← Chapters

အခန်း ၃၈၆

Vol. 26 Ch. 386

အခန်း ၃၈၆

Vol. 26 Ch. 386

အခန်း (၃၈၆) - အမှိုက်ကောင်

စုယန်ယန်သည် သူမ ဒီလောက် အများကြီး ပြောဆိုပြီးတာတောင် သူ့ခွေးလေးက သူမရဲ့ စကားတစ်ခွန်းကိုသာ စွဲနေမှန်း မသိဘဲ သက်ပြင်းချလိုက်မိသည်။ “ဒီတစ်ခါတော့ ငါ နင့်ကို သင်ကြားပေးရမယ်။ နင် အရွယ်မရောင်ခင် အပြင်ထွက်ခွင့်မရှိဘူး။ နင် အိမ်မှာနေပြီး နင့်အမှားကိုတွေကို ပြန်သုံးသပ်နေချေ။”

သွမ်းသွမ်းသည် မြေပြင်ပေါ်တွင် မလှုပ်မယှက် လှဲလျောင်းနေပြီး သူ့နားရွက်များပင် ညွှတ်ကျနေခဲ့သည်။

သူလေးသည် ငါမကြားဘူး၊ ငါမကြားဘူးဆိုသည့် ဂါထာကိုသာ တတွတ်တွတ် ရွတ်ဆိုနေခဲ့သည်။ ဂေါ်ဖီထုပ်လေး၊ အဝါရောင်မြေကြီး… နောင်အနာဂတ်မှာ ငါလေးဟာ ဘယ်သူမှ မလိုချင်တဲ့ ဂေါ်ဖီထုပ်လေး ဖြစ်သွားလိမ့်မယ်၊ ဝူးဝူးဝူး…

စုယန်ယန်သည် မည်သည့် တုံ့ပြန်မှုမှ မရှိဘဲ ဘေးမှာ အကြာကြီး ထိုင်ကြည့်နေခဲ့သည်။ ထို့နောက် သူမသည် သူလေး၏ ခန္ဓာကိုယ်ပေါ်ရှိ သားမွှေးများကို တစ်ချက်ကြည့်လိုက်သည်။ အဆုံး၌ သူမ၏ နှလုံးသားလေး ပျော့ပျောင်းနူးညံ့သွားပြီး သွမ်းသွမ်း၏ ခေါင်းလေးကို ကူကယ်ရာမဲ့စွာ ပွတ်သပ်ပေးပြီး ဘာမှ မပြောတော့ပေ။

စုယန်ယန်သည် အိမ်ရှိ အစေခံများအား သူတို့ ဂရုမထားမိသောအချိန်တွင် သွမ်းသွမ်း အိမ်မှ နောက်တစ်ကြိမ် ထွက်ပြေးမည်ကို စိုးရိမ်၍ အသေအချာ ဂရုစိုက်ပေးထားဖို့ ညွှန်ကြားခဲ့ပြီးနောက် စိတ်သက်သာရာရသွားကာ နောက်လှည့်ချိန်တွင် သူမခင်ပွန်းသည်၏ မေးခွန်းထုတ်နေသော အကြည့်တွေကို တွေ့လိုက်ရသည်။

“ဘာဖြစ်လို့လဲ။”

“အစောက မင်းသူငယ်ချင်းကို ဘာဖြစ်လို့ အဲဒီကုမ္ပဏီကို မသွားစေချင်တာလဲ။”

စုယန်ယန်ရဲ့ အမူအရာဟာ အေးခဲသွားသည်။ “အဲဒီကုမ္ပဏီရဲ့ အထွေထွေမန်နေဂျာရဲ့ ကိုယ်ပိုင်ဘဝက ရှုပ်ထွေးတယ်လို့ ကျွန်မ ပြောလိုက်တယ်မလား။ သူမ ဒုက္ခရောက်မှာကို ကျွန်မ စိုးရိမ်တယ်။ ဒါ့အပြင်၊ သူမကို ကျွန်မကုမ္ပဏီမှာ အလုပ်လုပ်စေချင်တယ်။”

“တကယ်လား” ဟောက်ချန်ဟွမ်းသည် စုယန်ယန်၏ မျက်လုံးများကို စိုက်ကြည့်ကာ လေးနက်သောအသံဖြင့် “မင်း ကိုယ့်ကို မပြောချင်ရင် မပြောလို့ရတယ်၊ ဒါပေမယ့် ကိုယ့်ကို မလိမ်နဲ့။” ဟု ပြောလိုက်လေသည်။

စုယန်ယန်သည် နှုတ်ခမ်းစူပြီး ဟောက်ချန်ဟွမ်း၏ အကြည့်အောက်တွင် အရှုံးပေးခဲ့လေသည်။ “ကောင်းပြီ၊ အဲဒီစကားတွေက ဆင်ခြေသက်သက်ဆိုတာ ကျွန်မ ဝန်ခံပါတယ်။ တကယ့် အကြောင်းရင်းကတော့… ရှောင်ချီးရဲ့ အဖေပဲ။”

“သူမရဲ့ အဖေလား။”

“ဒါက ရှောင်ချီးရဲ့ မိသားစုကိစ္စပါ။ ဒါပေမယ့် သူမက ဒီကိစ္စကို တခြားသူတွေကို အသိပေးဖို့ စိတ်ကူးမရှိဘူးလို့ ကျွန်မ ထင်တယ်။ ရှောင်ချီးရဲ့ အဖေရင်းက အမှိုက်ကောင်ပဲ။ သူ တက္ကသိုလ်တက်တုန်းက ရှောင်ချီးရဲ့ အမေကို သူ့ကောင်မလေးဖြစ်ဖို့ အချိန်အတော်ကြာအောင် အပျော့ဆွဲဆွဲပြီး လိုက်လံပိုးပမ်းခဲ့တယ်၊ ဒါပေမယ့် တကယ်တမ်းတော့ သူ့မှာ စေ့စပ်ထားတဲ့ တခြားမိန်းကလေးရှိပြီး သူ ဘွဲ့ရပြီးတာနဲ့ လက်ထပ်ဖို့ စီစဉ်ထားတယ်။”

ဟောက်ချန်ဟွမ်းရဲ့ မျက်လုံးတွေက အေးစက်သွားသည်။ ဒီဇာတ်လမ်းက အတော်လေး ရင်းနှီးနေပေမယ့် စုယန်ယန်က “အပျော့ဆွဲဆွဲခြင်း” ဆိုတဲ့ စကားလုံးကို အသုံးပြုထားတာကြောင့် အဆုံးသတ်ဟာ ဟောက်ရှောက်ဖုန်းနဲ့ လုံးဝကို ကွဲပြားခြားနားသွားပုံရပါသည်။

“ရှောင်ချီးရဲ့ အမေဟာ ဒီအဖြစ်အပျက်ကို မတော်တဆ သိလိုက်ရတယ်။ အဲဒီအချိန်မှာ သူမဟာ ရှောင်ချီးကို ကိုယ်ဝန်လွယ်ထားရပြီ။ သူမက ဒေါသတကြီးနဲ့ ရှောင်ချီးရဲ့ အဖေရင်းနဲ့ အဆက်အသွယ်ဖြတ်ပြီး ရှောင်ချီးနဲ့ အဝေးကို ထွက်သွားခဲ့တယ်။”

“ဒါဆို မင်းပြောတဲ့ သူ့အဖေက…”

“ရှောင်ချီးရဲ့ အဖေရင်းက သူပြောခဲ့တဲ့ ချီယန်ကော်ပိုရေးရှင်း အထွေထွေမန်နေဂျာနဲ့ အတော်လေး ခင်မင်ရင်းနှီးတယ်။ သူမ အဲဒီကုမ္ပဏီမှာ အလုပ်ဝင်ပြီးရင် သူမနဲ့ မဆုံစည်းသင့်တဲ့လူတွေနဲ့ တွေ့ပြီး နှောင့်ယှက်ခံရမှာကို ကျွန်မ ကြောက်တယ်။”

မကြာသေးမီက သူမသည် အရမ်းအလုပ်များလွန်းတာကြောင့် ဒီကိစ္စကို မေ့လျော့သွားပြီး လင်းရှောင်ချီးသည် မီးတွင်းထဲသို့ ထပ်မံ ပြုတ်ကျလုနီးပါး ဖြစ်ခဲ့ရသည်။

“တကယ်တော့ ကျွန်မ ရှောင်ချီးကို အခု ပြောခဲ့တာတွေက လုံးဝ အမှားချည်းပဲတော့ မဟုတ်ဘူး။ အနည်းဆုံးတော့ အဲဒီအထွေထွေမန်နေဂျာက လူကောင်းတစ်ယောက် မဟုတ်တာ သေချာတယ်။”

လင်းရှောင်ချီးသည် သူမ၏ အမှိုက်ကောင် ဖခင်ဖြစ်သူရဲ့ အိမ်သို့ ပြန်သွားပြီးနောက် စုယန်ယန်သည် ထိုအကြောင်းကို သိလိုက်ရသည်။ ချီယန်ကော်ပိုရေးရှင်း၏ အထွေထွေမန်နေဂျာသည် အမှန်တကယ်ပင် သူ့အောက်ပိုင်းကို မထိန်းသိမ်းနိုင်တဲ့ ပရော်ဖက်ရှင်နယ် လူယုတ်မာတစ်ယောက်ပါ။

သို့ရာတွင် သူ့ယောက္ခထီးဟာ အဲဒီကုမ္ပဏီရဲ့ ဒါရိုက်တာများထဲမှာ တစ်ယောက် ဖြစ်လေသည်။ သူက ဆော့ကစားရတာကို ဝါသနာပါပေမယ့် သူ့ရဲ့ ရှက်စရာကောင်းတဲ့ လုပ်ရပ်တွေကို သူ့ယောက္ခထီးအား သိခွင့်မပေးရဲဘူး။ အနည်းဆုံးတော့ သူ့ယောက္ခထီး အရှက်မရစေဖို့အတွက် ဒီကိစ္စကို ကုမ္ပဏီမှာ မပြုလုပ်ရဲဘူး။

ထို့ကြောင့် လင်းရှောင်ချီး မတိုင်မီက သူသည် ကုမ္ပဏီရှိ အမျိုးသမီးဝန်ထမ်းတစ်ဦးတစ်ယောက်ကိုမျှ ပစ်မှတ်မထားခဲ့ပေ။

သို့သော်လည်း လင်းရှောင်ချီးသည် သူ့လက်ထောက်ဖြစ်လာပြီးနောက် အထွေထွေမန်နေဂျာသည် လင်းရှောင်ချီးက လှပသောကြောင့်လား သို့မဟုတ် လင်းရှောင်ချီးသည် သူ အကြိမ်ပေါင်းများစွာ အရိပ်အမြွတ် ပြောဆိုနေသော်လည်း မတုန်မလှုပ် ဖြစ်နေသောကြောင့်လားတော့ မသိပေ။ အဲဒီအစား လင်းရှောင်ချီး၏ လျစ်လျူရှုသော အသွင်အပြင်သည် သူမအား သူ့ရဲ့ အနိုင်ယူလိုသော ဆန္ဒကို နှိုးဆွပေးခဲ့လေသည်။

သူသည် လင်းရှောင်ချီးကို သူနှင့် အတူအိပ်ဖို့ ပွင့်ပွင့်လင်းလင်း ထုတ်ပြောလာခဲ့သည်။ လင်းရှောင်ချီးက သူ့ကို ငြင်းဆိုပြီးနောက်တွင် သူ့ကို အသုံးတော်ခံဖို့ သူမအား အတင်းအကြပ် ခိုင်းစေခဲ့သည်။

All Chapters