← Chapters

အခန်း ၄၂၉

Vol. 29 Ch. 429

အခန်း ၄၂၉

Vol. 29 Ch. 429

အခန်း ( ၄၂၉ ) အသုံးမကျသူ

" ဟုတ်တယ် ၊ ဟုတ်တယ် ၊ ဟုတ်တယ်။ ဟောက်ကော်ပိုရေးရှင်းက မြေနေရာ လှူခဲ့တယ် မဟုတ်လား။ ဘာပဲပြောပြော အဲ့ဒါက ကော်ပိုရေးရှင်းကြီး တစ်ခုပဲ။ သူတို့က နယ်မြေ တစ်စိတ်တစ်ပိုင်းကို အဲ့လိုမျိုး လှူပစ်လိုက်တာ။ "

" သူတို့ အဲ့လို လုပ်ချင်တယ်လို့ နင် ထင်လို့လား။ သူတို့ အဲ့လို လုပ်ဖို့ ဖိအားပေးခံခဲ့ရတာလေ။ ငါ့မှာ အဲ့ဒီ မြေနေရာ အတွက် တာဝန်ယူထားရတဲ့ ဆွေမျိုးနီးစပ် တစ်ယောက် ရှိတယ်။ ငါ ကြားတာတော့ အဲ့ဒီ နယ်မြေ တစ်စိတ်တစ်ပိုင်းကို အရင်တုန်းက သခင်လေးဟောက်က ကိုင်တွယ်ခဲ့တာတဲ့။ သူ့မှာ အဲ့ဒါကို ကြိုတင် စစ်ဆေးပေးမယ့် လူ မရှိတော့ လေလံပွဲမှာ အဲ့လိုမျိုးပဲ လေလံဆွဲခဲ့တာတဲ့။ မြေကြီးတူးတဲ့ ကိစ္စတွေ ဘာတွေ စတင်တော့မှ သူတို့က မြေကြီးအောက်မှာ တစ်စုံတစ်ခုကို ရှာတွေ့ခဲ့တာလေ။ "

" တိုက်တိုက်ဆိုင်ဆိုင် အဲ့ဒီ သခင်လေးဟောက်က မစ်စ်စုကို ရှာဖို့ မိန်းကလေး တစ်ယောက်ကို ခေါ်သွားတော့ အဲ့ဒါကို မီဒီယာတွေက ထုတ်ဖော်လိုက်တယ်လေ။ ဟောက်ကော်ပိုရေးရှင်းရဲ့ ဂုဏ်သတင်းလည်း ထိခိုက်သွားပြီးတော့ သူတို့ စတော့ရှယ်ယာဈေးတွေလည်း ဆက်တိုက် ထိုးကျလာခဲ့တာ။ အဲ့တော့ သူတို့ရဲ့ ဂုဏ်သတင်းကို ပြန်ထိန်းသိမ်းနိုင်ဖို့ အတွက် အဲ့ဒီ မြေနေရာကို လှူလိုက်ရုံက လွဲလို့ ရွေးချယ်စရာ မရှိခဲ့ဘူး။ "

" ငါလည်း အဲ့ဒါကို ကြားထားတယ်။ ဟောက်မိသားစုရဲ့ သခင်လေးရဲ့ ခေါင်းထဲမှာ ဦးနှောက်ချောင်နေတယ်လို့ နင် မထင်ဘူးလားဟင်။ အရင်တုန်းက စေ့စပ်ချိန်းဆိုထားတဲ့ ကိစ္စကို မစ်စ်စု ဖျက်သိမ်းလိုက်တုန်းကလည်း သူ အကြီးအကျယ် အုတ်အော်သောင်းတင်း ဖြစ်သွားအောင် လုပ်ခဲ့တာလေ။ မျက်လုံးပါတဲ့ ဘယ်သူမဆို သူတို့ မှားနေတယ် ဆိုတာ ပြောနိုင်တယ်။ သူက မစ်စ်စုကို ပြောင်ပြောင်တင်းတင်း သွားရှာဖို့တောင် အဲ့ဒီမယားငယ်မကို ခေါ်ရဲသေးတယ်။ ကြည့်ရတာ သူ့ကိုယ်သူ မှားနေတယ်လို့ တကယ် မတွေးမိတဲ့ ပုံပဲ။ "

ဤလူတွေက နားထောင်ရုံသာ နားထောင်နေကြကာ အသေးစိတ်ကို သတိမထားမိကြပေ။ မဟုတ်လျှင် သူတို့ရှေ့မှာ ထိုင်နေတဲ့ လူဟာ သူတို့ စကားဝိုင်းထဲက အဓိက ဇာတ်ကောင်မှန်း သတိမပြုမိဘဲ နေမှာ မဟုတ်ပါဘူး။

အမျိုးသမီး တစ်‌ယောက်က ခပ်မဲ့မဲ့ မျက်နှာဖြင့် ပြောလိုက်သည်။ " အဲ့ဒီ လူယုတ်မာတွေထဲက ဘယ်တစ်ယောက်ကများ ကိုယ့်ဇနီးတွေကို စွန့်ပစ်ပြီး မိန်းမ တစ်ယောက်ကို သွားရှာတာက မှားတယ်လို့ ထင်ကြလို့လဲ။ သူ အဲ့မြေနေရာနဲ့ အမှတ်မထင် တိုက်ဆိုင်သွားရုံပါပဲ။ မဟုတ်ရင် သူ ဘာမှ မဖြစ်ဘဲနဲ့ ကွင်းလုံးကျွတ် လွတ်သွားမှာ မဟုတ်ဘူး။ နင် ငါ့ကို မေးမယ် ဆိုရင်တော့ အဲ့ဒီ သခင်လေးဟောက်က ဟောက်ကော်ပိုရေးရှင်းကနေ ထုတ်ပယ်ခံရဖို့ ထိုက်တန်တယ်။ သူက အရည်အချင်း မရှိတာ တစ်ခုတည်း မဟုတ်ဘူး ၊ သူ့စရိုက်ကလည်း ဆိုးဝါးတယ်။ ဟောက်ကော်ပိုရေးရှင်းသာ သူ့လက်ထဲ ရောက်သွားရင် အဲ့ဒါက အဆုံးသတ် ဖြစ်သွားမှာကို ငါ စိုးရိမ်မိတယ်။ "

ဟောက်မိသားစုကို ခလုတ်တိုက်မိတဲ့ ကျောက်တုံး တစ်တုံး အဖြစ် သူတို့ အသုံးပြုချင်နေတာ ဖြစ်နိုင်ပါသည် ၊ သို့မဟုတ် အသိုင်းအဝိုင်းထဲမှာ ဟောက်မိသားစုရဲ့ ဂုဏ်သတင်းနှင့် လူမှုဆက်ဆံရေးက အလွန် ဆိုးဝါးနေသောကြောင့် သူတို့ကို အပြစ်ရှာ ဝေဖန်ဖို့ ဘာမှ အားမစိုက်ထုတ်လိုက်ရတာလည်း ဖြစ်နိုင်သည်။

စုယန်ယန်သည် နားထောင်နေရင်း မကောင်းသော စိတ်ဓာတ်ဖြင့် ကျေနပ်ပီတိဖြစ်သွားမိသည်။ အခြား အမျိုးသမီးများသည် တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကာ ဖြစ်ပျက်ခဲ့သော အဖြစ်အပျက်ကို နားလည်သွားကြသည်။

ထိုအမျိုးသမီးရဲ့ ညီမလေးဟာ ချောမောသော အသွင်အပြင်ရှိသည့် အမျိုးသား တစ်ယောက်ကို လက်ထပ်ခဲ့သည်။ သူမ လက်မထပ်ခင်တုန်းကတော့ သူ့ကို လူကောင်း တစ်ယောက်ဟု ထင်ခဲ့မိသော်လည်း လက်ထပ်ပြီးတော့မှ သူက သူ့သရုပ်မှန်ကို ထုတ်ပြခဲ့လေသည်။

အမျိုးသမီးရဲ့ မိဘတွေက ရှေးရိုးစွဲသူများ ဖြစ်ကြသည်။ သူတို့က သူတို့ သမီး အတွက် ကွာရှင်းပြီးနောက်ပိုင်း တခြား ယောက်ျား တစ်ယောက် ရှာရန် လွယ်မှာ မဟုတ်ဘူးလို့ ခံစားရ၍ သူမရဲ့ ညီမကို မကွာရှင်းရန် ဆက်တိုက် တားမြစ်ခဲ့သည်။

သူမရဲ့ ညီမလေးက နှစ် အနည်းငယ် ကြာအောင် ဆင်းရဲဒုက္ခ ခံစားခဲ့ရပြီး လွန်ခဲ့တဲ့ ၂ နှစ်မှာတော့ သူမ ထပ်သည်းမခံနိုင်တော့ပေ။ ထို့ကြောင့် သူမ အမျိုးသားကို သင်းကွပ်ပစ်ခဲ့ကာ သေကြောင်း ကြံစည်သွားခဲ့သည်။

ထိုမှတ်တမ်းဟောင်းကြောင့် ဟောက်ရှောက်ဖုန်းကို သူမ အမြင်မကြည်လင်တာ ပုံမှန်ပဲ ဖြစ်သည်။ ပြောရရင် သူတို့ ၊ ဒါမှမဟုတ် သူတို့ ဂရုစိုက်သော လူများက ကံဆိုးမိုးမှောင်ကျခြင်းများကို ခံစားနေရသည့် အစွန်း တစ်ဖက်ပေါ်မှာ ရောက်နေလျှင် လူ အများစုဟာ နာကျင်ရလေ့ရှိသည်။

" အခုတော့ သူတို့က သူတို့ရဲ့ အမွေဆက်ခံသူကို ဖယ်ထုတ်လိုက်ပြီ ဆိုတော့ ဟောက်ကော်ပိုရေးရှင်း အဆုံးသတ်သွားမှာကို ငါ စိုးရိမ်နေမိတယ်။ "

" အဲ့ဒါက ပြဿနာ မဟုတ်လောက်ပါဘူး။ မစ်စ်ဟောက်က သူမ အသက် ( ၆၀ ) ကျော်လောက်မှာ ဟောက်မိသားစု အတွက် သခင်လေး တစ်ယောက် မွေးရင် မွေးပေးနိုင်တာပဲလေ။ "

" ဟားဟားဟားဟား …" တစ်စုံတစ်ယောက်က ထိုကဲ့သို့ ပြောလိုက်သောအခါ လူ အနည်းငယ်က မအောင့်နိုင်ဘဲ ရယ်မိတော့သည်။

တကယ်တော့ မစ်စ်ဟောက်အပေါ် သူတို့ မျှော်လင့်ချက် ထားနေတာထက် သားယောက်ျားလေး မွေးပေးနိုင်မည့် နောက်ထပ် အမျိုးသမီး တစ်ယောက်ကို ဟောက်ချီဟန် ထပ်ရှာဖို့ကိုပဲ သူတို့ ပိုမျှော်လင့်ကြမှာ ဖြစ်သည်။

သို့သော် အဲ့လို ဆိုရင်တောင်မှ ဤမိသားစုကို အထင်သေးနေသူများ ရှိနေကြဆဲ ဖြစ်သည်။

" တကယ်တော့ လက်ရှိ တာဝန်ယူပုဂ္ဂိုလ်ဆီ ဟောက်ကော်ပိုရေးရှင်းကို လွှဲပြောင်းပေးလိုက်ကတည်းက ဟောက်မိသားစုက တဖြည်းဖြည်း ကျရှုံးလာခဲ့တာ။ "

" ဟုတ်တယ်နော်။ ဥက္ကဌဟောက်သာ သက်ရှိထင်ရှား ရှိနေဦးမယ် ဆိုရင် ဟောက်ကော်ပိုရေးရှင်းက … "

သူတို့ အားလုံးရဲ့ မျက်လုံးထဲမှာ ဝမ်းနည်းမှုတွေ ပြည့်နှက်နေကာ ပြိုင်တူ ခေါင်းခါရမ်းလိုက်ကြသည်။

" ဘယ်လောက်တောင် နှမြောစရာကောင်းလိုက်သလဲ။ ဟိုးအရင်တုန်းကသာ ဟောက်မိသားစုရဲ့ သခင်လေးမှာ ဘာမှ မဖြစ်ခဲ့ဘူး ဆိုရင် လက်ရှိ ဟောက်မိသားစုမှာ မတူညီတဲ့ ဇာတ်လမ်း တစ်ပိုဒ် ရှိနေလောက်တယ် .. "

All Chapters