိုသတင်းကြားတော့ ချက်ချင်းဆိုသလို မူးလဲသွားခဲ့သည်။ ယခုအချိန်ထိလည်း သူမ ကြောက်ရွံ့ထိတ်လန့်နေဆဲပါပင်။
သူမ သားတစ်ယောက်မှ ဆုံးရှုံးလိုက်ရတဲ့ ဒဏ်ကို သူမ မခံနိုင်သလို၊ သူမ သားကြီးအတွက်လည်း ဒီလိုမျိုး စိတ်မပူပင်ချင်နေတော့ဘူး။ သူတို့ကို သူမ မျက်စိအောက်ကနေ ပျောက်သွားတာနဲ့ တစ်စုံတစ်ခု ဖြစ်လာမည်ကို သူမ ကြောက်နေမိသည်။ သူတို့ကို အချိန်မီ မကယ်တင်နိုင်သလို ဆေးမတိုးတော့မှာကိုလည်း သူမ စိုးရိမ်မိသည်။
စုယန်ယန်က ချက်ချင်း သဘောမတူလိုက်ဘူး။ အဲဒီအစား သူမသည် မရေရာသော အဖြေတစ်ခု ပေးခဲ့သည်၊ “ကျွန်မ စဥ်းစားကြည့်ပါ့မယ်။”
အမျိုးသမီးနျဥ်က အနည်းငယ် စိတ်ပျက်သွားပုံရပြီး အဖေနျဥ်က သူမကို ပွေ့ဖက်ပေးလိုက်သည်။
သူမက အမြန်ပြန်ကောင်းလာပြီး ပြုံးပြလိုက်သည်၊ “အဲဒါကို စဥ်းစားဖို့ အချိန်ယူလို့ ရပါတယ်။ အလျင်မလိုပါဘူး။”
စုယန်ယန်က ခေါင်းညိတ်လိုက်သည်၊ “လော့ဝေပင်း ဒီကိုရောက်နေပြီမလား။”
“သူ ဒီကိုရောက်နေပြီ။ သူ့ကို ချီလွေ့ရဲ့ အခန်းမှာ စောငါ့နေဖို့ ပြောထားတယ်။”
“ကောင်းပြီ၊ ဒါဆို ကျွန်မ ချီလွေ့ရဲ့ အခြေအနေကို အရင်စစ်ဆေးပြီး သူ့ကို တစ်ခါတည်း တွေ့လိုက်မယ်။”
“ငါ မင်းကို လိုက်ပို့ပေးမယ်။” နျဥ်စစ်ယွမ်က မတ်တပ်ထပြီး သူတို့ကို ကိုယ်တိုင် လိုက်ပို့ပေးဖို့ ပြင်ဆင်သည်။
သို့ပေမယ့် ဟောက်ချန်ဟွမ်းက သူ့ကို အပေါ်ထပ်သို့ တွန်းတင်ပေးဖို့ လုပ်နေသည့် စုယန်ယန်က တားမြစ်လိုက်သည်၊ “မင်းပဲ တက်သွားလိုက်၊ ကိုယ် အောက်ထပ်မှာ စောင့်နေမယ်။”
စုယန်ယန်က အံ့အားသင့်သွားသည်၊ သူမက ဟောက်ချန်ဟွမ်းကို တစ်ချက်ကြည့်ပြီး အခန်းထဲက လူတွေကို ကြည့်လိုက်သည်။ သူမက စိုးရိမ်ပူပန်စွာ ပြောသည်၊ “ဒါဆိုလည်း ရှင် ကျွန်မကို ဒီမှာ ခဏစောင့်နော်၊ ကျွန်မ သိပ်မကြာခင် ဆင်းလာခဲ့မယ်။”
“ကောင်းပြီ”