← Chapters

အခန်း ၃၈၅

Vol. 26 Ch. 385

အခန်း ၃၈၅

Vol. 26 Ch. 385

အခန်း (၃၈၅) - ငါ နင့်ကို အရမ်းအလိုလိုက်မိသွားတယ်

လင်းရှောင်ချီးဟာ စုယန်ယန်အား အံ့အားသင့်စွာ ကြည့်ပြီး “ဘာပြဿနာလဲ” ဟု ပြန်မေးခဲ့သည်။

“အဲဒီကုမ္ပဏီရဲ့ အထွေထွေမန်နေဂျာက စီအီးအိုရဲ့ တူပဲ။ သူက အသက်သုံးဆယ်ထဲဝင်တဲ့အချိန်မှာ အိမ်ထောင်ကျပြီး ကလေး နှစ်ယောက် ရှိတယ်။ ဒါပေမယ့် သူ့ရဲ့ ကိုယ်ပိုင်ဘဝက ရှုပ်ထွေးတယ်။ ငါကြားတာတော့ သူ့ရဲ့ အရင်လက်ထောက်တွေက သူ့ရဲ့ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်မှုကို သည်းမခံနိုင်တဲ့အတွက် အလုပ်ထွက်သွားတာလို့ ငါကြားတယ်။”

လင်းရှောင်ချီး ရှော့ရသွားသည်။ “တကယ်လား။”

“ဒါပေါ့၊ အဲတာ အမှန်ပဲ။ ငါက နင့်ကို ဘာဖြစ်လို့ လိမ်ရမှာလဲ။”

စုယန်ယန်သည် လုံးဝ တိကျသေချာသော အသံဖြင့် ပြောနေသော်လည်း သူမ၏ မျက်ဝန်းများတွင် အေးစက်သော အလင်းရောင်တစ်ခု ဖြတ်ပြေးသွားခဲ့သည်။

လင်းရှောင်ချီးက ဒါကို သတိမထားမိပေမယ့် စုယန်ယန်ရဲ့ နံဘေးမှာ တစ်ချိန်လုံး တိတ်တဆိတ် ရှိနေတဲ့ ဟောက်ချန်ဟွမ်းက ဒါကို သတိပြုမိလိုက်သည်။ သူက စိတ်မသက်မသာ မျက်မျောင်ကြုတ်လိုက်မိပါသည်။

လင်းရှောင်ချီးသည် စုယန်ယန်ကို အမြဲယုံကြည်ခဲ့သည်။ ထို့အပြင် သူမသည် မြို့တော်အေနှင့် ခဏတာ ဝေးကွာခဲ့ပြီး သူမတွင် စုယန်ယန်ကဲ့သို့ မိသားစုနောက်ခံ မရှိသောကြောင့် ဤအတင်းအဖျင်းများကို သူမ မသိသည်မှာ အံ့ဩစရာ မဟုတ်ပေ။

“ဒါဆို.. ငါ ဒီအလုပ်ကထွက်ပြီး တခြားအလုပ် ရှာလိုက်ဦးမယ်။”

လင်းရှောင်ချီး၏ တုံ့ပြန်မှုသည် စုယန်ယန်၏ မျှော်လင့်ချက်အတွင်းတွင်ရှိနေပြီး သူမမိခင်ဖြစ်သူ၏ ကိစ္စရပ်ကြောင့် သူမသည် အဆိုပါ အမှိုက်လိုလူမျိုးကို မကြိုက်ဆုံးပါပဲ။

“နင် ဘာဖြစ်လို့ တခြားအလုပ်ရှာဖို့ လိုနေဦးမှာလဲ။ သိပ်မကြာခင်က ငါတို့ကုမ္ပဏီကို သွေးသစ်လဲလိုက်တာကြောင့် လူအများအပြား ထုတ်ပယ်ခံလိုက်ရတယ်။ အခုက အချိန်ကိုက်ပဲ။ နင် အရင်က အလုပ်ရှာနေတယ်လို့ ပြောခဲ့တယ်မလာား။ နင် ငါ့ကုမ္ပဏီရဲ့ ပြင်ပလုပ်ငန်းပိုင်းကို တာဝန်ယူရတဲ့ ဌာနခွဲမန်နေဂျာလုပ်ဖို့ ငါ့ကုမ္ပဏီကို ဘာဖြစ်လို့ တိုက်ရိုက်မဝင်ရမှာလဲ။”

လင်းရှောင်ချီးသည် ခဏလောက် အံ့အားသင့်သွားပြီး “အဲဒါ သိပ်မကောင်းပါဘူး။ နင်က ကုမ္ပဏီကို အခုမှ တာဝန်ယူရုံပဲ ရှိသေးတာကို နင့်လူတွေကို ကုမ္ပဏီထဲ သွင်းချင်နေပြီလား…” ဟု တိုးတိုးလေး ပြောလာခဲ့သည်။

“အဲဒါ ဘာမှားလို့လဲ။” စုယန်ယန်က သူ့သူငယ်ချင်းကို ပေါ့ပေါ့ပါးပါး ပြုံးပြလိုက်သည်။ “ကုမ္ပဏီမှာ ငါ့ရာထူးနဲ့ ပတ်သက်ပြီး နားလည်မှုလွဲနေတာလား။ ဒါမှမဟုတ် နင်ရဲ့ အရည်အချင်းနဲ့ ပတ်သက်ပြီး နားလည်မှုလွဲနေတာလား။ နင် ကိုယ့်အရည်အချင်းကို ယုံကြည်မှု မရှိဘူးလား။”

“သေချာပေါက် ငါ့အရည်အချင်းကို ငါ ယုံကြည်မှုရှိတယ်၊ ဒါပေမယ့်…”

လင်းရှောင်ချီးသည် သူမ၏ ဝါကျကို ပြီးဆုံးအောင် မပြောနိုင်ခင်မှာပင် စုယန်ယန်က ကြားဖြတ်ပြောခဲ့သည်။ “အဲဒါဆို အဆင်ပြေပြီ။ ငါ နင့်အရည်အချင်းကို ကောင်းကောင်းသိတယ်။ ဒါကြောင့် နင့်ကို လက်လွှတ်လိုက်ရရင် ငါတို့ကုမ္ပဏီအတွက် ဆုံးရှုံးမှုပဲ။ ဒါဆို ဒီကိစ္စ ပြေလည်သွားပြီ။ ငါ နင့်ကို ဆက်သွယ်ဖို့ တစ်ယောက်ယောက်ကို ခိုင်းလိုက်မယ်၊ နင် နောက်တစ်ပတ်မှာ အချိန်မှန် အလုပ်ဆင်းနိုင်ပြီ။”

ထို့နောက် စုယန်ယန်သည် လင်းရှောင်ချီးကို ပြန်လည်ချေပဖို့ အခွင့်အရေးကို မပေးဘဲ သူမအိမ်တံခါးဝသို့ တိုက်ရိုက်တွန်းထုတ်ခဲ့သည်။

တံခါးဝတွင် ဟွားဟွားလေးကို ပွေ့ချီပြီး မတ်တပ်ရပ်လျက် ရှိသော လင်းရှောင်ချီးသည် ပြောစရာစကား ကင်းမဲ့နေခဲ့သည်။

လင်းရှောင်ချီးကို နှင်လွှတ်ပြီးနောက် စုယန်ယန် ခေါင်းလှည့်လိုက်သည်နှင့် သူမခွေးလေး၏ ဝမ်းနည်းပူဆွေးနေသော အကြည့်ကို တွေ့လိုက်ရသည်။

လင်းရှောင်ချီး ပြန်ခါနီးတွင် သွမ်းသွမ်းဟာ ယခင်လို သူ့ပေါင်ကို ပွေ့ဖက်ပြီး သူမနှင့်အတူ အိမ်လည်လိုက်ချင်သည့် သူ့ရဲ့ လှည့်ကွက်ဟောင်းကို ထပ်ခါတလဲလဲ ပြသရန် မည်သို့ ကြိုးစားခဲ့သည်ကို စုယန်ယန်တစ်ယောက် ပြန်လည်အမှတ်ရမိသည်။

စုယန်ယန်သည် ဒေါသတကြီး ရယ်မောလုနီးပါး ဖြစ်သွားခဲ့သည်။ “နင်... အာ… နင် တခြားသူတွေနဲ့ ဘယ်လိုရှုပ်ရမယ်ဆိုတာ တကယ်သိတာပဲ။ နင် သူ့ရှေ့မှာ သူ့သမီးနဲ့ အတူအိပ်ဖို့ကြံတုန်းက ရှောင်ချီးက နင့်ကို အပိုင်းပိုင်း မဖြတ်ခဲ့တာကတင် လုံလောက်နေပြီ။ သူမက ဝံပုလွေကို သူမအိမ်ထဲ ဘယ်လိုလုပ်ပြီး နောက်တစ်ကြိမ် ထပ်သွင်းရဲဦးမှာလဲ။”

သွမ်းသွမ်းသည် သူမပြောတာကိုကြားတော့ ဒေါသပိုကြီးလာပြီး သူ့ခန္ဓာကိုယ်လေးကို နောက်လှည့်သွားပြီး သူ့တင်ပါးလေးကိုသာ ပြသလိုက်သည်။

“အိုး… နင် တပြန် စိတ်ဆိုးနေသေးတယ်ပေါ့လေ။ ငါတို့ ထွက်မသွားခင် ငါ နင့်ကို ဘာမှာခဲ့လဲဆိုတာ ငါ့ကို ပြောစမ်းပါဦး။ ရိုလီပိုလီကို အနိုင်မကျင့်နဲ့။ ရိုလီပိုလီကို အနိုင်မကျင့်နဲ့။ နင်တို့နှစ်ယောက်က အတူတူ နေထိုင်ရမယ့် သူငယ်ချင်းတွေဖြစ်လို့ တစ်ယောက်နဲ့ တစ်ယောက် ချစ်ချစ်ခင်ခင် နေထိုင်ရမယ်။ ဒါပေမယ့် နင်၊ နင်ကတော့ ငါထွက်သွားတာနဲ့ တခြားသူတွေကို အနိုင်ကျင့်ဖို့ လုပ်နေပြီပေါ့လေ။”

“ဒါက နင့်ကို အရမ်းအလိုလိုက်ထားမိတဲ့ ငါ့အပြစ်ပဲ၊ နင်က အိမ်မှာ ပိုပိုပြီး စည်းကမ်းမဲ့လာပြီ။ နင့်ကိုကြည့်ပြီးတော့ ရိုလီပိုလီကို ပြန်ကြည့်စမ်း။ ရိုလီပိုလီက နေပူနေသ၍ သူ့စွမ်းအင်ကို ဖြည့်တင်းနိုင်ပြီး အိမ်သန့်ရှင်းရေးနဲ့ အိမ်အလုပ်တွေကိုတောင် ကူလုပ်ပေးနိုင်တယ်။ ရိုလီပိုလီက နာခံတယ်၊ ဉာဏ်ရည်ထက်မြက်ပြီး အရည်အချင်းရှိတယ်။ နင်နဲ့ မတူဘူး၊ နင်ကတော့ အရသာရှိတဲ့ ခွေးစာတွေစားပြီး ဧကရာဇ်မင်းတစ်ပါးလို နေထိုင်ပြီး နင်က တစ်နေကုန် လူတွေကို နင့်အလိုအကြိုက်ဆောင်စေချင်တယ်။ အဲဒါအပြင် နင် အရမ်းအထက်စီးဆန်လာပြီး ဇွတ်တရွတ်နိုင်လာတယ်။”

“…” သခင်၊ ငါအရမ်းစားနေတယ်လို့ အရိပ်အမြွတ်ပြနေတာလား။ ဒီနတ်ဆိုးလေး အိမ်ထဲကို ဝင်လာပြီးတာနဲ့ နောင်အနာဂတ်မှာ ငါ ထမင်းတောင် ဗိုက်ပြည့်အောင် မစားနိုင်တော့ဘူးလား။

All Chapters