← Chapters

အခန်း ၄၁၃

Vol. 28 Ch. 413

အခန်း ၄၁၃

Vol. 28 Ch. 413

အခန်း (၄၁၃) - ကြော်ငြာနှစ်ထပ်ကွမ်း

" ဟိုလိုဂရပ်ဖစ် … ဂိမ်းလား။ " လော့ဝေပင်း၏ မျက်လုံးများ ကျဉ်းမြောင်းသွားသည်။ အံ့ဩစရာ သတင်းကြောင့် သူ ဆွံ့အနေခဲ့မိသည်။

သူ ဂိမ်း မကစားမှန်း စုယန်ယန် တွက်ဆမိပါသည်။ ထို့ကြောင့် သူမ ရှင်းပြလိုက်သည်။ " အလွယ် ပြောပြရရင်တော့ ရှင့်ကို ဂိမ်းထဲက ဇာတ်ကောင် အစစ် တစ်ယောက်လို ခံစားရစေအောင်လို့ ဂိမ်းဆော့တဲ့ အာကာသယဉ်ပုံစံ အခန်း တစ်ခန်း ၊ ဒါမှမဟုတ် ဂိမ်းဆော့တဲ့ ဦးထုပ် တစ်လုံးပဲ ရှင် လိုအပ်တာပါ။ ဂိမ်းထဲမှာ ထိခိုက်ဒဏ်ရာ မရအောင် ဆော့ရမှာတို့ ၊ မသေအောင် ဆော့ရမှာတို့ ဆိုတာတွေထက် လက်တွေ့ကမ္ဘာနဲ့ လုံးဝ ကွာခြားတဲ့ စိတ်ဝင်စားစရာ ဒုတိယဘဝ တစ်ခုကို စမ်းသပ်ကြည့်သလိုပါပဲ။ "

လော့ဝေပင်း တစ်ယောက် ငူငူငိုင်ငိုင် ဖြစ်နေရာမှ အလျင်အမြန် ပြောလိုက်သည်။ " ဟိုလိုဂရပ်ဖစ် ဂိမ်းတွေက ဘယ်လိုမျိုးလဲ ဆိုတာ ကျွန်တော် သိပါတယ်။ ကျွန်တော်က ဒီတိုင်း … "

" လူတွေရဲ့ စိတ်ကူးထဲမှာပဲ ရှိတဲ့ အရာ တစ်ခု လက်တွေ့ ဖြစ်လာတာကို ကျွန်တော် အံ့ဩသွားတာလို့ ပြောရမလား … ။ "

" … နည်းနည်း အံ့ဩမိသွားတာပါ။ "

" ဒါဆို ဒီကြေညာကို … "

" ကျွန်တော် လက်ခံပါ့မယ်။ "

စုယန်ယန် ထိုအဖြေကို အံ့ဩမသွားမိပေ။ " ကောင်းတယ်။ ဒီကြေညာ အတွက် ရှင့်မှာ ပါတနာ တစ်ယောက် ရှိတယ် ဆိုတာ ကျွန်မ ပြောရဦးမယ်။ "

" ပါတနာ .. ။ ဘယ်သူလဲဗျ … ။ "

" ရွှယ်ချိုင်ဝေ။ "

လော့ဝေပင်း ဆွံ့အသွားမိသည်။ ဖြစ်ပျက်နေသော အဖြစ်အပျက်ကို နားလည်သွားသောအခါမှာတော့ သူ အနည်းငယ် မလုံမလဲ ခံစားလိုက်ရသည်။

လွန်ခဲ့တဲ့ မိနစ် အနည်းငယ်တုန်းက တစ်ဖက်လူဟာ သူ့ကို ကုမ္ပဏီနှင့် လက်မှတ်ထိုးခိုင်းပြီးနောက် သူမရဲ့ အရင်းရှင် တစ်ယောက် ဖြစ်သော သရုပ်မှန်ကို ထုတ်ပြလာပြီဟု သူ သံသယဖြစ်ခဲ့မိသည်။ ပိုက်ဆံ ရဖို့ အတွက် သူ့ကို သူတို့ စတင် အမြတ်ထုတ်နေကြပြီဟု တွေးခဲ့မိသည်။

နောက်ဆုံးမှာ သူမက ထိုကဲ့သို့ မလုပ်ခဲ့ရုံသာမက သူ့အတွက် အခွင့်အလမ်းကောင်း တစ်ခုကိုပင် ပေးအပ်ခဲ့လေသည်။ သူမက သူ့ကုမ္ပဏီဟောင်းထံမှ သူ လွှဲပြောင်းလာပြီးနောက် ပထမဆုံး တိုက်ပွဲကို စတင်ရာမှာ သူ့ကို အကူအညီပေးရန် သူမရဲ့ ပင်မ ‌အထောက်အပံ့ ဖြစ်သော ရုပ်ရှင်ဘုရင်မကိုတောင်မှ ငှားပေးခဲ့သည်။

အဆုံးသတ်မှာတော့ သူက လူကောင်း တစ်ယောက်ကို သူ့စိတ်နှင့် နှိုင်းပြီး ရိုင်းမိသွားတာ ဖြစ်သည်။

" ရွှယ်ချိုင်ဝေကလည်း ဒီအလုပ်ကို လက်ခံထားတယ်။ အရင်တုန်းက ရှင်တို့ နှစ်ယောက်များ ပဋိပက္ခ‌တွေ ၊ ဘာတွေများ ရှိခဲ့ဖူးလား ဆိုတာ ကျွန်မ မသေချာလို့ အဲ့ဒါကို ရှင်နဲ့ လာအတည်ပြုတာပါ။ ရှင် ဒီအလုပ်ကို လက်ခံပြီး သူမနဲ့ အလုပ် တွဲလုပ်ရမှာကို သဘောတူမှာလား။ "

စုယန်ယန်တွင် တခြား သူတွေကို ဖိအားပေးတတ်တဲ့ အကျင့်မျိုး မရှိပေ။ ဒီလို အခွင့်အလမ်းကောင်းကို မည်သူ့ကိုမဆို သူမ ပေးလို့ ရသည်။

အကယ်၍ သူတို့ နှစ်ယောက် အဆင်မပြေကြဘဲ ရိုက်ကွင်းမှာ ပြဿနာ များစွာ ပေါ်ပေါက်လာလျှင် အဲ့ဒါက ဘော့စ် တစ်ယောက် ဖြစ်တဲ့ သူမကို အခက်တွေ့စေမှာ မဟုတ်လား။

" အင်း။ " လော့ဝေပင်းသည် သူ့အတွက် သေချာ ထည့်စဉ်းစားပေးနေသော ဘော့စ်ကြောင့် တဖြည်းဖြည်း စိတ်ငြိမ်လာကာ ယုံကြည်ချက် ရှိလာခဲ့သည်။ သူ ခေါင်းညိတ်ရင်း ပြောလိုက်သည်။ " ကျွန်တော် သူမနဲ့ အရင်တုန်းက အလုပ် လုပ်ဖူးပါတယ် ၊ ဒါပေမဲ့ စကား အဆက်အဆံတော့ သိပ်မရှိခဲ့ဘူး။ ပြီးတော့ ကျွန်တော်တို့မှာ ဘာပဋိပက္ခမှလည်း မရှိပါဘူး။ "

" ဒါဆိုရင် ဒီကိစ္စ အတည်ဖြစ်သွားပြီနော်။ " စုယန်ယန်က တစ်စုံတစ်ခုကို တွေးမိသွားပုံ ရသည်။ " ကုမ္ပဏီက ရှန်းရှ ရုပ်ရှင် တစ်ခုကိုလည်း ရင်းနှီးမြုပ်နှံဖို့ ပြင်ဆင်နေတယ်။ ကျွန်မတို့က ဟိုလိုပရပ်ဖစ် ဂိမ်းရဲ့ နောက်ခံ ဇာတ်ကြောင်းကို ရုပ်ရှင်ရဲ့ အသေးစိတ် ဇာတ်လမ်း အဖြစ် သုံးမှာ။ အချိန်ကျလာရင် ရှင်တို့ နှစ်ယောက်ကို ကျွန်မတို့ သရုပ်ဆောင်ခိုင်းပါ့မယ်။ ရှင့်မှာ တခြား လုပ်ချင်တဲ့ ရည်ရွယ်ချက်တွေ ရှိသေးလား။ "

ကြော်ငြာကိုတောင် မစရသေးခင်မှာ ရုပ်ရှင် တစ်ခုကလည်း ရေကန်အသင့် ကြာအသင့် ရှိနေခဲ့ပါပြီ။ သူ့ရဲ့ ဤဘော့စ်အသစ်က တကယ့်ကို ဖျတ်ဖျတ်လတ်လတ်ရှိပြီး တိကျပြတ်သားသည်။

အခြား သာမန်လူ တစ်ယောက် ဆိုပါက ကုမ္ပဏီ လွှဲပြောင်းပြီး,ပြီးချင်း ပေးအပ်လာသော အခွင့်အလမ်းများ အတွက် အသေအချာပင် ဝမ်းသာ ကျေးဇူးတင်မည် ဖြစ်ကာ သူတို့ရဲ့ ဘော့စ် အပေါ် သစ္စာရှိမှုကို ပြသသည့် အနေဖြင့် ထိုအခွင့်အလမ်းတွေကို ငြင်းဆန်ဖို့ ဆိုတာ ရာခိုင်နှုန်း အလွန် နည်းသည်။

ဒါပေမဲ့ လော့ဝေပင်းသည်တော့ ရုပ်ရှင်က ဘယ်လို ရုပ်ရှင်မျိုးလဲ သေချာ မသိသလို ဇာတ်ညွှန်းကလည်း ကောင်းမှန်း ၊ မကောင်းမှန်း မသိသဖြင့် ထိုအရာကို လက်မခံရဲပါ။ ထို့ပြင် သူ့ညီမလေး အတွက် သူ စိုးရိမ်နေဆဲ ဖြစ်သည်။

စုယန်ယန်က သူ တုံ့ဆိုင်းနေတာကို သတိပြုမိသွားကာ နှစ်သိမ့်ပေးလိုက်သည်။ " ရပါတယ်။ ဒါက ဒီတိုင်း အကြံပြုချက် သဘောပါပဲ။ ဇာတ်ညွှန်းကို အခုထိ ရေးလို့ မပြီးသေးဘူး ဆိုတော့ ဇာတ်ညွှန်း ထွက်လာမှ ရှင် ဆုံးဖြတ်နိုင်တယ်။ "

တုန်ချမ်းမှာ မကြာသေးမီ အချိန်တုန်းက IP အစီအစဉ် အနည်းငယ် ရရှိထားကာ ဤဟိုလိုဂရပ်ဖစ် ဂိမ်းက ထိုအစီအစဉ်တွေထဲမှ တစ်ခုပါ။

လော့ဝေပင်းက ဒီဇာတ်ညွှန်းကို လက်ခံဖို့ အမှန်တကယ် ဆန္ဒမရှိဘူး ဆိုလျှင် ဇာတ်ညွှန်းကို သူမ‌ ပြောင်းလဲလိုက်လျှင်တောင်မှ ဘာမှ ထူးမှာ မဟုတ်ပေ။ သူမက အမြော်အမြင်ကြီးကာ ဒီမိုကရေစီ စနစ်ကို ထောက်ခံသော ဘော့စ် တစ်ယောက် ဖြစ်ပါသည်။

စားသောက်ဆိုင်ကို ကီးဘုတ်ဖိုက်တာတွေ စော်ကားတိုက်ခိုက်နေတဲ့ အရင် အချိန်တုန်းက ဟောက်ချန်ဟွမ်း၏ နည်းပညာဆိုင်ရာ ဝန်ထမ်းတွေက လွဲလို့ သူမ၏ တိုက်ရိုက်ထုတ်လွှင့်မှုတင်ဆက်ထဲမှာ ရှိနေသော ပရိသတ် အများစုသည် မိန်းကလေးများ ဖြစ်ကြသည်။

စုယန်ယန်က ထိုအဖြစ်အပျက်ကြောင့် ပရိသတ်တွေရဲ့ နွေးထွေးသော ထောက်ခံအားပေးမှုကို ကျေးဇူးတင်စကားပြောရန် တိုက်ရိုက်ထုတ်လွှင့်မှု တစ်ခု လုပ်ဖို့ ဆုံးဖြတ်လိုက်သည်။

All Chapters