← Chapters

အခန်း ၃၇၈

Vol. 26 Ch. 378

အခန်း ၃၇၈

Vol. 26 Ch. 378

အခန်း (၃၇၈) – ငါ့ကို တောင်းပန်ပါ

စုယန်ယန်က သူ့ကို တစ်ချက်ကြည့်လိုက်သည်။ “ဘယ်လိုလဲ။ မင်း စဉ်းစားဖို့ အချိန်ယူချင်သေးလား။”

“အချိန်မယူတော့ပါဘူး။” လော့ဝေပင်းသည် စဉ်စားခြင်းအလျဉ်းမရှိ ပြန်ဖြေခဲ့သည်။ “မင်း ကျွန်တော့်ညီမလေးကို ကယ်တင်ပေးနိုင်သရွေ့ ဆယ်နှစ်စာ စာချုပ်ဆိုလည်း ကျွန်တော် လက်မှတ်ထိုးပါမယ်။”

“အဲဒါ ကောင်းတယ်။” စုယန်ယန်၏ မျက်လုံးတွေက တောက်ပသွားသည်။ “မင်း စိတ်ပူစရာ မလိုဘူး။ ငါ မင်းကို ငွေရှာဖို့ ကုမ္ပဏီနဲ့ စာချုပ်ချုပ်ဆိုထားတယ်၊ ဒါကြောင့် ငါ မင်းရဲ့ အရင်းအမြစ်တွေနဲ့ ပတ်သက်ပြီး မင်းကို ဆိုးဆိုးရွားရွား ဆက်ဆံမှာ မဟုတ်ဘူး။ မင်းညီမလေးရဲ့ ဆေးဖိုးဝါးခအတွက် မင်းရဲ့ လစာထဲကနေ နှုတ်ယူလိုက်မယ်။ နျဉ်ချီလွေ့က ငါ သူ့ကို ကုသပေးတာ ကုမ္ပဏီအတွင်းပိုင်း ဝန်ထမ်းတွေရဲ့ အကျိုးခံစားခွင့်လို့ မင်းကို အရင်က ပြောဖူးလိမ့်မယ်။ စာချုပ်မှာ လက်မှတ်ထိုးပြီးတာနဲ့ မင်းက ငါတို့ကုမ္ပဏီရဲ့ အနုပညာရှင်တစ်ယောက် ဖြစ်လာလိမ့်မယ်။ မင်းလည်း ဝန်ထမ်းအကျိုးခံစားခွင့်ကို ခံစားနိုင်ပါတယ်။”

လော့ဝေပင်းသည် အနည်းငယ် အံ့အားသင့်သွားသော်လည်း သူ မနေနိုင်ဘဲ ရယ်မောမိသွားသည်။ “ကျွန်တော် နားလည်ပါပြီ။ ကျွန်တော် မစ်စတာရှားနဲ့ အမြန်ဆုံး စကားပြောလိုက်ပါ့မယ်။”

“ကောင်းပြီ။”

လော့ဝေပင်း၏ ညီမလေးသည် ဆေးရုံမှာ ရှိနေဆဲဖြစ်သည်။ လော့ဝေပင်းသည် သူ့ညီမလေးကို အချိန်အကြာကြီး တစ်ယောက်တည်း ထားခဲ့ရတာကို စိုးရိမ်ပူပန်မိသောကြောင့် စုယန်ယန်နှင့် အတည်ပြုပြီးနောက် ထွက်ခွာသွားခဲ့သည်။

သူတို့ ထွက်သွားသောအခါ နျဉ်ချီလွေ့သည် ရုတ်တရတ်ဆိုသလိုပင် လော့ဝေပင်းကို လိုက်ပို့ပေးရန် နျဉ်စစ်ယွမ်ကို အကူအညီတောင်းလိုက်သည်။

နျဉ်စစ်ယွမ်က အံ့အားသင့်သွားသော်လည်း ဘာမှ ပြန်မပြောပေ။ သူက လော့ဝေပင်းကို ကိုယ်တိုင်ကိုယ်ကျ အောက်ထပ်သို့ လိုက်ပါပို့ဆောင်ပေးခဲ့သည်။

သူတို့နှစ်ယောက် ထွက်သွားပြီးတာနဲ့ စုယန်ယန်က နျဉ်ချီလွေ့ဘက်သို့လှည့်ပြီး မေးလိုက်သည်။” နင် ငါ့ကို ပြောစရာရှိလို့လား။”

နျဉ်ချီလွေ့က အေးခဲသွားပြီး အနည်းငယ် စိတ်မသက်မသာဖြစ်နေပုံနှင့် “ခုနတုန်းက ငါ့မိဘတွေ နင့်ကို ဘာပြောနေတာလဲ။” ဟု မေးလိုက်သည်။

“သူတို့က ငါ့ကို ဘာအကြောင်းပြောတယ်လို့ နင်ထင်လဲ။”

“ငါ့အစ်ကိုရဲ့ ရောဂါနဲ့ ပတ်သက်ပြီးတော့လား။”

“နင် ဘယ်လိုသိတာလဲ။” စုယန်ယန်က နျဉ်ချီလွေ့ကို အံ့အားသင့်စွာ ကြည့်ရင်း အာမေဍိတ်သံပြုခဲ့သည်။

နျဉ်ချီလွေ့ ဒေါသထွက်သွားသည်။ “နင် ဘယ်လိုသိတာလဲဆိုတာ နင် ဘာကိုဆိုလိုချင်တာလဲ။ ငါ့ကို နင့်လို အရူးလို့များ ထင်နေတာလား။”

မိသားစုဝင်တွေက သူ့ကိုကယ်တင်ပေးခဲ့သည့်အတွက် စုယန်ယန်ကို တွေ့ပြီး ကိုယ်တိုင်ကိုယ်ကျ ကျေးဇူးတင်စကား ပြောချင်တယ်လို့ ဆိုပါသည်။

ဒါပေမယ့်၊ နျဉ်ချီလွေ့က မတုံးအပါဘူး။ သူ့မိဘတွေချည်းသာဆိုရင် သူ ယုံကြည်မိပါလိမ့်ဦးမည်။ သို့ပေမယ့်၊ သူ့အဖိုးနှင့် ကျန်သူများပါ ရောက်လာခဲ့ကြသည်။ သိသာထင်ရှားသည်မှာ သူတို့ သူမကို လူကိုယ်တိုင်ကိုယ်ကျ ကျေးဇူးတင်စကားပြောရုံသက်သက်တင် မဟုတ်လောက်ပါဘူး။

အဲဒါကို တွေးကြည့်လိုက်တဲ့အခါ တစ်ခုတည်းသော ဖြစ်နိုင်ခြေက သူ့အစ်ကိုရဲ့ ရောဂါကြောင့်ပါပဲ။

စုယန်ယန်က အကဲဖြတ်ကြည့်ရှုပြီး ရန်စလိုက်သည်။ “နင် မဟုတ်လို့လား။”

နျဉ်ချီလွေ့၏ မျက်နှာက မည်းသည်းသွားပြီး သူက သူ့မျက်နှာကို တစ်ဖက်သို့ လှည့်လိုက်သည်။

“ဟမ့်”

စုယန်ယန်က တခစ်ခစ် ရယ်မောလိုက်သည်။ “နင် ဒါကို ခန့်မှန်းပြီးပြီဆိုကတည်းက နင် ငါ့ကို ပြောချင်တာ တစ်ခုခုများ ရှိနေလား။”

နျဉ်ချီလွေ့က မျက်မှောင်ကြုတ်ပြီး သူ့မျက်နှာကို တစ်ဖန်ပြန်လှည့်လာခဲ့သည်။ သူက ဂရုတစိုက် သက်သေထူသလိုဖြင့် “ဒါဆို ငါ့အစ်ကိုရဲ့ ရောဂါက…”

“ငါက သူ့ကို ကုသပေးနိုင်တယ်။”

နျဉ်ချီလွေ့ ဝမ်းသာသွားသည်။ “ဒါဆိုရင်…”

“ငါ့မှာ အခြေအနေတစ်ခု ရှိတယ်။”

“ဝန်ထမ်းအကျိုးခံစားခွင့်လို့ နင်မပြောခဲ့ဘူးလား။”

“အိုး၊ နင်က လော့ဝေပင်းကို ပြောချင်တာလား။ ငါက ငါ့ဝန်ထမ်းတွေကို ပြုစုပျိုးထောင်ဖို့ကိုပဲ အာရုံစိုက်တယ်။ ထုံးစံအတိုင်း သူက နင်နဲ့ မတူဘူး။”

“ငါနဲ့ မတူဘူးဆိုတာ နင် ဘာဆိုလိုချင်တာလဲ။ ငါက ဘာဖြစ်နေလို့လဲ။” နျဉ်ချီလွေ့က ရုတ်တရတ် ဒေါသထွက်လာသည်။ “ငါတို့နှစ်ယောက်စလုံးက အနုပညာရှင်တွေပဲ။ ဒါပေမယ့် သူက ဘာဖြစ်လို့ ငါနဲ့ မတူတာလဲ။ ငါက ဝန်ထမ်းဟောင်းတစ်ယောက်ပါ။”

စုယန်ယန်က လက်ပိုက်ပြီး စုတ်သပ်လိုက်သည်။ “သူက သူ့အရည်အချင်းနဲ့သူ ရောက်လာတာလေ။ နင်ရဲ့ စွမ်းဆောင်ရည်က မထူးခြားတဲ့အပြင် နင်က ငါ့ကို ဆွဲချနေတယ်။ နင်က သူနဲ့ ဘယ်လိုနှိုင်းယှဉ်ဝံ့တာလဲ။”

စွမ်းဆောင်ရည် ညံ့ဖျင်းသော နျဉ်ချီလွေ့သည် သူ့နှလုံးသားကို ဓားဖြင့် အထိုးခံလိုက်ရသလို ခံစားလိုက်ရပါသည်။ “…” သူက အရမ်းဒေါသထွက်တယ်။ အရမ်းဒေါသထွက်လွန်းလို့ သူ့ကိုယ်သူတောင် မထိန်းနိုင်တော့လောက်အောင်ပါပဲ။

“ဒါ့အပြင်၊ နင်က နင့်အကျိုုးခံစားခွင့်ကို နင်ကိုယ်တိုင် အသုံးပြုပြီးပြီလေ၊ အခု နင်က ဒါကို ထပ်ပြီး အသုံးပြုချင်သေးတာလား။ ငါတို့ကုမ္ပဏီကို ပရဟိတအဖွဲ့အစည်းတစ်ခုလို့ နင် တကယ်ထင်နေတာလား။”

နျဉ်ချီလွေ့ရဲ့ နှလုံးသားလေးကို မြားဖြင့် ထပ်မံထိုးစိုက်မိခဲ့ပြီး သူ့တစ်ကိုယ်လုံး ပျော့ခွေကျသွားသည်။ “တခြားနည်းလမ်းမရှိတော့ဘူးလား။”

“ရှိတယ်။”

နျဉ်ချီလွေ့သည် ချက်ချင်းဆိုသလို ခေါင်းမော့ကြည့်လာပြီး သူမကို တလက်လက် တောက်ပနေသော မျက်လုံးများဖြင့် ကြည့်လိုက်သည်။

စုယန်ယန်၏ နှုတ်ခမ်းထောင့်စွန်းများသည် ကွေးညွှတ်သွားပြီး အလွန် စိတ်အနှောင့်အယှက်ဖြစ်စေသော အပြုံးတစ်ခုအသွင် ဖြစ်ပေါ်လာခဲ့သည်။ “ငါ့ကို တောင်းပန်လေ၊ ငါ့ကို တောင်းပန်ကြည့်…”

နျဉ်ချီလွေ့၊ “…” ကလေးဆန်တဲ့ အမျိုးသမီးပဲ။

All Chapters