အခန်း ၄၀၆
Vol. 28 Ch. 406
အခန်း (၄၀၆) - လက်စားချေခြင်း
အဆိုပါ အကောင့်သည် ဖျော်ဖြေရေးနယ်ပယ်တွင် လူသိများသော ပြဿနာအိုး ဖြစ်လေသည်။ သူသည် မည်သူတစ်ဦးတစ်ယောက်၏ အမာခံပရိသတ်မဟုတ်သော်လည်း သူသည် လူတိုင်း၏ ဆန့်ကျင်ဘက်ပရိသတ် ဖြစ်လေသည်။
အစပိုင်းမှာတော့ သူသည် သူ့စိတ်ထဲက ဒေါသတွေကို ထုတ်ပစ်ဖို့ အွန်လိုင်းပေါ်ကလူတွေကို ဒေါသထွက်အောင် ကျိန်ဆဲတာဖြစ်ပေမယ့် ဆဲဆိုခြင်းက သူ့ကို စိတ်ကျေနပ်စေရုံသာမကဘဲ သူ့ကို အာရုံစိုက်လာကြပြီး ပရိသတ်တွေကိုပါ ဆွဲဆောင်နိုင်တယ်ဆိုတာကို သိဖို့ အချိန်သိပ်မကြာခဲ့ပါဘူး။
ဘယ်လောက် ထူးချွန်ထက်မြက်တဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပါစေ အဆိုးမြင်တဲ့ ပရိသတ်တွေ အမြဲရှိနေမယ်ဆိုတာကို သိထားရပါမယ်။ ဒီလူတွေဟာ သူတို့ သဘောကျတဲ့အခါ နာမည်ကျော်တွေကို မိုးထိအောင် မြှောက်ပင့်တတ်ကြပေမယ့် သူတို့ သဘောမကျတဲ့အခါ နာမည်ကျော်တွေကို နင်းချေဖို့တောင် ထွက်လာကြပါလိမ့်မယ်။
အပြင်းအထန် ဆူပူကြိမ်းမောင်းတတ်သူသည် အာရုံစူးစိုက်မှု အတိုင်းအတာတစ်ခုအထိ ရရှိတတ်ကြပြီး သရဖူဆောင်းရလေ့ရှိသည်။
ယွီချောင်ရှောသည် အဆိုပါလုပ်ရပ်ကြောင့် အကျိုးကျေးဇူးတချို့ရရှိခဲ့ပြီး အဆိုပါ ဆန့်ကျင်ဘက်ပရိသတ်များကို စတင်ဆွဲဆောင်နိုင်ခဲ့သည်။ ထို့နောက် သူ့ရဲ့ ခံတွင်းတွေ့မှုဟာ ပိုတိုးလာကာ ထိုပရိသတ်များကို ဘယ်လိုဆွဲဆောင်ရမလဲဆိုတာကိုပါ စတင်စဉ်းစားလာခဲ့သည်။
ထို့အတွက်ကြောင့် သူသည် အင်တာနက်ပေါ်မှ စိတ်ကစဉ့်ကလျားရောဂါကို စတင်ခံစားလာခဲ့သည်။ တစ်ခါတစ်ရံတွင် သူသည် လူအများကို သူ့ဘိုးဘေးများ၏ ဂူသင်္ချိုင်းကို တူးဖော်ပြီး ထွက်လာစေချင်လောက်အောင် ကျိန်ဆဲတတ်ပြီး တူညီသောလူကိုပင် မိုးထိလုမတတ် မြှောက်ပင့်ပေးပြန်သည်။
လူအချို့က သူသည် အင်တာနက်ပေါ်တွင် တစ်ပြိုင်နက်တည်း ပင်ကိုယ်စရိုက် ဆယ်မျိုးကျော် ကွဲသွားကြောင်း ကောက်ချက်ချကြသည်။ ‘ငါ့ကိုယ်ငါ ကြိမ်းမောင်းခဲ့တယ်’ နှင့် ‘ငါ့ကိုယ်ငါ ရိုက်နှက်ခဲ့တယ်’ စသည့် မှတ်ချက်များ အဆုံးမရှိ ထွက်ပေါ်လာခဲ့သည်။
သို့ပေမယ့် ဘယ်သူမှ သူ့ကို ဘာမှ မလုပ်နိုင်ခဲ့ဘူး။ သူတို့သည် သူ တစ်ယောက်တည်း နေရာတိုင်းကို ပြဿနာ ပတ်ရှာနေတာကိုသာ ထိုင်ကြည့်နိုင်ခဲ့ကြသည်။
သူ့ရဲ့ ကျော်ကြားလွန်းလှတဲ့ နာမည်ပျက်ကြောင့် လူတော်တော်များများက သူ့ကို သီးသန့်ဆက်သွယ်ပြီး သူတို့ နာမည်ဖျက်ချင်တဲ့ နာမည်ကျော်များ၊ အနုပညာရှင်တွေထံ ရေဆိုးသွန်းလောင်းပေးဖို့ ရေတပ်ငှားရမ်းတာမျိုး၊ ဖျော်ဖြေရေးနယ်ပယ်ထဲက နာမည်ကြီး အနုပညာရှင်တချို့ကို သိက္ခာချပေးဖို့၊ ဒါမှမဟုတ် သူတို့ရဲ့ ပရိသတ်တွေဆီက စာနာမှုကို ရယူနိုင်ဖို့အတွက် သူ့အကူအညီနဲ့ သူတို့ကိုယ်သူတို့ အပြစ်တင်ခံတာမျိုးတွေ ပြုလုပ်ပေးရန် ငွေကုန်ကြေးကျခံပြီး အလုပ်အပ်နှံလာခဲ့ကြသည်။
ယွီချောင်ရှောသည် လူများကို ကျိန်စာတိုက်နိုင်ပြီး ၎င်းအတွက် အခကြေးငွေပါ ရယူနိုင်သောကြောင့် အနည်းငယ် မာနကြီးလာပြီး သူ့ရဲ့ အွန်လိုင်းပေါ်ရှိ အမူအကျင့်အချို့သည် ဒေါသထွက်စရာပိုကောင်းလာခဲ့သည်။
စုယန်ယန်နှင့် သူမ၏ ဆေးဖက်ဝင်ဟင်းလျာ စားသောက်ဆိုင်ကို ယခုတစ်ကြိမ်တွင် သူ့အလုပ်ရှင်က အထူးပစ်မှတ်ထားခဲ့ခိုင်းသည်။ ယွီချောင်ရှောသည် အတော်လေး တာဝန်ကျေပြီး စုယန်ယန်နှင့် သူမ၏ ဆေးဖက်ဝင်ဟင်းလျာ စားသောက်ဆိုင်ကို လွန်ခဲ့သည့်ရက်အနည်းငယ်အတွင်း အကြိမ်ပေါင်းများစွာ ကျိန်စာတိုက်ခဲ့သည်။
အများအားဖြင့် သူ ဆူပူကြိမ်းမောင်းသောအခါတွင် ပြောဆိုခံရသူသည် ပရိသတ်အချို့ကို ဆုံးရှံးရလေ့ရှိသည်၊ အထူးသဖြင့် ယခုတစ်ကြိမ်တွင်မူ လူသတ်မှုနှင့် ပတ်သက်နေလေသည်။
သို့သော်လည်း စုယန်ယန်၏ တိုက်ရိုက်ထုတ်လွှင့်မှုအခန်းမှ ကြည့်ရှုသူများသည် နာမည်ကျော်များ၏ ပရိသတ်များထက် သစ္စာပိုရှိကြကာ သူတို့၏ တိုက်ပွဲစွမ်းရည်မှာ သာမန်ထက် လွန်ကဲသည်။
ယွီချောင်ရှောဟာ ဖျော်ဖြေရေးနယ်ပယ်မှာ အချိန်အကြာကြီး ရပ်တည်ခဲ့ပြီးနောက် မြေကြီးပေါ် တွန်းချခံရတာ ပထမဆုံးအကြိမ် ဖြစ်တာကြောင့် သူက ဒေါသတကြီးနဲ့ “ဒီစားသောက်ဆိုင်က တကယ်အပြစ်ကင်းတယ်ဆိုရင် တိုက်ရိုက်ထုတ်လွှင့်မှုမှာ ငါ့သေးကို ငါကိုယ်တိုင် ပြန်သောက်ပြမယ်” ဟုပင် ပို့စ်တင်ခဲ့သည်။
အဆုံးမှာတော့ အင်တာနက်ပေါ်မှာ လုံးဝ ဝေဖန်ခံနေရတဲ့ ဒီစားသောက်ဆိုင်မှာ တခဏချင်းပင် တကျော့ပြန် ပြန်လှည့်လာနိုင်မယ်လို့ ဘယ်သူက ထင်မိမှာလဲ။
ယွီချောင်ရှောတစ်ယောက် အထိတ်တလန့် ဖြစ်သွားခဲ့ရသည်။ ယွီချောင်ရှောသည် သူ့အကောင့်နာမည်ကို ချက်ချင်း ပြောင်းလိုက်ပြီး မတုံ့ပြန်ချင်ဟန်ဆောင်လိုက်ပါသည်။
အစကတော့ သူ အရင်ကလို သေချင်ယောင်ဆောင်ပြီး သူ့ကိုယ်သူ ကယ်တင်နိုင်မယ်လို့ ထင်ခဲ့မိသည်။ သို့ရာတွင် သူ့ရဲ့ အဓိက ပြဿနာရှာခံရသူနှင့် သူမ၏ ပရိသတ်တွေက သူ့ကို ထပ်ခါထပ်ခါ ရိုက်နှက်ခြင်းအား ခံရလိမ့်မယ်လို့ မမျှော်လင့်ထားခဲ့ပါဘူး။
စုယန်ယန်က ဒီအမှုကို ဖွင့်ဖို့ လိုလားတယ်ဆိုတဲ့ သတင်းထွက်ပေါ်လာပြီးနောက် တရားရုံး အကြောင်းကြားစာကို သူ့ရဲ့ ကိုယ်ရေးကိုယ်တာ အကောင့်ဆီ ပေးပို့လာခဲ့ပါသည်။
ထိုအခါမှသာ ယွီချောင်ရှောသည် အထိတ်တလန့်ဖြစ်သွားပြီး စုယန်ယန်နှင့် သူမ၏ ကြည့်ရှုသူများကို ကျိန်ဆဲရင်း ဟိုပြေးဒီပြေး ဖြစ်နေခဲ့သည်။
မျှော်လင့်ထားသလိုပဲ သူမရဲ့ ပရိသတ်တွေဟာ သူမလိုပါပဲ။ သူမဟာ စိတ်သဘောထား သေးသိမ်လွန်းတယ်။ သူမကို အကြိမ်အနည်းငယ်ခန့််သာ ဆူပူကြိမ်းမောင်းခဲ့ပေမယ့် သူမက သူ့ကို တရားစွဲဆိုဖို့ ပြင်းပြင်းထန်ထန် ကြိုးပမ်းခဲ့သည်။ ဘယ်လို ခွေးမမျိုးလဲ။
ဒါပေမယ့် သူ ဘယ်လောက်ပဲ ဆူပူကြိမ်းမောင်းနေပါစေ ရလဒ်ကိုတော့ မပြောင်းလဲနိုင်ပါဘူး။
သူ အရေးမကြီးဘူးလို့ထင်တဲ့ အရာက ရဲတွေ သူ့ကို လာရောက်ဖမ်းဆီးလိုက်ချိန်မှာ လုံးဝ ကွဲကြေသွားခဲ့သည်။
သူ့အလုပ်ရှင်သည် ဆိုးရွားလွန်းတဲ့ စီးပွားရေးပြိုင်ဆိုင်မှု ပြုလုပ်ခဲ့တယ်လို့ သံသယရှိကြောင်း ကြားသိခဲ့ရပြီး တစ်ဖက်လူရဲ့ တောင်းဆိုချက်ကို လက်ခံကာ သူက အခကြေးငွေကို ယူဆောင်ခဲ့ခြင်းကြောင့် သူသည်လည်း ဤအမှုတွင် ပါဝင်ပတ်သက်ခဲ့ရာကြပေသည်။
အကယ်၍ နစ်နာသူသည် ဤအမှုအား အမှန်တကယ် တရားစွဲဆိုလိုပါက သူသည် ထောင်ချခံရဖွယ်ရှိသည်။
ယွီချောင်ရှော၏ ခြေထောက်တွေဟာ ပျော့ခွေကြသွားခဲ့သည်။ သူ့မိဘတွေဟာ သူတို့ရဲ့ အသည်းကြွေလုမတတ် ငိုကြွေးခဲ့ကြသည်။
သူတို့သည် ကလေးသုံးယောက်ကို မွေးဖွားခဲ့ပြီး အလားအလာရှိသောသူနှစ်ဦးသည် သူစိမ်းများ ဖြစ်ကုန်ကြပြီး သူတို့ အလိုလိုက်ချစ်ခင်ခဲ့သော ရတနာလေးကြောင့် သူတို့ ပစ္စည်းဥစ္စာများသည်လည်း ပျက်စီးသွားခဲ့ရသည်။