← Chapters

အခန်း ၄၀၅

Vol. 27 Ch. 405

အခန်း ၄၀၅

Vol. 27 Ch. 405

အခန်း (၄၀၅) - ဂုဏ်သတင်းပျက်စီးခြင်း

နောက်ဆုံးမီးကို ထွန်းညှိလိုက်သောအခါတွင် လျှို့တာ့ချွေ့ရဲ့ ကိုယ်ပိုင်စားသောက်ဆိုင် ပိတ်သွားခဲ့ရသည်။ စုယန်ယန်ရဲ့ စားသောက်ဆိုင် ပိတ်သွားပြီး လူများပြန်သွားသည့် မြင်ကွင်းကို သူ ပြန်မြင်နေသလိုပင်။

သူ့အမြင်အရ၊ ဤအင်တာနက်နာမည်ကျော်တင်ဆက်သူသည် သူ့ဘိုးဘေးများ၏ ကောင်းချီးကို အားကိုးကာ သုတေသနဌာန၏ ပေါင်လုံးကို ဖက်မိလောက်သည့်အထိ ကံကောင်းခဲ့ပါသည်။

ပြတ်ပြတ်သားသားပြောရလျှင် သူမသည် အသုံးမဝင်သော ဒုတိယမျိုးဆက် အမွေဆက်ခံသူတစ်ဦးသာဖြစ်နိုင်ပြီး သူ့ကို ခြိမ်းခြောက်မှု လုံးဝ မပြုလုပ်နိုင်လောက်ပေ။

လျှို့တာ့ချွေ့သည် မိုက်မဲနေသည် မဟုတ်ပေ။ သူသည် သူမကို တည်သီးပျော့တစ်လုံးအဖြစ်သာ ရှုမြင်ပြီး ပေါ့ပေါ့ဆဆ ပြုလုပ်မိလိုက်တာ ဖြစ်လေသည်။

ဒီတည်သီးကို ပျော့ပျောင်းတယ်လို့ သူ ဘယ်လိုကြောင့် ထင်မြင်ခဲ့သလဲဆိုရင် စုယန်ယန်ရဲ့ အဆင့်အတန်းဟာ အင်တာနက် နာမည်ကြီး တင်ဆက်သူတစ်ဦး ဖြစ်နေသောကြောင့် ဖြစ်ပါသည်။

အကယ်၍ သူမထံတွင် ဤမျှ အင်အားကြီးမားတဲ့ မိသားစုနောက်ခံရှိတယ်ဆိုရင် သူမသည် ဤကဲ့သို့ ဝဘ်ဆိုဒ်ငယ်လေးကို ရောက်နေရတာလဲ။ ချမ်းသာတဲ့သူတွေမှာ ဘာမှ လုပ်စရာ မရှိဘူးလား။

သို့သော် ညဘက် အလွန်အကျွံ လမ်းလျှောက်လျှင် သရဲတစ္ဆေများထံ အမြဲပြေးလာလိမ့်မည်ဟူသော စကားကို သူ ရှင်းရှင်းလင်းလင်း မကြားဖူးလောက်ပေ။

သူ့စားသောက်ဆိုင်ကို ရဲတွေ ရုတ်တရတ် ရောက်လာပြီး သူ့ဆိုင်ကို အကန့်အသတ်မရှိ ပိတ်သိမ်းသွားသည့်အခါမှသာ လျှို့တာ့ချွေ့သည် သူ ဘယ်လို သံမျိုးကို ကန်ကျောက်ခဲ့မိတာလဲဆိုတာကို သိလိုက်ရသည်။

လျှို့တာ့ချွေ့သည် အမှန်တကယ် ကံဆိုးသူ တစ်ဦးတည်း မဟုတ်ပေ။

ယွီချောင်ရှောသည် အိမ်တွင်သာ တစ်နေ့လုံး နေထိုင်ပြီး အလုပ် မည်မည်ရရ မရှိသော လူကြီးတစ်ယောက် ဖြစ်သည်။ သူ့အထက်တွင် အလုပ်အကိုင် ကောင်းမွန်သည့် အစ်မတစ်ယောက်ရှိကာ သူမ၏ ကိုယ်ပိုင်အစွမ်းအစဖြင့် နာမည်ကြီးတက္ကသိုလ်တစ်ခုသို့ တက်ရောက်နေသော ညီမတစ်ယောက်ပါ ရှိလေသည်။

သူသည် မိသားစုတွင် တစ်ဦးတည်းသောသားဖြစ်သည့်အတွက် ငယ်စဉ်ကပင် မိသားစု၏ အလိုလိုက်ခြင်းကိုခံခဲ့ရသည်။ ငယ်ငယ်ကတည်းက သူ့မိဘတွေဟာ သူတို့မိသားစု ပိုင်ဆိုင်သမျှဟာ သူ့အပိုင်ပဲ ဖြစ်တယ်လို့ သူ့ကို သင်ကြားပေးခဲ့သည်။ အနာဂတ်တွင် သူ့အစ်မနှင့် ညီမတို့ ပိုင်ဆိုင်သမျှသည်လည်း သူ့ပိုင်ဆိုင်မှုပဲ ဖြစ်လိမ့်မည်။

သမီးများထက် သားအပေါ် မိဘများ၏ လိုလားချက်သည် ယွီချောင်ရှောအပေါ် ထင်သာမြင်သာဖြစ်အောင် လွှမ်းမိုးခဲ့သည်။ သူသည် ခေါင်းမာပြီးတော့ ကိုယ့်ကိုယ်ကို အထင်ကြီးလွန်းသော အကျင့်စရိုက်ကို မွေးမြူနိုင်ခဲ့သည်။ ဘွဲ့ရပြီးနောက်တွင် သူသည် အလုပ်မလုပ်ဘဲ သက်ကြီးရွယ်အိုများနှင့်အတူ စိတ်အေးချမ်းသာစွာဖြင့် အိမ်တွင်သာ နေထိုင်ခဲ့သည်။

ဒီလိုဘဝမျိုးဟာ မူလက အတော်လေး ပျော်ရွှင်ခဲ့ရပေမယ့် လွန်ခဲ့တဲ့ သုံးနှစ်လောက်က သူ့အစ်မဟာ နောက်ဆုံးမှာတော့ မိသားစုရဲ့ ဂုတ်သွေးစုပ်တဲ့ အပြုအမူတွေကို သည်းမခံနိုင်တော့သဖြင့် မိသားစုနှင့် အဆက်အသွယ် ဖြတ်တောက်ခဲ့လေသည်။

သူ့အစ်မ ဘွဲ့ရပြီး အလုပ်စလုပ်တော့ သူ့မိဘတွေဟာ အလုပ်ကထွက်ပြီး တစ်မိသားစုလုံး သူ့အစ်မရဲ့ သွေးကို စုပ်ယူဖို့ကိုသာ အာရုံစိုက်ခဲ့ကြသည်။

သူ့အစ်မ ထွက်ခွာသွားပြီးနောက် တစ်မိသားစုလုံးရဲ့ ငွေကြေးပိုင်းဆိုင်ရာ အသက်သွေးကြော ပြတ်တောက်သွားခဲ့သည်။

ယွီချောင်ရှောရဲ့ မိဘတွေက သူ့အစ်မရဲ့ ကုမ္ပဏီကို ပြဿနာရှာဖို့ သွားရောက်ခဲ့ကြသည်။ အခြားသာမန်လူတစ်ယောက်သာဆိုလျှင် သူတို့မိဘတွေက သူတို့ကုမ္ပဏီတံခါးဝရှေ့မှာ လာပြီး ပြဿနာရှာနေရင် သူ့အစ်မကို အလုပ်က ခန့်အပ်ချင်တော့မှာ မဟုတ်ဘူး။

သို့သော် အဓိကအချက်မှာ သူ့အစ်မ၏ ချစ်သူသည် အဆိုပါကုမ္ပဏီ၏ စီအီးအို ဖြစ်နေလေသည်။ သူတို့ရဲ့ သွားရောက်လည်ပတ်မှုသည် အကြီးဆုံး သမီးဖြစ်သူကို မခြိမ်းခြောက်နိုင်သည့်အပြင် အဲဒီအစား ဝေဖန်မှုများစွာကိုပင် ပြန်လည်ရရှိစေခဲ့သည်။

ယွီချောင်ရှောရဲ့ ဘဝသည် ကမ္ဘာမြေကြီး တုန်လှုပ်လုမတတ် ပြောင်းလဲသွားခဲ့သည်။ သူ့ရဲ့ နေ့စဉ်ဘဝကို ဆက်လက်ထိန်းသိမ်းထားရန်အတွက် သူ့မိဘတွေဟာ သူတို့ရဲ့ အငယ်ဆုံးသမီးအား ကျောင်းထွက်ပြီး အလုပ်လုပ်ခိုင်းခဲ့သည်။

သို့သော် အကြီးဆုံးသမီးကြောင့် သမီးအငယ်ဟာလည်း ပုန်ကန်တတ်တဲ့ စိတ်ဓာတ်ကို မွေးမြူမိခဲ့သည်။ သူမသည် မိသားစုကို စိတ်ပျက်လာခဲ့တာကြောင့် ကျောင်းအိပ်ကျောင်းစား နေထိုင်ခဲ့ကာ အိမ်ကို မပြန်တော့ဘူး။

ယွီချောင်ရှော၏ မိဘများသည် သူတို့ရဲ့ စုဆောင်းငွေအားလုံးကို သူ့အတွက် အိမ်ဝယ်ပေးရန် သုံးစွဲခဲ့ပြီးသည်မှာ ကြာပါပြီ။ သူတို့သည် အဆိုပါအိမ်အား နောင်တွင် သူ့အတွက် မင်္ဂလာအခန်းအဖြစ် အသုံးပြုရန် စီစဉ်ထားသည်။

အခု သူ့အစ်မရဲ့ ဝင်ငွေတွေ မရှိတော့တဲ့အတွက် သူတို့မိသားစုရ့ နေ့စဉ်ဘဝက ပြဿနာ ဖြစ်လာခဲ့ပါတယ်။ ယွီချောင်ရှောရဲ့ ချစ်သူကောင်မလေးက ဒီအဖြစ်အပျက်ကို သိသွားသောအခါတွင် သူနှင့် တိုက်ရိုက်လမ်းခွဲခဲ့သည်။

ဒီ “သခင်လေး” သည် အိမ်တွင် ဆိုးရွားသည့် အခြေအနေအား နဖူးတွေ့ဒူးတွေ့ ရင်ဆိုင်ရပြီးနောက် အလုပ်ရှာရန် ထွက်လာခဲ့သည်။

ဒါပေမယ့် သူဟာ ငယ်စဉ်ကတည်းက အလိုလိုက်ခံခဲ့ရပြီး ကောင်းကောင်းစာမသင်ခဲ့သလို နည်းပညာပိုင်းဆိုင်ရာ ကျွမ်းကျင်မှုတွေကိုလည်း မလေ့လာခဲ့ဘူး။

သူသည် လက်လုပ်လက်စား အလုပ်တချို့ကိုသာ ရှာဖွေနိုင်ခဲ့ပေမယ့် အရမ်းပင်ပန်းတာကို တွေ့ခဲ့ရသည်။ အချိန်တိုင်း ရက်အနည်းငယ်ကြာပြီးတာနဲ့ အလုပ်ထွက်ပြီး အရင်လုပ်ခဲ့တဲ့ လုပ်အားခတွေတောင် ပြန်မရခဲ့ဘူး။

သူ့ဘဝက အဆင်မပြေတာကြောင့် အင်တာနက်ပေါ်တွင် ကီးဘုတ်ဖိုက်တာတစ်ယောက်သာ ဖြစ်လာခဲ့သည်။ အဲဒီ ဆွဲဆောင်မှုရှိတဲ့ နာမည်ကျော်တွေ၊ အနုပညာရှင်တွေနဲ့ အောင်မြင်နေသူများကို သူ့ရဲ့ မကျေနပ်ချက်တွေ ဖြေဖျောက်ဖို့ အဆက်မပြတ် ကျိန်ဆဲခဲ့သည်။

မမျှော်လင့်ဘဲ သူ့လုပ်ရပ်က ဖျော်ဖြေရေးနယ်ပယ်မှာ လူတိုင်း သိကြတဲ့ နာမည်ပျက်အဖြစ် အဆင့်တိုးမြှင့်နိုင်ခဲ့သည်။

All Chapters