← Chapters

အခန်း ၄၃၂

Vol. 29 Ch. 432

အခန်း ၄၃၂

Vol. 29 Ch. 432

အခန်း ( ၄၃၂ ) မွေ့နေ့လက်ဆောင်

အိမ်ထဲမှာပဲ အောင်းနေခဲ့တဲ့ လူ တစ်ယောက် အတွက် နောက်ဆုံးမှာ ပြောင်းလဲမှု တစ်ခုအနေဖြင့် အပြင်ထွက်လာဖို့ ဆိုတာ လွယ်ကူတာမျိုး မဟုတ်ပါ။ သူတို့ ရန်ဖြစ်ကြပြီးတော့ ဒုံရင်းအတိုင်း ပြန်ဖြစ်သွားရင် သူမတို့ရဲ့ ကြိုးစားအားထုတ်မှုတွေ အကုန်လုံး သဲထဲရေသွန် ဖြစ်သွားမှာ မဟုတ်လား။

သခင်လန်က မျက်မှောင်ကြုတ်ကာ သူ့ဇနီးကို နှစ်သိမ့်ပေးခဲ့သည်။ " ကိုယ်တော့ အဲ့လို မထင်ဘူး။ လွန်ခဲ့တဲ့ ရက် အနည်းငယ်တုန်းက ကိုယ်တို့နဲ့ ညစာ စားဖို့ ချန်ဟွမ်း သဘောတူထားတယ် မဟုတ်လား။ "

" အနာဂတ်မှာ ဘာဖြစ်မလဲ ဆိုတာ ဘယ်သူ သိမှာလဲ။ အကယ်၍ သူတို့ နှစ်ယောက်သာ တကယ်ကြီး ရန်ဖြစ်ပြီး မကျေမနပ် ဖြစ်နေကြမယ် ဆိုရင် သူတို့မှာ ကိုယ်တို့နဲ့ ညစာ စားချင်စိတ် ဘယ်လိုလုပ် ရှိနိုင်ဦးမှာလဲ။ "

လန်မင်ဟန်သည်လည်း ထပ်တူပင် ပြောလိုက်သည်။ " မစ်စ်စုက လောလောဆယ် စိတ်ကြည်မနေပေမဲ့ သူမက ဦးလေးချန်ဟွမ်းကို ဒေါသမထွက်တာကိုဝောာ့ ကျွန်တော် မြင်လိုက်ရတယ် အမေ။ ဦးလေးချန်ဟွမ်း ပြန်တော့ သူတို့ နှစ်ယောက်လုံး အဘိုးအတွက် လက်ဆောင်တွေ ယူလာတယ်လို့ ပြောသွားခဲ့တယ်။ သူတို့ရဲ့ ဆက်ဆံရေး အဆင်ပြေကြတယ် ဆိုတာ သိသာပါတယ်။ မစ်စ်စုက လူတွေ ဦးလေးအကြောင်းကို အဲ့လိုမျိုး ပြောနေကြတာ ကြားလိုက်ရလို့ သူ့အတွက် ဝမ်းနည်းစိတ် ၊ မခံချင်စိတ်နဲ့ ဒေါသထွက်သွားတာ ဖြစ်ရမယ်။ "

အမေလန်ရဲ့ အမူအရာကတော့ ပြောင်းလဲမသွားပေ။ ချန်ဟွမ်းက သူတို့ နှစ်ယောက်လုံး ပြင်ဆင်လာတဲ့ လက်ဆောင်ကို ယူလာခဲ့တယ်လို့ ပြောပေမဲ့ တကယ်ရော ဟုတ်လို့လားဟု သူမ ပြောရန် ပါးစပ်ပြင်လိုက်သည်။ သူ့ဇနီးကို တုန်နေအောင် ချစ်လို့ သူ တစ်ယောက်တည်း အဲ့ဒါကို ပြင်ဆင်ခဲ့တာလည်း ဖြစ်နိုင်တာပဲလေ။

သူမ ဘာမှ မပြောနိုင်သေးခင်မှာပဲ ယန်ရှောင်ယန်သည် တအံ့တြသ ရေရွတ်လိုက်သည်။ " လက်ဆောင် … ဟုတ်လား။ ဘာလက်ဆောင်လဲ။ "

ယန်ရှောင်ရန်၏ မေးခွန်းကို ကြားသောအခါ သူတို့ အမှန်အတိုင်း ဖြေလိုက်ကြသည်။ " အဲ့ဒါကို ဘဏ္ဍာစိုးဆီမှာ အပ်ထားတယ်လို့ ချန်ဟွမ်း ပြောသွားတယ်။ "

သူမ ထိုလက်ဆောင်အား မြင်ချင်ပုံ ပေါ်နေတာကို လန်မင်ဟန် မြင်သဖြင့် သူမကို သူ ခပ်တိုးတိုး သတိပေးလိုက်သည်။ " ဒီမှာ ဧည့်သည်‌တွေ အများကြီး ရှိနေတယ်‌။ လက်ဆောင်ကို ဖွင့်မကြည့်ခင် သူတို့ ပြန်သွားတဲ့အထိ စောင့်ကြရအောင်။ "

ယန်ရှောင်ရန်သည် သိချင်စိတ်ပြင်းပြနေသော်လည်း သူမရဲ့ ခင်ပွန်း ပြောတာ မှန်ကန်ကြောင်း သူမ သိသည်။ ယန်ရှောင်ရန် ခေါင်းညိတ်လိုက်ပြီး စုယန်ယန် သူမကို အဖိုးတန် တရုတ်ဆေးပင်တွေ ပေးသွားတာလားဟု တိတ်တဆိတ် သိချင်နေမိသည်။

စုယန်ယန်က သူမကို စိတ်မပျက်စေခဲ့ပါ။ မွေးနေ့ပွဲ ပြီးဆုံးသွားပြီး ဧည့်သည်တွေလည်း ပြန်သွားကြပြီးနောက် ယန်ရှောင်ရန်သည် ဘဏ္ဍာစိုးအား ဟောက်ချန်ဟွမ်းနှင့် စုယန်ယန်တို့ ပေးခဲ့သော လက်ဆောင်များကို ယူလာပေးရန် ပြောလိုက်သည်။

ဟောက်ချန်ဟွမ်းက သခင်ကြီးလန် အတွက် အရည်အသွေးကောင်း ကျောက်စိမ်း အပိုင်းလေး တစ်ခုကို ယူလာခဲ့သည်။ အထိအတွေ့က နွေးထွေးနေကာ အအေးဓာတ်ကို မခံနိုင်သော လူများ အတွက် သင့်လျော်သော ကျောက်စိမ်း အမျိုးအစား တစ်မျိုး ဖြစ်လေသည်။

ထို့ပြင် သခင်မကြီးလန် အတွက် လက်ဆောင် အဖြစ် ပေးခဲ့တာ ဖြစ်နိုင်သော ပုတီးနွယ် အပင်လေး တစ်ပင်လည်း ရှိနေသည်။

စုယန်ယန်၏ လက်ဆောင်ကတော့ ထိုပစ္စည်း နှစ်ခုရဲ့အောက် ခပ်ရှည်ရှည် ဘူးလေးထဲမှာ ရှိသည်။ သူတို့ ထိုဘူးကို ဖွင့်ကြည့်လိုက်လျှင် အကုန်လုံး ဆွံ့အသွားခဲ့ကြသည်။

" ဒါက … "

သခင်လေးလန် စကားမဆုံးသေးခင်မှာပဲ လန်မင်ဟန်နှင့် ယန်ရှောင်ရန်တို့က ပြိုင်တူ အံ့ဩတကြီး ပြောလိုက်သည်။ " ဂျင်ဆင်းတွေပါလား။ "

လူကြီး နှစ်ယောက်ဟာ အံ့ဩနေခဲ့ကြသည်။ " ဒါ ဘာလဲ ဆိုတာ မင်းတို့ သိတယ်လား။ "

" သိတာပေါ့ဗျာ။ ဒါက တရုတ်ဆေးဝါး တစ်မျိုးပဲ။ အရင်တုန်းက တိုက်ရိုက်ထုတ်လွှင့်တင်ဆက်မှု ချန်နယ်ထဲမှာ ဒီအကြောင်း ပါလာဖူးတယ်။ ဒီဂျင်ဆင်းက လူ တစ်ယောက်ရဲ့ ခွန်အားကို မယုံနိုင်လောက်အောင် အာဟာရဖြည့်စွက်ပေးနိုင်တဲ့ တကယ့်ကို အဖိုးတန် တရုတ်ဆေးဝါး တစ်မျိုး ဖြစ်တယ်လို့ ပြောထားတယ်။ အပြင်းအထန် နေမကောင်း ဖြစ်နေတဲ့ လူနာ တစ်ယောက်မှာ အသက်ငွေ့ငွေ့လေးပဲ ကျန်နေသေးရင်တောင်မှ ဒီဂျင်ဆင်းက သူ့ကို ထူထူထောင်ထောင် ပြန်ဖြစ်စေပြီး သူ့အသက်ကို ဆွဲဆန့်ထားပေးနိုင်တယ်။ "

" ဒါက အဲ့လောက်တောင် အံ့ဩစရာကောင်းတယ်လား။ " သခင်လေးလန်က သူ့ဒုတိယသားကို မယုံသင်္ကာ မျက်လုံးများဖြင့် ကြည့်လိုက်သည်။ ဒီကောင် လျှောက်ရွှီးနေတယ်လို့ သူ ခံစားနေရသည်။

လန်ကျားယီသည် သူ့အဖေ တွေးနေတဲ့ အတွေးကို တစ်ချက်လောက် ကြည့်လိုက်ရုံနှင့် တန်းပြောနိုင်သည်။ သူ ရှူးရှူးရှားရှား ဖြစ်သွားရသည်။

သူ့အဖေနှင့် သူ ငြင်းခုံဖို့ ပြင်နေစဉ်မှာပဲ ယန်ရှောင်ရန်က အရှေ့ထွက်လာကာ ရှင်းပြလိုက်သည်။ " ဒါက အဲ့လောက်ကြီး မဟုတ်လောက်ရင်တောင် တူညီတဲ့ အာနိသင် ရှိတယ်။ သုတေသန အဖွဲ့အစည်းက ကျွန်မတို့ကို အချက်အလက်တွေ ပေးထားလို့ ဒါက အတုတော့ မဖြစ်နိုင်ဘူး။ ဒါပေမဲ့ ဒီဂျင်ဆင်းက သက်တမ်းရင့်လေ ၊ ပိုအာနိသင်ပြည့်ဝလေပဲလို့ ပြောထားတယ်။ ဒီလို အမြစ်ကြီး တစ်ခုကို အဖေ တကယ် စားချင်တယ် ဆိုရင် နည်းနည်းလေးပဲ စားဖို့ လိုတယ်။ တစ်ထိုင်တည်း အရမ်း အများကြီး စားလို့ မရဘူး။ "

သခင်လန်နှင့် မဒမ်လန်တို့သည် ထိုစကားကို ကြားချိန်မှာ ဂျင်ဆင်း ဘူးလေးကို ပိုလို့တောင် သေချာ ဂရုတစိုက် ကြည့်လိုက်ကြသည်။

" အရင်တုန်းက သုတေသန အဖွဲ့အစည်းကနေ ပြောထားတယ် ဆိုမှတော့ အမှန်ပဲ ဖြစ်လိမ့်မယ်။ ဒီလို အဖိုးတန် ပစ္စည်းမျိုးကို ငါတို့ ထိန်းကို ထိန်းသိမ်းထားရမယ်။ "

လန်ကျားယီက သူ့အဖေရဲ့ အမူအရာကို မြင်တော့ ခပ်တိုးတိုး ပွစိပွစိ မလုပ်မိဘဲ ‌မနေနိုင်ပေ။ " အဖေက ကျွန်တော် ပြောတုန်းကကျ မယုံပေမဲ့ အစ်ကိုနဲ့ မရီး ပြောသမျှ အရာရာတိုင်းကိုကျ ယုံတယ်နော်။ "

သခင်လန်ဟာ သူ့စကားကြောင့် ရယ်ချင်သွားခဲ့သည်။ " အကယ်၍ မင်းသာ မင်း အစ်ကိုနဲ့ မရီးလောက် အမြော်အမြင် ရှိရင် ငါ မင်းကိုလည်း ယုံပေးမှာပေါ့။ မင်းက တစ်နေ့တစ်နေ့ လတ်လျားလတ်လျား လျှောက်သွားနေဖို့ပဲ သိတယ်။ လက်ခံလို့ ရတဲ့ အလယ်အလတ် အနေအထားမှာတောင် မရှိဘဲနဲ့ မင်းက လူတွေကို မင်းအပေါ် ယုံကြည်စေချင်သေးတာလား .. "

All Chapters