← Chapters

အခန်း ၃၇၇

Vol. 26 Ch. 377

အခန်း ၃၇၇

Vol. 26 Ch. 377

အခန်း (၃၇၇) – နင့်အချစ်ကိုမပြသရရင် နင်သေသွားမှာမို့လား။

လော့ဝေပင်းသည် အခွင့်အလမ်းကို ဆုပ်ကိုင်ထားပြီး ကုမ္ပဏီ၏ လူကြိုက်အများဆုံး မျက်နှာသစ် သရုပ်ဆောင် ဖြစ်လာခဲ့သည်။ သူ့ကို ကုမ္ပဏီက နှိမ့်ချပြုမူခြင်း မရှိတော့ဘူး။

မကြာခင်မှာ သူကိုယ်ပိုင်အစွမ်းအစနှင့် ဆုပေါင်းများစွာကို ရရှိခဲ့ပြီး ဘဝတစ်လျှောက်လုံး လူတော်တော်များများ မယူနိုင်ခဲ့တဲ့ နှစ်ထပ်ကွမ်း အကောင်းဆုံး သရုပ်ဆောင်တစ်ဦး ဖြစ်လာခဲ့သည်။

သူ့မန်နေဂျာသည်လည်း သူ့အနားသို့ တဖန်ပြန်ရောက်လာကာ သူ့ကို ဖော်လန်ဖားကာ ခြိမ်းခြောက်ခဲ့သည်။

ထိုအချိန်တွင် လော့ဝေပင်းသည် ဤမန်နေဂျာနှင့် ကုမ္ပဏီအား အလွန်စိတ်ပျက်နေပြီဖြစ်သော်လည်း စာချုပ်ပြဿနာကြောင့် ဤကုမ္ပဏီတွင်ပင် ဆက်နေဖို့ကလွဲလို့ သူ့မှာ အခြားရွေးချယ်စရာ မရှိဘူး။

လော့ဝေပင်းက ဒီအချက်တွေကို မပြောခဲ့ဘူးဆိုရင်တောင် စုယန်ယန်က မန်နေဂျာနဲ့ အနုပညာရှင်ကြား ပဋိပက္ခဖြစ်ရတဲ့ အကြောင်းရင်း အနည်းငယ်ပဲ ရှိတယ်ဆိုတာကို ခန့်မှန်းနိုင်ပါသည်။

လော့ဝေပင်း၏ မျက်နှာအမူအရာကိုကြည့်ရင် လတ်တလော သူ အလုပ်နည်းနည်းပဲ လုပ်ခဲ့လို့ပါဆိုသည့် အကြောင်းပြချက်လောက် မရိုးရှင်းနိုင်ပါဘူး။

“သူ့မှာ နင့်ကို ခြိမ်းခြောက်နိုင်တဲ့ အရာတစ်ခုခု ရှိလား။”

“မရှိနိုင်ပါဘူး။” လော့ဝေပင်းသည် ထိုလူ၏ အကျင့်စရိုက်ကို တွေးမိပြီးနောက် အနည်းငယ် မျက်မှောင်ကြုတ်သွားသည်။ “ဒါပေမယ့် သူ့အကျင့်စရိုက်အရတော့ မရှိတဲ့ တစ်ခုခုကိုတောင် ဖန်တီးနိုင်လောက်တယ်။”

စုယန်ယန်၏ မျက်လုံးတွေဟာ မည်းမှောင်သွားပြီး ခပ်ဖျော့ဖျော့ အပြုံးတစ်ပွင့်ဖြင့် မေးမြန်းခဲ့သည်။ “ဒါက ပြဿနာပဲ။ ငါတို့ကုမ္ပဏီက ကုမ္ပဏီသေးသေးလေးပဲ။ ငါတို့က နင့်ရဲ့ အရင်ကုမ္ပဏီကြီးကို တကယ်ပဲ ဆန့်ကျင်လိုက်မယ်ဆိုရင်…”

လော့ဝေပင်းသည် ထိုစကားကိုကြားသောအခါ ထိတ်လန့်သွားသည်။ “ဥက္ကဌစု၊ ကျွန်တော် မင်းတို့ကုမ္ပဏီကို တကယ့်စိတ်ရင်းမှန်နဲ့ လက်တွဲချင်တာပါ။ မင်းက တခြားသူတွေကို ထိခိုက်စေတာမျိုး တစ်ခါမှမလုပ်ဖူးဘူး။ မင်း…”

စုယန်ယန်က ထိန်းမနိုင်သိမ်းမရ ရယ်မောမိသွားသည်။ “ကောင်းပါပြီ၊ ကောင်းပါပြီ။ ငါ နင့်ကို မလိုချင်ဘူးလို့ မပြောခဲ့ပါဘူး။ ငါတို့ ပြီးပြတ်အောင် ပြောကြတာပေါ့။”

လော့ဝေပင်းသည် သူ့နှုတ်ခမ်းကို ခပ်ဖွဖွကိုက်ပြီး သူမကို ကူကယ်ရာမဲ့စွာ ကြည့်နေမိသည်။ နောက်တစ်စက္ကန့်မှာပင် သူမက ဂုဏ်ယူဝင့်ကြွားစွာ ပြောဆိုလာခဲ့သည်၊ “ငါတို့ကုမ္ပဏီငယ်လေးက နင့်ရဲ့ အရင်ကုမ္ပဏီကို အနိုင်မယူနိုင်လောက်ပေမယ့် ငါ့ခင်ပွန်းသည်က ချမ်းသာတယ်လေ။ သူ့အကူအညီနဲ့ဆိုရင် ငါ့ကုမ္ပဏီကို ဘယ်သူမှ မထိနိုင်ဘူး။”

လော့ဝေပင်း၊ “…”

အခန်းထဲရှိ အခြားလူများ၊ “…”

“နင့်အချစ်ကို မပြသရရင် နင်သေသွားမှာမို့လား။” နျဉ်ချီလွေ့သည် သူမ၏ လူထုရှေ့ ချစ်ခင်ပြသမှုကြောင့် ပက်ခနဲ ပြောလာခဲ့သည်။ “နင့်ဖာသာနင် ဒီ့ထက်ပိုပြီး‌ အောင်မြင်လာအောင် မလုပ်နိုင်ဘူးလား။ နင့်ခင်ပွန်းကိုပဲ ဘာဖြစ်လို့ အမြဲ အားကိုးနေတာလဲ။”

စုယန်ယန်က အေးစက်စွာ ပြုံးလိုက်သည်။ “နင် ငါနဲ့ မတွေ့ရတာ ရက်အနည်းငယ်ကြာသွားတော့ နင်က လျှာစွမ်းအာစွမ်း ထက်ရှလာပြီပေါ့လေ။ ငါ နင့်ကို အကြိမ်ကြိမ် အခါခါ ထိုးသတ်မယ်လို့ပြောရင် နင်ယုံမလား။”

“နင် ငါ့ကို အပ် ဘယ်လောက်ပဲ ထိုးထိုး ငါ ဒီစကားကိုပဲ ပြောမယ်။” နျဉ်ချီလွေ့က လက်မခံနိုင်သော အသွင်ရှိသည်။ “ငါပြောတာ မှားလို့လား။ နင် နင့်ခင်ပွန်းကိုပဲ ဘာဖြစ်လို့ အမြဲတမ်း အားကိုးနေတာလဲ။ နင့်မှာ ကျောရိုးနည်းနည်းလေးတောင် မရှိဘူးလား။”

“ကျောရိုးလား။ ငါ့ခင်ပွန်းနဲ့ ငါနဲ့က တစ်မိသားစုတည်းဆိုတော့ သူ့ဟာက ငါ့ဥစ္စာပဲ။ ဒီလောက်ကြီးမားတဲ့ ရွှေပေါင်လုံးကြီး မဖက်တွယ်ဘဲ သေခြင်းတရားကို တစ်ယောက်တည်း ရင်ဆိုင်ရအောင် ငါက ရူးနေတာမှ မဟုတ်တာ၊ ဒါကို ကျောရိုးလို့ မခေါ်ဘူး။ အဲ့တာက အသုံးမပြုရင် မိုက်မဲနေလို့ပဲ။”

နျဉ်ချီလွေ့၊ “…” ဟမ့်၊ ငါ အရမ်းဒေါသထွက်တယ်။ ဒါပေမယ့် ငါ သူ့ကို ပြန်မငြင်းနိုင်ဘူး။ ငါ အရမ်းစိတ်ဆိုးတယ်။

နျဉ်စစ်ယွမ်သည် ဤမြင်ကွင်းကို တစ်ဖက်မှ ကြည့်နေကာ ပါးစပ်အဟောင်းသား ဖြစ်သွားခဲ့သည်။ အရင်တုန်းက သူ့ညီငယ်က အခြားသူများကို မည်သည့် ခွန်းတုံ့ပြန်စကားလုံးမှ ပြန်မပြောနိုင်အောင် ပြောနိုင်တာကိုသာ မြင်တွေ့ဖူးသည်။ ဒီလိုမျိုး ဆွံ့အနေပြီး ခွန်းတုံ့ပြန်နိုင်ခြင်း မရှိတာကို ယခုမှသာ ရှားရှားပါးပါး မြင်တွေ့ခဲ့ရသည်။

သို့ရာတွင်…

နျဉ်စစ်ယွမ်သည် စုယန်ယန်ကို မသိစိတ်ဖြင့် တစ်ချက် လှမ်းကြည့်မိသည်။ အချို့လူများအတွက် အမျိုးသမီးတစ်ဦး၏ ယုံကြည်အားကိုးခြင်းနှင့် အရမ်း မှီခိုခြင်းသည် ကောင်းချီးတစ်မျိုး ဖြစ်ပေသည်။

နျဉ်ချီလွေ့ကို အနိုင်ပိုင်းပြီးနောက် စုယန်ယန်သည် ဂုဏ်ယူစွာဖြင့် သူမ၏ မေးစေ့ကို ပင့်မော့ထားသည်။ “နင် ငါတို့ကုမ္ပဏီကို တကယ်ပဲ လာချင်တယ်ဆိုရင် ငါ ပြန်ရောက်တာနဲ့ အစ်ကိုကျွင်းရှန့်ကို နင်နဲ့ စာချုပ်ကိစ္စ ဆွေးနွေးဖို့ ငါ ဖုန်းခေါ်လိုက်မယ်။ ဒါပေမယ့် နင် စိတ်ပိုင်းဆိုင်ရာ ကြိုတင်ပြင်ဆင်ထားရမယ်။ ငါ နင့်ဆီက ငါ့ကုမ္ပဏီအတွက် အကျိုးအမြတ်တွေ အများကြီး ယူဆောင်လာဖို့ မမျှော်လင့်ထားဘူး၊ ဒါပေမယ့် ငါ့ကုမ္ပဏီအတွက် ငါက နှလုံးသားမရှိတဲ့ အနုပညာရှင်တွေကိုတော့ မလိုချင်ဘူး။ ဒါ့အပြင် ငါတို့ကုမ္ပဏီရဲ့ စာချုပ်ချုပ်ဆိုတဲ့ သက်တမ်းကလည်း အတော်လေး တင်းကြပ်ပါတယ်။ မင်း ဆယ်နှစ်စာ စာချူပ်ကို တစ်ခါတည်း လက်မှတ်ရေးထိုးရလိမ့်မယ်။”

လော့ဝေပင်း အံ့အားသင့်သွားသည်။ သူသည် ယခုနှစ်တွင် နှစ်ဆယ့်လေးနှစ် ရှိပြီဖြစ်သဖြင့် ဆယ်နှစ်ဆိုလျှင့် သုံးဆယ့်လေးနှစ်အထိ ဖြစ်ပေလိမ့်မည်။ နှစ်ဆယ့်လေးနှစ်မှ သုံးဆယ့်လေးနှစ်အထိ ဆိုတာ အချိန်အကြာကြီး ဖြစ်ပေသည်။

ဒီစာချုပ်ချုပ်ဆိုမှုသည် ဒီနယ်ပယ်အတွင်းတွင် သူ့ရဲ့ ရွှေရောင်ကာလအပိုင်းအခြားကို ရေးထိုးရလိမ့်မည်ဟု ဆိုနိုင်ပါသည်။

All Chapters