← Chapters

အခန်း ၄၁၁

Vol. 28 Ch. 411

အခန်း ၄၁၁

Vol. 28 Ch. 411

အခန်း (၄၁၁) - ကိုယ့်ကို အချိန်ပိုပေးပါဦး

ဟောက်ချန်ဟွမ်းသည် သူမရဲ့ တုံ့ပြန်မှုကို ကြည့်ကာ အဖြေကို သိပြီးသား ဖြစ်သွားသည်။

သူမရဲ့ ခေါင်းလေးကို သူ့လက်များဖြင့် ခပ်ဖွဖွ ခေါက်လိုက်သည်။ စိတ်ဆိုးရမှာလား ၊ ဒါမှမဟုတ် ရယ်ရမှာလား ဆိုတာ သူ မသိတော့ပေ။ " မင်း ဘာတွေ တွေးနေတာလဲ။ "

စုယန်ယန်သည် သူမ အမှား လုပ်မိသွားမှန်း နားလည်လိုက်သည်။ သူမ၏ ပါးတွေ ပန်းရောင်သမ်းသွားပြီး ကိုယ့်ကိုယ်ကိုယ် မကာကွယ်မိပါ။ သို့သော်လည်း သူမရဲ့ အကြည့်ကတော့ အခန်းထဲရှိ ပြန်လည်ထူထောင်ရေး ကိရိယာ အနည်းငယ်ဆီ အလိုလို လွှဲပြောင်းသွားသည်။

" ရှင်လည်း ဒီမှာ ရှိနေပြီ ဆိုမှတော့ တစ်ခါလောက် ကြိုးစားမကြည့်ချင်ဘူးလား။ ဦးလေးကျန်း ရှာတွေ့ထားတဲ့ ပစ္စည်းက တော်တော် ကောင်းတယ်လို့ ကျွန်မ ထင်တယ်။ များများ လေ့ကျင့်တာက ရှင် ပြန်သက်သာလာဖို့ အထောက်အကူပြုလိမ့်မယ်။ "

ဟောက်ချန်ဟွမ်းရဲ့ အမူအရာက အေးစက်သွားကာ သူ အချိန် အကြာကြီး ဘာစကားမှ ပြန်မပြောခဲ့ပေ။

စုယန်ယန်သည် သူ့အရှေ့မှာ မတ်တပ်ရပ်နေကာ သူမရဲ့ လက်ကို သူ့ထံသို့ လေထဲမှာ တစ်ဝက်တစ်ပျက် ကမ်းပေးထားခဲ့သည်။

ဤရလဒ်က စုယန်ယန်အား အံ့ဩစိုးရိမ်သွားစေသည်။ " ဘာဖြစ်လို့လဲ။ ရှင် နေမကောင်းလို့လားဟင် ၊ ဒါမှမဟုတ် … အဆင်သင့် မဖြစ်သေးလို့လား။ "

သူမ ထိုစကားကို ပြောနေစဉ်မှာပဲ သူမရဲ့ လက်ကို ဆုပ်ကိုင်ခံလိုက်ရကာ အားနှင့် အဆွဲခံလိုက်ရလျက် အရှေ့သို့ ယိုင်သွားရသည်။

စုယန်ယန်သည် အငိုက်မိကာ အရှေ့သို့ ယိုင်သွားပြီး ဟောက်ချန်ဟွမ်း၏ ပေါင်ပေါ် ရောက်သွားလျက် သူနှင့် မျက်နှာချင်းဆိုင် အနေအထား ဖြစ်သွားခဲ့လေသည်။ သူမက သူ့ရင်ခွင်ထဲ ရောက်သွားသလိုပါပဲ။

" ချန်ဟွမ်း …. ။ "

" ကိုယ့်ကို အချိန် နည်းနည်း ပိုပေးပါဦး။ " ဩရှသော အသံဟာ သူမရဲ့ နားဘေးမှာ ထွက်ပေါ်လာကာ သူ ရှူထုတ်လိုက်သော ထွက်လေက သူမရဲ့ နားရွက်ကို တိုးဝှေ့နေခဲ့သည်။ ခံစားချက်က ယားကျိကျိနှင့် အနည်းငယ် ပူနွေးနေသည်။

စုယန်ယန်၏ မျက်နှာသည် စတော်ဘယ်ရီ‌သီးလေးကဲ့သို့ နီရဲသွားပြီး တောင်းပန်သလို ပြောလိုက်သည်။ " ရပါတယ်။ ကျွန်မ အရမ်း စိတ်စောသွားမိတယ်။ ရှင် အချိန် ယူပါဦး။ "

ဟောက်ချန်ဟွမ်းက ထိုစကားကို ကြားသောအခါ သူ့နှုတ်ခမ်းများကို ခပ်တင်းတင်း စေ့ပိတ်လိုက်သည်။ ခဏ ကြာတော့မှ သူ ပြန်ပြောလိုက်သည်။ " ကိုယ် မင်း သဘောအတိုင်း ပူးပေါင်း‌ဆောင်ရွက်ပါ့မယ် ၊ ဒါပေမဲ့ ကိုယ် အဲ့ဒါကို မင်းရှေ့မှာတော့ မလုပ်ချင်ဘူး။ "

ဟောက်ချန်ဟွမ်း ဆိုလိုတဲ့ အဓိပ္ပာယ်ကို နားလည်ရန် စုယန်ယန် စက္ကန့် အနည်းငယ် အချိန်ယူခဲ့ရသည်။

ဟောက်ချန်ဟွမ်း၏ ခြေထောက်သည် နှစ်ပေါင်းများစွာ ကြာအောင် ထိခိုက်ဒဏ်ရာ ရထားခဲ့သည်။ သာမန် လူ တစ်ယောက်လို သူ လမ်းလျှောက်ချင်လျှင် ဝေဒနာခံစားရလိမ့်မည်။။

စုယန်ယန်က သူနှင့်အတူ အချိန်ကုန်ချင်ပေမဲ့ ဟောက်ချန်ဟွမ်းမှာလည်း သူ့အတွေးနှင့်သူ ရှိနေသည်။

ယောက်ျား တစ်ယောက် အနေဖြင့် စုယန်ယန်ရဲ့ နှလုံးသားထဲမှာ ရှိသော သူ့ပုံရိပ်ကို မြင့်မားတည်ငြိမ်ကာ အရှိန်အဝါ ကြီးမားသော ပုံရိပ်မျိုးပဲ အမြဲတမ်း ဖြစ်နေစေဖို့ သူ မျှော်လင့်သည်။ နာကျင်မှုနှင့် အနေရခက်မှုကြောင့် သူ့ပုံရိပ်ကို သနားစရာ အခြေအနေထိ သူ နိမ့်ကျမသွားစေချင်ပါ။

စုယန်ယန်က အကြာကြီး နှုတ်ဆိတ်နေမိသည်။ နောက်ဆုံးမှာတော့ သူ့အတွေးတွေကို လေးစားပေးရန် သူမ ရွေးချယ်ကာ ခပ်တိုးတိုး ပြန်ပြောလိုက်တော့သည်။ " ကောင်းပါပြီ ၊ ကျွန်မ ရှင့်ကို စောင့်နေမယ်နော်။ "

ရှင် မတ်တပ်ရပ်ပြီး ကျွန်မဆီကို လူကောင်း တစ်ယောက်လို လမ်းလျှောက်လာနိုင်မှာကို ကျွန်မ စောင့်မျှော်နေပါ့မယ်။

နောက် ၂ ရက် အတွင်း၌ ယုကျစ်ယန် ၊ ကုရှောက်ယန်နှင့် သူတို့ လက်အောက်ရှိ ဝန်ထမ်းများသည် နောက်ဆုံးမှာ သူတို့ ဟိုးအရင်ကတည်းက တောင့်တလိုချင်နေခဲ့သော ဆေးဖက်ဝင်ဟင်းလျာတွေကို စားသုံးခဲ့ရသည်။

ဆေးဖက်ဝင်ဟင်းလျာကို စားပြီးတဲ့နောက် ကုမ္ပဏီ အမျိုးမျိုးမှ ဝန်ထမ်းများဟာ ‌နှင်းဆီရောင်သမ်းနေတဲ့ ပါးမို့လေးတွေကို ပိုင်ဆိုင်ခဲ့ရပြီး သူတို့ရဲ့ အသားအရေကလည်း မယုံကြည်နိုင်ဖွယ်ရာ ပြောင်းလဲသွားခဲ့တယ် ဆိုတာကိုတော့ ပြောစရာ မလိုပါဘူး။

အထူးသဖြင့် နည်းပညာငှာနမှ ပရိုဂရမ်မာများပဲ ဖြစ်သည်။ သူတို့ရဲ့ ဆံပင် ကျွတ်သော အခြေအနေ တိုးတက်လာပြီးချိန်မှာ ထိုအရာက သူတို့ ဘဝတွေရဲ့ ဒုတိယ ကံကောင်းမှုလေး ဖြစ်ခဲ့သည်။ သူတို့ အပျော်လုံးဆို့သွားပြီး တက်ကြွလက်ကြွ လမ်းလျှောက်သွားခဲ့ကြသည်။

ဆေးဖက်ဝင်ဟင်းလျာရဲ့ အံ့ဖွယ်ဆန်းကြယ် အာနိသင်များကို လူတိုင်း လက်ဖျားခါနေကြကာ သူတို့ ဘော့စ်ရဲ့ ဇနီးအား သူတို့ကို ဆုချရန် ဘယ်အချိန်မှာ သူတို့ တောင်းဆိုနိုင်မှာပါလိမ့်ဟု တိတ်တဆိတ် သိချင်နေခဲ့ကြသည်။ အခြား တစ်ဖက်တွင် ယုကျစ်ယန်နှင့် အခြား လူများသည် ဟောက်ချန်ဟွမ်း သတ်မှတ်ထားသော ဆုချမည့် စည်းမျဉ်းများကို ဝန်ထမ်းတိုင်းအား သေသေချာချာ ပြောပြနေခဲ့သည်။

ကုမ္ပဏီ အနည်းငယ်မှာတော့ အုတ်အော်သောင်းတင်း ဖြစ်နေကြသည်။ သူတို့က သူတို့ရဲ့ လုပ်ဖော်ကိုင်ဖက်တွေကို မီးဝင်းဝင်းတောက်နေသော မျက်လုံးများဖြင့် ကြည့်နေခဲ့ကြသည်။

အကောင်းဆုံး ကြိုးစားခဲ့သော ဝန်ထမ်းများသာ တစ်ပတ်မှာ တစ်ကြိမ် သခင်မလေး ကိုယ်တိုင် ပြင်ဆင်ပေးသော ဆေးဖက်ဝင်ဟင်းလျာကို စားသောက်နိုင်မှာ ဖြစ်သည်။ ဘယ်လိုပဲဖြစ်ဖြစ် သူတို့ကတော့ ဘယ်တော့မှ အရှုံးကို ဝန်ခံမှာ မဟုတ်ပေ။

ထိုကိစ္စကြောင့် ကုမ္ပဏီထဲမှာ ဝန်ထမ်းများ၏ အလုပ်ကြိုးစားမှု တိုးမြှင့်လာကာ ကုမ္ပဏီ၏ လုပ်ငန်းပရောဂျက် တစ်ခုချင်းစီ အလိုက် ဝင်ငွေများသည်လည်း အချိန်နှင့်တပြေးညီ ၂ ဆ တိုးပွားလာခဲ့သည်။

စုယန်ယန်က နောက်ထပ် ငွေ ပမာဏ အများအပြားကို လက်ခံရရှိခဲ့သောအခါ ထိုပမာဏထဲမှာ သုည တစ်လုံး တိုးလာတာကို မြင်လိုက်ရသည်။ သူမ ထပ်မကျိန်ဆဲမိဘဲ မနေနိုင်ပေ။ " အမြတ်ကြီးစားသူပဲ။ "

ကျိန်ဆဲပြီးနောက် သူမရဲ့ ပျော်ရွှင်‌ကျေနပ်မှုထဲမှာ လက်ပစ်ကူးနေကြသော ကိန်းဂဏာန်းများကို သူမ တစ်ချက် ကြည့်လိုက်သည်။ သူမ ပျော်ရွှင်စွာ တွေးလိုက်မိပါသည်။ တကယ့်ကို အကွက်မြင်တဲ့ အမြတ်ကြီးစားသူ ၊ တကယ့်ကို အကွက်မြင်တဲ့ အမြတ်ကြီးစားသူပဲ … ။ သူမကလည်း အမြတ်ကြီးစားသူတွေကို အချစ်ဆုံး ဖြစ်သည်။

All Chapters