← Chapters

အခန်း ၄၃၃

Vol. 29 Ch. 433

အခန်း ၄၃၃

Vol. 29 Ch. 433

အခန်း ( ၄၃၃ ) အမှတ်မထင် ခုတုံးလုပ်ခံရသူ

လန်ကျားယီသည် သူ လတ်လျားလတ်လျား လျှောက်သွားနေတာ မဟုတ်ဘဲ သူ့ကောင်မလေးကို သွားရှာနေတာ ဖြစ်ကြောင်း ပြန်ပြောလိုက်ချင်သည်။

ထို့နောက် သူ ထိုသို့ ပြောလိုက်ပါက သူ့အဖေက သူ့ကို ' မိန်းကလေးတွေကို သွားကြိုဖို့ လတ်လျားလတ်လျား လုပ်နေတဲ့ ကောင် ' ဟု နာမည်တပ်နိုင်လောက်တယ် ဆိုတာ သူ ပြန်တွေးမိသွားသည်။ သူ့ကို ပေါ့ပျက်ပျက်နိုင်တယ် ဟူ၍လည်း အထင်ခံရမှာ ဖြစ်သောကြောင့် လန်ကျားယီသည် သူ့ပါးစပ်ကို မပိတ်ချင် ပိတ်ချင်နှင့် ပြန်ပိတ်လိုက်ဖို့ပဲ တတ်နိုင်ပါသည်။

သူ့ဇနီးရဲ့ စကားတွေကို လန်မင်ဟန် ကြားသောအခါ တိုက်ရိုက်ထုတ်လွှင့်တင်ဆက်မှုထဲမှာ ဒီပစ္စည်းရဲ့ အာနိသင်အကြောင်း တင်ဆက်သူ ထည့်ပြောဖူးတာကို ရုတ်တရက် မှတ်မိသွားသည်။

သူ ဘဏ္ဍာစိုးကို ပြောလိုက်သည်။ " ဒါက ပစ္စည်းကောင်း တစ်ခုပဲ။ သုတေသန အဖွဲ့အစည်းမှာ ဒီဂျင်ဆင်းရဲ့ အစိတ်အပိုင်း နည်းနည်းပါးပါးတောင် မရှိလောက်ဘူး။ စွပ်ပြုတ် ချက်တဲ့ အခါ ခင်ဗျား ဒီဂျင်းဆင်းကို တစ်ခါတလေ နည်းနည်းလေး ပါးပါးလှီးပြီးတော့ပဲ ဖြစ်ဖြစ် ၊ ဒါမှမဟုတ် ဖွာထွက်နေတဲ့ အဖျားလေးတွေကိုပဲဖြစ်ဖြစ် စွပ်ပြုတ်ထဲကို ထည့်လို့ ရတယ်။ ခင်ဗျား ဒါကို သေချာ ဂရုစိုက်ရမယ်။ "

ဘဏ္ဍာစိုးက အလျင်အမြန် ခေါင်းညိတ်လိုက်သည်။ သေတ္တာ အလေးချိန်ဟာ ရုတ်တရက် ပိုလေးလံလာသည်ဟု သူ ခံစားလိုက်ရသည်။

လန်ကျားယီသည် ထူးခြားကောင်းမွန်သော အရည်အသွေးကို ပိုင်ဆိုင်ထားသည့် ဂျင်ဆင်းကို စိုက်ကြည့်နေရင်း စုယန်ယန် ဒီလက်ဆောင်ကို ပေးခဲ့ရတဲ့ အကြောင်းအရင်းကို ကောက်ခါငင်ခါ စဉ်းစားမိသွားသည်။ " ယန်ယန်က ဒီဂျင်ဆင်းကို တိုက်ရိုက်ထုတ်လွှင့်တင်ဆက်မှုထဲမှာ မြင်ခဲ့ဖူးတာ ဖြစ်ရမယ်။ ဒါက ဈေးကြီးမှန်း သူမ သိတော့ အဘွား အတွက် အထူးတလည် ဝယ်လာခဲ့တာပေါ့။ "

ယန်ရှောင်ရန်၏ နှုတ်ခမ်းများ ခပ်တင်းတင်း စေ့ပိတ်သွားပြီး သူမ တစ်ယောက်တည်း စိတ်ထဲက တွေးတောလိုက်သည်။ " ဒါက တကယ်တော့ နင် ထင်နေသလောက် မရှုပ်ထွေးဘူးဟေ့။ ဘာပဲဖြစ်ဖြစ် ဒီဂျင်ဆင်းက သူမအပိုင်ပဲ။ "

မဒန်လန်သည် အနည်းငယ် မျက်မှောင်ကြုတ်သွားပြီး သူမရဲ့ သားကို ဆူလိုက်သည်။ " နင်က ဘယ်သူမို့လို့ ယန်ယန်လို့ ခေါ်နေတာလဲ။ အရိုင်းအစိုင်းတုံးလေး။ "

လျန်ကျားယီ : " … " အန်တီလို့ အခေါ်ခံရတာက သူမကို အသက်ကြီးသလို ခံစားရစေတယ်ဟု ပြောခဲ့တာ သူမ ကိုယ်တိုင်ပါပဲ။ ထို့ကြောင့်သာ သူမကို သူ ယန်ယန်လို့ပဲ ခေါ်ခဲ့တာပါ။ အဆုံးသတ်မှာတော့ သူက အဆူခံနေရတုန်းပါပဲလား။ သူ့မိဘတွေက သူ့မိဘအရင်းတွေ မဟုတ်ဘဲ သူ့ကို တစ်နေရာ‌ကနေ ကောက်လာတာ ဖြစ်ရမည်။

ယန်ရှောင်ရန်ဟာလည်း သူ့ဘက်က ဝင်ပြောမပေးခဲ့ပေ။ ထိုအစား သူမက ပြုံးကာ ပြောလိုက်သည်။ " အမေ ၊ အဖေနဲ့ အဘိုး ၊ အဘွားတို့ အခု စိတ်ချသွားလို့ ရပြီ‌နော်။ မစ်စ်စုက ဦးလေးကို ချစ်ပြီးတော့ သူ့ကို ဂရုစိုက်တာ အသိအသာကြီးပါ။ ကျွန်မတို့ မိသားစုက သူ့ကို ကောင်းကောင်း ဆက်ဆံမှန်းလည်း သူမ သိတယ်။ အဲ့ဒါကြောင့်သာ သူမ ဒီလို အဖိုးတန် လက်ဆောင်မျိုးကို အဘိုးကို ပေးခဲ့တာပေါ့။ "

" မင်ဟန် အခုလေးတင် ပြောသွားသလိုပါပဲ။ သူမရဲ့ ပုံစံက မကျေမနပ် ပုံစံပေါက်နေတယ် ဆိုရင် အဲ့ဒါက ဦးလေးချန်ဟွမ်းအကြောင်း သူများအတင်း ပြောရတာ ကြိုက်တဲ့ ဟိုမိန်းမတွေ အတင်းပြောနေကြတာကို ကြားသွားလို့ သူမ ဒေါသထွက်သွားတာ ဖြစ်ဖို့ များတယ်။ ဦးလေးအတွက် သူမ စိတ်မကောင်းဖြစ်သွားတာပါ ၊ သူနဲ့ စကားများမှာ မဟုတ်ပါဘူး။ "

" အဲ့ဒါဆို တော်သေးတာပေါ့။ " မဒမ်လန်သည် နောက်ဆုံးတွင် စိတ်အေးသွားသော သက်ပြင်းလေး ချလိုက်သည်။ ဟောက်ချန်ဟွမ်း တစ်ယောက် ဒီနှစ်တွေ တစ်လျှောက်လုံး ခက်ခဲသော ဘဝ တစ်ခုကို ဖြတ်သန်းခဲ့ရသည်ဟု သူမ တွေးမိသည်။ သူ့အတွက် ဂရုစိုက်ပေးသည့် တစ်စုံတစ်ယောက်ကို သူ ပိုင်ဆိုင်နိုင်လျှင် ကောင်းကင်ဘုံမှာ ရှိနေတဲ့ သူ့မိဘတွေလည်း သူ့အတွက် ဝမ်းသာပါလိမ့်မည်။

ထိုအချိန်မှာ စုယန်ယန်ကတော့ သူမ စိတ်ဆိုးမာန်ဆိုး ဖြစ်နေပြီဟု တခြား လူတွေ ယူဆနေပြီး ဟောက်ချန်ဟွမ်းနှင့် စကားများမှာကို စိုးရိမ်နေကြကြောင်း လုံးဝ မသိဘဲ အလွန် ဒေါသထွက်နေခဲ့သည်။

ဒေါသထွက်နေရင်းနှင့်လည်း သူမနံဘေးမှာ ရှိနေသူ အတွက် ဘာမှ မတတ်နိုင်ဘဲ နင့်နင့်နဲနဲ ဝမ်းနည်းနေမိသည်။

ဟောက်ချန်ဟွမ်းသည် သူတို့ ကားပေါ် တက်ပြီးကတည်းက သူ့ကို စိုက်ကြည့်နေသော စုယန်ယန်ကို သတိပြုမိသွားကာ ခပ်တိုးတိုး မေးလိုက်သည်။ " ကိုယ့်မျက်နှာပေါ်မှာ တစ်ခုခု ရှိနေလို့လား။ "

စုယန်ယန် ခေါင်းခါရမ်းလိုက်သည်။

" မင်း နေမကောင်းလို့လား။ "

သူမ ခေါင်းခါလိုက်ပြန်သည်။

" မင်း တစ်ခုခုကို စိတ်ဆိုးနေတာလား။ "

စုယန်ယန်က ခေါင်းခါပြီးမှ ခဏ အကြာတွင် ခေါင်းညိတ်လိုက်သည်။

ဟောက်ချန်ဟွမ်း ရယ်မောလိုက်မိသည်။ " စိတ်ဆိုးနေတာလား ၊ စိတ်ချမ်းသာနေတာလား။ "

စုယန်ယန်သည် နှာခေါင်းရှုံ့ကာ မျက်နှာလွှဲသွားခဲ့သည်။

သူမရဲ့ မျက်နှာပေါ်က အပြုံးလေး ပျောက်ကွယ်သွားတာကို မြင်တော့ ဟောက်ချန်းဟွမ်းက နူးညံ့စွာ မေးလိုက်သည်။ " ဘာဖြစ်ခဲ့လို့လဲ။ ဘယ်သူက မင်းကို စိတ်ညစ်အောင် လုပ်တာလဲ။ "

" ဘယ်သူမှ မလုပ်ပါဘူး။ ကျွန်မ ဒီတိုင်း သခင်မလေးလန်နဲ့ လိုက်သွားရင်း အတင်းပြောနေကြတာကို အမှတ်မထင် ကြားသွားခဲ့လို့ နည်းနည်းလေး စိတ်မသက်မသာ ဖြစ်နေမိတာ။ "

ထိုစကားကို ကြားသောအခါ ဟောက်ချန်ဟွမ်း၏ မျက်နှာက သုန်မှုန်သွားသည်။ " သူတို့ ဘာအကြောင်း ပြောနေကြလို့လဲ။ "

စုယန်ယန်သည် နှာခေါင်းလေး တစ်ချက် ရှုံ့လိုက်ပြီး စိတ်ပျက်လက်ပျက် ပုံစံဖြင့် ပြောလိုက်သည်။ " သူတို့ ပြောတာတော့ သခင်လေးဟောက်က ဟိုးအရင်တုန်းက ချောမောတင့်တယ်ခဲ့တယ်တဲ့။ ရှင့်ကို သဘောကျတဲ့ ကောင်မလေးတွေက ရှင့်ကို ရအောင် ကြိုးစားရင်း ရှင့်အိမ်တံခါးတွေကိုတောင် ချိုးဖျက်ခါနီး အခြေအနေ ဖြစ်ခဲ့တယ်ဆိုပဲ။ "

ဟောက်ချန်ဟွမ်း၏ မျက်နှာ အမူအရာက တင်းခနဲ ဖြစ်သွားခဲ့သည်။ စုယန်ယန် ဒီအကြောင်း ပြောလာမည်ဟု သူ‌ မျှော်လင့်မထားခဲ့ပါ။ " သူတို့ရဲ့ အဓိပ္ပာယ်မရှိတဲ့ အရည်မရအဖတ်မရ စကားတွေကို နားမထောင်နဲ့။ အဲ့ဒါတွေ အကုန်လုံးက … သူတို့ လိမ်နေကြတာ။ "

" တကယ်လား။ မိန်းကလေး တစ်ယောက်က ရှင်နဲ့ စေ့စပ်ခါနီး အခြေအနေတောင် ဖြစ်ခဲ့တယ်လို့ ကျွန်မ ဘာကြောင့် ကြားခဲ့ရတာလဲ။ "

" စေ့စပ်ခါနီး အခြေအနေ .. ဟုတ်လား။ " ဟောက်ချန်းဟွမ်း ထိတ်လန့်သွားသည်။ ဘယ်ခွေးမသားက သူ့အကြောင်း မဟုတ်မဟတ် ကောဟဟာလတွေ လျှောက်ဖြန့်ရဲတာလဲ။ အဲ့ကောင် သေချင်နေတာလား။

All Chapters