အခန်း ၃၉၉
Vol. 27 Ch. 399
အခန်း (၃၉၉) - ရှင်းလင်းချက် အစီရင်ခံစာ
စုယန်ယန်သည် ဤဆေးဖက်ဝင်အပင်များနှင့် ချက်ပြုတ်ထားသော ဟင်းလျာများကို ရောင်းချမည့် ဆေးဖက်ဝင်ဟင်းလျာ စားသောက်ဆိုင် ဖွင့်လှစ်ထားကြောင်း သုတေသနဌာနရှိ လူအများဟာ ကြားသိခဲ့ဖူးသည်။
သူမ၏ လုပ်ရပ်သည် ဖြုန်းတီးလွန်းသည်ဟု လူအများက ယူဆကြသော်လည်း ထိုအရာများသည် သူမနှင့်သာ သက်ဆိုင်ပါသည်။
လူတွေကို လှူချင်စိတ်ရှိတာ အရမ်းကောင်းပါတယ်၊ ဒါပေမယ့် အဲဒါကို ဘယ်လိုအသုံးပြုရတယ်ဆိုတာ အတိအကျ ထုတ်ပြန်ပေးတာကတော့ တကယ်ကို ယုတ္တိမတန်ပါဘူး။
ထိုအရာများကို ရှာဖွေတွေ့ရှိရခြင်း၏ ရည်ရွယ်ချက်မှာ နာမကျန်းဖြစ်နေသော လူအချို့၏ ကျန်းမာရေး ပြန်လည်ကောင်းမွန်လာစေရန် လူ့ခန္ဓာကိုယ်ကို အကျိုးပြုစေရန် ဖြစ်သည်။
စုယန်ယန်၏ လုပ်ရပ်သည် တစ်ကိုယ်ကောင်းဆန်သော်လည်း အများပြည်သူကို အကျိုးပြုခဲ့ပြီး လူအများစုက သူမနှင့် အတွေးတူနေဆဲဖြစ်သည်။
ထို့ကြောင့်၊ သူတို့၏ လုပ်ဖော်ကိုင်ဖက်များထံမှ ဇာတ်လမ်းတစ်ခုလုံးကို သိလိုက်ရသောအခါ လူအများသည် ဒေါသမထွက်ဘဲ မနေနိုင်ခဲ့ပေ။
ဟောက်ချန်ဟွမ်း ပြောခဲ့သလိုပဲ၊ စုယန်ယန်ရဲ့ တရုတ်ဆေးဖက်ဝင် ပါဝင်ပစ္စည်းများကို အရင်က သုတေသနဌာနထံ လှူဒါန်းခဲ့ဖူးတာကြောင့် သူမကို အတွင်းလူအဖြစ် သတ်မှတ်လို့ရနိုင်ပါသည်။
စုယန်ယန်ကို ပြောင်ပြောင်တင်းတင်း အနိုင်ကျင့်ခြင်းသည် သူက သူတို့အဖွဲ့အစည်းမှ တစ်စုံတစ်ဦးကို အနိုင်ကျင့်တာပဲ မဟုတ်ပါလော။
အလွန်တရာ အကာအကွယ်ပေးတတ်သည့် သုတေသနဌာနတစ်ခုအနေဖြင့် ဤနယ်ပယ်တာဝန်ခံ သုတေသီအများအပြားက ဒါတွေဟာ အသေးအဖွဲပြဿနာများသာဖြစ်ကြောင်း ချက်ချင်းပြောကြားခဲ့ပါသည်။ စစ်ဆေးရေးဌာနက သက်ဆိုင်ရာ အချက်အလက်များကို ထုတ်ပြန်လာတဲ့အခါ ရှင်းသွားပါလိမ့်မည်။
စုယန်ယန်သည် အပြုသဘောဆောင်သော တုံ့ပြန်မှုကို ရရှိသောအခါ စိတ်သက်သာရာ ရသွားခဲ့သည်။
ဆက်လက်၍ သူမသည် စစ်ဆေးရေးဌာနမှ ယူဆောင်သွားသော နမူနာများ၏ နောက်ဆုံးစမ်းသပ်မှုရလဒ်များကို စောင့်မျှော်နေခဲ့ပါသည်။
ဤကိစ္စတွင် ချင်းယန်ပါ ပါဝင်လာသဖြင့် နမူနာယူသူများသည် မဟုတ်တာ မလုပ်ဝံ့ရုံသာမက လေးငါးရက်လောက်ကြာမြင့်မည့် စမ်းသပ်မှု၏ ရလဒ်များကို တတိယမြောက်နေ့တွင် ပေးအပ်ခဲ့သည်။
စုယန်ယန်၏ စားသောက်ဆိုင်တွင် အသုံးပြုသော တရုတ်ဆေးဖက်ဝင်အပင်များအားလုံးကို သူမ၏ စနစ်နယ်မြေ၌ စိုက်ပျိုးထားပြီး အရည်အသွေးသည် ပြင်ပတွင် စိုက်ပျိုးထားသည်များထက် သဘောဝအလျောက် ပိုမိုကောင်းမွန်သည်။
ထို့ကြောင့် သူမ၏ စားသောက်ဆိုင်ရှိ ဆေးဖက်ဝင်ဟင်းလျာအများစုတွင် ထည့်သွင်းသည့် ပမာဏကို လျှော့ပစ်ခြင်း သို့မဟုတ် အားပျော့အောင် ပြုလုပ်ခဲ့သည်။
ဒါတောင် ထိရောက်မှုက အံ့ဩစရာကောင်းလောက်အောင် မြင့်မားနေပါသေးသည်။
စစ်ဆေးရေးဌာနသည် အရာများစွာကို နမူနာယူခဲ့ပြီး အမျိုးအမည်များ၏ နာမည်တွေက စာရွက်တစ်ရွက်ကို ဖြည့်ရန် လုံလောက်ပါသည်။
အစီရင်ခံစာ အတန်းလိုက်သည် လူတိုင်းကို မှင်သက်သွားစေခဲ့ပါသည်။ အထူးသဖြင့် စိတ်ရှည်သည်းခံခြင်းမရှိသော အချို့သောသူများသည် စာကြောင်းအနည်းငယ်ဖတ်ပြီးနောက် သည်းမခုံနိုင်တော့ဘဲ သူတို့ကို ရိုးရိုးရှင်းရှင်း ရှင်းပြပေးနိုင်မည့် အတန်းခေါင်းဆောင်များကို အော်ဟစ်ခေါ်ဝေါ်လာကြသည်။
အဆုံးမှာတော့ ဒီရှုပ်ထွေးတဲ့အရာတွေကို နားလည်တဲ့သူတွေက သူတို့ရဲ့ ပြဿနာတွေကို ဖြေရှင်းပေးဖို့ တကယ်ပဲ ရှေ့ထွက်လာခဲ့ကြသည်။
အစပိုင်းမှာတော့ သူတို့ဟာ အချို့သူများ နားမလည်နိုင်တဲ့ စကားအရှည်ကြီးကို ပြောခဲ့သော်လည်း နောက်ဆုံးမှာတော့ နားလည်ရလွယ်ကူတဲ့ အကျဉ်းချုပ်ကို ပေးခဲ့ပါသည်။
(အတိုချုပ်ပြောရရင် ဒီဟင်းပွဲတွေမှာ ဆေးဝါးတွေ ပါဝင်ပေမယ့် အသုံးပြုထားတဲ့ ဆေးဝါးတွေက ငါတို့ရဲ့ ခန္ဓာကိုယ်ကို အန္တရာယ်မဖြစ်စေဘူး။ တချို့လူနာတွေအတွက် မထင်မှတ်ထားတဲ့ ကောင်းမွန်သော အကျိုးသက်ရောက်မှုတွေကိုပင် ရရှိစေတယ်။)
ဤရှင်းပြချက်သည် လွန်ခဲ့သော နှစ်ရက်က အင်တာနက်ပေါ်တွင် စုယန်ယန်ကို ဆူပူကြိမ်းမောင်းခဲ့သော ကီးဘုတ်ဖိုက်တာများနှင့် ဖြတ်သွားဖြတ်လာများကို အံ့အားသင့်စေခဲ့သည်။
သူတို့… လူမှားပြီး ကြိမ်းမောင်းမိတာလား။
တိတ်တိတ်ဆိတ်ဆိတ် နေသင့်ပြီမှန်း တချို့လူတွေက နားလည်သဘောပေါက်သွားကြပေမယ့် ဖြစ်ပျက်တာကို မသိနားမလည်သည့် တချို့လူတွေကတော့ သူတို့ကို ပါးဖြတ်ရိုက်သလို ခံစားလိုက်ရပြီး ဒေါသအမျက်ထွက်ကာ သောင်းကျန်းကုန်သည်။ သူတို့တွေက အစားအသောက်ထဲ မူးယစ်ဆေးဝါးတွေ ထည့်သွင်းတယ်လို့ဆိုပြီး ဆူပူကြိမ်းမောင်းကြပြန်သည်။
မကြာသေးမီက အင်တာနက်တစ်ခုလုံးပေါ်တွင် ရှီဟွမ်းစားသောက်ချိန်၏ သတင်းတွေ ရေပန်းစားနေချိန်တွင် အချို့သောသူများသည် ရေပန်းစားသည့်လမ်းကြောင်းပေါ် လျှောက်လှမ်းရတာကို ကြိုက်နှစ်သက်သောကြောင့် တစ်ယောက်ပြီးတစ်ယောက် ရှေ့တက်လာကာ ရှီဟွမ်းစားသောက်ဆိုင်မှ ဟင်းလျာများကို စားသောက်ပြီးနောက် နေမကောင်းဖြစ်ကြောင်း ပြောခဲ့ကြသည်။ ရှီဟွမ်းစားသောက်ဆိုင်သည် နှလုံးသားမည်းနက်သည့် စားသောက်ဆိုင်ဖြစ်ကြောင်း အဆိုပါ စားသောက်ဆိုင်မှ ဟင်းလျာများကို စားသောက်ပြီးနောက် ဆေးရုံပင် တက်ခဲ့ရကြောင်း သူတို့က သက်သေထူခဲ့ပါသည်။
သုတေသနဌာနမှ ရှေ့ထွက်လာပြီး စုယန်ယန်ရဲ့ ဆိုင်မှာ သုံးတဲ့ တရုတ်ဆေးဖက်ဝင် ပါဝင်ပစ္စည်းများရဲ့ အာနိသင်များကို ထုတ်ပြန်လိုက်တဲ့အခါ သူတို့တွေဟာ လုံးဝ ရှုံးနိမ့်သွားခဲ့သည်။
(သုတေသနဌာန - ရှီဟွမ်းစားသောက်ဆိုင်မှာ အသုံးပြုတဲ့ တရုတ်ဆေးဖက်ဝင် ပါဝင်ပစ္စည်းတွေအားလုံးကို သုတေသနဌာနတွင် မှတ်တမ်းတင်ထားပြီး သူတို့၏ ဆေးဖက်ဝင်တန်ဖိုး ပမာဏ အတိအကျပါ ပါရှိသည်။ အဆိုပါ ဆေးဖက်ဝင် ပါဝင်ပစ္စည်းများကို ဟင်းပွဲများတွင် ထည့်သွင်းနိုင်ပြီး ရောဂါလက္ခဏာရှိတဲ့ လူနာများအတွက် အစားအသောက်ကုထုံး အကျိုးသက်ရောက်မှုရှိသည်။)