← Chapters

အခန်း ၃၈၇

Vol. 26 Ch. 387

အခန်း ၃၈၇

Vol. 26 Ch. 387

အခန်း (၃၈၇) - ကြိုတင်စီစဥ်ခြင်း

အဆုံးတွင် သူ မအောင်မြင်ခဲ့သော်လည်း စုယန်ယန်သည် ထိုအကြောင်းကို ပြန်တွေးတိုင်း ဒေါသထွက်နေဆဲ ဖြစ်သည်။

“ဘယ်လိုပဲဖြစ်ဖြစ် ရှောင်ချီး အဲဒီကုမ္ပဏီမှာ အလုပ်လုပ်မယ်ဆိုရင် ချိန်ကိုက်ဗုံးကို ကိုင်ဆောင်ထားတာနဲ့ မခြားနားဘူး။ အရင်က မသိခဲ့ပေမယ့် အခု သိလိုက်ရပြီဆိုတော့ သူ မီးထဲခုန်ဆင်းသွားမှာကို ဒီအတိုင်း ကြည့်မနေနိုင်ဘူး။”

ဟောက်ချန်ဟွမ်းသည် မျက်မှောင်ကြုတ်ပြီး မေးလိုက်သည်။ “လင်းရှောင်ချီးက သူမရဲ့ အဖေရင်းအပေါ် ဘယ်လိုစိတ်ရှိလဲ။”

သူ့ရဲ့ ချစ်လှစွာသော ဇနီးသည်က လင်းရှောင်ချီးကို ကာကွယ်ဖို့ အစွမ်းကုန် ကြိုးစားခဲ့ပေမယ့် ဒီအတွက်ကြောင့် သူမ အပြစ်တင်ခံရမှာကိုတော့ သူ မဖြစ်စေချင်ဘူး။

“ရှောင်ချီးက သူ့အမေနဲ့ ဆက်ဆံရေးကောင်းတယ်။ သူ့အမေက သူ့အဖေရင်းအကြောင်းကို ဘယ်တော့မှ မဖုံးကွယ်ထားဘူး။ ဒါကြောင့် ရှောင်ချီးက သူ့အဖေကို အရမ်းမုန်းတယ်။ သူ့ကို အဖေအဖြစ် အသိအမှတ်ပြုဖို့ ဘယ်တုန်းကမှ မတွေးဖူးဘူး။”

ခြေလှမ်းတစ်သောင်း နောက်ပြန်ဆုတ်သွားသည့်တိုင် လင်းရှောင်ချီးသည် သူ့ဖခင်ကို သိရှိဖို့ စောင့်မျှော်နေဆဲ ဖြစ်သည်။ သူမ၏ ယခင်ဘဝက လင်းရှောင်းချီးတစ်ယောက် ထိုအိမ်သို့ ပြန်သွားသောအခါ သူမ ဖြတ်သန်းခဲ့ရသော ဝဋ်ဆင်းရဲများနှင့် အတိဒုက္ခအားလုံးကို တွေးမိသောအခါ စုယန်ယန်သည် လင်းရှောင်ချီးကို သူမ၏ လူယုတ်မာဖခင်နှင့် အလွန်အမင်း အဆက်အသွယ် ပြုလုပ်ပေးခွင့်ရန် လုံးဝ မဖြစ်နိုင်ပေ။

“အဲဒါ ကောင်းတယ်။” ဟောက်ချန်ဟွမ်းသည် ဒီအကြောင်းကို ခဏလောက် စဉ်းစားပြီး သူမကို အသံတိုးတိုးနှင့် သတိပေးခဲ့သည်။ “ဒါပေမယ့် အထူးသဖြင့် တစ်ဖက်က ရှာဖွေချင်နေတယ်ဆိုရင် ဒီကိစ္စကို ဖုံးကွယ်ထားဖို့ သိပ်မလွယ်မှာကို ကိုယ် စိုးရိမ်တယ်။”

စုယန်ယန်၏ အမူအရာဟာ လေးနက်သွားသည်။ သူမသည်လည်း ဒါကို သိသိသာသာ စိုးရိမ်နေမိသည်။

“ခြေလှမ်း တစ်လှမ်းချင်းစီ လှမ်းကြတာပေါ့။”

စုမိသားစုသို့ အိမ်လည်ပြန်ပြီးနောက် စုယန်ယန်သည် အလုပ်များလာပြန်သည်။ သူမသည် နောက်အပတ်တွင် သင်ကြားမည့် စာအုပ်အချို့ကို ယဲ့ချီလျန့်ထံ အရင်ဆုံး ပေးပို့ခဲ့ပြီး အပ်စိုက်ကုထုံးကို သင်ကြားသောအခါတွင် အသုံးပြုနိုင်ရန် လူ့ခန္ဓာကိုယ်ရှိ အပ်စိုက်အမှတ်အမျိုးမျိုးကို အမှတ်အသား ပြုထားသည့် စာအုပ်တစ်အုပ်ကို ဖန်တီးပြုလုပ်ပေးရန် သူ့ကို တောင်းဆိုခဲ့သည်။

အရင်ကပြောခဲ့သလိုပဲ၊ တရုတ်ဆေးဖက်ဝင်ပစ္စည်းတွေ ပျောက်ကွယ်သွားပြီးတဲ့နောက် တရုတ်တိုင်းရင်းဆေးရဲ့ စွမ်းအားက တဖြည်းဖြည်း အားနည်းလာပြီး ဆက်စပ်လျက်ရှိသည့် အချက်အလက်များသည်လည်း ပျောက်ကွယ်သွားခဲ့ပါသည်။

အပ်စိုက်ကုထုံးနှင့် ခွဲစိတ်ကုသခြင်း ဟူသော ဝေါဟာရကို ရှေးဟောင်းစာအုပ်တစ်အုပ်မှ ယဲ့ချီလျန့်သည် အမှတ်တမဲ့ ဖတ်ရှုခဲ့ဖူးပါသည်။ ထိုသို့သော အရာတစ်ခု ရှိသည်ကို သူ သိသော်လည်း ထိုအရာက ဘယ်လို အလုပ်လုပ်တယ်ဆိုတာကို သူ မသိဘူး။

စုယန်ယန်ထံမှ သုံးဖက်မြင် အပ်စိုက်ကုထုံးမှတ် တည်ရှိပုံ ပုံကြမ်းကို လက်ခံရရှိပြီးနောက် ယဲ့ချီလျန့်သည် ရတနာတစ်ခုကို ရှာဖွေတွေ့ရှိသကဲ့သို့ ခံစားခဲ့ရပြီး စုယန်ယန်၏ တောင်းဆိုချက်များကို ချက်ချင်း သဘောတူခဲ့သည်။ သူမ လိုချင်တဲ့အရာတွေကို နောက်အပတ် မတိုင်ခင် အဆင်သင့် ရစေမည်ဟု ကတိပေးခဲ့ပါသည်။

တစ်ချိန်တည်းမှာပင် သူသည် ကျောင်းသားများအတွက် ဆောလျင်စွာ ရေးဆွဲထားသော အာမခံစာ တစ်စောင်ကို စုယန်ယန်အား ပြန်လည်သုံးသပ်ရန် ပေးပိုခဲ့သည်။

စုယန်ယန်သည် ဤအာမခံစာတွင် ယခင်ဖော်ပြထားသော လိုအပ်ချက်များအပြင်၊ ပိုမိုလုံခြုံသော အာမခံချက်အချို့ပါ ပါရှိကြောင်း တွေခဲ့ရပါသည်။

ဥပမာအားဖြင့် ‘ဤသင်တန်းတွင် တက်ရောက်သည့် ကျောင်းသားများသည် ဆရာ သို့မဟုတ် ကျောင်း၏ ခွင့်ပြုချက်မရှိဘဲ သင်ယူခဲ့သမျှကို အခြားသူများအား ပြန်လည်သင်ကြားပို့ချခွင့်မရှိပါ’ သို့မဟုတ် ‘လူအများ၏ အာရုံစူးစိုက်မှဒကို ဖမ်းစားနိုင်ရန် ဆရာ၏ အမည်နာမကို ပြင်ပတွင် အသုံးပြုခွင့်မရှိပါ’ အစရှိသဖြင့် အာမခံချက်များ ပါဝင်လာခဲ့ပါသည်။

ယဲ့ချီလျန့်သည် ဤကျောင်း၏ ဝိသေသလက္ခဏာအဖြစ် တက္ကသိုလ်အေတွင် ဤအသိပညာအားလုံးကို လက်ဝါးကြီးအုပ်ရန် ကြိုးစားနေတာလား။

ဘယ်ဟုတ်ပါ့မလဲ။ စုယန်ယန်သည်ပင် အရမ်းရက်ရောပြီး သူမ၏ လျှို့ဝှက်ချက်ကို မဖုံးကွယ်ထားခဲ့ပါဘူး။ ကြားလူတစ်ယောက်အနေနဲ့၊ သူကတော့ ဒီကိစ္စကို သိပ်တွေးနေမှာ မဟုတ်ပါဘူး။

ဒီအသိပညာကို လူထုက အသိအမှတ်ပြုဖို့ သူ့ထက် ဘယ်သူကမှ ပိုမမျှော်လင့်ပါဘူး။

သို့ရာတွင် သူ့ထံ ပေးပို့လာခဲ့သော စုယန်ယန်၏ ယခင် တောင်းဆိုချက်များကြောင့် သူဟာ လွန်စွာ စိတ်မရှည်သေးကြောင်း သူ့ကို သိလာစေခဲ့သည်။

လူသားများသည် အသစ်အသစ်သောအရာများကို လက်ခံနိုင်ရန် အချိန်အတိုင်းအတာ တစ်ခု လိုအပ်ကြသည်။ ထိုအချိန်ကာလသည် သူတို့အတွက် အလွန်အရေးကြီးပါသည်။

ဤအချိန်ကာလအတွင်း တစ်စုံတစ်ယောက် အမှားလုပ်မိသည်နှင့် တပြိုင်နက် လူတွေက ဒါဟာ မကောင်းတဲ့အရာလို့ ရှုမြင်လာကြလိမ့်မယ်။

စုယန်ယန်၏ တောင်းဆိုချက်များသည် ကျောင်းသားများကိုသာ ကန့်သတ်ထားသည်။ ဝေဒနာခံစားနေရသော လူနာများကို မထိခိုက်စေရန် ဤအရာများကို သုံးစွဲခွင့်မပြုပါ။

ယဲ့ချီလျန့်၏ စည်းကမ်းချက်များသည် ကျောင်းသားများကို ကန့်သတ်ထားရုံသာမက အချို့သော ကျောင်းသားများ၏ ဆရာဖြစ်ခွင့်ကိုလည်း တားမြစ်ထားသည်။ အကယ်၍ ကျွမ်းကျင်စွာ မတက်မြောက်ခင် အခြားသူများကို ပြန်လည်သင်ကြားပြသခဲ့ပါက၊ သူတို့သည် ဉာဏ်ရည်ထက်ဝက်မျှသာရှိသော လူများအား လှည့်စားနိုင်ပြီးတော့ တရုတ်တိုင်းရင်းဆေး၏ နာမည်ဂုဏ်သတင်းကို ထိခိုက်စေပါလိမ့်မည်။

All Chapters