← Chapters

အခန်း ၃၇၃

Vol. 25 Ch. 373

အခန်း ၃၇၃

Vol. 25 Ch. 373

အခန်း (၃၇၃) - ကျုပ် ငြင်းပယ်မယ်

စုယန်ယန်တစ်ယောက် နျဥ်စစ်ယွမ်နှင့်အတူ အပေါ်ထပ်သို့ လိုက်ပါသွားသည်ကို ကြည့်ပြီး ဟောက်ချန်ဟွမ်း၏ မျက်နှာသည် ချက်ချင်း မည်းမှောင်သွားပြီး အခန်းထဲရှိ လူတိုင်း အမူအယာမဲ့စွာ ကြည့်လိုက်သည်။

သူမအပေါ် ဟောက်ချန်ဟွမ်း၏ သဘောထားသည် သူတို့အား ဆက်ဆံပုံနှင့် လုံးဝ မတူကြောင်း လူအများက မြင်တွေ့လိုက်ရသည်။ သူတို့သည် အစကတော့ ဟောက်ချန်ဟွမ်းတို့နှစ်ဦးဟာ စီးပွားရေးအရ လက်ထပ်ခဲ့သည်ဟူသော ကောလာဟလများနှင့် ပတ်သက်၍ မှန်းဆချက်တချို့ ရှိခဲ့သည်။

အဖေနျဥ်က သူ့ဇနီးသည်၏ လက်ကို ခပ်ဖွဖွလေး ပုတ်ကာ စကားဆိုလိုက်သည်၊ “ဥက္ကဌဟောက်ရဲ့ ကုမ္ပဏီတွေက အီလက်ထရွန်းနစ် ထုတ်ကုန်တွေနဲ့ သက်ဆိုင်တဲ့ မူပိုင်ခွင့်လျှောက်ထားဖို့ အလုပ်များနေတယ်လို့ ကျွန်တော်ကြားတယ်။”

ဟောက်ချန်ဟွမ်းက သူ့ကို မော့ကြည့်ပြီး ဒီအကြောင်းကို သူသိနေတာကို မအံ့ဩသွားဘူး။

နျဉ်နှင့် ချီမိသားစုသည် သူတို့ မျက်နှာပြင်ပေါ်မှာ ပြသထားသည့်အတိုင်း စီးပွားရေးလုပ်ငန်ရှင်များ မကဘဲ အချို့သော အဖွဲ့အစည်းများတွင် သူတို့၏ အဆက်အသွယ်များရှိသော ချိန်မိသားစုနှင့် နှိုင်းယှဉ်နိုင်သည်။

“စီအီးအိုနျဉ်က ဒါကို စိတ်ဝင်စားလို့လား။”

“ကျွန်တော် စိတ်ဝင်စားပါတယ်၊ ဒါပေမယ့် ဒီနယ်ပယ်အကြောင်း ကျွန်တော် သိပ်မသိဘူး၊ ဒါကြောင့် ကျွန်တော့်ကို ကျွမ်းကျင်သူလို့ သတ်မှတ်လို့ မရဘူး။ တကယ်လို့ ကျွန်တော်က ဒီနယ်ပယ်ထဲ ဝင်ချင်တယ်ဆိုရင် ကျွန်တော့်ကို လမ်းညွှန်ပြသပေးမယ့် ကျွမ်းကျင်ပညာရှင်တစ်ဦး လိုအပ်တယ်။”

ဟောက်ချန်ဟွမ်း၏ မျက်လုံးတွေက တစ်ချက် လင်းလဲ့သွားပြီး သူက အဖေနျဉ် ဆိုလိုချင်သည့် အဓိပ္ပါယ်ကို ချက်ချင်းဆိုသလို နားလည်သဘောပေါက်သွားသည်။

“ဒါဆို ခင်ဗျားက ကျုပ်ကို လမ်းညွှန်ပြသပေးဖို့ ရွေးချယ်ခဲ့တာလား။”

အဖေနျဉ်သည် ဟောက်ချန်ဟွမ်းက ဒီလိုမျိုး ဘွင်းဘွင်းရှင်းရှင်း ပြောလိမ့်မည်ဟု မမျှော်လင့်ခဲ့ပေ။ သူက မျက်ခုံးတွန့်ပြီး ရိုးသားစွာ ပြန်ပြောသည်၊ “မင်း မလုပ်ချင်ရင် ဒီအတိုင်းထားလို့ရပါတယ်။”

“ကျုပ်ကို အကြောင်းပြချက်တစ်ခုပေးပါ။”

“ဘာကိုလဲ။”

“ကျုပ်ကို ရွေးချယ်ရတဲ့ အကြောင်းအရင်း”

အဖေနျဉ်ရဲ့ မျက်နှာပေါ်ရှိ အမူအရာဟာ တဖြည်းဖြည်း တင်းမာလာခဲ့သည်။ သူက ချောင်းခပ်ဖွဖွဆိုးကာ ပြောသည်၊ “ဒီထုတ်ကုန်အမျိုးအစားက အစောပိုင်းအဆင့်မှာ ရင်းနှီးမြှုပ်နှံမှု အများကြီး လိုအပ်တယ်။ အဲဒါကို စတင်ထုတ်လုပ်နိုင်ရင်တောာင်၊ အစောပိုင်းကာလမှာ သတ်မှတ်ထားတဲ့ စျေးကွက်ရှာဖွေရေး ရန်ပုံငွေတချို့ လိုအပ်နေသေးတယ်။ အဲဒါတွေကို ကျွန်တော်တို့ ရင်းနှီးမြှုပ်နှံပေးနိုင်တယ်...”

“နျဥ်စစ်ယွမ်ရဲ့ ရောဂါကြောင့်လား။” ဟောက်ချန်ဟွမ်းက သူတို့ရဲ့ အတွေးကို တစ်ချက်ကြည့်လိုက်ရုံနဲ့ နားလည်သည်၊ “ခင်ဗျားက ကျုပ်ကို ရင်းနှီးမြှုပ်နှံမှုနဲ့ ဆွဲဆောင်ပြီး ယန်ယန်ကို နျဥ်စစ်ယွမ်ရဲ့ ရောဂါအတွက် ကုသပေးစေချင်တာလား။”

“...ဟုတ်တယ်” ဒီနည်းလမ်းက စုယန်ယန်ကို ပြန်ပေးဆပ်နိုင်သည့် တစ်ခုတည်းသောနည်းလမ်းဟု သူတို့ တွေးနိုင်ခဲ့သည်။

“ကျုပ် ဒါကို ငြင်းပယ်တယ်။”

နျဥ်စုံတွဲဟာ အံ့အားသင့်သွားခဲ့သည်၊ “မစ်စတာဟောက်၊ ခင်ဗျား အဲဒါကို ပြန်စဥ်းစားလို့ရပါတယ်၊ ကျွန်တော်တို့...”

“ကျုပ်က ယန်ယန် မကြိုက်တာကို လုပ်ခိုင်းမှာ မဟုတ်ဘူး။”

“ဒါပေမယ့်...”

“တကယ်လို့ သူမ ဒီနေ့ နျဥ်စစ်ယွမ်ကို ကုသဖို့ သဘောတူရင် ခင်ဗျားတို့ ကျုပ်နဲ့ လုပ်ငန်းပူးပေါင်းပြီး မလုပ်ဘူးဆိုရင်တောင် သူမ စိတ်ကြိုက်ပြုလုပ်နိုင်တယ်။ တစ်ဖက်က သူမ နျဥ်စစ်ယွမ်ကို ကုသဖို့ ဆန္ဒမရှိဘူးဆိုရင် တကယ်လို့ ခင်ဗျားတို့ ကျုပ်နဲ့ လုပ်ငန်းပူးပေါင်းထားရင်တောင် အကျိုးအမြတ်အတွက် ကျုပ် သူမကို တောင်းဆိုပေးမှာ မဟုတ်ဘူး။”

အမျိုးသမီးနျဥ်က စိုးရိမ်သောကရောက်နေသော မျက်နှာဖြင့် တစ်ခုခုပြောချင်နေပုံရသော်လည်း အဖိုးနျဥ်က သူမကို တားမြစ်လိုက်သည်၊ “ရွှမ်းအာ”

ချီယွီရွှမ်းဟာ နှုတ်ခမ်းစူကာ စိတ်ပျက်စွာဖြင့် ခေါင်းငုံ့လိုက်သည်။

စကားပြောပိုင်ခွင့်အရှိဆုံး အကြီးအကဲနှစ်ဦးသည် တစ်ယောက်ကိုတစ်ယောက် ကြည့်နေကြသော်လည်း‌ သူတို့သည် ဟောက်ချန်ဟွမ်းကို ပို၍ အလေးထားပုံပေါ်သည်။

“ယောင်ဟွေ့နဲ့ တခြားသူတွေက ရိုင်းပျသွားတယ်။ မင်းကုမ္ပဏီရဲ့ ထုတ်ကုန်တွေရဲ့ ဖွံ့ဖြိုးတိုးတက်ရေး အလားအလာတွေက မင်းရဲ့ ဇနီးသည်ကြောင့် မဟုတ်ရင်တောင် မင်းတို့နဲ့ ပူးပေါင်းဆောင်ရွက်ရတာ အရမ်းတန်ဖိုးရှိပါတယ်။”

ဟောက်ချန်ဟွမ်းသည် အဖိုးနျဥ်ရဲ့ အကြည့်တွေနှင့် ဆုံတွေ့သွားကာ သူ့အကြည့်တွေက နက်နဲနေပြီး တိတ်ဆိတ်လျက်ရှိသည်။

စုယန်ယန်သည် သူမ ထွက်သွားပြီးနောက်ပိုင်း ဖြစ်ပျက်သွားသည့်အရာများကို မသိလိုက်ပေ။ သူမသည် နျဥ်စစ်ယွမ်၏ နောက်မှ လိုက်ပါပြီး ဒုတိယထပ်သို့ တက်သွားကာ နျဥ်ချီလွေ့၏ အခန်းဆီသို့ လျှောက်သွားခဲ့သည်။

တံခါးဖွင့်လိုက်သည်နှင့် အတွင်းဘက်ရှိ ပရိဘောဂများကို တစ်ချက်ကြည့်လိုက်သည်။

ဆေးပစ္စည်းများကို သိုလှောင်ထားရန်အတွက် အခန်းကျယ်သွားအောင် မူလအခန်းနှင့် ဘေးခန်းကြားရှိ နံရံကို ဖျက်ပြီး တစ်ခုတည်းအဖြစ် ပေါင်းလိုက်ပုံရသည်။

အခန်းထဲတွင် ဆေးဘက်ဆိုင်ရာ စမ်းသပ်ကိရိယာ တစ်ခု နှစ်ခုမျှသာ မကဘဲ ပရိဘောဂနှင့် ဂိမ်းပစ္စည်း အမျိုးမျိုးလည်း ရှိသည်။ စုယန်ယန်ရဲ့ ပါးစပ်ကို အနည်းငယ် တွန့်သွားစေသည်။

သူမဘေးမှာရပ်နေတဲ့ နျဥ်စစ်ယွမ်သည် သူမရဲ့ အတွေးတွေကို တစ်ချက်ကြည့်လိုက်ရုံနဲ့ မြင်ပုံရသည်။ သူက ကိုးရိုကားရားနိုင်စွာ ပြောလိုက်သည်၊ “ချီလွေ့က အခုလောလောဆယ် အပြင်မထွက်နိုင်ဘူး။ အခန်းထဲမှာ တစ်ယောက်တည်းနေရတာ ပျင်းစရာကောင်းတယ်။ သူက အေးအေးဆေးဆေးနေတတ်တဲ့သူတော့ မဟုတ်ဘူးလေ...”

စုယန်ယန် ဆွံ့အသွားသည်၊ ‘ဒါနဲ့တင် လုံလောက်ပါပြီ၊ ရှင် ဒီလောက်ထိ ရှင်းပြစရာမလိုပါဘူး။ နာမကျန်းဖြစ်ပြီး ပြန်ကောင်းလာတာနဲ့ အလေးမထားတော့ဘူးလား။ ရှင့်ညီလေးက နာမကျန်းဖြစ်နေတုန်းပဲဆိုတာ မေ့သွားပြီလား။’

All Chapters