အခန်း ၄၀၄
Vol. 27 Ch. 404
အခန်း (၄၀၄) - ကြမ်းတမ်းသော ပြိုင်ဆိုင်မှု
သူ့ကို ဝေဖန်နေကြသော အင်တာနက်အသုံးပြုသူများည် သူထင်ထားသည်များကို ဂရုမစိုက်ဘဲ ထိုကိစ္စပြီးနောက်တွင် စိတ်ပျက်စရာကောင်းသော အချက်တစ်ခုကိုပင် သူတို့ ရှာဖွေတွေ့ရှိခဲ့ကြသည်။
(ငါ့အာရုံက နည်းနည်းတော့ လွဲမှားနေတယ်။ ငါ ဒီခွေးသားကို နည်းနည်း မနာလိုဖြစ်မိတယ်။ ငါ တင်ဆက်သူရဲ့ စားသောက်ဆိုင်မှာ ကြိုတင်မှာယူမှု တော်တော်များများ လုပ်ထားပေမယ့် သူတို့အားလုံးကို လအနည်းငယ်ကြာမျှ စောင့်ဆိုင်းရဦးမယ်၊ ဒီကောင်က တစ်လအတွင်း ကြိုတင်မှာယူမှု နှစ်ခုတောင် ရရှိခဲ့တယ်။ ငါ အရမ်းမနာလိုဖြစ်လိုက်တာဟယ်။)
(ဟုတ်ပါ့၊ ဟုတ်ပါ့၊ ငါလည်း မနာလိုဖြစ်မိတယ်။ အရင်က ငါ့မိသားစုရဲ့ အင်တာနက်လိုင်းက သိပ်မကောင်းတဲ့အတွင် တင်ဆက်သူရဲ့ ဆေးဖက်ဝင်ဟင်းလျာတွေကို ကြိုတင်မှာယူလို့ မရနိုင်ခဲ့ဘူး။ အခု၊ ငါ တန်းစီနေတာ နှစ်ဝက်ရှိပြီ။ အဟင့်… အဟင့်… အဟင့်၊ ငါတို့အတွက် ကြိုတင်မှာယူမှု အရေအတွက်ကို တိုးပေးဖို့ တင်ဆက်သူကို အလေးအနက် တောင်းဆိုချင်ပါတယ်။ ငါ တင်ဆက်သူကို စားသုံးသူ အရေအတွက်ကို တိုးပေးဖို့နဲ့ လူတစ်ဦးကို တစ်လလျှင် တစ်ကြိမ်သာ ရက်ချိန်းပေးစေချင်ပါတယ်။ ပြည်သူလူထုကို ရှင်သန်ဖို့ အခွင့်အရေးလေး ပေးပါဦး။)
အဆိုပါမှတ်ချက်သည် မရေမတွက်နိုင်လောက်သော လိုက်ခ်များကို လျင်မြန်စွာ လက်ခံရရှိခဲ့ပြီး မှတ်ချက်ဧရိယာရှိ အမြင့်ဆုံးနေရာကို သိမ်းပိုက်ခဲ့လေသည်။
ဤတွင် ကြိုတင်မှာယူမှု ခွဲတမ်း တစ်ကြိမ် သို့မဟုတ် အကြိမ်အနည်းငယ်ခန့်ကို ရရှိထားသူများသည် မပျော်ရွှင်ကြတော့ပေ။
(ငါတို့ကို ဘာဖြစ်လို့ ဆွဲထည့်ရတာလဲ။ ကြိုတင်မှာယူမှု ပြုလုပ်နိုင်တာ မပြုလုပ်နိုင်တာက နင့်အရည်အချင်းအပေါ် မူတည်နေတာလေ။ စောရောက်တဲ့လူက စောပြီး ရမှာ သဘာဝပဲ၊ နောက်ကျမှ ရောက်လာသူက နောက်ကျမှ ရမှာပေါ့။ ငါတို့တွေက ဘာဖြစ်လို့ နင့်အတွက် အခွင့်အရေး ပေးသင့်ရတာလဲ။)
(ဟုတ်ပါ့၊ ဟုတ်ပါ့၊ နင်ပဲ တင်ဆက်သူရဲ့ ဆေးဖက်ဝင်ဟင်းလျာကို လိုအပ်နေတာ မဟုတ်ဘူးလေ၊ ငါတို့တွေရော လိုအပ်တယ်လို့များ နင် မတွေးမိကြဘူးလား။ နင့်ရဲ့ စိတ်ပျက်စရာ အကောင်းဆုံးက နင့်ရဲ့ အားနည်းပြီး ကျိုးကြောင်းဆီလျော်မှုရှိသလို ပြောနေတဲ့ အသံပဲ။ နင် တတ်နိုင်ရင် ရက်ချိန်းရအောင် ယူပြီး မတတ်နိုင်ဘူးဆိုရင်တော့ ပါးစပ်ပိတ်ထားလိုက်။ နင်က တင်ဆက်သူကိုတောင် မီးစိမ်းပြဖို့ တောင်းဆိုလိုက်သေးတယ်။ နင်က တင်ဆက်သူကို နင့်ဝန်ထမ်းလို့ ထင်နေတာလား။)
နှစ်ဖက်လုံးက သူတို့မှန်တယ်လို့ပဲထင်မြင်ယူဆကြကာ ချက်ချင်းဆိုသလိုပင် ခိုက်ရန်ဖြစ်ပွားခဲ့ကြသည်။
ကံကောင်းထောက်မစွာဖြင့် စုယန်ယန်သည် သူတို့ အချိန်အကြာကြီး စကားများ ရန်ဖြစ်ရန် ခွင့်မပြုဘဲ မကြာမီအချိန်အတွင်းမှာပင် ပို၍ ကြီးမားသော အခြား ဧရာမ ဖရဲသီးကို ယူဆောင်လာပေးကာ သူတို့အား ဖရဲသီးစားသည့်အဖွဲ့တွင် ပြန်လည်ပါဝင်စေပြီး ချဉ်စူးနေတာတွေကို မေ့လျော့သွားစေခဲ့သည်။
(တင်ဆက်သူ ယန်ယန် - လွန်ခဲ့တဲ့ ရက်အနည်းငယ်ခန့်က အဖြစ်အပျက်တွေနဲ့ ပတ်သက်ပြီး အကျဉ်းချုပ် ထုတ်ပြန်ချက်တစ်ခုကို ထုတ်ပြန်လိုက်ပါသည်။ ကျွန်မတို့ကုမ္ပဏီက ကောလာဟလဖြန့်သူ XXX အား ကောလာဟလဖြန့်ခြင်းနှင့် ငွေညှစ်ခြင်းတို့အတွက် တရားစွဲထားပါသည်။ ထို့အပြင် ကောလာဟလဖြန့်ခြင်းနှင့် ကျွန်မတို့ဆိုင်ရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စေသည့် စွဲချက်များဖြင့် မဟုတ်မမှန် ပြောဆိုခဲ့သော အောက်ပါ စာရင်းတွင် ပါရှိသည့် လူတိုင်းကို တရားစွဲဆိုထားပါသည်။ နောက်ဆုံးအနေနဲ့ လျှို့တာ့ချွေ့နဲ့ မန်လော့ရှန်းတို့ကို တရားစွဲဆိုထားပြီး ဖြစ်သည်။ ဒါကို သက်ဆိုင်ရာဌာနများမှလည်း လက်ခံထားပြီး ဖြစ်ပါသည်။)
ဒီဗုံးက ဖရဲသီးစားနေသော လူအုပ်ကို စိတ်ဝင်တစားနဲ့ တိုက်ရိုက်ပေါက်ကွဲစေခဲ့သည်။
ပထမ နှစ်ခုကို သူတို့ နားလည်နိုင်ဆဲ ဖြစ်သော်လည်း နောက်ဖက်တွင် ပါဝင်သည့် မန့်လော့ရှန်းနဲ့ လျှို့တာ့ချွေ့ကကော ဘယ်သူတွေလဲ။
မကောင်းတဲ့ ပြိုင်ဖက်တွေလား။ တင်ဆက်သူနှင့် လျှို့တာ့ချွေ့၊ သို့မဟုတ်၊ မန်လော့ရှန်းနှင့် ရှီဟွမ်းစားသောက်ဆိုင်လား။
ထို့နောက် သူတို့သည် သက်သေခံ အထောက်အထားများကို ဆက်ကြည့်ခဲ့သည်။ လျှို့တာ့ချွေ့သည် ရေတပ်ကို ငွေပေးဆောင်ခဲ့ပြီး စားသောက်ဆိုင်၏ နာမည်ဂုဏ်သတင်းကို ထိခိုက်အောင် ပြုလုပ်ခဲ့သူ သုံးဦးနှင့် ဆက်သွယ်ခဲ့ပါသေးသည်။ သူသည် စားသောက်ဆိုင်၏ နာမည်ဂုဏ်သတင်းကို ပျက်ယွင်းစေသူ သုံးဦးနှင့် စကားပြောဆိုထားသော မှတ်တမ်းများနှင့် ငွေပေးချေမှုများကို ရိုက်ကူးထားသော စခရင်ရှော့များပါ ထွက်လာခဲ့သည်။
လျှို့တာ့ချွေ့သည် ရှီဟွမ်းစားသောက်ဆိုင်၏ နာမည်ဂုဏ်သတင်းကို ဖျက်စီးရန် လှည့်ကွက်အနည်းငယ်သာ အသုံးပြုခဲ့ကြောင်းကို သူ့ဝန်ထမ်းများအား သူ့ဉာဏ်ရည်ဉာဏ်သွေးအား ဂုဏ်ယူစွာ ထုတ်ဖော်ပြောဆိုခဲ့သည်။ အနာဂတ်တွင် သူ့လုပ်ငန်းကို မည်သူက ခိုးယူဝံ့လဲ၊ ခိုးယူဝံ့တယ်ဆို ဒီလို အကျိုးဆက်မျိုးကို ခံစားရမည်ဖြစ်ကြောင်း ပြောဆိုထားသည့် အသံမှတ်တမ်းတစ်ခုပင် ရှိနေပါသေးသည်။
လူတိုင်းသည် ဤအသံသွင်းထားတာကို နားထောင်ပြီးနောက် လွန်ခဲ့သည့် ရက်အနည်းငယ်က ဖြစ်ပျက်ခဲ့သည့် ကိစ္စရပ်များကို နားလည်သဘောပေါက်သွားခဲ့ကြသည်။
ကီးဘုတ်ဖိုက်တာများ၏ ဦးဆောင်ရာနောက်လိုက်ပါမိခဲ့သော ဖြတ်သွားဖြတ်လာ အများအပြားသည် သူတို့ကို အမြောက်စာအဖြစ် အသုံးပြုခဲ့ကြောင်း သိရှိသွားခဲ့ကြသည်။ နောက်ပိုင်းတွင် သူတို့သည် အဆိုပါ အရူးလုပ်ခံရခြင်းမှ ဒေါသနှင့် အရှက်တရားအားလုံးသည် တရားခံဖြစ်သည့် နှလုံးသားမည်းနက်နေသော စီးပွားရေးသမားထံသို့ ဦးတည်သွားခဲ့သည်။
တခဏချင်းမှာပဲ၊ လျှို့တာ့ချွေ့နှင့် သူ့ဆိုင်၊ စုယန်ယန်နှင့် သူမ၏ ဆေးဖက်ဝင်ဟင်းလျာ စားသောက်ဆိုင်တို့ရဲ့ အခြေအနေတွေဟာ ရုတ်တရတ် ပြောင်းပြန်ဖြစ်ပြီး အင်တာနက်ပေါ်တွင် ဝေဖန်ပြောဆိုမှု၏ သားကောင်အသစ်တွေ ဖြစ်လာခဲ့သည်။
တစ်ဖက်တွင်မူ စုယန်ယန်နှင့် သူမ၏ ဆေးဖက်ဝင်ဟင်းလျာ စားသောက်ဆိုင်သည် ဒီအဖြစ်အပျက်ကို အရင်းတည်၍ အရင်က သူတို့ပေါ် လောင်းချခံခဲ့ရတဲ့ အညစ်အကြေးတွေကို ဆေးကြောနိုင်ခဲ့ရုံသာမက လျှို့တာ့ချွေ့၏ လုပ်ရပ်ကြောင့်ပါ စာနာမှုများစွာ ရရှိခဲ့သည်။