← Chapters

အခန်း ၃၉၇

Vol. 27 Ch. 397

အခန်း ၃၉၇

Vol. 27 Ch. 397

အခန်း (၃၉၇) - အမြှောက်စာ သူဌေးလေး

“မြန်လိုက်တာ” စုယန်ယန် အံ့ဩသွားသည်။ ဒီဖြစ်ရပ်၏ နောက်ကွယ်မှ ကြိုးကိုင်သူကို ရှာတွေ့ဖို့ အနည်းဆုံး သုံးလေးရက်လောက် အချိန်ယူရလိမ့်မည်ဟု သူမ ထင်ခဲ့သည်။

“ဒါက သိပ်မမြန်ဘူး၊ ဒီလူတွေက မင်းကို ပြဿနာရှာနေတာ ရက်အတော်ကြာပြီ၊ ဒါ့ကြောင့် နေရာတိုင်းမှာ ဟာကွက်တွေရှိပြီးသားမို့ ကိုယ်တို့ အလွယ်တကူ ရှာရင် တွေ့နိုင်တယ်။ ဒါ့အပြင် ဒီအခြေအနေက အရမ်းကြီးကျယ်တယ်လို့ထင်ရပေမယ့် တကယ်တမ်းတော့ ထင်သလောက် မဟုတ်ဘူး။”

စုယန်ယန်က ဒီကိစ္စကိုတွေးကြည့်လိုက်တော့ ဒါက တကယ့်ကို အမှန်တရားပဲ။ တစ်ဖက်လူက သူမတို့ဆိုင်ရဲ့ ဂုဏ်သိက္ခာကို ဖျက်စီးဖို့ ကြိုးစားခဲ့ပေမယ့် ဆိုင်ကို လာရောက်စစ်ဆေးတဲ့ စစ်ဆေးရေးမှုးတွေကို လာဘ်မထိုးထားဘူး။ ဒါမဟုတ်မဟုတ် လာဘ်ထိုးနိုင်စွမ်းမရှိတာလည်း ဖြစ်နိုင်တယ်။

“သူက ဘယ်သူလဲ။”

“သူက အဆင့်မြင့်စားသောက်ဆိုင်ရဲ့ မန်နေဂျာ လျှို့တာ့ချွေ့ပဲ။”

“လျှို့တာ့ချွေ့လား။”

စုယန်ယန်သည် နာမည်က သာမန်ဆန်လွန်းသောကြောင့် အံ့ဩသွားရုံသာမက သူ့အပေါ် အနည်းငယ် အထင်ကြီးသွားမိသည်။

လျှို့တာ့ချွေ့သည် မူလကတည်းကပင် ဗီလန်များထဲမှ တစ်ယောက်ဖြစ်ပြီး မန်လော့ရှန်း ဟုခေါ်သော အဆင့်မြင့်စားသောက်ဆိုင်ကို ဖွင့်လှစ်ထားသည်။

မြို့တော်အေရှိ ဒီစားသောက်ဆိုင်ရဲ့ စီးပွားရေးက မဆိုးပါဘူး။ သူက ဝမ်ကျင့်ဖျင်ကို စိတ်အနှောင့်အယှက်ဖြစ်ရတဲ့ အကြောင်းအရင်းကတော့ ဝမ်ကျင့်ဖျင်တစ်ယောက် တိုက်ရိုက်ထုတ်လွှင့်စဉ်အတွင်း ချက်ပြုတ်ထားတဲ့ အိမ်ချက်ဟင်းလျာအနည်းငယ်က သူတို့ဆိုင်မှာရှိတဲ့ ဟင်းပွဲများစွာနှင့် တိုက်ဆိုင်နေလို့ပါပဲ။

ထို့ကြောင့် သူတို့ဆိုင်၏ စီးပွားရေးကို မလွှဲမရှောင်သာ ထိခိုက်စေခဲ့ပြီး လျှို့တာ့ချွေ့သည် သူ့စားဖိုမှုး၏ ဟင်းချက်နည်းကို တစ်စုံတစ်ဦးမှ ပေါက်ကြားခဲ့သည်ဟုလည်း ယုံကြည်ခဲ့သည်။

တစ်ဖက်တွင်မူ ဝမ်ကျင့်ဖျင်သည် သူတို့စားသောက်ဆိုင်ကို ဖြိုခွင်းလိုသော စစ်တုရင်ဆရာ၏ နယ်ရုပ်လေးဖြစ်လေသည်ဟု သူက တွေးထင်မိခဲ့သည်။ သူမရဲ့ တိုက်ရိုက်ထုတ်လွှင့်မှုကို ဆက်လက် ခွင့်ပြုထားပါက သိပ်မကြာမီ သို့မဟုတ် နောက်ပိုင်းတွင် သူတို့စားသောက်ဆိုင် စီးပွားပျက်သွားလိမ့်မည်ဖြစ်သည်။

ထို့အတွက်ကြောင့် လျှို့တာ့ချွေ့သည် ဝမ်ကျင့်ဖျင်ကို တိုက်ခိုက်ရန် စတင်ကြံစည်ခဲ့သည်။

သို့သော် သူသည် အဓိကဇာတ်လိုက်အတွက် ဓားသွေးကျောက်နှင့် အနင်းခံကျောက်တုံးအဖြစ် တာဝန်ထမ်းဆောင်ရန် အစောပိုင်းအဆင့်တွင် စာရေးသူ စီစဉ်ပေးခဲ့သော ဗီလိန်ဘော့စ်အသေးစားဖြစ်ပြီး လွန်စွာ ပြောင်မြောက်သော နာမည်ဖြင့် တွေ့မြင်နိုင်ပေသည်။

လျှို့တာ့ချွေ့၏ လုပ်ရပ်များသည် ဟောက်ရှောက်ဖုန်းကို လျင်မြန်စွာ သတိကပ်စေခဲ့သည်။ ဝမ်ကျင့်ဖျင်၏ တိုက်ရိုက်ထုတ်လွှင့်ခြင်း အသက်မွေးဝမ်းကြောင်းကို မထိခိုက်စေရုံသာမက သူမ၏ ကိုယ်ပိုင်လုပ်ရပ်များကြောင့် အကျိုးရလဒ်အနေနဲ့ အသီးအပွင့်များကိုပင် ရိတ်သိမ်းနိုင်ခဲ့သည်။ ထို့အပြင် သူမသည် ဝမ်ကျင့်ဖျင်ကို အောင်မြင်စွာ ကူညီပေးခဲ့ပြီး ဖြတ်သွားဖြတ်လာများ၏ ကရုဏာများကိုပါရရှိခဲ့သည့်အပြင် သူမ၏ နာမည်ဂုဏ်သတင်းကိုလည်း တိုးမြှင့်ပေးခဲ့မိလေသည်။

ယခုတော့ သူမကြောင့် တိုက်ရိုက်ထုတ်လွှင့်မှု ပလပ်ဖောင်းက သူမကို ရွေးချယ်ခဲ့ပြီး သူမတို့နှစ်ယောက်ကြား တိုက်ပွဲအတွင်းတွင် ဝမ်ကျင့်ဖျင်ကို တားမြစ်ခဲ့ပြီးပြီ ဖြစ်သည်။

ယခင်က ဝမ်ကျင့်ဖျင်၏ အမျိုးမျိုးသော ညုတုတုလှည့်စားမှုများနှင့်အတူ စုယန်ယန်သည် မူလက အမျိုးသမီးဇာတ်လိုက်၏ အခွင့်အရေးအချို့ကို အောင်မြင်စွာ သိမ်းပိုက်နိုင်ခဲ့သည်။

ဒီဗီလိန်လေးရဲ့ ပစ်မှတ်က ဝမ်ကျင့်ဖျင့်ကနေ… သူမဆီ ပြောင်းလဲသွားတာလား။

“အဆင်မြင့်စားသောက်ဆိုင်လား။ ကျွန်မက သူ့စီးပွားရေးကို ခိုးယူသွားတယ်လို့ သူထင်နေတာလား။”

“ထင်တာပဲ။”

“သူက ရေတပ်သားတွေ ငှားရမ်းပြီးတော့ တိုင်ကြားစာ ရေးသားခဲ့တဲ့သူလား။”

“အင်း”

“ရှင့်မှာ သက်သေရှိလား။”

“အင်း” ဟောက်ချန်ဟွမ်းက ထပ်ဖြည့်ပြောခဲ့သည်၊ “သူက အဲဒီပြဿနာရှာသူကို လာဘ်ထိုးပြီး မင်းရဲ့ ဆိုင်ကို ရည်ရွယ်ချက်ရှိရှိ ပြဿနာလာရှာစေခဲ့တယ်။ ကိုယ် အဲဒီသက်သေအထောက်အထားတွေ တွေ့ထားပြီးပြီ။”

စုယန်ယန်က ဟောက်ချန်ဟွမ်းကို တစ်ချက်ကြည့်လိုက်သည်။ သူ့လေသံအရ သူက သူ့ကို ချီးကျူးစေချင်ပုံပါပဲ။

ဒါကိုတွေးပြီး စုယန်ယန်သည် ချက်ချင်းဆိုသလိုပင် အရမ်းအံ့ဩဘနန်းဖြစ်သွားသည့်အသွင်ဖြင့် ပြောလာခဲ့သည်။ “တကယ်လား။ ခင်ပွန်း၊ ရှင်က အရမ်းအံ့ဩဖို့ကောင်းလိုက်တာ။ ရှင်က ဒီလိုလျှို့ဝှက်ချက်မျိုးကိုတောင်မှ မြန်မြန် ရှာတွေ့နိုင်တယ်နော်။”

ဟောက်ချန်ဟွမ်းသည် တုန်ယင်သွားပြီး သူ့မျက်နှာပေါ်ရှိ အနီရောင်ပြေးများက နားရွက်နောက်ဘက်မှသည် လည်ပင်းဆီသို့ အလွန်လျင်မြန်စွာ ရောက်ရှိသွားခဲ့သည်။

“ဒါတွေက အခြေခံကျတဲ့ လုပ်ဆောင်ချက်တွေပါပဲ။ အရမ်းကြီးကျယ်နေတာ မဟုတ်ဘူး။”

စုယန်ယန်က ဟောက်ချန်ဟွမ်းကို အနည်းငယ် စောင်းငဲ့ကြည့်လိုက်ရာ ဟောက်ချန်ဟွမ်းက သူမရဲ့ အကြည့်တွေကို အနည်းငယ် ရှောင်ဖယ်သွားခဲ့သည်။ ထိုအခါမှ သူမ သဘောပေါက်သွားခဲ့သည်၊ သူက… ရှက်နေတာလား။

ထိုအတွေးကြောင့် စုယန်ယန်တစ်ယောက် အနည်းငယ် ရယ်ချင်သွားသော်လည်း သူမ၏ ရယ်ချင်စိတ်ကို မျိုသိပ်ထားခဲ့ရသည်။

တကယ်လို့ သူမရဲ့ ရယ်ချင်စိတ်ကို မထိန်းနိုင်ဘဲ ရယ်မိသွားလျှင် တစ်ယောက်ယောက်က ရှက်လွန်းအားကြီးလို့ ပျံတက်သွားလိမ့်မည်။ ထိုအခါကျရင် သူ့ရဲ့ ချစ်စရာကောင်းတဲ့ အမူအရာကို နောင်အနာဂတ်မှာ သူမ မြင်တွေ့နိုင်တော့မှာ မဟုတ်ဘူး။

All Chapters