← Chapters

အခန်း ၄၀၇

Vol. 28 Ch. 407

အခန်း ၄၀၇

Vol. 28 Ch. 407

အခန်း (၄၀၇) - လူထုသတိပေးချက်

စုယန်ယန်သည် တရားစွဲဆိုမှုအား အွန်လိုင်းပေါ်တွင် လူသိရှင်ကြား ထုတ်ပြန်ခဲ့ပြီး ယင်းကိစ္စ၏ နောက်ဆက်တွဲကို လူအများက အာရုံစိုက်နေကြဆဲဖြစ်သည်။

လျှို့တာ့ချွေ့နှင့် သူ့ရဲ့ နာမည်ပျက် ကီးဘုတ်ဖိုက်တာတို့ အဖမ်းခံရကြောင်း သိပြီးနောက် စုယန်ယန်၏ ပရိသတ်များသည် ဝမ်းမြောက်ဝမ်းသာဖြစ်ကုန်ကြသည်။

တကယ်တော့၊ ယွီချောင်ရှောရဲ့ နှိပ်စက်ညှင်းပန်းမှုကို ခံခဲ့ရတဲ့ အနုပညာရှင်အချို့က ဒီကင်ဆာကောင်ကြီးကို နောက်ဆုံးမှာ ဖြတ်ထုတ်ပစ်တာကို တွေ့ခဲ့ရပြီးနောက် အလွန်ဝမ်းမြောက်သွားခဲ့သည်။

သူတို့သည် မကောင်းဆိုးဝါးကို အပြစ်ပေးခဲ့သော စုယန်ယန်ကို “ဖြောင့်မတ်သောသူ” လို့ အမည်တပ်ကာ အမြင်ကောင်းတွေ ရှိခဲ့ပြီး ကောင်းမွန်သော မှတ်ချက်များကို ရေးသားရန် သူမ၏ အကောင့်ဆီသို့ အပြေးအလွှား ရောက်လာခဲ့ကြသည်။

ရလဒ်အနေနဲ့ စုယန်ယန်တစ်ယောက် အကောင့်ပြန်ဝင်တဲ့အခါ သူမရဲ့ တိုက်ရိုက်ထုတ်လွှင့်မှုအကောင့်ဟာ တစ်ညတည်းနဲ့ ပရိသတ်တွေ သန်းနဲ့ချီပြီး ရုတ်တရတ် တိုးလာတာကို တွေ့ရှိခဲ့ရသည်။

စုယန်ယန်ကို မနာလိုဖြစ်နေကြတဲ့ အချို့သော တင်ဆက်သူများသည် စုယန်ယန်၏ ဆုံးရှုံးမှုကို မူလက အခွင့်ကောင်းဝင်ယူချင်ကြသည်။ ဒါပေမယ့် အခုအချိန်မှာတော့ သူတို့ ဘာမှ မပြောရဲကြတော့ဘူး။

အထူးသဖြင့် သူမ၏ မျက်နှာပေါ်က သိမ်မွေ့သော အပြုံးကို မြင်ယောင်မိသောအခါတွင် ဖြစ်လေ၏။

သူတို့သည် ထိုအပြုံးက ဤသို့ ပြောနေသည်ဟု ခံစားရသည်၊ “ရှင်တို့ ကျွန်မနဲ့ လာရှုပ်ချင်နေတာလား။ လာ… လာ… တစ်ယောက်လာရင် တစ်ယောက်သတ်မယ်၊ နှစ်ယောက်လာရင် နှစ်ယောက်သတ်မယ်၊ အဖွဲ့လိုက်လာရင် အဖွဲ့လိုက်သတ်ပစ်မယ်။”

အဆိုပါလူတစ်စုသည် အလွန်ထိတ်လန့်သွားပြီး ငုံးအဖြစ်သို့ ပြောင်းလဲသွားခဲ့ကြသည်။

စုယန်ယန်သည် မည်သို့သော နားလည်မှုမျိုးကို လွဲမှားစေပြီး သူတို့ကို အထိတ်တလန့် ဖြစ်စေခဲ့မှန်း မသိခဲ့ပါ။ ဒီလူတွေကို ဖမ်းလိုက်ပြီလို့ အတည်ပြုပြီးတဲ့ နောက်မှာတော့ သူမက ဒီကိစ္စကို လုံးဝ အရေးမစိုက်တော့ဘူး။

သူမ အစ်ကိုဖြစ်သူရဲ့ ကျေးဇူးကြောင့် တုန်ချမ်းတွင် အထူးအားကောင်းသည့် ဥပဒေအဖွဲ့တစ်ခု ရှိသည်။ အဆိုပါ ဥပဒေရေးရာအဖွဲ့သည် သူတို့ အနိုင်ရမည်ဟု ယုံကြည်ချက်မရှိသော တိုက်ပွဲမျိုး ဘယ်သောအခါမှ မရှိခဲ့ပါ။

စုယန်ယန်သည် ဥပဒေရေးရာအဖွဲ့နှင့် ပတ်သက်၍ အလွန်စိတ်သက်သာရာရသွားခဲ့သည်။ ဒီလူတွေရဲ့ ပြစ်မှုအတွက် တရားစွဲဆိုတဲ့အခါ သူမမှာ တောင်းဆိုချက်တစ်ခုပဲ ရှိတယ်။ သူမသည် သူတို့ရဲ့ လုပ်ရပ်များအတွက် ထိုက်သင့်သော ဈေးနှုန်းတစ်ခုကို ပေးဆောင်စေချင်သည်။

စုယန်ယန်သည် သူမသည် ကြင်နာတတ်သူမဟုတ်မှန်း သူမကိုယ်သူမ သိသည်။ သူတို့သည် သူမကို အခွင့်ကောင်းယူထားခဲ့ပြီးဖြစ်တာကြောင့် သူမ၏ ဒေါသကို ပြန်မျိုချဖို့ အကြောင်းမရှိပေ။

အဓိက တရားခံ လျှို့တာ့ချွေ့ကတော့ သေချာပေါက် လွတ်မြောက်နိုင်မည်မဟုတ်ပေ။ ငွေညှစ်လာသူကိုတော့ ကိုယ်ကျင့်တရားဆိုင်ရာရှုထောင့်မှ မည်သို့မျှ မလုပ်ဆောင်နိုင်သော်လည်း ဥပဒေရေးရာရှုထောင့်အရမှာတော့ သူ့ကို လွယ်လွယ်ကူကူ ခွင့်မပြုနိုင်ပေ။

သူတို့ကို ဥပမာတစ်ခုအဖြစ် မှတ်ယူနိုင်ပါသည်။ သာဓကအနေဖြင့် မည်သူမဆို နောင်အနာဂတ်မှာ သူမတို့ရဲ့ မိသားစု ထိပါးချင်တာရှိရင် နောက်ဆက်တွဲဆိုးကျိုးများကို သူတို့ လက်သင့်ခံနိုင်မလားဆိုတာကို ပြန်စဉ်းစားရပါလိမ့်မည်။

အဆိုပါ နာမည်ကြီး ဘလော့ဂါတွေအတွက်လည်း အလားတူပါပဲ။

ယွီချောင်ရှောသည် ယခုအချိန်တွင် စုယန်ယန်အား ဝေဖန်တိုက်ခိုက်နေသော တစ်ဦးတည်းသော ဘ‌လော့ဂါ မဟုတ်ပါ။ သူမကို ဆူပူကြိမ်းမောင်းခဲ့တဲ့ အခြားသော ဘလော့ဂါ အနည်းငယ်လည်း ရှိနေပါသေးသည်။

သူတို့မှာ နံစော်နေတဲ့ ပါးစပ်တွေရှိပြီး ပရိသတ်တွေနှင့် လွှမ်းမိုးမှု အနည်းငယ်လည်း ရှိသည်။ ထို့အပြင်၊ သူတို့ရဲ့ နာမည်တွေကို ဒီနယ်ပယ်မှာ သိပ်မကောင်းပါဘူး။ သူတို့တွေဟာ ငွေကြေးအတွက် ရာဇဝတ်မှုမျိုးစုံကို ကျူးလွန်တတ်သူမှန်း သိသာထင်ရှားပါသည်။

ထိုသို့သောသူများကို သတိပေးရန် အခြားသူများအား ဆွဲထုတ်ခြင်းသည် အဲဒီ ရွံရှာဖွယ်ကောင်းသူများကို ကြောက်လန့်စေရုံသာမက အခြား နစ်နာသူများကိုပါ ပျော်ရွှင်စေလိမ့်မည်ဖြစ်သည်။

“အားလုံးပြေလည်သွားပြီလား။”

စုယန်ယန် လှည့်ကြည့်လိုက်တော့ ဟောက်ချန်ဟွမ်းသည် သူမနောက် မလှမ်းမကမ်းမှာ ရောက်နေတာကို တွေ့လိုက်ရသည်။ သူ့မျက်လုံးတွေက အနည်းငယ် တောက်ပနေပြီး ရှေ့ကိုလှမ်းဖို့ အစပျိုးလိုက်သည်။

“ဘယ်လိုဖြစ်လို့ ရှင် ဒီကိုရောက်လာတာလဲ။”

“ဦးလေးကျန်းက မင်း ဒီမှာရှိနေတယ်လို့ ပြောလိုက်လို့လေ” ဟောက်ချန်ဟွမ်းသည် စုယန်ယန်၏ လက်ကို ဆုပ်ကိုင်ပြီး သူ့မေးခွန်းကို ပြန်မေးလိုက်သည်။ “အားလုံးဖြေရှင်းပြီးပြီလား။”

စုယန်ယန်က ခေါင်းညိတ်လိုက်သည်။ “အင်း၊ ကျွန်မ အရာအားလုံး ဖြေရှင်းပြီးသွားပြီ။ ဒီကိစ္စကို ကူညီဆောင်ရွက်ပေးခဲ့တဲ့ ဝန်ထမ်းတွေကို ကျွန်မ ကျေးဇူးတင်ချင်တယ်။ ဒါကြောင့် ကျွန်မရဲ့ စားသောက်ဆိုင် ပြန်ဖွင့်ဖို့ နှစ်ရက်လောက် ရွှေ့ဆိုင်းပြီး သူတို့အတွက် ဆေးဖက်ဝင်ဟင်းလျာတွေ ချက်ပြုတ်ပေးဖို့ စီစဉ်ထားတယ်။”

ယခု စမ်းသပ်မှု အစီရင်ခံစာတွေ ထွက်လာတော့ မည်သည့် ပြဿနာမှ မရှိပါဘူး။ ဆိုလိုသည်မှာ စုယန်ယန်၏ ဆေးဖက်ဝင်ဟင်းလျာ စားသောက်ဆိုင်ကို အချိန်မရွေး ပြန်ဖွင့်နိုင်ပေသည်။

မူလက ဒီစားသောက်ဆိုင်၏ နာမည်ဟာ တိုက်ရိုက်ထုတ်လွှင့်မှုကို ကြည့်ရှုသူများနှင့် လူနာများ၏ မိသားစုဝင်များကြားတွင်သာ ပျံ့နှံ့ခဲ့သည်။ ယခု လျှို့တာ့ချွေ့နှင့် ဖြစ်ပွားခဲ့သော ပြဿနာကြောင့် စားသောက်ဆိုင်၏ လူကြိုက်များမှုကို လုံးဝ တိုးမြင့်စေခဲ့သည်။

All Chapters