အခန်း ၃၈၄
Vol. 26 Ch. 384
အခန်း (၃၈၄) - ကြီးမားသော ပြဿနာ
လင်းရှောင်ချီးသည် စုယန်ယန်ကို သူမ အလည်လာမည့်အကြောင်း ကြိုတင်သတိမပေးခဲ့သောကြောင့် သူမ ဟောက်မိသားစုအိမ်သို့ရောက်သောအခါ စုယန်ယန်နှင့် ဟောက်ချန်ဟွမ်းတို့ အပြင်သွားကြောင်း သူမ သိလိုက်ရသည်။
အဆုံးမှာတော့ သူမ မတောင်းပန်ရခင်မှာ ပွဲကြီးပွဲကောင်းတစ်ခုကို အရင်ကြည့်လိုက်ရသည်။
“ဒီစက်ရုပ်ငယ်လေးက နင်တို့မိသားစုပိုင်လား။ သူမက အရမ်းချစ်ဖို့ကောင်းတာပဲ။ သူမရဲ့ အသံက ကလေးငယ်လေးတစ်ယောက်ရဲ့ အသံလို အရမ်းနူးညံ့တာပဲ။”
“ဒီနေ့မနက်ကပဲ ရောက်လာတာလေ။ သူ့ကို ရိုလီပိုလီလို့ခေါ်တယ်။ ရိုလီပိုလီ၊ ငါတို့ရဲ့ ဧည့်သည်ကို နှုတ်ဆက်လိုက်ပါဦး။”
စုယန်ယန်တစ်ယောက် ထိုသို့ပြောပြီးတာနဲ့ ရိုလီပိုလီသည် လင်းရှောင်ချီးကို ချက်ချင်း နှုတ်ဆက်လိုက်သည်။ “မင်္ဂလာပါ၊ မိန်းမလှလေး၊ ကျွန်မက စက်ရုပ်လေး ရိုလီပိုလီပါ။ ဒီလိုမြင်ကွင်းမျိုးကို မင်းကို မြင်စေမိလို့ စိတ်မကောင်းပါဘူး။ ကျေးဇူးပြုပြီး ကျွန်မရဲ့ ရိုးသားတဲ့ တောင်းပန်မှုကို လက်ခံပေးပါ။”
ရိုလီပိုလီသည် သူ့ကိုယ်သူ အပြစ်တင်ဟန်ဖြင့် ခေါင်းလေးငုံ့ပြီး တောင်းပန်စကားဆိုလာခဲ့သည်။
လင်းရှောင်ချီးသည် အံ့အားသင့်စွာ အော်လိုက်မိပြီး စက်ရုပ်လေးကို ခေါင်းမှ ခြေဆုံးအထိ အပြန်ပြန် အလှန်လှန် ကြည့်ခဲ့သည်။ “ဒါလေးက ငါ့ကို မိန်းမလှလေးလို့ခေါ်ပြီး ငါ့ကို တောင်းပန်စကားတောင် ဆိုခဲ့တယ်။ ဒီလို မှော်ဆန်တဲ့ အရာလေးကို နင် ဘယ်မှာ ရှာတွေ့ခဲ့တာလဲ။”
“ချမ်ဟွမ်းတို့ကုမ္ပဏီရဲ့ ထုတ်ကုန်အသစ်လေ၊ ပျော်စရာကောင်းတယ် မဟုတ်လား။ သူလေးက သန့်ရှင်းရေး၊ အဝတ်လျှော်တတ်ပြီး အိမ်နဲ့ ခြံကို သပ်ရပ်အောင် ဘယ်လိုလုပ်ရမယ်ဆိုတာကိုတောင် သိတယ်။”
“အိမ်ထိန်းစက်ရုပ်လား။ အဲဒါနဲ့ဆို အိမ်မှုကိစ္စတွေအတွက် စိုးရိမ်စရာ မလိုတော့ဘူးလို့ ဆိုလိုတာမလား။”
စုယန်ယန်က ပြုံးရုံသာပြုံးပြီး အကျယ်တဝင့် မရှင်းပြတော့ပေ။
သွမ်းသွမ်းသည် ကြမ်းပြင်ပေါ်မှာ အချိန်အတော်ကြာ လှဲလျောင်းနေသော်လည်း သူ့ကို မည်သူမျှ ဂရုမစိုက်ပေ။ သူ့သခင်မနှင့် သူ့ယောက္ခမတို့ဟာ သူ့ကို တစ်ယောက်ပြီး တစ်ယောက် လာကြည့်ခဲ့သော်လည်း သူလေးကို နှစ်သိမ့်ပေးခြင်း မရှိပေ။
“…”
ကြေကွဲနေသော ခွေးလေးသည် မသိစိတ်က ဟွားဟွားထံမှ နှစ်သိမ့်မှုကို ရှာဖွေလိုသော်လည်း ဟွားဟွားသည် သူလေးကို အထင်အမြင်သေးသည့် အကြည့်ဖြင့် ကြည့်ခြင်းကိုသာ လက်ခံလိုက်ရသည်။ ဟွားဟွားသည် သူ့ကို လျစ်လျူရှုပြီး သူမ၏ သခင်မထံသို့ ပြန်ပြေးသွားခဲ့သည်။
“…”
သွမ်းသွမ်း၏ ချစ်စိတ်ပြင်းပြသော ခွေးထီးနှလုံးသားသည် မရေမတွက်နိုင်သော အစိတ်စိတ်အမြွှာမြွှာ ကွဲကြေသွားခဲ့သည်။
“ချန်ဟွမ်းတို့ကုမ္ပဏီရဲ့ ထုတ်ကုန်အသစ်က မပြည့်စုံသေးဘူး။ သူတို့ရဲ့ ထုတ်ကုန် ပြီးပြည့်စုံသွားတဲ့အခါ ငါ နင့်ကို တစ်ခု ပေးမယ်၊ ဟုတ်ပြီလား။”
စုယန်ယန်သည် သူမအား ကောင်းမွန်စွာ ဆက်ဆံတတ်သူများ၊ အထူးသဖြင့် သူမ၏ အတိတ်ဘဝတုန်းက သူမကြောင့် သေဆုံးသွားခဲ့ရသော လင်းရှောင်ချီးတို့အပေါ် အမြဲတမ်း ရက်ရောစွာ စေတနာရှိပါသည်။
စုယန်ယန်သည် အမြဲတမ်း မသိစိတ်က လင်းရှောင်ချီးကို ပိုကူညီချင်ပြီး သူမမှာ ကောင်းတာ တစ်ခုခုရှိလျှင် လင်းရှောင်ချီးကို အရင်စဉ်းစားမိပါသည်။
လင်းရှောင်ချီး၏ မျက်လုံးများသည် အနည်းငယ် တောက်ပလာသော်လည်း လျင်မြန်စွာ မှိန်ဖျော့သွားခဲ့သည်။ “ထားလိုက်ပါ။ ဒီလိုစက်ရုပ်မျိုးတွေရဲ့ ကုန်ကျစရိတ်က မနည်းလောက်ဘူး။ ငါတို့မိသားစုမှာ ငါနဲ့ ဟွားဟွားပဲရှိတာ၊ ဖြုန်းတီးရာကျပါတယ်။ ဒါ့အပြင်၊ ဟွားဟွားက အရမ်းမနာလိုတတ်တယ်။ ငါ စက်ရုပ်လေးကိုသာ ရုတ်တရတ် အိမ်ပြန်သယ်သွားရင် သူမ မနာလိုဖြစ်မှာ သေချာတယ်။ ငါ့အိမ်ရဲ့ ငြိမ်းချမ်းရေးကို အနှောင့်အယှက် မဖြစ်စေချင်ဘူး။”
သွမ်းသွမ်းသည် ဒီစကားကိုကြားတဲ့အခါ ချက်ချင်းဆိုသလို နားစွင့်ပြီး သူ့သခင်ကို ဝမ်းနည်းစွာ ကြည့်ရင်း သခင်၊ နားထောင်၊ နားထောင်၊ ကျွန်တော့်အတွေးတွေနဲ့ အသိဥာဏ်ဟာ တခြားပိုင်ရှင်နဲ့ အတူတူပဲ။
စုယန်ယန်သည် လင်းရှောင်ချီး ရည်ညွှန်းတာကို နားမလည်သောကြောင့် သူမ၏ ခွေးကို စိတ်ပျက်လက်ပျက် ကြည့်နေခဲ့သည်။
လင်းရှောင်ချီးသည် ဟောက်မိသားစုအိမ်တွင် ကြာကြာ မနေခဲ့ပါ။ မကြာသေးမီက သူမသည် အလုပ်တစ်ခု ရှာတွေ့ခဲ့ပြီး အလုပ်သွားရန် ပြင်ဆင်ခဲ့သည်။
သူမ ပြန်ခါနီးတွင် စုယန်ယန်သည် သူမ အလုပ်သွားတော့မည်ဟု ကြားသောအခါ တစ်ခုခုကို ရုတ်တရတ် သတိရသွားပြီး သူမ၏ မျက်နှာအမူအရာ အနည်းငယ် ပြောင်းလဲသွားခဲ့သည်။
“ခဏနေဦး။”
“ဘာဖြစ်လို့လဲ။”
“နင် အလုပ်သွားမလို့လား။ ဘယ်လိုအလုပ်မျိုးလဲ။ ဘယ်ကုမ္ပဏီမှာလဲ။”
“တခြား ဘာအလုပ်ဖြစ်နိုင်မှာလဲ။ လက်ထောက်စကားပြန်တစ်ယောက်ပါပဲ။ ငါ လွန်ခဲ့တဲ့ နှစ်ရက်လောက်က တွေ့ခဲ့တာ၊ ဘယ်မှာလဲဆိုတာ မပြောနိုင်သေးဘူး။ အဲဒါ မြို့တောင်ဘက်မှာရှိတဲ့ ချီယန်အုပ်စုလေ။”
စုယန်ယန်၏ မျက်လုံးများတွင် နားလည်သဘောပေါက်သွားသည့် အရိပ်အယောင်တစ်ခု ရှိပြီး သူမ၏ မျက်နှာအမူအရာဟာ ချက်ချင်းဆိုသလိုပင် မည်းမှောင်သွားခဲ့သည်။
လင်းရှောင်ချီးသည် စုယန်ယန်တွင် တစ်စုံတစ်ခု မှားယွင်းနေကြောင်း သတိပြုမိသည်။ သူမသည် စိတ်ရှုပ်ထွေးစွာဖြင့် “ဘာဖြစ်လို့လဲ။ အဲဒီကုမ္ပဏီက တစ်ခုခု မှားနေလို့လား။” ဟု မေးမြန်းလိုက်သည်။
စုယန်ယန်တစ်ယောက် အနည်းငယ် စိတ်လှုပ်ရှားသွားခဲ့သည်။ “အင်း၊ အဲဒီကုမ္ပဏီက ပြဿနာရှိတယ်။ နင် ဘယ်သူ့လက်ထောက် လုပ်ရမှာလဲ။”
“သူတို့ကုမ္ပဏီရဲ့ အထွေထွေမန်နေဂျာဆီမှာ ပြဿနာရှိလား။”
“အင်း၊ ပြဿနာက ကြီးတယ်။”