← Chapters

အခန်း ၄၁၀

Vol. 28 Ch. 410

အခန်း ၄၁၀

Vol. 28 Ch. 410

အခန်း (၄၁၀) - မင်းက ကိုယ့်အလင်းရောင်လေး

လည်ပတ်သူကင်းမဲ့သည့် အခန်း တစ်ခန်းသည် သူ့ကို ပုံမှန် သန့်ရှင်းရေးလုပ်ပေးတဲ့ တစ်ယောက်ယောက် ရှိနေတယ်ဆိုရင်တောင် အသက်ဝိညာဉ်ကင်းမဲ့သလို မလွဲမသွေ ခံစားရပါလိမ့်မည်။

အထူးသဖြင့် ယခုအချိန်တွင် အိမ်ရှိ အမှတ်တရများ ပြည့်နှက်နေသည့် ကစားစရာများကို ဖယ်ရှားပြီး ပြန်လည်ထူထောင်ရေး ကိရိယာများဖြင့် အစားထိုးလိုက်သောကြောင့် ဒီအခန်းကို ပို၍ပင် ဆိတ်သုဉ်းသွားစေသည်။

စုယန်ယန်သည် အခန်းထဲသို့ဝင်လာကတည်းက ဟောက်ချန်ဟွမ်း၏ တုံ့ပြန်မှုကို အာရုံစိုက်နေခဲ့သည်။ ဟောက်ချန်ဟွမ်းတစ်ယောက် အနည်းငယ် မိန်းမောတွေဝေနေရုံမှလွဲ၍ မလိုလားသည့် ဘယ်လိုအမူအရာမျိုးမှ မပြသည်ကို တွေ့လိုက်ရမှ သူမ အနည်းငယ် စိတ်သက်သာရာရသွားခဲ့သည်။

“ဦးလေးကျန်းကို ဒီအခန်းထဲက ပစ္စည်းတွေကို ဘေးအခန်းထဲ ရွှေ့ခိုင်းထားတယ်။ ရှင် ပြန်ကောင်းလာတဲ့အခါ ကျွန်မတို့ ပြန်ရွှေ့ကြမယ်လေ။”

ထိုစကားကိုကြားသောအခါ ဟောက်ချန်ဟွမ်း၏ မျက်နှာအမူအရာမှာ အနည်းငယ် ပြောင်းလဲသွားခဲ့သည်။ သူက ခေါင်းခါကာ “ မလိုပါဘူး” ဟု ပြောလိုက်သည်။

“ဘာဖြစ်လို့လဲ။”

“သူ မရှိတော့ဘူး။” ဟောက်ချန်ဟွမ်း၏ မျက်တောင်များ တဖျပ်ဖျတ် ခတ်သွားကာ “ဒါ့အပြင်၊ ကိုယ်ကလည်း ကလေး မဟုတ်တော့ဘူး။” ဟု ပြောလာခဲ့သည်။

“ရှင်က ကလေးမဟုတ်တော့ဘူးဆိုပေမယ့် နောင်အနာဂတ်ကျရင် ကျွန်မတို့မှာ တခြားကလေးတွေ ရှိလာဦးမှာလေ။”

ဟောက်ချန်ဟွမ်း ကြက်သေ သေသွားခဲ့သည်။ သူက စုယန်ယန်ရဲ့ ဆိုလိုချင်တဲ့ စကားအဓိပ္ပါယ်ကို သိလိုက်ရတော့ သူ့အသံက အက်ရှသွားပြီး “တခြား ကလေးတွေလား။” ဟု မေးလာခဲ့သည်။

စုယန်ယန်က ရှက်ရွံ့သွားပြီး ခေါင်းကို အနည်းငယ်ငုံ့ကာ သူ့အကြည့်တွေကို ရှောင်ဖယ်လိုက်သည်။ “ဟုတ်တယ်၊ ရှိလာလိမ့်မယ်။”

အခန်းထဲတွင် အချိန်အတော်ကြာ တိတ်ဆိတ်နေခဲ့သည်။ စုယန်ယန်သည် ပြီးသွားပြီဟု ထင်လိုက်သောအခါတွင် ဟောက်ချန်ဟွမ်း၏ ရယ်သံကျယ်ကို ရုတ်တရက် ကြားလိုက်ရသည်။

စုယန်ယန်၏ ခန္ဓာကိုယ်ဟာ တုန်ခါသွားပြီး ရှက်သွေးဖြာသွားခဲ့သည်။

ဤအရှက်တရားသည် ကြာရှည်မခံပါ။ စုယန်ယန်သည် အသက်ပြင်းပြင်းရှုကာ ဟောက်ချန်ဟွမ်း၏ ဘီးတပ်ကုလားထိုင်ဘေးတွင် မှီကာ သူ့လက်ကို ညင်သာစွာ ဆုပ်ကိုင်ခဲ့ပြီး အကြောင်းအရာ အစသို့ ပြန်သွားခဲ့သည်။

“ရှင့်အမေက အရမ်းနူးညံ့ပြီး နွေးထွေးတဲ့သူတစ်ယောက်ဖြစ်ရမယ်။”

ဟောက်ချန်ဟွမ်း၏ မျက်လုံးများတွင် အပြုံးရိပ်ဟာ မပျောက်ကွယ်သေးဘဲ သူက သူမကို ညင်သာစွာ တည့်မတ်ပေးခဲ့သည်။ “သူမက ကိုယ်တို့အမေပဲ။”

“… ဟုတ်တယ်၊ ကျွန်မတို့အမေပဲ။”

ဟောက်ချန်ဟွမ်းသည် တစ်ခဏတာမျှ တိတ်ဆိတ်သွားပြီးနောက် အံ့ဩစရာကောင်းသော အဖြေတစ်ခု ပေးလာခဲ့သည်။ “မင်းက သူမနဲ့ တော်တော်တူတယ်။”

စုယန်ယန်က ထိတ်လန့်တုန်လှုပ်သွားသည်။ “ကျွန်မနဲ့ ဘယ်လိုတူတာလဲ။”

တကယ်တော့ ဟောက်ချန်ဟွမ်းက သူမကို နှစ်ပေါင်းများစွာ သဘောကျနေမှန်းကိုသာ သူမ သိသည်။ သူ သူမကို ဘယ်တုန်းက စချစ်မိသွားတာလဲ၊ ဘာကြောင့် သူမကို အရမ်းချစ်မိသွားတာလဲဆိုတာကို သူမ လုံးဝ မသိသေးပါဘူး။

သူ ဒီလိုပြောတာကိုကြားတော့ စုယန်ယန်တစ်ယောက် ရင်ခုန်နှုန်း မြန်ဆန်သွားခဲ့သည်။ ရယ်စရာကောင်းသော အတွေးတစ်ခု သူမခေါင်းထဲ ချဉ်းနင်းဝင်ရောက်လာခဲ့သည်။

ဒီလူဟာ သူ့မိခင်အပေါ် မပြောအပ်သာသည့် ချစ်မြတ်နိုးမှုမျိုးရှိ၀ပြီး သူမသည် သူ့မိခင်နှင့် အရမ်းဆင်တူနေတာကိုတွေ့ပြီး သူက သူမကို ချစ်မိသွားတာလား။

“မင်းပြောတာ မှန်တယ်၊ သူက အရမ်းနူးညံ့ပြီး နွေးထွေးတယ်။ ကိုယ့်မျက်လုံးထဲမှာ မင်းလည်း အတူတူပါပဲ။” ဟောက်ချန်ဟွမ်းက စုယန်ယန်၏ လက်ကို ဆွဲကာ နမ်းရှိုက်လိုက်သည်။ “ကိုယ့်အမေက ကိုယ့်အဖေရဲ့ အလင်းရောင်ဖြစ်ပြီး မင်းကတော့ ကိုယ့်အပိုင်ပဲ။”

ကိုယ့်ကမ္ဘာမှာ အလွန်အေးစက်ပြီး နွေးထွေးမှု လုံးဝ မရှိချိန်တွင် ရုတ်တရတ် တိမ်မည်းညိုတွေနောက်ကနေ ခုန်ထွက်လာတဲ့ နေရောင်ခြည်လေးလို အမှောင်ထုထဲ အလင်းရောင်နဲ့ နွေးထွေးမှုတွေကို ယူဆောင်လာသကဲ့သို့ မင်းလေးဟာ ကိုယ့်ကမ္ဘာ အမှောင်ကျနေချိန်မှာ ရုတ်တရတ် ဝင်ရောက်လာခဲ့သည်။

တစ်ခုတည်းသော ခြားနားချက်မှာ သူ့မိခင်သည် လရောင်ကဲ့သို့ နူးညံ့သိမ်မွေ့ပြီး အန္တရာယ်ကင်းသည့် အဆုံးမရှိသော သည်းခံမှုနှင့် ချစ်ခြင်းမေတ္တာကို ပေးစွမ်းခဲ့သည်။

တစ်ဖက်တွင်မူ စုယန်ယန်သည် သူမ ပေါ်လာသည့်အချိန်မှစ၍ သူ့အာရုံကို လုံးလုံးလျားလျား ခိုးယူသွားပြီး သူမနှင့်အတူ တလိုတလား ပူလောင်စေကာ သူမကို လက်မလွှတ်နိုင်သော နွေးထွေးမှုကို ချန်ရစ်ခဲ့သည်။

စုယန်ယန်သည် ဟောက်ချန်ဟွမ်းနှင့် အကြည့်ချင်း ဆုံတွေ့သွားပြီး ဒုတ်ခနဲ ရင်ခုန်သံမြန်သွားခဲ့သည်။ သူမက တီးတိုးဆိုခဲ့သည်။ “ကျေးဇူးကမ္ဘာပါ။”

“ဘာဖြစ်လို့ ကျေးဇူးကမ္ဘာလို့ဆိုတာလဲ။”

စုယန်ယန်၏ မျက်နှာအမူအရာ တောင့်တင်းသွားပြီး မျက်တောင်လေး ပုတ်ခတ်ပုတ်ခတ် ဖြစ်သွားခဲ့သည်။ “ဘာမှ… ဘာမှမဟုတ်ပါဘူး။”

“အင်း”

စုယန်ယန်သည် သူမ မလွတ်မြောက်နိုင်ဘူးဆိုတာကို သိနေတော့ သူမ တီးတိုးပြောလိုက်သည်။ “ကျွန်မထင်တာ…”

“မင်း ဘယ်လိုထင်လို့လဲ။ ကိုယ်က မင်းကို ကိုယ့်အမေနဲ့တူလို့ ချစ်မိသွားတယ်လို့ ထင်သွားတာလား။”

စုယန်ယန်တစ်ယောက် ဆွံ့အသွားခဲ့သည်။ ဒါက ကိုးရိုးကားရားနိုင်လိုက်တာ..

All Chapters