← Chapters

အခန်း ၃၈၂

Vol. 26 Ch. 382

အခန်း ၃၈၂

Vol. 26 Ch. 382

အခန်း (၃၈၂) - ငါတို့ကလေးလေး အမွှေးပြောင်သွားပြီ

ဤရလဒ်ကို စုယန်ယန် မျှော်လင့်ထားသော်လည်း သူမ မိန်းမောတွေဝေနေဆဲ ဖြစ်သည်။

မူရင်းစာအုပ်လို့ခေါ်တဲ့ စာအုပ်ကို ဖတ်ပြီးတဲ့ နောက်မှာ စုယန်ယန်က ဒါကို နောက်ဆုံးတော့ သဘောပေါက်နားလည်သွားခဲ့သည်။

ဟောက်ရှောက်ဖုန်း၏ မိသားစုသည် အရည်အချင်းမရှိသည်မှာ သိသာထင်ရှားသည်၊ ဝမ်ကျင့်ဖျင်သည် မိသားစုနောက်ခံမရှိသော သာမန်အမျိုးသမီးတစ်ဦးမျှသာ ဖြစ်သော်လည်း ဟောက်ချန်ဟွမ်းသည် ဤအမှိုက်များကို လုံးဝ ရှင်းလင်းပစ်ရန် သူ၏ ယခင်ဘဝတွင် အလွန်ကြိုးစားအားထုတ်ခဲ့ရသည်။

ယခု သူမ၏ စွက်ဖက်မှုကြောင့် ဤမိသားစုနှစ်စုသည် ဝမ်ကျင့်ဖျင်ဘက်မှ ရပ်တည်မည့်အစား ဟောက်ချန်ဟွမ်းနှင့် ပူးပေါင်းဆောင်ရွက်ဖို့ကိုပင် တက်ကြွစွာ ဦးဆောင်ရှာဖွေခဲ့ပါသည်။

ဇာတ်ကွက်များစွာ ပြောင်းလဲသွားသည်ဟု ဆိုလိုလျှင်၊ သူမ၊ ဟောက်ချန်ဟွမ်းနှင့် သူမ၏ မိသားစုဝင်များသည် ယခင်ဘဝကကဲ့သို့ ကြေကွဲစရာ အဖြစ်ဆိုးများဖြင့် ဆုံးခန်းတိုင်သွားလိမ့်မည် မဟုတ်ပေ။

“ယန်ယန်… ယန်ယန်…”

ဟောက်ချန်ဟွမ်း၏ အသံတိုးတိုးကြောင့် စုယန်ယန်တစ်ယောက် အသိပြန်ဝင်လာခဲ့သည်။ “ရှင် သူတို့ကို ကတိပေးလိုက်လား။”

“ဟင့်အင်း”

စုယန်ယန်က စိုးရိမ်တကြီး ဖြစ်သွားခဲ့သည်။ “ဘာဖြစ်လို့လဲ။”

ဒီလို အခွင့်အရေးကောင်းကို ဘာဖြစ်လို့လဲ တွန်းဖယ်လိုက်တာလဲ၊ ဝမ်ကျင့်ဖျင်က ကောက်ယူသွားရင် ဘယ်လိုလုပ်မလဲ။”

“ကိုယ်က မင်းမကြိုက်တာ ဘာကိုမှ မလုပ်ခိုင်းချင်ဘူး။”

စုယန်ယန်သည် တခဏတာမျှ အံ့အားသင့်ပြီးနောက် ရယ်ကာမောကာဖြင့် ပြောလာခဲ့သည်။ “ဒါပေမယ့် ကျွန်မ သူ့အစ်ကို ကုသပေးမယ်လို့ နျဉ်ချီလွေ့ကို ကတိပေးခဲ့ပြီးပြီ။ ရှင် အခွင့်အရေးကောင်းကို လက်လွတ်မခံသင့်ဘူးလား။”

ဟောက်ချန်ဟွမ်းအတွက် ဒီရလဒ်က အံ့ဩစရာ မဟုတ်ပါ။ သူ့ယန်ယန်ဟာ အရမ်းကြင်နာတတ်သည်။ တကယ်လို့ သူမကို တစ်ယောက်ယောက် စိတ်ရင်းမှန်နဲ့ တောင်းဆိုမယ်ဆိုရင်၊ သူမက သူ့ကို ကယ်တင်ဖို့ သေချာပေါက် ငြင်းပယ်မှာ မဟုတ်ဘူး။

“မင်းဆန္ဒရှိလို့ ဒါကို မင်း သဘောတူလိုက်တာ၊ ဒါကြောင့် မင်းပျော်ရင်ရပြီ။ ကိုယ့်အတွက် ဒါက အရေးကြီးဆုံးပဲ။”

စုယန်ယန်၊ “…”

အိုး… ဘုရားရေ၊ ဒီကောင်လေးက ချိုမြိန်တဲ့ စကားလုံးတွေကို ဘယ်မှာ သင်ယူခဲ့တာလဲ၊ သူမ ထိန်းမထားနိုင်တော့ဘူး။

စုယန်ယန်သည် အချိုသကာဖုံးအုပ်ထားသော ကျည်ဆန်များကြောင့် အနည်းငယ် မူးဝေသွားခဲ့ကာ ကြွေဆင်းသွားခဲ့ရသည်။ အရှေ့မှာ ကားမောင်းနေတဲ့ ဒရိုင်ဘာကိုပင် အရေးမစိုက်တော့ဘဲ သူမသည် ဟောက်ချန်ဟွမ်းကို မှီတွယ်ရင်း နမ်းရှိုက်လိုက်သည်။

“ထားလိုက်ပါ၊ ထားလိုက်ပါတော့။ သူတို့ ရှင့်ကုမ္ပဏီနဲ့ တကယ်ပူးပေါင်းချင်တယ်ဆိုရင်…”

စုယန်ယန်၏ စကား မဆုံးခင် ဟောက်ချန်ဟွမ်းမှ ကြားဝင်ဖြတ်ပြောခဲ့သည်။ “ကိုယ်တို့ကုမ္ပဏီ...”

“ကောင်းပြီ၊ ကောင်းပြီ၊ ကောင်းပြီ။ ကျွန်မတို့ကုမ္ပဏီ၊ သူတို့က ကျွန်မတို့ကုမ္ပဏီနဲ့ တကယ်ပူးပေါင်းချင်တယ်ဆိုရင် ဒီကိစ္စ မရှိဘူးဆိုရင်တောင် သူတို့ ကျွန်မတို့ဆီ ရောက်လာလိမ့်မယ်။”

ဆန့်ကျင်ဘက်အနေနဲ့ မူလက တခြားရည်ရွယ်ချက်တွေနှင့် ပူးပေါင်းဆောင်ရွက်ချင်ခဲ့တာ ဖြစ်လေသည်။ အကျိုးရှိလျှင် စုဝေးကြကာ အကျိုးမရှိလျှင် လမ်းခွဲကြသည်။ အချိန်တန်လို့ သူတို့ ထွက်ခွာသွားကြပေမယ့် နောက်ကျောကို ဓားနဲ့ထိုးချင်ရင်တော့ ဒါဟာ တကယ်ကို ကြောက်စရာကောင်းပါတယ်။

ထိုသို့သောနေ့မျိုးရှိသော်ငြား လမ်းကြောင်းသွေဖီသွားသော ဇာတ်ကွက်သည် မူလနေရာသို့ တစ်ဖန်ပြန်ရောက်သွားခဲ့သည်။ ဤလူအုပ်စုသည် ယခင်ဘဝက ဟောက်ချန်ဟွမ်းကို အနိုင်မယူနိုင်ခဲ့ပေ။ ယခုတစ်ကြိမ်မှာတော့ သူမသည် ယခင်လိုဖြစ်စေဖို့ လွယ်လွယ်နဲ့ လွှတ်ထားမှာ မဟုတ်ပါဘူး။

သူတို့နှစ်ယောက်သား နျဉ်အိမ်တော်မှ အိမ်ပြန်ရောက်တော့ မှောင်လုနီးပါးဖြစ်နေပြီ။ သူတို့ ကားပေါ်မှ ဆင်းလာချိန်တွင် ခွေးဟောင်သံတွေ၊ အမျိုးသား၊ အမျိုးသမီးတွေရဲ့ အော်ဟစ်သံတွေကို ကြားလိုက်ရသည်။

စုယန်ယန်၏ မျက်နှာပေါ်ရှိ အပြုံးသည် အနည်းငယ် အေးခဲသွားသည်။ သူမသည် ရုတ်တရတ် တစ်စုံတစ်ခုကို တွေးလိုက်မိပုံရကာ ဟောက်ချန်ဟွမ်းကို အိမ်ထဲသို့ အလျင်စလို တွန်းလာခဲ့သည်။

သူတို့နှစ်ယောက်သား အိမ်ထဲသို့ အပြေးအလွှား ဝင်သွားသောအခါတွင် ကနဦး ရုန်းရင်းဆန်ခတ် ဖြစ်ရာမှ ငြိမ်သက်သွားသော လူတစ်စုသည် ဘာကိုကြည့်နေမှန်း မသိဘဲ ဧည့်ခန်းအပေါက်ဝတွင် ရပ်နေကြသည်။

စုယန်ယန်သည် လူအုပ်အတွင်းမှ ရိုလီပိုလီ၏ ပြောင်လက်သော သတ္တုရောင်ကို ယောင်ဝါးဝါး မြင်လိုက်ရပြီး သူမ၏ နှလုံးသားသည် အနည်းငယ် တုန်ယင်သွားကာ “ဘာဖြစ်တာလဲ” ဟု အသံတိုးတိုးဖြင့် မေးလိုက်မိသည်။

သူမ၏ အသံကိုကြားတော့၊ ပတ်ဝန်းကျင်ရှိ လူတွေက သူမကို လှည့်ကြည့်လိုက်ကြသည်။

ထို့အတွက်ကြောင့် စုယန်ယန်သည် လူအုပ်အလယ်ရှိ မြင်ကွင်းကို ဂုဏ်ယူစွာ မြင်တွေ့လိုက်ရလေသည်။ ရိုလီပိုလီသည် စုယန်ယန် မနက်က ပေးထားသော အေပရွန်ကို ဝတ်ဆင်ထားဆဲ ဖြစ်သော်လည်း သူလေး၏ လက်များသည် ကြီးမားသော ကတ်ကြေးများအဖြစ် ပြောင်းလဲသွားခဲ့သည်။

ထိုနေရာမှ မီတာဝက်ခန့်အကွာတွင် သနားစရာကောင်းသော အမွှေးပြောင် ပေါက်စလေးတစ်ကောင်သည် ကြမ်းပြင်ပေါ်တွင် ကွေးကွေးလေး တိတ်တဆိတ် လှဲလျောင်းနေသည်။ သူလေး၏ ဘေးနား ကြမ်းပြင်ပေါ်မှာ အညိုရောင်နှင့် အဖြူရောင် သားမွှေးများဟာ တောင်ငယ်လေးသဖွယ် တည်ရှိနေခဲ့သည်။

All Chapters