အခန်း ၃၈၈
Vol. 26 Ch. 388
အခန်း (၃၈၈) - ခံစားချက် တစ်စုံတစ်ရာ
စုယန်ယန်သည် ယဲ့ချီလျန့်တစ်ယောက် သူမ၏ ယခင် တောင်းဆိုချက်များနှင့် ပတ်သက်၍ ဤမျှ အလေးအနက် ထားရှိလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။ သူမသည် တိတ်တဆိတ် သက်ပြင်းချမိသည်။ အဘိုးအိုသည် အတွေ့အကြုံများစွာရှိပြီး သူ့အမြင်သည် ငယ်ရွယ်သူများထက် ပိုမိုကျယ်ပြန့်သည်။
စုယန်ယန်သည် သူမအတွက် အကျိုးရှိစေမည့် စည်းကမ်းချက်များကို ငြင်းဆိုရန် အကြောင်းမရှိပါ။ စုယန်ယန်သည် ယဲ့ချီလျန့်အား ဤအာမခံချက်များကို အမြန်ဆုံး အကောင်အထည်ဖော်ရန် ချက်ချင်း တောင်းဆိုခဲ့သည်။
ယဲ့ချီလျန့်သည် ကျောင်းကိစ္စများကို ကြည့်ရှုရန် ကူညီခဲ့သည်။ လော့ဝေပင်းသည် လမကုန်ခင် တုန်ချမ်းအင်တာတိန်းမန့်နှင့် ဆယ်နှစ်စာ စာချုပ်ကို အောင်မြင်စွာ ချုပ်ဆိုခဲ့သည်။ ကုမ္ပဏီတွင်းမှ လူသစ်များသည်လည်း အရင်းအမြစ်များ ရရှိရန် ကြိုးစားအားထုတ်ခဲ့ကြသည်။ ကုမ္ပဏီသည် ကြီးမားသော ပြောင်းလဲမှုကြီးပြီးနောက် တဖြည်းဖြည်း လမ်းကြောင်းမှန်ပေါ်ရောက်လာခဲ့သည်။
အရာအားလုံးသည် သူမဆန္ဒအတိုင်းဖြစ်ခဲ့ပေမယ့် စုယန်ယန်ကို အပျော်ဆုံးဖြစ်စေခဲ့သည်မှာ ဟောက်ချန်ဟွမ်း၏ ခြေထောက်တွေဟာ တစ်လကျော်ကြာ မဆုတ်မနစ် ကြိုးစားခဲ့ရပြီးနောက် သိသာထင်ရှားသော ပြောင်းလဲမှုတစ်ခု ဖြစ်လာခဲ့သည်။
“ရှင် ကျွန်မ ဆွဲညှစ်နေတာကို ခံစားရလား။” စုယန်ယန်က သူ့ဒူးကို ဆွဲညှစ်လိုက်သည်။
“အင်း”
“ဒီနေရာဆိုရင်ရော…” သူမလက်က အောက်ကို လျောကျသွားခဲ့သည်။
“အင်း သိတယ်။”
“ဒါဆိုရင်ရော ဘယ်လိုလဲ။” စုယန်ယန်သည် သူမ၏ စိတ်လှုပ်ရှားမှုကို မျိုသိပ်ထားပြီး သူ့ကို မေးလိုက်ပြန်သည်။
ဟောက်ချန်ဟွမ်းက ပြန်မဖြေခင်မှာ သူမ၏ လက်ကို အရင်ဆုံး ဆုပ်ကိုင်လိုက်ပါသည်။
“အင်း”
“မင်း ဒီအတိုင်း ဆက်ကိုင်နေဦးမယ်ဆိုရင်၊ သာမာန်မဟုတ်တဲ့ အရာတစ်ခု ဖြစ်လာမှာကို ကိုယ် အာမ မခံနိုင်ဘူး။”
“ဘာကိုလဲ” စုယန်ယန်သည် ဟောက်ချန်ဟွမ်း၏ စကားအဓိပ္ပါယ်ကို နားမလည်မီ စက္ကန့်အနည်းငယ်မျှ ကြက်သေ သေနေခဲ့သည်။ သူမသည် နီရဲနေတဲ့ မျက်နှာနဲ့ မတ်တပ်ထရပ်ပြီး “ရှင့်ခြေထောက်အကြောင်း ပြောနေတာလေ။ ရှင် စကား လမ်းကြောင်း မပြောင်းလိုက်နဲ့။” ဟု ဆိုလိုက်သည်။
ထို့နောက် ဟောက်ချန်ဟွမ်းတစ်ယောက် စကားလမ်းကြောင်း ပြောင်းလိုက်မှာကို ကြောက်ရွံ့နေသကဲ့သို့ အသက်ပြင်းပြင်းရှုကာ သူမ၏ မျက်လုံးများသည် အနည်းငယ် ကြည်လင်လာခဲ့သည်။ “ကျွန်မ ရှင့်ကို ပေါ့ပေါ့ပါးပါး ထိလိုက်ရင်တောင် ရှင် ခံစားရတယ်လား။”
“အင်း” ဟောက်ချန်ဟွမ်းသည် စုယန်ယန်၏ တောက်ပနေသော မျက်လုံးများကို ကြည့်ပြီး ရင်ခုန်နှုန်း မြန်ဆန်သွားသည်။
ကားအက်ဆီးဒင့်ကနေ နိုးလာကလည်းက သူ့ခြေထောက်နှစ်ဖက်ဟာ ခံစားချက်တွေ ပျောက်ဆုံးသွားခဲ့သည်။ သူ့ခြေထောက်တွေဟာ ရှိနေဆဲဖြစ်ပေမယ့် အလှဆင်ထားသလိုမျိုး ခံစားမှု ကင်းမဲ့နေခဲ့သည်။ သူ သွားလာလှုပ်ရှားတာ သို့မဟုတ် ခုန်တာမျိုး လုပ်နိုင်ဖို့ နေနေသာသာ မတ်တပ်တောင် မရပ်နိုင်ခဲ့ဘူး။
ဒါပေမယ့် အခုတော့ သူ့ခြေထောက်တွေမှာ ဆွဲညှစ်လိုက်တဲ့ လက်ရဲ့ သိမ်မွေ့တဲ့ ခွန်အားကို ခံစားနိုင်ခဲ့ပြီ။
ထိုအခိုက်အတန့်တွင် သူ့ရဲ့ ခံစားမှုကင်းမဲ့နေသော ခြေထောက်များသည် ရုတ်တရတ် အသက်ဝင်လာပုံရပြီး မမြင်နိုင်သော ဆံခြည်မျှင် သွေးကြောများများတစ်လျှောက် ခန္ဓာကိုယ် အစိတ်အပိုင်းအားလုံဆီသို့ ပွက်ပွက်ဆူနေသော သွေးများ စီးဆင်းသွားကာ သူ့ကို နွေးထွေးစေခဲ့သည်။
“အဲဒါ အရမ်းကောင်းတယ်။ ရှင် ဒီလိုခံစားရတယ်ဆိုတော့ ရှင့်ရဲ့ သွေးကြောတွေ ချိတ်ဆက်ပြီး တဖြည်းဖြည်း ပြန်ကောင်းလာတယ်လို့ ဆိုလိုတာပဲ။” စုယန်ယန်၏ မျက်လုံးများသည် အနည်းငယ် နီရဲနေပြီး ဟောက်ချန်ဟွမ်းရဲ့ လက်ကို တင်းတင်းဆုပ်ကိုင်ထားကာ စိတ်လှုပ်ရှားစွာ စကားပြောလာခဲ့သည်။ “ခဏပဲစောင့်၊ ခဏပဲစောင့်။ ရှင် မကြာခင် မတ်တပ်ပြန်ရပ်နိုင်တော့မယ်၊ သိပ်မကြာခင်…”
“အင်း” ဟောက်ချန်ဟွမ်းသည် စုယန်ယန်၏ လက်ကို ဆုပ်ကိုင်ထားပြီး သူမကို စနောက်ကျီစယ်ခဲ့သည်။ “တကယ်တော့ ကိုယ့်ရဲ့ တခြားရောဂါက တော်တော်လေး ပြန်ကောင်းနေပြီလို့ ကိုယ်ထင်တယ်။ ကိုယ် မတ်တပ်ပြန်မရပ်နိုင်ခင် အပြည့်အဝ ပြန်ကောင်းနိုင်ရမယ်။”
စုယန်ယန်သည် အနည်းငယ် လန့်ဖျပ်သွားခဲ့သည်။ ဟောက်ချန်ဟွမ်း ပြောနေတာကို သူမ နားလည်သဘောပေါက်သွားသည်နှင့် သူမသည် ခေါင်းငုံ့ကာ မသိစိတ်က တစ်ချက်ကြည့်လိုက်မိသည်…
စုယန်ယန်သည် ခပ်ဖွဖွ ချောင်းဟန့်ပြီး သူ့လက်ထဲမှ သူမ၏ လက်ကို ပြန်ဆွဲထုတ်လိုက်သည်။ “ရှင့်ခြေထောက်တွေ နှစ်အတော်ကြာ လမ်းမလျှောက်ရတော့ ပိန်လှီသွားခဲ့ပြီ။ ရှင့်ကို ပြန်လည်ထူထောင်ရေး လေ့ကျင့်ခန်းလုပ်ဖို့ အခန်းတစ်ခု စီစဉ်ပေးဖို့ ဦးလေးကျန်းကို ကျွန်မ ပြောလိုက်ဦးမယ်။”
ထိုစကားအနည်းငယ်ကို ချန်ထားခဲ့ပြီးနောက် စုယန်ယန်သည် သူမနောက်သို့ ကြောက်စရာကောင်းသော သားရဲတစ်ကောင် လိုက်နေသကဲ့သို့ နောက်မလှည့်ကြည့်စတမ်း ပြေးသွားခဲ့ပါသည်။
သူမ လှည့်ပြေးသွားသည့် အခိုက်အတန့်တွင် ဟောက်ချန်ဟွမ်းသည် သူမ၏ မျက်နှာနှင့် နားရွက်ဖျားလေးတွေဟာ ပြုတ်ထားသော ပုဇွန်ကဲ့သို့ ရဲရဲနီနေသည်ကို ယောင်ဝါးဝါး မြင်လိုက်ရပါသည်။
ဟောက်ချန်ဟွမ်းသည် စုယန်ယန် ထွက်ပြေးသွားသည်ကို ပြုံးပြုံးလေး ထိုင်ကြည့်နေခဲ့ပြီး သူ့အပြုံးသည် လေပြေလေညင်း တိုက်ခတ်သွားသော ရေမျက်နှာပြင်ကဲ့သို့ အနည်းငယ် လှိုင်းထလာပြီး နက်နဲကာ စွဲမယ်ဖွယ် ဖြစ်လာခဲ့သည်။
တစ်ချိန်တုန်းက သူ့နှလုံးသားလေးကို ပိုင်ဆိုင်ရဖို့ နေနေသာသာ ဒီဘဝမှာ မတ်တပ်ပြန်ရပ်နိုင်ဖို့ဆိုတာ မဖြစ်နိုင်ဘူးဟု သူထင်ခဲ့သည်။
အခု သူ မတ်တပ်ပြန်ရပ်နိုင်မည့် မျှော်လင့်ချက်ကို သူ မြင်နေရရုံတင်မကဘူး၊ မဝေးတော့တဲ့ အနာဂတ်မှာ သူ့နှလုံးသားလေး သူမနှင့် သက်ဆိုင်သည့် သူတို့ရဲ့ သွေးသား ကလေးတစ်ယောက်တောင် ရနိုင်ပါလိမ့်ဦးမည်။