← Chapters

အခန်း ၃၉၂

Vol. 27 Ch. 392

အခန်း ၃၉၂

Vol. 27 Ch. 392

အခန်း (၃၉၂) - နေရာ၌ပင် နမူနာယူခြင်း

ဟောက်ချန်ဟွမ်း၏ စကားကြောင့် စုယန်ယန်တစ်ယောက် အနည်းငယ် စိတ်အေးသွားခဲ့သည်။

“ဒါပေမယ့် ဘာဖြစ်လို့ ဒီလိုလုပ်ရတာလဲ။”

“အရင်က မင်းမျက်နှာကို မပြဖူးဘူး။ ဒါက သူတို့ကို သိချင်စိတ် ဖြစ်ကောင်းဖြစ်နိုင်တယ် ဒါမှမဟုတ် သူတို့က မင်းကို ပိုမိုကောင်းမွန်စွာ ကိုင်တွယ်ဖြေရှင်းချင်လို့ မင်းရဲ့ အထောက်အထားအမှန်ကို သိချင်တာလည်း ဖြစ်ကောင်းဖြစ်နိုင်တယ်။ ဘာပဲဖြစ်ဖြစ် မင်းမသွားတာ ပိုကောင်းလိမ့်မယ်။ ယန်ပိုင့်ကိုသာ ဒီကိစ္စကို ကိုင်တွယ်ခိုင်းလိုက်ပါ။ ဘာလုပ်ရမယ်ဆိုတာ သူသိပါတယ်။”

စုယန်ယန်သည် စားသောက်ဆိုင်၏ အခြေအနေကို စိုးရိမ်နေသေးသော်လည်း ဟောက်ချန်ဟွမ်းက သူမကို အန္တရာယ်ပြုမှာ မဟုတ်ဘူးဆိုတာကို နားလည်တဲ့အတွက် သူမက အသံတိုးတိုးဖြင့်သာ ပြန်ဖြေခဲ့သည်။ “အိုး၊ ကောင်းပါပြီ။ စားသောက်ဆိုင်ကို လာရောက်စစ်ဆေးတဲ့သူတွေထဲမှာ မကောင်းတဲ့သူ ပါလာမှာကို ကျွန်မ စိုးရိမ်လို့ သက်ဆိုင်ရာ ဝန်ထမ်းတွေကို အကူအညီပေးဖို့ ပရော်ဖက်ဆာယဲ့ကို ကျွန်မ တောင်းဆိုထားတယ်။ အမှားအယွင်း မရှိအောင် ယန်ပိုင့်ကို ဒီအကြောင်း ပြောလိုက်ပါဦး။”

“ကောင်းပါပြီ”

“ဒါ့အပြင် အင်တာနက်ပေါ်က နာမည်ကျော်တွေက လာဘ်ထိုးခံထားရတာ သေချာတယ်။ ဒီနောက်ကွယ်မှာ ဘယ်သူရှိလဲဆိုတာကို ကျွန်မ သိချင်တယ်၊ ရှင် ရှာပေးပါဦး။”

စုယန်ယန်သည် ရေတပ်အကောင့် ထောင်ပေါင်းများစွာကို နေ့ချင်းညချင်း ပိတ်ဆို့ခဲ့သော ဤစူပါစွမ်းရည်ရှိသော ‘မစ်စတာဖန့်’ ၏ ကြီးမားသော စွမ်းဆောင်မှုကို ဘယ်တော့မှ မမေ့ပါဘူး။

“ကိုယ် စုံစမ်းပြီးပြီ။” ဟောက်ချန်ဟွမ်းသည် အင်တာနက်ပေါ်ရှိ စုယန်ယန်အား တိုက်ခိုက်ခဲ့သည့် မှတ်ချက်များကို ပြန်တွေးလိုက်မိပြီး သူ့မျက်နှာဟာ ရုတ်တရတ် မည်းမှောင်သွားခဲ့သည်။ “ရလဒ်တွေသိရရင် ကိုယ် မင်းကို ပြောပြမယ်။”

ဟောက်ချန်ဟွမ်းနှင့် စကားစမြည်ပြောဆိုပြီးနောက် စုယန်ယန်တစ်ယောက် နောက်ဆုံးတွင် စိတ်အေးသွားခဲ့မိသည်။

ထို့နောက် သူမသည် လီကျင်းဝမ်ကိုဖုန်းဆက်ပြီး ကျိုးယန်ပိုင် ရောက်လာလိမ့်မည်ဟု ပြောခဲ့သည်။ ကျိုးယန်ပိုင်ကိုမြင်လျှင် မှတ်မိအောင် ဟောက်ချန်ဟွမ်း ပို့ပေးခဲ့သော ကျိုးယန်ပိုင်၏ ဓာတ်ပုံကိုလည်း လီကျင်းဝမ်ထံ သူမ ပို့ပေးခဲ့သည်။

ထို့အပြင်၊ သူမသည် လီကျင်းဝမ်အား အခြေအနေ တစ်ခုခု ထူးခြားရင် တိုက်ရိုက်ထုတ်လွှင့်ပေးဖို့ တောင်းဆိုခဲ့သည်။ တကယ်လို့ တစ်ခုခု ဖြစ်သွားခဲ့တယ်ဆိုရင် သူမ ကြိုတင်ပြင်ဆင်ထားနိုင်ပေလိမ့်မည်။

ကျိုးယန်ပိုင်၏ နေရာသည် စားသောက်ဆိုင်နှင့် အလွန်နီးသည်။ ဆယ်မိနစ်ခန့်အကြာတွင် စားသောက်ဆိုင်ထဲ သူ ရောက်ရှိသွားခဲ့သည်။

လီကျင်းဝမ်တို့တစ်တွေက သူ့ဓာတ်ပုံကို ကြိုမြင်ထားပြီးဖြစ်သဖြင့် သူ အထဲကို ဝင်လာတာနဲ့ ချက်ချင်းဆိုသလိုပင် သူ့ကို ခရီးဦးကြိုပြုခဲ့ကြသည်။

ကျိုးယန်ပိုင်သည် တည်ငြိမ်စွာ ခေါင်းညိတ်လိုက်ပြီး စစ်ဆေးရေးမှုးများနှင့် တွေ့ဆုံရန် လီကျင်းဝမ်၏ လမ်းညွှန်မှုကို လိုက်နာခဲ့သည်။

“မင်္ဂလာပါ၊ ကျွန်တော်က ဒီစားသောက်ဆိုင်ရဲ့ သူဌေးပါ။ ကျွန်တော်တို့ဆိုင်မှာ ဘာပြဿနာရှိလို့လဲခင်ဗျ။”

စစ်ဆေးရေးမှုးများသည် တစ်ယောက်ကို တစ်ယောက် ကြည့်ကာ စီးပွားရေးဆန်သော အပြုအမူဖြင့် ပြောလာခဲ့သည်။ “ဒါက ဒီလိုပါ။ ကျွန်တော်တို့တွေ ခင်ဗျားဆိုင်နဲ့ ပတ်သက်တဲ့ တိုက်ကြားချက် စာတစ်စောင်ကို လက်ခံရရှိခဲ့တယ်။ အဲဒီစာထဲမှာ ခင်ဗျားတို့ဆိုင်ရဲ့ ဟင်းလျာတွေထဲမှာ လူ့ကျန်းမာရေးကို ထိခိုက်စေတဲ့ တရားမဝင်ဆေးဝါးကို ထည့်သွင်းထားတယ်လို့ ပါရှိတယ်။ အဲဒါ ဟုတ် မဟုတ် စစ်ဆေးဖို့ ကျွန်တော်တို့ ခင်ဗျားဆိုင်ကို ရောက်လာတာပါ။ တကယ်လို့ ဘာမှ အမှားအယွင်း မရှိဘူးဆိုရင် ကျွန်တော်တို့ ခင်ဗျားတို့ဆိုင်ရဲ့ နာမည်ကို ကူညီပြီး ရှင်းလင်းပေးမှာပါ။”

ကျိုးယန်ပိုင်က ပူးပေါင်းဆောင်ရွက်၍ ခေါင်းညိတ်ပြလိုက်သော်လည်း သူက ဂရုတစိုက် ပြုလုပ်ရန် သတိပေးလိုက်ပါသေးသည်။ “ကျွန်တော်တို့ဆိုင်က ဆေးဖက်ဝင်ဟင်းလျာဆိုင်ဖြစ်ပြီးတော့ လူတစ်ဦးတစ်ယောက်ချင်းစီအတွက် ချက်ပြုတ်တည်ခင်းတဲ့ ဆေးဖက်ဝင်ဟင်းလျာတွေက မတူညီပါဘူး။ တကယ်လို့ ခင်ဗျားတို့ စစ်ဆေးမယ်ဆိုရင် ဒါကိုလည်း ထည့်သွင်းစဉ်းစားပေးနိုင်လိမ့်မယ်လို့ ကျွန်တော် မျှော်လင့်ပါတယ်။”

စစ်ဆေးရေးမှုး အနည်းငယ်က ကြက်သေ သေသွားခဲ့သည်။ သူတို့ ဒါကို မမျှော်လင့်ထားဘူး။ “ကောင်းပါပြီ၊ ကျွန်တော်တို့ ဒါကို အထက်လူကြီးတွေကို ပြန်တင်ပြလိုက်ပါ့မယ်။ ကျွန်တော်တို့ အခု နမူနာတွေ ရနိုင်မလား။”

“ရနိုင်တာပေါ့၊ ဒါပေမယ့် ကျွန်တော်တို့ဆိုင်မှာ ဆေးဖက်ဝင်ဟင်းလျာတွေ အများကြီး ရှိပါတယ်။ ဟင်းလျာ တစ်ခုချင်းစီကို နမူနာယူချင်ပါသလား။”

“ကျွန်တော်တို့ စမ်းသပ်စစ်ဆေးဖို့အတွက် ဟင်းလျာ တစ်ခုချင်းစီကို နမူနာရရင် ပိုပြီး အကောင်းဆုံး ဖြစ်ပါလိမ့်မယ်။”

ကျိုးယန်ပိုင်သည် လူတော်တော်များများမှာ စက်ပစ္စည်းတွေနှင့် အထောက်အထားလက်မှတ်တွေ ရှိနေတာကို မြင်လိုက်ရတဲ့အတွက် သူ့မှာ ကန့်ကွက်စရာ မရှိပါဘူး။ သူက လီကျင်းဝမ်ကို ပြောလိုက်သည်။ “ယုံကြည်ရတဲ့ ခေါင်းဆောင်တချို့နဲ့ နောက်လိုက်အနည်းငယ်ကို ရွေးလာခဲ့ပါ။”

ဒါကလည်း နမူနာတွေအား တစ်စုံတစ်ဦးမှ လက်ဆော့ခြင်းမှ ကာကွယ်ဖို့ ဖြစ်လေသည်။

လီကျင်းဝမ်က ဒါကို ရှင်းရှင်းလင်းလင်း နားလည်သဘောပေါက်ပြီး သူတို့နောက်ကို လိုက်ဖို့ လူအနည်းငယ်ကို ရွေးချယ်ပြီး မီးဖိုချောင်ထဲ လိုက်လာခဲ့သည်။

အဖြစ်အပျက် ရုတ်တရတ် ဖြစ်ပျက်သွားတာမို့ မီးဖိုချောင်ထဲမှာ ဆန်ပြုတ်တွေ အများကြီး ကျန်ရှိနေပါသေးသည်။ သူတို့ မီးဖိုချောင်ထဲ ဝင်လိုက်သည်နှင့် အစားအသောက်တွေရဲ့ ထင်ရှားသော ရနံ့ကို ခံစားလိုက်ရလေသည်။

ထမင်းမစားရသေးတဲ့သူတွေရဲ့ ဗိုက်ကနေ ကျယ်လောင်သော အသံများ မြည်လာခဲ့သည်။

ဂလူး—

လူတိုင်း၊ “...”

All Chapters