← Chapters

အခန်း ၃၈၁

Vol. 26 Ch. 381

အခန်း ၃၈၁

Vol. 26 Ch. 381

အခန်း (၃၈၁) - အဆီနဲ့ ရေတွေက အပြင်လူတွေရဲ့ လယ်တွေဆီ မစီးဆင်းဘူး

“ရှင် မသိဘူး။ ဒီခရီးစဉ်မှာ ကုမ္ပဏီအတွက် ပျိုးပင်ကောင်းလေး နှစ်ပင်ကို ကျွန်မ ချည်နှောင်မိခဲ့တယ်။ သူတို့ ကျွန်မရဲ့ ကုမ္ပဏီထဲ ဝင်လာပြီး ပိုကောင်းလာတဲ့အခါ ကုမ္ပဏီရဲ့ စွမ်းဆောင်ရည်က မကြာခင် တိုးတက်လာလိမ့်မယ်။”

ဟောက်ချန်ဟွမ်းသည် စုယန်ယန်၏ ပျော်ရွှင်မှု ပြည့်နှက်နေသော မျက်နှာဖြင့် ကြည့်လိုက်သည်။ “မင်း သူတို့ကို ဒီလောက်တောင် ကြိုက်လား။”

“သူတို့က ကျွန်မအတွက် ငွေရှာပေးနိုင်တယ်ဆိုတော့ ကျွန်မ သူတို့ကို သေချာပေါက် ကြိုက်တာပေါ့။”

“မင်း ပိုက်ဆံကို အရမ်းကြိုက်တယ်လား။”

“အင်း ကြိုက်တယ်၊ ကျွန်မ ရှင့်ကို ဂရုစိုက်ရမယ် မဟုတ်လား။ ရှင် ကျွန်မကို ပေးခဲ့တဲ့ ကုမ္ပဏီအနည်းငယ်က အမြတ်အစွန်းတွေ ရပေမယ့် ပိုက်ဆံအများကြီးရှိတာကို ဘယ်သူမှ မညည်းညူကြဘူး မဟုတ်လား။”

စုယန်ယန်၏ လေသံအရ သူမသည် ဟောက်ချန်ဟွမ်းကို ကိန္နရီအဖြစ် မွေးမြူလိုသည်မှာ သိသာထင်ရှားသည်။

အကယ်၍ အခြားသတ္တိရှိသူတစ်ဦးသာဆိုလျှင် ဟောက်ချန်ဟွမ်းသ်ည ထိုသူကို ငါးစာကျွေးရန် ပင်လယ်ထဲသို့ ပစ်ချစေမည်ဆိုသော်လည်း စုယန်ယန်၏ စကားကိုကြားတော့ သူ့နှလုံးသားလေး နူးညံ့ပျော့ပြောင်းသွားခဲ့သည်။

သူ့ရဲ့ မနာလိုစိတ် အနည်းငယ်သည်လည်း လျင်မြန်စွာ ပျောက်ကွယ်သွားခဲ့သည်။

စုယန်ယန်သည် သူမခင်ပွန်းသည်၏ မနာလိုသည်ကို သတိမထားမိဘဲ လော့ဝေပင်းကို မည်သို့ စီစဉ်ပေးရမည်ကို စိုးရိမ်နေပါသည်။

လော့ဝေပင်းသည် သူ၏ နိမ့်ကျသော နောက်ခံဖြင့်ပင် ယနေ့ လက်ရှိ အောင်မြင်မှုကို ရရှိနိုင်ခဲ့သည်။ သူ့ခွန်အားနှင့် ရုပ်ရည်အကြောင်းကို ထည့်ပြောစရာပင် မလိုအပ်ချေ။

တကယ်လို့ သူမသည် ဒီလို ငွေသားနွားတစ်ကောင်ကို ကောင်းကောင်း မသုံးမချပါက သူမသည် အင်တာတိန်းမန့်ကုမ္ပဏီ၏ ဘော့စ်တစ်ယောက်ဖြစ်ရန် မထိုက်တန်ပါ။

သို့သော် လော့ဝေပင်း၏ မြင့်မားသော ပုံရိပ်နှင့် အောင်မြင်မှုတို့ကြောင့် ၎င်းကို ထင်သလို လုယူခြင်း မပြုနိုင်ဘဲ သူ့ထံမှ ကျပန်းအရင်းအမြစ်တွေကိုတော့ သူမ လက်လွှတ်ခံဖို့ စိတ်ကူးမရှိဘူး။

ကုမ္ပဏီက သူ့ကို အရည်အချင်းရှိပြီး ကျွမ်းကျင်တဲ့ သရုပ်ဆောင်တစ်ယောက်ရဲ့ လမ်းကြောင်းကို လျှောက်လှမ်းနိုင်အောင် ကူညီပေးတာက အကောင်းဆုံးပါပဲ။

ယခု သူမ ထည့်သွင်းစဉ်းစားရန် လိုအပ်သည့်အရာမှာ သူ့မန်နေဂျာနှင့် နောက်ဆက်တွဲ အရင်းအမြစ်များကိုပင် ဖြစ်သည်။ သို့သော် သူ့မန်နေဂျာပြဿနာမှာ ရိုးရှင်းပါသည်။

ယခင်ကလည်း သူမသည် ဝမ်ကျင့်ဖျင်၏ အဖြစ်အပျက်ကို အခွင့်ကောင်းယူကာ ကုမ္ပဏီအတွင်းရှိ ပြဿနာရှိသော မန်နေဂျာများနှင့် ဝန်ထမ်းများကို ထုတ်ပယ်ရန် အခွင့်ကောင်းယူခဲ့သည်။

အခု ကျန်ခဲ့တဲ့သူအများစုဟာ ပိုပြီးကျိုးကြောင်းဆီလျော်မှုရှိပြီး မမိုက်မဲတဲ့ ရိုးသားသူတွေ ဖြစ်ကြသည်။ ဒီနှစ်ထပ်ကွမ်း အကောင်းဆုံးမင်းသားကို တာဝန်ယူဖို့ သူတို့ထဲက တစ်ယောက်ကို ရွေးချယ်ဖို့ဆိုတာ မခက်ခဲပါဘူး။

အရင်းအမြစ်များနှင့် ပတ်သက်၍…

“ကျွန်မတို့ရဲ့ ဟိုလိုဂရပ်ဖစ်ဂိမ်းမှာ ပြောရေးဆိုခွင့်ရှိသူ ရှိလား။”

“ပြောရေးဆိုခွင့်ရှိသူလား။” ဟောက်ချန်ဟွမ်း အံ့အားသင့်သွားခဲ့သည်။ “ဟင့်အင်း၊ မရှိသေးဘူး။”

ဤသည်မှာ ကမ္ဘာပေါ်တွင် ပထမဆုံး ဟိုလိုဂရပ်ဖစ်ဂိမ်း ဖြစ်သည်။ ဤပုံရိပ်ကပင် ဂိမ်းပရိသတ်အများအပြားကို ဆွဲဆောင်ရန် လုံလောက်ပါသည်။ သူတို့ရဲ့ ကျော်ကြားမှုကို မြှင့်တင်ရန် မည်သူ့ကိုမှ ရှာဖွေဖို့ မလိုအပ်ပါဘူး။

ထို့ကြောင့် အစကတည်းက သူတို့အတွက် ထောက်ခံပေးရန် မည်သူကိုမှ ရှာရန် မရည်ရွယ်ခဲ့ပေ။

ဒါပေမယ့် သူတို့၏ လေဒီဘော့စ်က ပြောရေးဆိုခွင့်ရှိသူကို ခန့်အပ်ဖို့ ပြောဆိုလျှင် ဒါက မဖြစ်နိုင်သော လုပ်ဆောင်ချက် မဟုတ်ပါ။

“မင်းရဲ့ အနုပညာရှင်ကို ဒီဂိမ်းအတွက် ပြောရေးဆိုခွင့်ရှိသူ ဖြစ်စေချင်လို့လား။”

စုယန်ယန်သည် လိမ္မာပါးနပ်သော အသွင်လေးကို ထုတ်ဖော်လိုက်ပါသည်။ “အဲ့လို လုပ်လို့ရနိုင်မလားဟင်။ လော့ဝေပင်းက သူ့ရဲ့ အေဂျင်စီနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မှာပါ။ ဟိုလိုဂရပ်ဖစ်ဂိမ်းအတွက် အကောင်းဆုံး အမျိုးသားသရုပ်ဆောင်တစ်ဦးနဲ့ အကောင်းဆုံး အမျိုးသမီးသရုပ်ဆောင်တစ်ဦးကို ပြောရေးဆိုခွင့်ရှိသူအဖြစ် ဖြစ်စေချင်တယ်။ သူတို့က တော်တော်လေး နာမည်ကြီးတော့ ဂိမ်းကုမ္ပဏီကို ဒုက္ခတွေ မယူဆောင်လာပါဘူး။”

“မင်းပျော်နေသရွေ့ပေါ့။”

“ဒါဆိုရင် ပြေလည်သွားပြီနော်။” စုယန်ယန်သည် ခင်ပွန်းဖြစ်သူထံမှ အကျိုးကျေးဇူး ခံစားခဲ့ရသည်။ အဆိုပါ ပြဿနာကို ဖြေရှင်းပြီးနောက် သူမ၏ စိတ်ထဲတွင် နျဉ်ချီလွေ့၏ မိသားစုအကြောင်း တွေးတောမိခဲ့သည်။

“ကျွန်မ အပေါ်ထပ်ကို သွားတုန်းက ရှင်တို့ ဘာအကြောင်းတွေ ပြောကြလဲ။”

“စီးပွားရေးကိစ္စတချို့ပါပဲ။”

“စီးပွားရေးကိစ္စလား။ သူတို့က ရှင်နဲ့ ပူးပေါင်းချင်တာလား။”

“အင်း”

“တခြား ဘာကိစ္စမှ မရှိဘူးလား။ သူတို့က ကျွန်မ နျဉ်စစ်ယွမ်ကို ကုသပေးဖို့ ရှင့်ကို မဆွဲဆောင်ခဲ့ဘူးလား။”

ဟောက်ချန်ဟွမ်း အံ့အားသင့်သွားခဲ့သည်။ ဒါပေမယ့် တစ်ချိန်တည်းမှာပင် ဒါဟာ သဘာဝမျှသာဖြစ်ကြောင်း သူ ခံစားခဲ့ရသည်။ သူ့ယန်ယန်ဟာ အရမ်းထက်မြက်တယ်၊ အဲဒီလူတွေရဲ့ အတွေးတွေကို မမှန်းဆနိုင်ဘဲ ဘယ်နေပါ့မလဲ။

“အင်း၊ သူတို့ လုပ်ခဲ့တယ်။”

စုယန်ယန်က ဟောက်ချန်ဟွမ်း မည်သို့ ပြန်ဖြေခဲ့သည်ကို ပိုစိတ်ဝင်စားခဲ့သည်။

“ရှင် သူတို့ကို ဘယ်လိုပြန်ဖြေခဲ့လဲ။”

“သူတို့…”

ဟောက်ချန်ဟွမ်း၏ ပြောစကား မဆုံးခင် စုယန်ယန်က သူ့ကို အရင်သတိပေးခဲ့သည်။ “ရှင် ကျွန်မကို လိမ်ညာတာ ဒါမှမဟုတ် ဖုံးကွယ်တာမျိုး လုံးဝ ခွင့်မပြုဘူး။”

ဟောက်ချန်ဟွမ်းတစ်ယောက် နင်သွားကာ ကူကယ်ရာမဲ့စွာ ပြန်ဖြေခဲ့သည်။ “သူတို့က မင်း နျဉ်စစ်ယွမ်ကို ကုသပေးဖို့အတွက် ကိုယ့်ကို ဆွဲဆောင်ပေးဖို့ အဖိုးအခအနေနဲ့ သူတို့က ကိုယ့်စီးပွားရေးမှာ ရင်းနှီးမြှုပ်နှံချင်ကြတယ်…”

All Chapters