← Chapters

အခန်း ၄၂၁

Vol. 29 Ch. 421

အခန်း ၄၂၁

Vol. 29 Ch. 421

အခန်း ( ၄၂၁ ) ကိုယ် ဘာမှ ပြန်မလုပ်ဘူးလို့ ကတိပေးပါတယ်။

စုယန်ယန်နှင့် ဟောက်ချန်ဟွမ်းတို့၏ မင်္ဂလာပွဲကို ကိုယ်ပိုင်ကျွန်း တစ်ခုပေါ်မှာ ကျင်းပခဲ့သည်။ လူကြီး နှစ်ယောက်က အသက်ကြီးနေပြီ ဖြစ်၍ လှေစီးရန် လုံလုံလောက်လောက် ကျန်းမာရေး အဆင်မပြေတော့သောကြောင့် သူတို့ ကိုယ်စား တက်ရောက်ပေးရန် သူတို့ သားနှင့် ချွေးမကို ခေါ်ခဲ့သည်။

သူတို့ ပြန်ရောက်လာကြသောအခါ ဟောက်ချန်ဟွမ်း အလွန် ပျော်ရွှင်နေသည် ဟူ၍သာ ပြောပြခဲ့သည်။ သူ့သတို့သမီးလေးကို သူ ကြည့်တဲ့ အကြည့်က အစွယ်တွေ ၊ လက်သည်းတွေ မရှိတော့သော သတ္တဝါကြီး တစ်ကောင်ကဲ့သို့ အလွန် နူးညံ့နေခဲ့သည်။ သူ ရန်မလိုတတ်တော့ဘဲ နူးညံ့သိမ်မွေ့လာသည်။

လူကြီး နှစ်‌ယောက်သည် အပြင်လူတွေ ပြောကြသော ကောလဟာလများကို နားထောင်ကာ သူတို့ရဲ့ လက်ထပ်ခြင်းနှင့် ပတ်သက်ပြီး စိုးရိမ်နေခဲ့ကြသည်။

သူမရဲ့ သားနှင့် ချွေးမ ပြောတာကို ကြားတော့မှ သူမ စိတ်အေးသွားရသည်။

ဟောက်ချန်ဟွမ်းက သူတို့ရဲ့ ကလေး မဟုတ်ပေမဲ့ သူတို့ မျက်စိရှေ့မှာတင် အရွယ်ရောက်လာခဲ့တာ ဖြစ်သည်။

အကယ်၍ သူသာ သူမကို စိတ်ရင်းနှင့် သဘောမကျဘူး ဆိုလျှင် သူတို့ကို အတူတကွ ရှိနေဖို့ အတင်းအကျပ် တွန်းအားပေးခံရလျှင်တောင် မစ်စ်စုက သူ့ရဲ့ နူးညံ့ချိုမြိန်တဲ့ ပုံစံကို မြင်နိုင်မှာ မဟုတ်ပါဘူး။

စုယန်ယန်သည် အန်တီယဲ့၏ ချိုသာသော ချီးကျုးစကားကြောင့် မျက်နှာလေး ရဲသွားကာ အနည်းငယ် ရှက်ရွံ့သွားမိသည်။

ဟောက်ချန်ဟွမ်းက သူမရဲ့ လက်ကို အရင် ဆုပ်ကိုင်လိုက်သည်။ သူ့မျက်လုံးထဲမှာ အပြုံးတွေ ဝေနေသည်။ သခင်မကြီးလန်ရဲ့ စကားကို သူ ထောက်ခံတယ် ဆိုတာ အသိအသာပင်။

သခင်ကြီးလန်က သူတို့၏ အပြုအမူလေးတွေကို မြင်သွားကာ ပြုံးရင်း ခေါင်းညိတ်လိုက်သည်။ " မင်းတို့ နှစ်ယောက်ကို ဒီလို တွေ့ရလို့ ငါ စိတ်အေးသွားပြီ။ လူအိုကြီးဟောက်နဲ့ ခယ်မတို့က ကောင်းကင်ဘုံကနေ ကြည့်နေမှာပါ။ မင်းတို့ နှစ်ယောက်ရဲ့ ဒီလို အနေအထားကို မြင်ရင် သူတို့လည်း မင်းတို့ အတွက် သေချာပေါက်ကို ဝမ်းသာကြလိမ့်မယ်။ "

သခင်ကြီး ထိုစကားကို ပြောလိုက်သည့် အခိုက်အတန့်မှာပဲ သူတို့ အနည်းငယ်ကြားမှ လေထုဟာ အေးစက်သွားခဲ့သည်။ သခင်မကြီးလန်က ပထမဆုံး တုံ့ပြန်သူ ဖြစ်လေသည်။ သူမက လက်ကို မြှောက်ကာ သူ့ခေါင်းရဲ့ အနောက်ဘက်ကို ရိုက်လိုက်သည်။ " ရှင် ဘာလို့ ဒီအကြောင်းကို ပြောနေတာလဲ။ "

စုယန်ယန် ဆွံ့အသွားမိသည်။ သဘောထား ကွဲလွဲတာလေး တစ်ခု အတွက်နဲ့ သူတို့ စပြီး ရန်ဖြစ်နေကြတာလား။ သို့သော် ဟောက်ချန်ဟွမ်းနှင့် လူကြီး နှစ်ယောက်ဘေးမှာ ရပ်နေကြသော လန်မိသားစုဝင်များသည် ထိုအရာက မထူးဆန်းတော့သလို ပြုမူနေခဲ့သည်။ သူတို့ နောက်တစ်ကြိမ် ထပ်အရိုက်ခံလိုက်ရသကဲ့သို့ ကြည့်လိုက်ကြသည်။

သခင်ကြီးလန်က အရိုက်ခံလိုက်ရ၍ နာသွားသော သူ့ခေါင်းအနောက်ဘက်ကို ပွတ်ရင်း မဝံ့မရဲ ပြောလိုက်သည်။ " ကျေးဇူးပြုပြီး ကလေးတွေရှေ့မှာ ငါ့ကို တစ်ခါတလေတော့ ဂုဏ်သိက္ခာလေး နည်းနည်းပါးပါး ပေးပါဦး။ "

သခင်ကြီးလန်၏ ဇနီးဖြစ်သူက လှောင်ရယ် ရယ်လိုက်သည်။ " ရှင့်မှာ ရှင့်ရဲ့ ဂုဏ်သိက္ခာ မရှိတော့ဘူးလား။ ရှင့်ကလေးရှေ့မှာ ရှင် ဘယ်လိုလုပ် အရမ်း အပြောမဆို မတတ်ရတာလဲ။ ကျွန်မကို အရှက်ရအောင် လုပ်တဲ့ အတွက် ရှင့်ကို ကောင်းကောင်းလေး ဆုံးမရမယ်။ " သူမက စကားဆုံးသည်နှင့် သခင်ကြီးလန်ရဲ့ နားရွက်တွေကို ‌နောက်တစ်ကြိမ် လိမ်ဆွဲဖို့ ကြိုးစားလိုက်တော့ သခင်ကြီးလန်က ကြောက်ရွံ့သွားကာ အနောက်မှာ ကွယ်နေခဲ့သည်။

လန်မိသားစုရဲ့ ငယ်ရွယ်သော မိသားစုဝင်များသည် သူတို့ အဘိုး ဒုက္ခရောက်နေတာကို မြင်လျှင် သူ့ကို စိတ်ချယုံကြည်သွားအောင် ဖျောင်းဖြရန် အမြန် ရောက်လာခဲ့ကြသည်။ စုယန်ယန်နှင့် ဟောက်ချန်ဟွမ်းတို့သည် သူတို့ ကိုယ်စား ဘေးရောက်သွားသည်။

စုယန်ယန်သည် အူကြောင်ကြောင်ဖြင့် မျက်တောင်လေး ပုတ်ခတ် ပုတ်ခတ် လုပ်မိသည်။

ဟောက်ချန်ဟွမ်းက ရယ်လိုက်သည်။ " ဦးလေးလန်က သူ လူငယ်ဘဝကတည်းက သူ့ဇနီး အနားမှာ ရှိနေရင် သူ့ဇနီးကို စိတ်မဆိုးရအောင် ဘာလုပ်လုပ် အရမ်း သတိထားတတ်တယ်လို့ နာမည်ကြီးတယ်။ သူ့ကို အန်တီယဲ့က အိမ်မှာရော ၊ အပြင်မှာရော နိုင်တယ်လေ။ ဒါပေမဲ့ သူတို့ နှစ်ယောက်က အရမ်း ချစ်နေကြတုန်းပါပဲ။ "

ကနဦး အံ့ဩမှု ပြီးဆုံးသွားပြီးနောက် စုယန်ယန်သည် သခင်ကြီးလန်၏ နောက်နောက်ပြောင်ပြောင် စကားထဲမှ တစ်စုံတစ်ရာကို သတိပြုမိသွားသည်။

ပုံမှန်အားဖြင့် ပြောရလျှင် အမျိုးသား တစ်ယောက် အတွက် အမျိုးသမီး တစ်ယောက်ကို ရှုံးနိမ့်ဖို့ ဆိုတာ မဖြစ်နိုင်ပါ။

သခင်ကြီးလန်က အထူးသဖြင့် အပေါ်ယံအရ အလျှော့ပေး သည်းခံတတ်သူ တစ်ယောက်နှင့် မတူသော်လည်း သူ့ကို ထုရိုက်နေသော သူမကို ဘာမှ ပြန်မလုပ်သလို ဘာမှလည်း ပြန်မပြောဘဲ သည်းခံနိုင်ခဲ့သည်။ နောက်ဆုံးမှာတော့ အဲ့ဒါတွေ အကုန်လုံးက အချစ်ကြောင့်ပဲ ဖြစ်သည်။

ထို့ပြင် လူ တစ်ယောက်က သေချာ ကြည့်လိုက်မည် ဆိုပါက သခင်မကြီးလန်ဟာ သူ့ကို ထုရိုက်နေသော်လည်း တစ်ခါမှ အသားနာအောင် မရိုက်‌ခဲ့ပေ။ သခင်ကြီးလန်က တအားအား အော်နေပေမဲ့ သူ့မျက်လုံးတွေထဲမှာ မကျေမနပ်ဖြစ်ခြင်းနှင့် ဒေါသ အရိပ်အယောင်တွေ တစ်ခုမှ မရှိဘဲ သဘောတကျ ရယ်မြူးရိပ်နှင့် သူ့ဇနီးကို အလိုလိုက်ခြင်းတို့သာ ရှိနေခဲ့သည်။

" မင်း အားကျနေတာလား။ "

စုယန်ယန်သည် လန့်သွားကာ ဟောက်ချန်ဟွမ်းကို ချက်ချင်း လှည့်ကြည့်လိုက်မိသည်။

အပြုံးရိပ်သမ်းနေသော သူ့အကြည့်နှင့် သူမ အကြည့်ချင်း ဆုံသွားသောအခါ သူမ လှောင်ရယ်ရင်း ခြိမ်းခြောက်လိုက်သည်။ " အနာဂတ်မှာ ရှင် ကျွန်မကို စိတ်ဆိုးအောင် လုပ်ရင် ကျွန်မလည်း ရှင့်ကို သူမလိုပဲ ထုရိုက်ပစ်မယ်။ "

" အိုကေ ၊ ကိုယ် ဘာမှ ပြန်မလုပ်ဘူးလို့ ကတိပေးတယ်။ "

စုယန်ယန် မျက်မှောင်ကြုတ်သွားပြီး မကျေမနပ် ပြောလိုက်သည်။ " ရှင် ကျွန်မကို စိတ်ဆိုးအောင် မလုပ်ဘူးလို့ ကတိပေးသင့်တာ မဟုတ်ဘူးလား။ "

ဟောက်ချန်ဟွမ်း : " … " သူ့ဘက်က မှားယွင်းတွက်ဆမိသွားတာပဲ။

" အိုကေ ၊ ကိုယ် မင်းကို စိတ်ဆိုးအောင် မလုပ်ဘူးလို့ ကတိပေးပါတယ်။ "

" … အဲ့လိုမှပေါ့။ "

ရန်ပွဲကို ဖြန်ဖြေပေးရန် အနည်းငယ် ရှေ့တိုးလာကြသော လန်မိသားစုရဲ့ ဂျူနီယာ အနည်းငယ်သည် သူတို့ရဲ့ စကားဝိုင်းကို ကြားသွားခဲ့သည်။ " … " ဒါ တကယ့်ကို များလွန်းသွားပြီ။ သူတို့ အခုလေးတင် သခင်ကြီးရဲ့ ခွေးစာတွေကို စားပြီးသွားတာလေ ၊ အခုတော့ ဒီနှစ်ယောက်ရဲ့ ခွေးစာတွေကိုပါ ထပ်စားနေရတယ်။ တစ်ယောက်တည်း အဖော်မဲ့ အထီးကျန်နေသူလေးတွေ အတွက် လူ့အခွင့်အရေး ဆိုတာ မရှိတော့ဘူးလား။

All Chapters