အခန်း ၄၁၅
Vol. 28 Ch. 415
အခန်း (၄၁၅) - ကိုယ်အလေးချိန်လျော့ကျစေသော အစားအစာများသည် လူကြိုက်အများဆုံးဖြစ်သည်။
ဖန်သားပြင်ပေါ်မှာ ဆက်လက် ဆွေးနွေးနေကြသော်လည်း စုယန်ယန်ကတော့ သူမရဲ့ အာရုံစိုက်မှုကို သူမ ယနေ့ ပြင်ဆင်ထားသော ဆေးဖက်ဝင်ဟင်းလျာသို့ ပြောင်းလိုက်ပြီ ဖြစ်သည်။
" ကျွန်မ ဒီနေ့ စွပ်ပြုတ်နဲ့ ဆန်ပြုတ် နည်းနည်း ၊ ဟင်းလျာတွေနဲ့ အချိုပွဲတွေ ၊ ပြီးတော့ ဖျော်ရည်တွေကို ချက်ပြုတ်ပေးမှာပါ။ "
စုယန်ယန်ရဲ့ စကား ဆုံးသွားသည်နှင့် တိုက်ရိုက်ထုတ်လွှင့်မှုထဲရှိ ကြည့်ရှုသူ များစွာသည် တံထွေးမျိုမချမိဘဲ မနေနိုင်ပေ။ စားစရာတွေ ဘယ်လောက် အရသာ ရှိမလဲ ဆိုတာ သူတို့ အခုကတည်းက စိတ်ကူးယဥ်နေနိုင်သလိုပါပဲ။
ရေချိုငါးကြင်းက ဘက်တီးရီးယားဖွံ့ဖြိုးမှုကို ဆန့်ကျင်ပြီး ရောင်ရမ်းနာကျင်မှုကို လျှော့ချပေးရုံသာမက ဝက်ခြံ အမာရွတ်တွေကို မှေးမှိန်စေရာမှာလည်း ကူညီပေးတယ် ဆိုတာကို ပြောစရာ မလိုပါဘူး။ ရေချိုငါးကြင်းတွေကို ထင်းရှူးစေ့ နည်းနည်း ၊ အနီရောင် တရုတ်ဆီးသီး နည်းနည်းနဲ့ နှပ်ထားကာ စွပ်ပြုတ် ချက်လို့ ရသည်။ ထိုဟင်းလျာက အသည်းကို အာဟာရဖြစ်စေရုံသာမကဘဲ လူ တစ်ယောက်ရဲ့ အသားအရေကိုလည်း ကြည်လင်လာစေနိုင်သည်။
ဒုတိယ စွပ်ပြုတ် တစ်မျိူးကတော့ ကိုချီဘယ်ရီရွက်တွေနှင့် ဝက်အသည်းကို ရောချက်ထားသည့် စွပ်ပြုတ် ဖြစ်လေသည်။ စုယန်ယန်သည် ဝက်အသည်းနှင့် ကိုချီဘယ်ရီသီး ဆန်ပြုတ်ကို အရင်တုန်းက ချက်ပြုတ်ခဲ့ဖူးကာ ပါဝင်ပစ္စည်းတွေကတော့ ဝက်အသည်း အပြင် ကိုချီဘယ်ရီရွက်နှင့် ကိုချီဘယ်ရီသီးတွေ ဖြစ်သည်။
ဤစွပ်ပြုတ်ထဲမှာ ကိုချီဘယ်ရီသီးတွေ မပါဝင်သော်လည်း ကျောက်ကပ်ဆေးပင်နှင့် တရုတ်ဆေးဖက်ဝင်အပင် တစ်မျိုး ဖြစ်သည့် ရှာ့ရှန်း ပါဝင်သည်။ ထိုဆေးပင် နှစ်မျိုးက ယင် စွမ်းအင်နှင့် အသည်းကို အားဖြည့်ပေးသည်။ ကိုချီဘယ်ရီရွက်များဖြင့် ပေါင်းစပ်လိုက်သောအခါ ထိုစွပ်ပြုတ်က လူ တစ်ယောက်ရဲ့ အမြင်အာရုံကို တိုးတက်ဖွံဖြိုးလာစေရုံသာမက မျက်အိတ်ဖောင်းခြင်းနှင့် မျက်ကွင်းညိုခြင်းကဲ့သို့ ပြဿနာတွေကိုလည်း သိသိသာသာ ပျောက်ကင်းစေသည်။
နောက်ဆုံး ဟင်းလျာကတော့ အဖြူရောင် မှို ၊ သင်္ဘောသီးနှင့် ရေချိုငါးကြင်းတို့ကို ရောချက်ထားသည့် စွပ်ပြုတ် ဖြစ်သည်။ ထိုဟင်းလျာကို ပြင်ဆင်ရတာ နည်းနည်းလေးတော့ ပိုလက်ဝင်သည်။ အဖြူရောင် မှို ၊ သင်္ဘောသီးနှင့် တရုတ်ဆီးသီးအနီ အနည်းငယ်ကို အိုးထဲ မထည့်ခင် ငါးကို အရင်ဆုံး ပြင်ဆင်ရသည်။
အဖြူရောင် မှိုဟာ အမျိုးသမီးတွေ အတွက် အလွန် ခွန်အားဖြစ်စေသော တရုတ်ဆေးဖက်ဝင် ပါဝင်ပစ္စည်း တစ်မျိုးပင်။ ထိုမှိုကို များများ စားသုံးခြင်းက ယင်နှင့် ယန်ကို အာဟာရပြုရုံသာမက သွေးလည်ပတ်မှု အားနည်း၍ ဖြစ်ပေါ်လာသော ခန္ဓာကိုယ် အစိတ်အပိုင်းတွေ အဝါရောင်သမ်းခြင်းကဲ့သို့ လက္ခဏာများကိုလည်း သက်သာစေသည်။
အခြား တစ်ဖက်၌ သင်္ဘောသီးသည် ရင်သား အရွယ်အစားကို ကြီးထွားစေရာမှာ သိသာထင်ရှားသော အာနိသင် ရှိသည်။ ထိုသင်္ဘောသီးကို ငါးကြင်းမြီးကွက် ၊ အဖြူရောင် မှိုတို့ဖြင့် အတူတကွ နှပ်ချက်လိုက်သောအခါ ထိုဟင်းလျာထဲမှာ အပျိုဖော်ဝင်စ အရွယ်တွင် မဖွံ့ဖြိုးသေးသော ရင်သားများကို ပိုင်ဆိုင်ထားရသည့် မိန်းကလေးငယ်များ အတွက် ထိရောက်သော ကုသမှု အာနိသင် ရှိသွားခဲ့သည်။
စုယန်ယန်သည် တစ်နာရီခွဲဝန်းကျင် ကြာအောင် စွပ်ပြုတ် ချက်ရင်း အလုပ်ရှုပ်နေခဲ့ရသည်။ သူမ ခေါင်းမော့လိုက်လျှင် ခန္ဓာကိုယ် သွယ်လျစေရန် ကူညီပေးနိုင်သော ဆေးဖက်ဝင်ဟင်းလျာ အတွက် ပရိသတ်များထံမှ လျှောက်ထားချက်များဖြင့် ပြည့်နှက်နေသော ဖန်သားပြင်ကို မြင်လိုက်ရသည်။ ဝိတ်ကျစေသည့် အာနိသင်များကို တစ်စုံတစ်ယောက်က ပရိုမိုးရှင်း သွားဆင်းပေးခဲ့ပြီး အဝလွန်ခြင်းကြောင့် အခက်တွေ့နေကြသော ခပ်ဝဝ လူများ အားလုံးကို တိုက်ရိုက်ထုတ်လွှင့်မှု အခန်းသို့ ခေါ်လာခဲ့တယ် ဆိုတာ ထင်ရှားသည်။
အာဟာရဖြည့်စွက်စာ သောက်စရာများကို လူတိုင်း သောက်နေလျက် တစ်ခါတရံမှသာ အဆင်မြင့် အထက်တန်း စားသောက်ဆိုင်မှာ တစ်နပ်စာ သွားစားရန် အခွင့်အရေး ရသော ဤခေတ်မှာ လူဝကြီးတွေ ဒီလောက် များလိမ့်မည်ဟု စုယန်ယန် တကယ် မျှော်လင့်မထားခဲ့ပေ။
သူမ ပတ်ဝန်းကျင်မှာ ရှိတဲ့ လူ အများစုက ကြည့်ကောင်းသော အသွင်အပြင်တွေကိုချည်း ပိုင်ဆိုင်ထားတာကြောင့်လည်း ပါသည်။ သူမရဲ့ ခွေးလေးကပဲ တစ်ဦးတည်းသော ဝတုတ်ကလေး ဖြစ်ပုံ ရသည်။
ထိုဝတုတ်ကလေးဟာ လွန်ခဲ့တဲ့ လ အနည်းငယ် အတွင်း ကောင်းကောင်း စားနေတာမို့ ကိုယ်အလေးချိန်လည်း ထပ်တိုးလာခဲ့သည်။ အခုတော့ သူက ဖောင်းကားနေသော ဘောလုံးလေး တစ်လုံး ဖြစ်နေခဲ့ပြီ ဖြစ်ကာ သူ့ကို အကြာကြီး ပွေ့ချီထားမိတိုင်း သူမရဲ့ လက်တွေ ကိုက်ခဲလာလေ့ရှိသည်။
ထိုဖက်တီးလေးကို ဒီတိုင်း ဆက်ဝခိုင်းထားတာ အကြံကောင်း တစ်ခု မဟုတ်ပါဘူး။ သူ့ရဲ့ စားသောက်မှု ပုံစံကို သူမ ထိန်းချုပ်ဖို့ လိုအပ်နေပုံ ပေါ်သည်။
အကြောင်းပြချက် တချို့ကြောင့် သူလေးက တိုက်ခိုက်ခံလိုက်ရကာ သူ့အစာကို ဆုံးရှုံးသွားတော့မလို ဖြစ်သွားသည်။ " ??? " မျှော်လင်ထားသလိုပါပဲ ၊ မကောင်းဆိုးဝါးလေး အနားမှာ ရှိနေလျှင် သူ့သခင်မက သူမရဲ့ သားဦးလေးကို ထပ်မလိုချင်တော့ပါ။ သူ့အစာကိုတောင်မှ လျှော့ချရမယ်တဲ့လား … ။ တကယ့်ကို ခက်ခဲလိုက်တဲ့ ဘဝပဲ။
" စွပ်ပြုတ် အဆင်သင့် ဖြစ်ပါပြီ။ အကုန်လုံးက ကိုယ်အလေးချိန် လျော့ကျစေတဲ့ ဟင်းချက်နည်း အကြောင်း သိချင်နေကြတော့ ကိုယ်အလေးချိန် လျှော့ကျစေတဲ့ ဟင်းလျာ တချို့ကို ဆက်ပြင်ဆင်ကြတာပေါ့။ မင်းတို့ မှတ်ထားရမယ့် အခြေခံ ပါဝင်ပစ္စည်းတွေက ကောက်ညှင်းငချိတ် ၊ မြေတောက်ပဲနဲ့ အုန်းနို့ဆန်ပြုတ်ပဲ။ မြေတောက်ပဲတွေက ခန္ဓာကိုယ်ကို သွယ်လျစေတဲ့ အာနိသင် ရှိတယ်။ မြေတောက်ပဲကို မိန်းကလေးတွေ စားရင် သူတို့ရဲ့ အသားအရေကို အသစ်တစ်ဖန် မွေးဖွားလာသလို အစိုဓာတ် ပြည့်ဝပြီး ကြည်ကြည်လင်လင်လေး ဖြစ်စေရုံသာမက မျက်နှာနဲ့ ခြေထောက်တွေကိုလည်း သွယ်လျစေတယ်။ မြေတောက်ပဲ ဆန်ပြုတ်ကိုလည်း အဓိက စားစရာ အနေနဲ့ သုံးလို့ ရတယ်။ သူက ဗိုက်ဝစေဖို့ လွယ်တယ်။ ခန္ဓာကိုယ် သွယ်လျအောင် ကြိုးစားနေတဲ့ အခြေအနေမျိုးမှာ ဆိုရင် အဲ့ဒါက မင်းတို့ကို ဗိုက်မဆာအောင် လုပ်ပေးလိမ့်မယ်။ "
ကိုယ်အလေးချိန် လျှော့ချခြင်း ဆိုတာ အချိန် ခဏလေး အတွင်း ဝိတ်ကျသွားဖို့ လိုအပ်တဲ့ အနုပညာရှင်တွေလိုမျိုး လုပ်စရာ မလိုပါဘူး။ အစာအိမ်ကို ဖြည့်တင်းပေးနိုင်ပေမဲ့ ကယ်လိုရီ အများကြီး မပါတဲ့ အစားအသောက်တွေကို စားတာကလည်း ကူညီပေးနိုင်သည်။
သို့သော်လည်း အဲ့ဒါက ချက်ချင်းလက်ငင်းတော့ အာနိသင် ပြမှာ မဟုတ်ပေ။ ထိုအစား အာနိသင် ပြစေရန် အတွက် လူ တစ်ယောက်က ဤစားသောက်မှု ပုံစံကို အချိန် တစ်ခု စွဲစွဲမြဲမြဲ ကျင့်သုံးသွားရပါမည်။ အဓိပ္ပာယ်ကတော့ လူ တစ်ယောက်က အတိုင်းအတာ တစ်ခုထိ သည်းခံနိုင်စွမ်းနှင့် ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်နိုင်စွမ်း လိုအပ်သည်ဟု ဆိုလိုသည်။ ထိုအရာတွေကို စားနေစဉ်မှာ တခြား ဘာကိုမှ စားလို့ မရပါ။