အခန်း ၄၂၆
Vol. 29 Ch. 426
အခန်း ( ၄၂၆ ) လူမိသွားခြင်း
ထိုအချိန်မှ စ၍ သူမနှင့် လန်မင်ဟန်တို့သည်လည်း စုယန်ယန်၏ တိုက်ရိုက်ထုတ်လွှင့်တင်ဆက်မှုထဲ၌ သူမ၏ အမာခံ ပရိသတ်တွေ ဖြစ်လာခဲ့ကြသည်။ သူမကို ပိုက်ဆံတွေ ဆုချခြင်းနှင့် ကံစမ်းမဲနှိုက်ခြင်းမှာ ပါဝင်ခြင်းက လွဲလို့ သူတို့ရဲ့ အချိန် အများစုကို ရေထဲ တိတ်တဆိတ် ဒိုင်ဗင်ထိုးရင်း ကုန်ဆုံးခဲ့သည်။
" နင် အဲ့ဒါကို မြင်သွားပြီး နင့်ကောင်မလေးကို ပေးလိုက်တယ်လို့တော့ မပြောနဲ့နော်။ "
လန်ကျားယီသည် ရှက်ရွံ့မှုဖြင့် ခေါင်းညိတ်လိုက်သည်။ သူ ဆေးဖက်ဝင်ဟင်းလျာကို အိမ်သို့ ယူလာသောအခါ သူ့အစ်ကိုက တိုက်ရိုက်ထုတ်လွှင့်တင်ဆက်မှုတွေကို ကြည့်လေ့မရှိပါဘူးဟု ပြောခဲ့သော်လည်း သူ့ခန္ဓာကိုယ်ကတော့ ရိုးသားနေခဲ့သည်။ သူက ကံထူးရှင် ကြည့်ရှုသူတွေထဲက တစ်ယောက်တောင် ဖြစ်ပြီးခဲ့ပါပြီ။
သူတို့ နှစ်ယောက်လုံးမှာ ထိုဟင်းလျာ ရှိနေသောကြောင့် သူ့မှာ ရှိနေသော တစ်ခုကို ပေးစရာ မလိုတော့ပေ။
ထိုဟင်းလျာကို လန်ကျားယီ ကိုယ်တိုင်လည်း စားလို့ မရပါဘူး။ ပြီးတော့ အဲ့ဒါကို သွန်ပစ်တာကလည်း ဖြုန်းတီးရာရောက်လိမ့်မည်။ အကျိုးအမြတ်များကို တွက်ချက်ပြီးနောက် ထိုဟင်းလျာကို သူ အမြင်ကြည်သော ဂျူနီယာ တစ်ယောက်ဆီ ပေးလိုက်သည်။ အခုတလော သူမရဲ့ ဓမ္မတာလာချိန် နာကျင်မှုများကြောင့် သူမ ဒုက္ခရောက်နေသည်ဟု ပြောထားသည်လေ။
အဲ့ဒီ ဟင်းလျာကို သူမထံ သူ ပေးလိုက်သောအခါ တခြား လူတွေရဲ့ မျက်လုံးထဲမှာ မမျှော်လင့်ဘဲ ထိုအရာက သူ ထိုဂျူနီယာလေးကို ပိုးပန်းချင်နေတာလို့ မြင်သွားခဲ့သည်။
ဂျူနီယာလေးက ထိုကဲ့သို့ မထင်ခဲ့သော်လည်း သူ ပေးသော စားစရာကို စားပြီးနောက် သူ့ကို ကျေးဇူးပြန်မဆပ်ဘဲ နေရန် အားနာနေခဲ့သည်။
သိပ်မကြာခင်မှာပဲ သူတို့ နှစ်ယောက် တစ်ယောက်အကြောင်း တစ်ယောက် သိလာခဲ့ကြသည်။ ထို့နောက် တစ်ယောက်ကို တစ်ယောက်ကို စတင် သဘောကျလာခဲ့သည်။
စုယန်ယန်သည် သူဖြေရှင်းစကားကို ကြားပြီးသွားတော့ အိုးတိုးအမ်းတမ်း မေးလိုက်သည်။ " ဒါဆို ရှင် တင်ဆက်သူကို လူ ကိုယ်တိုင် တွေ့ပြီး ကျေးဇူးတင်ချင်တယ်လို့ ပြောတုန်းက သူမက မရည်ရွယ်ဘဲ ရှင့်အတွက် အောင်သွယ်တော် ဖြစ်ပေးခဲ့လို့ ကျေးဇူးတင်ချင်တာလား။ "
" အဲ့ဒါက အကြောင်းပြချက် တစ်ခုပါ ၊ နောက်ထပ် အကြောင်းပြချက်ကတော့ ကျွန်တော့်အဘွားကြောင့်။ "
ယန်ရှင်းရန်သည် နားလည်သွားကာ ခေါင်းညိတ်လိုက်ပြီး ခပ်တိုးတိုး ရယ်လိုက်သည်။ " အဲ့တော့ တင်ဆက်သူက နင့်အော်သွယ်တော်ပေါ့။ "
စုယန်ယန် ဆွံ့အသွားမိသည်။ ဟင့်အင်း ၊ သူမ အောင်သွယ်တော် လုံးဝ မဖြစ်ချင်ဘူး။
လန်ကျားယီက သူ့နှာခေါင်းကို ပွတ်သပ်ရင်း တဟဲဟဲ ရယ်လိုက်သည်။ " မရီး အဲ့လို ပြောနိုင်ပါတယ်။ "
" အိုကေ ၊ အိုကေ။ နင့်မှာ ကောင်မလေးပဲ ရနေတာ ဖြစ်ပြီး မကောင်းတာတွေ ဘာတစ်ခုမှ မလုပ်ဘူး ဆိုတာ သိရလို့ ငါ စိတ်အေးသွားပြီ။ အနာဂတ်ကျ ဒီလို ကိစ္စမျိုး ထပ်ဖြစ်လာရင် ငါတို့ မိသားစုက နင့်ကို စိတ်ပူစရာ မလိုအောင် ငါတို့ကို ပြောပြထားသင့်တယ်။ "
" ကျွန်တော် နားလည်ပါပြီ။ "
" ဟုတ်ပြီ ၊ နင့်အစ်ကို,ကို သွားရှာပြီး နားတော့နော်။ ငါ့မှာ နင့်အန်တီနဲ့ ပြောစရာ စကားလေး ရှိနေသေးတယ်။ "
လန်ကျားယီသည် တစ်စုံတစ်ခုကို စိတ်ထဲကနေ မေးချင်နေသော်လည်း သူ့ကောင်မလေး အကြောင်း ယန်ရှောင်ရန် မေးနေမည်ကို ကြောက်သဖြင့် စပ်စုချင်စိတ်ကို မျိုသိပ်ပြီး အလျင်အမြန် ထွက်ခွာလာခဲ့လိုက်သည်။
သူ ထွက်သွားပြီးနောက် ယန်ရှောင်ရန်က စုယန်ယန်ကို ဖျတ်ခနဲ ကြည့်ပြီး သူမကို ကိတ်မုန့်တုံးလေး တစ်တုံး ရုတ်တရက် ပေးလိုက်သည်။ " နောက်တစ်တုံး စားပါဦး။ "
စုယန်ယန်သည် အခုလေးတင် တစ်ခု စားပြီးခဲ့တာ ဖြစ်သည်။ ဒီကိတ်မုန့်ပွရဲ့ အရသာက အရင် တစ်ခုနှင့် မတူတာကို မြင်တော့ အများကြီး တွေးမနေတော့ဘဲ ထိုကိတ်မုန့်ကို ယူရန် လက်မြှောက်လိုက်သည်။
စုယန်ယန်သည် သူမကို ကြည့်ရန် ခေါင်းမော့မိသည်။
သူမ စကားမပြောနိုင်သေးခင်မှာပဲ ယန်ရှောင်ရန်က ပြောလိုက်သည်။ " နင်က တကယ်တော့ … တင်ဆက်သူ မဟုတ်လား။ "
စုယန်ယန်၏ မျက်လုံးများ ကျဉ်းမြောင်းသွားပြီး အိုးတိုးအမ်းတမ်း ပြုံးလိုက်သည်။ " ရှင် ဘာတွေ ပြောနေတာလဲ။ ကျွန်မက ဘယ်လိုလုပ် … "
" ငါ နင့်လက်ကို မှတ်မိတယ်။ "
စုယန်ယန်သည် သူမရဲ့ လက်ကို အလိုလို ပြန်ရုတ်လိုက်သည်။ သူမ မသိခဲ့တဲ့ အရာကတော့ သူမရဲ့ အပြုအမူဟာ ယန်ရှောင်ရန်ရဲ့ ခန့်မှန်းချက်ကို အတည်ပြုပေးလိုက်တယ် ဆိုတာပဲ ဖြစ်သည်။
" နင့်လက်က ရှည်လျားပြီး အသားဖြူတယ် ၊ ပြီးတော့ နင် မင်းသမီးလေး တစ်ပါးလို နေလာခဲ့ရပြီး ပင်ပင်ပန်းပန်း အလုပ်တွေ ဘာမှ မလုပ်ခဲ့ရဘူး ဆိုတာလည်း သိသာတယ်။ ဒါပေမဲ့ နင့်ညာဘက် လက်သူကြွယ်ရဲ့ အနောက်မှာ အမာရွတ် သေးသေးလေး ရှိတယ်လေ။ အဲ့ဒါကို တိုက်ရိုက်ထုတ်လွှင့်တင်ဆက်မှု အတွင်း ငါ မြင်ခဲ့တာ ၊ အခု နင့်အမာရွတ်ကလည်း အဲ့ဒါနဲ့ တစ်ပုံစံတည်းပဲ။ အဲ့ဒါအပြင် ရှောင်ယွီက တင်ဆက်သူ အကြောင်း ပြောလိုက်တုန်းက နင့်တုံ့ပြန်ပုံက တကယ် ထူးဆန်းသွားခဲ့တာ။ နင့်ဆိုင်ကို ရှောင်ယွီ လာတော့ သူ နင်နဲ့ အမှတ်မထင် တွေ့ခဲရတာ ဖြစ်မယ် ၊ အဲ့ဒါကြောင့် ငါ ရဲရဲတင်းတင်း ခန့်မှန်းကြည့်လိုက်တာ။ နင်က တင်ဆက်သူများ ဖြစ်နိုင်မလား။ "
စုရှောင်းယွီရဲ့ မျက်လုံးတွေ ပြူးကျယ်သွားသည်။ သူမရဲ့ ညာဘက် လက်သူကြွယ်ပေါ်က လက်သည်းခွံ အရွယ် အဖြူရောင် အမာရွတ်လေးကို ကြည့်ကာ တစ်ယောက်တည်း သက်ပြင်းချလိုက်မိသည်။ နင်က စုံစမ်းစစ်ဆေးရေး အဖွဲ့အစည်း တစ်ခုက မဟုတ်လား။ တိုက်ရိုက်ထုတ်လွှင့်တင်ဆက်မှုကို ကြည့်နေရင်းနဲ့ အသေးစိတ် အချက်လေး တစ်ချက်ကိုတောင် နင် လွတ်မသွားဘူးပဲ။