အခန်း ၄၁၆
Vol. 28 Ch. 416
အခန်း (၄၁၆) - ညစာစားပြီးနောက် အချိုပွဲ
" ကောက်ညှင်းငချိတ်ကတော့ ဆံပင်ကို ကြီးထွားစေတဲ့ အာနိသင် ရှိတယ် ၊ ပြီးတော့ သူက အစေ့အဆံတွေထဲက တစ်မျိုး ဆိုလည်း မမှားဘူး။ ဒီဟင်းလျာကို စားပြီးရင် လွယ်လွယ်နဲ့ ဝိတ်တက်မှာ မဟုတ်ပါဘူး။ ခန္ဓာကိုယ် အလေးချိန် လျော့ကျစေတဲ့ တစ်ချိန်တည်းမှာပဲ ဒီဟင်းလျာက ဆံပင် ပြဿနာတွေကိုလည်း ကုသပေးပါလိမ့်မယ်။ ခဲ တစ်လုံးတည်းနဲ့ ငှက် နှစ်ကောင်ကို ပစ်လိုက်သလိုမျိုးပေါ့။ "
ဟင်းလျာ နှစ်ပွဲကို ပြိုင်တူ ချက်ပြုတ်ပြီးနောက် အုန်းရည်နှင့် နုပ်နုပ်စဉ်းထားသော လိမ္မော်ခွံ အနည်းငယ်ကို ပေါင်းထည့်လိုက်ကာ ဆန်ပြုတ်၏ ရနံ့သည် ချက်ချင်းပဲ မွှေးကြိုင်လှိုက်တက်လာခဲ့သည်။
သူမ ပြင်ဆင်ခဲ့သော ခန္ဓာကိုယ် အလေးချိန် လျော့ကျစေသည့် ဒုတိယ အစားအစာ တစ်မျိုးက လတ်ဆတ်သော မျှစ်နှင့် ဝဥခေါက်ဆွဲ ဖြစ်သည်။ ဝဥက ရောနှောထားသော အစေ့အဆံများကဲ့သို့ အလွန် သိသိသာသာ ဗိုက်ပြည့်စေသော အာနိသင် ရှိသည်။ ပြောင်းဖူး သေးသေးလေးများနှင့် မျှစ်များကတော့ အတော်လေး လျော့နည်းသော အပူချိန် ရှိသည်။ ထိုဟင်းလျာကို အရည်ရွှမ်းသော ရိုးတံ ရှိသည့် ရူဘတ် ဟူသော အပင် တစ်မျိုးနှင့် နွယ်ချိုတို့ကို ရောစပ်၍ ဖြည့်စွက်ပေါင်းထည့်ထားကာ ခန္ဓာကိုယ် အလေးချိန် လျော့ကျစေရန် ကူညီပေးပြီး ခုခံအားကိုလည်း မြှင့်တင်ပေးသည်။
အစားအစာများ၏ အဆုံးသတ်တွင် တရုတ်နံနံနှင့် သစ်သီးများကို ရောဖျော်ထားသော ဖျော်ရည် တစ်ခွက်လည်း ရှိနေသည်။ တရုတ်နံနံ ၊ ခရမ်းချဉ်သီးများနဲ့ ဂရိတ်ဖရုတို့ကို သူမ အတူတကွ ရောဖျော်ထားခဲ့တာ ဖြစ်သည်။ သကြား သို့မဟုတ် ပျားရည် နည်းနည်း ထည့်စရာပဲ လိုတော့သည်။
အသီးအရွက် ဖျော်ရည် ရောက်လာသည်နှင့် မတူညီသော တုံ့ပြန်ချက် တစ်ရပ် ပေါ်ပေါက်လာခဲ့သည်။ ထိုအရာကို ကြိုက်နှစ်သက်သူ များစွာ ရှိလည်း သဘောမကျသူတွေလည်း ရှိသည်။
[ အသီးအရွက် ဖျော်ရည်ရဲ့ အရသာက နည်းနည်းလေး ဆိုးဝါးတယ်။ အာဟာရဖြည့်စွက်စာ သောက်စရာတွေနဲ့ နည်းနည်း တူတယ်။ အဲ့ဒါက ငါ အကြိုက်ဆုံး အရသာ မဟုတ်ဘူး။ ]
[ ငါကတော့ မဆိုးဘူးလို့ ထင်တာပဲ။ သောက်ရတာ ပေါ့ပေါ့ပါးပါး လန်းလန်းဆန်းဆန်း ရှိတယ်။ နွေရာသီ ဆိုရင် ငါ အဲ့ဒါကို နည်းနည်းလေး အအေးခံထားလို့ ရတယ်။ ငါ ခွက်ကြီး တစ်ခွက်လုံးကို တစ်ထိုင်တည်းနဲ့ သောက်နိုင်တယ်လို့တောင် ထင်မိတယ်။ ]
စုယန်ယန်သည် ထိုအရာကြောင့် စိတ်ထဲ ဘယ်လိုမှ မနေမိပေ။ အထုးသဖြင့် တရုတ်နံနံ ထည့်ထားသောကြောင့် တစ်ယောက်နှင့် တစ်ယောက် အရသာ အကြိုက်ချင်း မတူကြတာတွေ ရှိသည်။ လူ တချို့ကတော့ ထိုအရသာကို အမှန်တကယ် မကြိုက်ကြပါဘူး။
စုယန်ယန်က စွပ်ပြုတ်နှင့် ဆန်ပြုတ် တစ်ယောက်စာကို ချက်ပြုတ်လိုက်သည်။ ထို့နောက် အသီးအရွက်များကို သူမ စတင် မွှေကြော်,ကြော်လိုက်သည်။ ပထမဆုံး ဟင်းလျာကတော့ အိုးအလုံပိတ်၍ နှပ်ထားသော ဝက်လက်များ ဖြစ်သည်။
ဝက်လက်တွေမှာ ကော်လဂျင် ပမာဏ ကြွယ်ဝစွာ ပါဝင်သည်။ ထိုအရာကို များများ စားပါက အသားအရေကို ဖြူကြည်ချောမွေ့စေနိုင်သည့်အပြင် ဝက်ခြံ ပေါက်ပြီးနောက်ပိုင်း ကျန်ခဲ့သော ဝက်ခြံအမာရွတ်များကို ဖယ်ရှားရာမှာ ကူညီပေးသည်။
စုယန်ယန်သည် ဝက်လက်တွေကို ပဲငံပြာရည် ၊ ဝိုင်တို့နှင့် တစ်နာရီခွဲကြာ နှပ်မထားမီ အရင်ကတည်းက ရေ သေချာ ဆေးကာ အမွှေးနှုတ်ခြင်း ၊ ရေနွေးဖျောခြင်း စသည့် လုပ်စရာ ရှိတာတွေကို လုပ်ပြီး ဝက်လက်ရဲ့ အရောင်ကို ဖြူစွတ်သန့်ရှင်းနေစေခဲ့သည်။ အခု ချက်ပြုတ်ရန် အဆင်သင့်ပဲ ဖြစ်သည်။
သူမအရှေ့မှာ ရှိသော စွပ်ပြုတ်နှင့် ထမင်းရည်များကို မီးအေးအေးဖြင့် ဖြည်းဖြည်းချင်း နှပ်၍ ချက်ထားခဲ့သည်။ အမွှေးနံ့ ထွက်လာစေရန် အတွက် သူမ သူတို့ကို ဖြည်းဖြည်းချင်း ချက်ပြုတ်ရပါမည်။
သို့သော်လည်း ဤဟင်းလျာကတော့ ထူးခြားသည်။ အိုးထဲသို့ ပြောင်းထည့်လိုက်ချိန်မှာပဲ စားချင်စရာ မွှေးကြိုင်သော ရနံ့က လေနှင့်အတူ လှိုက်တက်လာခဲ့သည်။ နာနတ်ပွင့်နှင့် သစ်ကြံပိုးခေါက်မှုန့်ကဲ့သို့ ဟင်းခတ်အမွှေးအကြိုင်များကို ထပ်ထည့်လိုက်သောအခါ ထိုဟင်းလျာက ခုနတုန်းက ဝက်လက်နှပ် ဟင်းလျာလိုပဲ မွှေးကြိုင်လာခဲ့သည်။ ထိုဟင်းလျာကို အိုးထဲကနေ ပန်းကန်လုံးထဲသို့ ခပ်ထည့်လိုက်သည်နှင့် တစ်ပြိုင်နက် အုတ်အော်သောင်းတင်း ဆွေးနွေးပွဲ တစ်ခုကို ချက်ချင်း ဖြစ်ပေါ်သွားစေခဲ့လေသည်။
[ ငါ အရင်တုန်းက အဆင်မြင့် စားသောက်ဆိုင်တွေမှာ ဝက်လက်တွေကို မြင်ဖူးတယ်။ ဝက်လက်တွေကို နှပ်ချက်ထားတဲ့ ခပ်ပျစ်ပျစ် စွပ်ပြုတ် အတွက်ပဲ များသောအားဖြင့် သုံးကြတာ။ ငါ့အမေက အဲ့ဒါကို တစ်ခါ အော်ဒါ မှာခဲ့ဖူးတယ်။ စူးစမ်းချင်စိတ်နဲ့ ငါ တစ်ကိုက် မြည်းကြည့်လိုက်တော့ အရသာက တဆိတ် ပြင်းလွန်းလို့ ခံစားရတယ်။ ပြီးတော့ အရမ်းကြီး မသန့်ရှင်းဘူးလို့ ခံစားရတာနဲ့ အဲ့ဒါကို သိပ်မကြိုက်ခဲ့ဘူး။ ဒါပေမဲ့ တင်ဆင်သူရဲ့ ဝက်လက်တွေကတော့ တကယ့်ကို လက်ဖျားခါချင်စရာပဲ။ စားချင်စရာ အနံ့မျိုး ရှိရုံတင်မကဘူး ၊ အရမ်းလည်း ထူးခြားတယ်။ အရသာလည်း ရှိတယ်။ ဒီဟင်းလျာနဲ့ ဆိုရင် ငါ ထမင်းတွေ အများကြီး စားနိုင်တယ်လို့ ခံစားရတယ်။ ]
[ ဒီဝက်လက်ဟင်းလျာရဲ့ အရသာက တင်ဆက်သူ အရင်တုန်းက ချက်ပြုတ်ခဲ့ဖူးတဲ့ ၊ အိုးအလုံပိတ်ပြီး နှပ်ထားတဲ့ အစားအစာနဲ့ တူတယ်။ ဒါပေမဲ့ ဒီတစ်ခုက အရမ်း ထူးခြားတယ် ၊ အထူးသဖြင့် အတွင်းထဲမှာ ဝက်လက်ကနေ စိမ့်ထွက်လာတဲ့ အချိုရည်လေးတွေပဲ။ ဒီဟင်းလျာကို ခေါက်ဆွဲနဲ့ ထမင်းနဲ့သာ ရောစပ်လိုက်ရင် သေချာပေါက်ကို တအား အရသာရှိသွားမှာ။ အဟင့် အဟင့် အဟင့် ၊ ငါ အလုပ်မှာ အိုဗာတိုင် ဆင်းနေခဲ့ရလို့ ညစာ မရသေးဘူး။ အခု ငါ ဒါကို ကြည့်နေမိပြီ ၊ ဗိုက်ဆာလို့ သွားရည်ကျဖို့ပဲ ငါ တတ်နိုင်ပါတော့တယ်။ ]
စုယန်ယန်သည် နှပ်ချက်ထားသော ဝက်လက်များ အပြင် တိုဟူးနှင့် သင်္ဘောသီး မွှေကြော်ကို တရုတ်နံနံဖြင့် ချက်ပြုတ်ထားခဲ့သည်။ အဲ့ဒီနောက် စွပ်ပြုတ်လည်း ပြီးခါနီးနေပါပြီ။
စုယန်ယန်က သူမမှာ ရှိသော နောက်ဆုံး အချိန်လေးကို ညစာ စာပြီးချိန်မှာ စားဖို့ အချိုပွဲ ၂ ပွဲ ပြုလုပ်ရန် အသုံးချလိုက်သည်။ အချိုပွဲ ၁ ပွဲက သင်္ဘောသီး သကြားလုံး ခပ်မာမာလေးတွေ ဖြစ်ကာ နောက်ထပ် အချိုပွဲ တစ်မျိုးကတော့ ရွှေဖရုံသီးနှင့် ကြာဖူးပေါင်း ဖြစ်သည်။
သင်္ဘောသီး သကြားခဲက အတော်လေး ရိုးရှင်းသည်။ သူမက သင်္ဘောသီးထဲကို ရေထည့်ကာ သကြားခဲဖြင့် ပေါင်းထားဖို့ပဲ လိုအပ်ခဲ့သည်။ ကြာဖူးပေါင်းများ အတွက် ဆိုရင်တော့ ရွှေဖရုံးသီးကို အခေါင်းပေါက် ပန်းကန်လုံး ပုံစံလေး ဖြစ်သွားအောင် အရင်ဆုံး လှီးဖြတ်ခဲ့ရပြီး သကြားခဲနှင့် ကြာဖူးများကို ရောမွှေကာ ရွှေဖရုံသီး ပန်ကန်လုံးထဲသို့ ထည့်ပြီး ရေနွေးငွေ့ဖြင့် ပေါင်းထားခဲ့ရသည်။
စုယန်ယန်သည် ရွှေဖရုံသီးကို ပန်းကန်လုံး ပုံသဏ္ဍာန် ဖြစ်အောင် ပြုလုပ်နေစဉ်တွင် အပေါ်အခွံကို မခွာခဲ့ဘဲ ထိုအစား အခွံပေါ်မှာ လှပရှုပ်ထွေးသော ပန်းကနုတ် ပုံစံ လှီးဖြတ်ခဲ့ကာ သာမန် ရွှေဖရုံသီး ပန်းကန်လုံးလေးကို ထူးခြားထင်းထွက်နေစေခဲ့သည်။
ရွှေဖရုံသီးပေါင်းတွေက နူးညံ့ပျော့ပျောင်းနေသည်။ လတ်ဆတ်သော ကြာဖူးများနှင့် ပေါင်းစပ်လိုက်သောအခါ ထိုအချိုပွဲက အလွန် အမြင်လှသလို အရသာလည်း ရှိသွားသည်။ ထိုအချိုပွဲက အမျိုးသမီး များစွာရဲ့ အသည်းနှလုံးကို ချက်ချင်းပဲ ဖမ်းစားနိုင်ခဲ့သည်။
( T/N* သင်္ဘောသီး သကြားခဲ ဆိုတာ မြန်မာမှာဆို ကျောက်ဖရုံယိုလို အချိုတည်းစရာမျိုး ဖြစ်လိမ့်မယ် ထင်ပါတယ်။ )