← Chapters

အခန်း ၃၉၆

Vol. 27 Ch. 396

အခန်း ၃၉၆

Vol. 27 Ch. 396

အခန်း (၃၉၆) - တစ်ယောက်တည်း ကျိတ်စားသူတွေကို ဗုံးခွဲခံရသင့်တယ်

ဝန်ထမ်းအများစုဟာ မတရားဆက်ဆံခံရတယ်လို့ ခံစားမိပြီး ဒီကိစ္စကို သူတို့ရဲ့ တာဝန်ခံဆီ ပြတ်ပြတ်သားသား တင်ပြလိုက်ကြသည်။

သူတို့ကျ အချိန်ပိုအလုပ်လုပ်ခြင်းအတွက် အကျိုးကျေးဇူးတွေ ရရှိကြပြီး ငါတို့ကျ ဘာဖြစ်လို့ မရတာလဲ။

ဘော့စ်ဇနီးရဲ့ ဆေးဖက်ဝင်ဟင်းလျာတွေကို ငါတို့ကျ မစားရဘဲ သူတို့ကျ ဘာဖြစ်လို့ စားနိုင်ရတာလဲ။

သူတို့မှာ သူတို့ရဲ သူငယ်ချင်းတွေဆီ ချပြစရာ မက်ဆေ့ချ်တွေရှိပေမယ့် ငါတို့ကျ ဘာဖြစ်လို့ မရှိရတာလဲ။

ဘာလို့လဲ၊ ဘာလို့လဲ၊ ဘာလို့လဲ…

ကုရှောက်ယန်နှင့် ယုကျစ်ယန်တို့သည်လည်း သူတို့ဝန်ထမ်းတွေနည်းတူ ဘာဖြစ်လို့လဲဟု မေးချင်နေကြသည်။ သူတို့နှစ်ယောက်လုံးဟာ တူညီတဲ့ဝန်ထမ်းတွေဖြစ်ပြီး သူတို့ရဲ့ အလုပ်က ကျိုးယန်ပိုင်ထက် မနည်းပါဘူး။ သူတို့ကျ ဘာလို့ အကျိုးအမြတ် မရခဲ့ကြတာလဲ။ သူတို့မှာကျ ဘာဖြစ်လို့ စားစရာ မရှိရတာလဲ။

စိတ်ထဲတွင် ဒေါသများစွာဖြင့် သူတို့နှစ်ဦးက ကျိုးယန်ပိုင်ကို အာရုံစိုက်ဖို့ ဆုံးဖြတ်လိုက်သည်။ သူတို့သုံးယောက်ပါဝင်သည့် ဂရုတစ်ခုဖွဲ့လိုက်ကာ သူတို့တွေဟာ ကျိုးယန်ပိုင်ကို စတင်အပြစ်တင်ပါတော့သည်။

“ကျိုးယန်ပိုင်၊ မင်း လူယုတ်မာ။ မင်း ငါတို့နောက်မှာ တစ်ယောက်တည်း ကျိတ်စားနေပြန်ပြီလား။”

ယုကျစ်ယန်၏ အော်သံသည် ကျယ်လောင်လွန်းသဖြင့် နားမကြားသူများပင် ကြားနိုင်လောက်ပေသည်။ ဂရုထဲတွင် အမှိုက်ကောက်ခြင်း၏ ပျော်ရွှင်မှု၌ နှစ်မြှုပ်နေဆဲဖြစ်သော ကျိုးယန်ပိုင်သည် ထိုအော်သံကြောင့် လုံးဝ ထိတ်လန့်သွားခဲ့သည်။

“တစ်ယောက်တည်းစားတာက ဘာကိုဆိုလိုတာလဲ။ ဒါက ငါတို့ရဲ့ အလုပ်ကို ကြိုးကြိုးစားစားနဲ့ အသိစိတ်ရှိရှိ လုပ်ကိုင်နေတာကို မြင်လို့ သခင်မလေးပေးတဲ့ ဆုလာဘ်ပဲ။”

“သောက်ရေးမပါလိုက်တာ၊ ငါတို့ကရော အလုပ်ကို ကြိုးကြိုးစားစား မလုပ်လို့လား။ မင်း တစ်ယောက်တည်း စားချင်လို့ ဆင်ခြေမပေးနဲ့။ မင်းက စက်ဆုပ်ဖွယ်ကောင်းတဲ့လူပဲကွ။”

“ဟုတ်တယ်၊ မင်း ဆင်ခြေပေးစရာ မလိုဘူး။ မင်းကုမ္ပဏီက ဝန်ထမ်းတွေအတွက် စားစရာတွေ ပြန်ယူလာပေးတယ်ဆိုတာ ငါတို့ မသိဘူး မထင်နဲ့။ ငါတို့ ညီအစ်ကိုတွေလို ခင်မင်ရင်းနှီးလာတာ နှစ်တွေအများကြီးကြာခဲ့ပြီဆိုပေမယ့် ငါတို့က မင်းရဲ့ဝန်ထမ်းတွေနဲ့ ယှဉ်လို့တောင် မရမှန်းကို ဒီနေ့မှ သိလိုက်ရတယ်။ ငါတို့ မင်းကို တကယ် အထင်လွဲခဲ့တယ်။”

ကျိုးယန်ပိုင်၊ “...” သူ နှစ်ကိုက်လောက် စားလိုက်ရုံနဲ့ ဒီအတိုင်းအတာအထိ ရောက်သွားပြီလား။ သူ့လေသံက သူ့ကို အကြင်နာကင်းမဲ့တဲ့ လူယုတ်မာတစ်ယောက်လို ဖြစ်စေတယ်၊ ငါ သူ့ကို ဘာလုပ်မိလို့လဲ။

ယုကျစ်ယန်၊ “ခွေးကောင်”

ကုရှောက်ယန်၊ “အမှိုက်ကောင်”

ယုကျစ်ယန်၊ “သစ္စာဖောက်”

“အပျက်ကောင်”

ယုကျစ်ယန်၊ “နှလုံးသားမဲ့တဲ့ကောင်”

ကုရှောက်ယန်၊ “လူဆိုး”

ယုကျစ်ယန်၊ “ကြက်ရေခွံကောင်”

ကုရှောက်ယန်၊ “အမှိုက်”

ကျိုးယန်ပိုင်၊ “…” မင်းတို့ မင်းသားနှစ်ယောက်လောက် ဘယ်သူမှ ဒရာမာမခင်းနိုင်လောက်ဘူး။

သူတို့နှစ်ဦးသည် အဖွဲ့ထဲတွင် သစ္စာဖောက်ခဲ့သော အကြင်နာကင်းမဲ့တဲ့လူကို ချေမှုန်းတိုက်ခိုက်ပြီးနောက် သူတို့သည် စိတ်ဓာတ်ကျနေဆဲဖြစ်သောကြောင့် ဟောက်ချန်ဟွမ်းထံ ဒီအကြောင်းအား အစီရင်ခံရန် ပြေးသွားကြသည်။

တစ်ချိန်တည်းမှာပင် သူတို့ဟာ သခင်မလေး၏ မျက်နှာသာပေးမှုသည် ညီအစ်ကို မောင်နှမများ၏ နှလုံးသားကို ထိခိုက်နာကျ်ငစေသည်ဟုလည်း ထုတ်ဖော်ပြောဆိုခဲ့ပါသည်။ သူတို့သည် လူတိုင်းကို တန်းတူရည်တူ ဆက်ဆံပေးဖို့ အလေးအနက် တောင်းဆိုခဲ့သည်။ ကျိုးယန်ပိုင်မှာ ရှိတာလည်း သူတို့မှာပါ ရှိချင်ပါသည်။

ဟောက်ချန်ဟွမ်းသည် သူတို့နှစ်ဦးထံမှ တိုင်ကြားချက်ကို လက်ခံရရှိသောအခါ အနည်းငယ် စိတ်ရှုပ်သွားပါသည်။ သူသည် စုယန်ယန်တစ်ယောက် အပြင်ဘက်မှ လှမ်းဝင်လာတာကို တွေ့လိုက်ရတော့ “မင်းရဲ့ စားသောက်ဆိုင်က ဆေးဖက်ဝင်ဟင်းလျာတွေအားလုံးကို ပြန်သယ်သွားဖို့ ယန်ပိုင်ကို ပြောခဲ့တာလား။” ဟု လှမ်းမေးလိုက်သည်။

စုယန်ယန်က အံ့အားသင့်သွားခဲ့သည်။ “ဟုတ်တယ်၊ စစ်ဆေးရေးမှုးတွေ ရောက်လာတော့ ဆိုင်မှာရှိတဲ့ စားသုံးသူအားလုံးကို ပြန်လွှတ်လိုက်ရတယ်။ မီးဖိုပေါ်မှာ တင်ထားတဲ့ စွပ်ပြုတ်တွေနဲ့ ဟင်းလျာတွေကို ဒီအတိုင်းထားရင် အလဟသပဲ ဖြစ်သွားလိမ့်မယ်လေ။ အဲ့တာကြောင့် ဝန်ထမ်းတွေကို ဆုချဖို့ ပြန်သယ်သွားလိုက်တာ။ ဘာဖြစ်လို့လဲ။”

တစ်စုံတစ်ယောက်က ဤအရာများကိုမြင်ပြီး သူတို့ကို သတင်းပို့လိုက်လို့များလား။

ဟောက်ချန်ဟွမ်း၏ နှုတ်ခမ်းထောင့်စွန်းတွေက တွန့်ကွေးသွားခဲ့သည်။ “ယန်ပိုင်က အဲဒီပစ္စည်းတွေကို ပြန်ယူလာပြီးတဲ့နောက်မှာ ဝန်ထမ်းတချို့က ဓာတ်ပုံတွေနဲ့ ဗီဒီယိုတွေ ရိုက်ပြီး အင်တာနက်ပေါ် တင်လိုက်ကြတယ်၊ အဲ့တာကို ရှောက်ယန်ရဲ့ လူတွေကို မြင်လိုက်ကြတယ်လေ။”

“ပြီးတော့...”

“တခြားဝန်ထမ်းတွေက မင်းရဲ့ မျက်နှာသာပေးမှုကို မကျေမနပ်ဖြစ်ပြီး သူတို့ကိုလည်း တန်းတူရည်တူ ဆက်ဆံပြီး အကျိုးခံစားခွင့်တချို့ပါပေးစေချင်နေကြတယ်။”

စုယန်ယန်က ဒီလိုအဖြစ်မျိုး ဖြစ်လာဖို့ကို သူမ ဘယ်တုန်းကမှ မမျှော်လင့်ထားသည့်အတွက် မျက်တောင် ပုတ်ခတ်ပုတ်ခတ် ဖြစ်သွားခဲ့သည်။ သူမက အပြုံးလေးဖြင့် “ကောင်းပြီ၊ ဒါပေမယ့် ဓာတ်ခွဲခန်းရလဒ် ထွက်လာဖို့ကို နောက်ရက်အနည်းငယ်လောက် စောင့်ရဦးမယ်။ စားသောက်ဆိုင်က ဝန်ထမ်းတွေအားလုံးကိုလည်း အိမ်ပြန်ပြီး အနားယူကြဖို့ ကျွန်မ ပြောထားတယ်၊ ဓာတ်ခွဲခန်းရလဒ်တွေက ထွက်လာတဲ့အခါကျရင် ကျွန်မတို့အတွက် အလုပ်ကြိုးစားပေးခဲ့တဲ့ ဒီသူငယ်ချင်းလေးတွေကို ဆုချဖို့အတွက် တစ်ခုခု လုပ်ခိုင်းလိုက်ပါ့မယ်ရှင်။”

ဟောက်ချန်ဟွမ်းသည် “သူငယ်ချင်းလေးတွေ” ဆိုသည့် စကားကို သတိပြုမိခဲ့ကာ “ကောင်းပါပြီ” ဟု အသံတိုးတိုးဖြင့် ပြန်ဖြေခဲ့သည်။

ထို့နောက်၊ သူသည် တစ်စုံတစ်ခုကို တွေးလိုက်မိပုံရပြီး သူ့မျက်နှာဟာ မည်းမှောင်သွားခဲ့သည်။ “ဟုတ်တယ်၊ မင်း ကိုယ့်ကို စုံစမ်းခိုင်းတဲ့ကိစ္စနဲ့ ပတ်သက်ပြီး သဲလွန်စတွေ တွေ့တယ်...”

All Chapters