← Chapters

အခန်း ၃၉၁

Vol. 27 Ch. 391

အခန်း ၃၉၁

Vol. 27 Ch. 391

အခန်း (၃၉၁) - သူ့ကို မင်းအယောင်ဆောင်ပါစေ

လီကျင်းဝမ်သည် စုယန်ယန်၏ စကားကို ကြားသောအခါ စိတ်သက်သာရာရသွားခဲ့သည်။ သူက အလျင်စလို ပြောလာခဲ့သည်။ “ကောင်းပါပြီ၊ ကျွန်တော် နားလည်ပါပြီ။ စိတ်မပူပါနဲ့။ မင်း မရောက်လာမချင်း ကျွန်တော်တို့ ဆိုင်ကို သေချာစောင့်ပေးပါ့မယ်။”

စုယန်ယန်သည် ဖုန်းချပြီးနောက် စိုးရိမ်ပူပန်နေဆဲ ဖြစ်သည်။ သူမသည် ခဏလောက် တုံ့ဆိုင်းနေပြီးနောက် ယဲ့ချီလျန့်ကို ဖုန်းခေါ်ပြီး ဖြစ်ပျက်သမျှ အကြောင်းစုံကို ပြောပြခဲ့သည်။

ယဲ့ချီလျန့်သည် လေပြင်းများနှင့် လှိုင်းလုံးများကို ရင်ဆိုင်ဖြတ်ကျော်ခဲ့ဖူးသူ ဖြစ်သည်။ သူသည် စုယန်ယန်၏ စကားတွေကို ကြားပြီးနောက် ဤကိစ္စဟာ တစ်ခုခု လွဲမှားနေကြောင်း နားလည်သဘောပေါက်ခဲ့ပြီး စုယန်ယန်၏ သူ့ကို ဖုန်းခေါ်ဆိုရခြင်း ရည်ရွယ်ချက်ကို မှန်းဆမိခဲ့သည်။

“ဒါက နည်းနည်းတော့ ထူးဆန်းတယ်။ ဒီလိုဆိုရင်ရော ဘယ်လိုလဲ၊ စစ်ဆေးရေးဌာနက ငါ့သူငယ်ချင်းဟောင်းကို ဆက်သွယ်ပြီး မင်းဆိုင်ကို လာကြည့်ခိုင်းလိုက်မယ်လေ။ သူ စစ်ဆေးမယ်ဆိုရင် ဘယ်စစ်ဆေးရေးမှုးဖြစ်ဖြစ် ဘာမှ မလုပ်ဝံ့ကြဘူး။”

“ကျေးဇူးပါ၊ ပရော်ဖက်ဆာယဲ့”

စုယန်ယန်သည် ပြင်ပြအကူအညီကို ရရှိခဲ့ပြီးနောက် အဆိုပါ သတင်းကို မသိစိတ်က ရှာဖွေကြည့်ခဲ့ည်။ အမှန်ပင်၊ စုယန်ယန်သည် သူမ၏ စားသောက်ဆိုင်အကြောင်း မကောင်းရေးသားသည့် ဆောင်းပါးကို သတင်းရှာဖွေမှု ထိပ်ဆုံးတွင် ဖော်ပြထားသည်ကို သူမ တွေ့လိုက်ရသည်။

(နာမည်ကျော် တိုက်ရိုက်ထုတ်လွှင့်တင်ဆက်သူ၏ စားသောက်ဆိုင်ရှိ ဟင်းလျာကြောင့် လူတစ်ယောက် သေဆုံးသွားခဲ့ရသည်။ အဆိုပါဖြစ်ရပ်ကြောင့် သက်ဆိုင်ရာဌာနတွေက လာရောက်စစ်ဆေးခဲ့ပါသည်။)

(နာမည်ကျော် တိုက်ရိုက်ထုတ်လွှင့်တင်ဆက်သူ၏ စားသောက်ဆိုင်ရှိ ဟင်းလျာများတွင် တားမြစ်ဆေးဝါးများ ပါဝင်သည်ဟု သံသယရှိပြီး အခုလောလောဆယ်တွင် ဆိုင်ကို စစ်ဆေးရန် ပိတ်ထားပါသည်။)

ဒီသတင်းက ပေါက်ကြားလာခဲ့သည့်အတွက် အင်တာနက်ပေါ်မှာ အမျိုးမျိုးသော မှတ်ချက်တွေ ရှိလာခဲ့ကြသည်။

သူမ၏ သစ္စာရှိပရိသတ်တွေက သူမကို ထောက်ခံကြသော်လည်း အများစုမှာ ကမ္ဘာကြီးကို ပြောင်းပြန်လှန်နိုင်စွမ်းရှိတဲ့ ကီးဘုတ်ဖိုက်တာတွေ ဖြစ်ကြသည်။ အဆိုပါ သတင်းတွေကြောင့် လှည့်ဖြားခံရပြီး စုယန်ယန်ကို ဆန့်ကျင်ရန် ရွေးချယ်ခဲ့ကြသည့် ဖြတ်သွားဖြတ်လာတွေလည်း ရှိပါသည်။

ဟုတ်ပါတယ်၊ ဒါ့အပြင် သူမကို မနာလိုဖြစ်ပေမယ့် ဘာမှ မလုပ်နိုင်တဲ့ တင်ဆက်သူတချို့လည်း ရှိခဲ့ပါသေးသည်။

“သူမ ဘယ်လို နာမည်ကြီးလာတယ်ဆိုတာ ငါ တကယ် မသိဘူး။ သူမ လုပ်ထားတဲ့ အစားအသောက်တွေက ကြောက်စရာကောင်းပေမယ့် တကယ်ပဲ သူမကို ပံ့ပိုးပေးတဲ့သူတွေရှိတယ်”၊ “အလွန်အမင်း စန်းတင်တဲ့အနေနဲ့ နေ့တိုင်း သူမရဲ့ တိုက်ရိုက်ထုတ်လွှင့်မှုမှာ ပိုက်ဆံသုံးဖို့ တစ်ယောက်ယောက်ကို ရှာဖွေခဲ့သေးတယ်။ လူတိုင်းကို အရူးလို့များ သူမက ထင်နေတာလား။ တစ်နေ့ ဒီလိုဖြစ်လိမ့်မယ်လို့ ငါကြိုသိပြီးသားပါ၊ ဒါက သူမနဲ့ ထိုက်တန်တယ်။” အစရှိသော ပို့စ်များကို မြင်တွေ့ခဲ့ရပါသည်။

သူတို့က သူမရဲ့ မျက်နှာမပြဘဲ တိုက်ရိုက်ထုတ်လွှင့်တင်ဆက်တာကိုတောင်မှ လှောင်ပြောင်ပြောဆိုခဲ့ပါသေးသည်။ တချို့လူတွေက သူမဟာ အသက်လေးဆယ်ကျော် အဘွားကြီးဖြစ်မယ်လို့တောင် ထောက်ပြကြပါသည်။ သူမသည် ကြည့်ရှုသူများ၏ အမေ သို့မဟုတ် အဖွားအရွယ် ဖြစ်နိုင်တာကိုတောင် သူမကို အားပေးချင်နေကြတဲ့ လူတစ်စု ရှိနေဆဲပင်။ ဘယ်လောက် ရွံစရာကောင်းလိုက်သလဲ။

ဒီလို ပြင်းထန်ပြီး မနှစ်မြို့ဖွယ်ကောင်းသည့် ပုဂ္ဂိုလ်ရေး တိုက်ခိုက်မှုတွေဥို ကြည့်ရင်း စုယန်ယန်တစ်ယောက် ဒေါသမထွက်ဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။

သို့သော်လည်း သူမ၏ စားသောက်ဆိုင်တွင် မတော်တဆမှု ဖြစ်ပျက်ခဲ့သည်ကို သူမ နားလည်သဘောပေါက်သည်၊ အဆိုပါကိစ္စနှင့် စပ်လျဉ်းသည့် သတင်းများသည် အင်တာနက်ပေါ်တွင် ရှိနှင့်ပြီးဖြစ်သည်။ ဒီနောက်ကွယ်မှာ တစ်စုံတစ်ယောက် သေချာပေါက် ရှိနေပါလိမ့်မည်။

လူထုအမြင်ကို လမ်းညွှန်ရန် ဤသို့သော မှတ်ချက်များ၏ ဆယ်ခုတွင် ကိုးခုမှာ နောက်ကွယ်မှ တစ်စုံတစ်ယောက်မှ ကြိုးကိုင်ထားတာ ဖြစ်နိုင်သည်။

စုယန်ယန်သည် သူမ၏ စိတ်ထဲတွင် ဒေါသတွေကို မျိုသိပ်ကာ သူမ၏ အမျိုးသားအား အကူအညီတောင်းဖို့ ရွေးချယ်လိုက်သည်။

ဖုန်းခေါ်ဆိုမှု ချိတ်ဆက်သွားသည်နှင့် ဟောက်ချန်ဟွမ်း၏ အသံ ထွက်ပေါ်လာခဲ့သည်။ “ယန်ယန်၊ မင်း အခု ဘယ်မှာလဲ။”

“ကျွန်မ စားသောက်ဆိုင်ကို သွားနေတဲ့ လမ်းမှာပါ။ စားသောက်ဆိုင်က…”

“ကိုယ် သိတယ်။ မင်း အခု သွားနေတာလား။” ဟောက်ချန်ဟွမ်းက စုယန်ယန်ရဲ့ စကားကို ကြားဖြတ်ပြောဆိုခဲ့ပြီး မျက်မှောင်ကြုတ်လိုက်သည်။ “မင်း မသွားနဲ့။”

“ဒါပေမယ့်...”

“ကိုယ် ဒီကိစ္စကို ကိုင်တွယ်ဖို့ ယန်ပိုင်ကို လွှတ်လိုက်ပြီ။ ယန်ပိုင်က သူဌေးဖြစ်တယ်လို့ မင်းရဲ့ ဝန်ထမ်းတွေကို ပြောခိုင်းလိုက်ပါ။”

စုယန်ယန်၏ မျက်လုံးတွေက ကျဉ်းမြောင်းသွားပြီး သူမ အချိန်မီ မတုံ့ပြန်နိုင်ခဲ့ပါ။ “ရှင်က ယန်ပိုင့်ကို မန်နေဂျာလို့ပြောချင်တာလား။ ဘာဖြစ်လို့လဲ။”

“ဒါက တိုက်ဆိုက်မှု မဟုတ်ဘူးဆိုတာ မင်း သဘောပေါက်သင့်တယ်။ တဖက်လူက သေသေချာချာ ပြင်ဆင်ထားတယ်ဆိုတာ သိသာထင်ရှားတယ်။ တကယ်လို့ မင်း ဒီလိုမျိုး အလျင်စလိုဖြစ်နေခဲ့တယ်ဆိုရင် သူက ဒီအခွင့်အရေးကို အမိအရ ဆုပ်ကိုင်ပြီး ပြဿနာရှာနိုင်တယ်။”

စုယန်ယန်သည် ဟောက်ချန်ဟွမ်း၏ ဆိုလိုချင်သည့် အဓိပ္ပါယ်ကို နောက်ဆုံးတွင် နားလည်သဘောပေါက်သွားခဲ့သည်။

“အဲဒီလူက ကျွန်မကို လူအများရဲ့ အမြင်နဲ့ အတင်းဖိအားပေးချင်နေတာလို့… ရှင် သံသယရှိနေတာလား။”

ဟောက်ချန်ဟွမ်း၏ မျက်လုံးတွေက အေးစက်သွားခဲ့သည်။ “ဒါ ဖြစ်နိုင်တယ်။”

ဖြစ်နိုင်ခြေရှိနေသရွေ့ သူ စုယန်ယန်ကို ဒီလိုမျိုး စွန့်စားခွင့်မပြုနိုင်ဘူး။

All Chapters