← Chapters

အခန်း ၄၃၄

Vol. 29 Ch. 434

အခန်း ၄၃၄

Vol. 29 Ch. 434

အခန်း ( ၄၃၄ ) ရှင့်မှာ ပြဿနာရှိလို့လား။

အခြေအမြစ်မရှိသော ဤစွပ်စွဲမှုကြောင့် ဟောက်ချန်ဟွမ်း ရုတ်တရက် ကြောင်အသွားကာ စက္ကန့် အနည်းငယ် ကြာအောင် ဆွံ့အသွားခဲ့သည်။ သူ့ရဲ့ သစ္စာရှိမှုကို သူ အမြန် ထုတ်ပြကာ ပြောလိုက်သည်။ " အဲ့ဒါ လုံးဝ အဓိပ္ပာယ်မရှိတာပဲ။ မင်းက လွဲလို့ ကိုယ် ဘယ်သူနဲ့မှ မစေ့စပ်ဖူးသလို တခြား ဘယ်မိန်းကလေးကိုမှလည်း တစ်ခါမှ သဘောမကျဖူးဘူး။ သူတို့ရဲ့ အဓိပ္ပာယ်မရှိတဲ့ စကားတွေကို နားမထောင်နဲ့။ "

" တကယ်လား။ "

" တကယ်ပေါ့။ "

" ဒါဆို ရှင့်ကို သဘောကျတဲ့ မိန်းကလေးတွေ အရင်တုန်းက အများကြီး ရှိခဲ့တယ် ဆိုတာ အမှန်ပဲလား။ "

ဟောက်ချန်ဟွမ်း လည်ချောင်းနင်သွားရသည်။

သူ့တုံ့ပြန်မှုကြောင့် ထိုအရာက အမှန်ပဲ ဖြစ်ကြောင်း စုယန်ယန် သိလိုက်သည်။ သူမ တစ်ချိန်တည်းမှာ သဝန်လည်း တို ၊ ဒေါသလည်း ထွက်သွားမိသည်။

ဟောက်ချန်းဟွမ်းသည် အစပိုင်းမှာ ကြောင်အမ်းအမ်း ဖြစ်နေခဲ့သော်လည်း သူ စိတ်တည်ငြိမ်သွားပြီးနောက် တစ်စုံတစ်ခုက ပုံမှန် မဟုတ်ဘူး ဆိုတာ နားလည်သွားသည်။ စုယန်ယန်ရဲ့ တုံ့ပြန်မှုက သဝန်တိုခြင်း ဖြစ်နေသော်လည်း သူမ တကယ် ဒေါသထွက်နေပုံရသည်။

" ကိုယ် မသန်စွမ်း ဖြစ်သွားပြီးတဲ့နောက်ပိုင်း ဘယ်မိန်းကလေးမှ ကိုယ့်အနား ထပ်မကပ်ချင်တော့ဘူးလို့ သူတို့ ပြောခဲ့လို့လား။ "

စုယန်ယန်က ခန္ဓာကိုယ်လေး တောင့်ခနဲ ဖြစ်သွားကာ နှုတ်ဆိတ်နေမိသည်။

သူမ၏ တုံ့ပြန်မှုမှ တစ်ဆင့် အဖြေကို ဟောက်ချန်ဟွမ်း သိလိုက်သည်။ သူ စိတ်သက်သာရာရသွားသော သက်ပြင်း တစ်ချက် မှုတ်ထုတ်လိုက်ပြီး စုယန်ယန်၏ ခန္ဓာကိုယ်ကို ပြန်မတ်စေလိုက်သည်။ " အဲ့ကိစ္စကြောင့် မင်း ဒေါသထွက်နေတာ မဟုတ်လား။ "

စုယန်ယန်က နှုတ်ခမ်းတွေကို စေ့ပိတ်ထားပြီး နှုတ်ဆိတ်နေဆဲ ဖြစ်သည်။

သူမရဲ့ ထိုပုံစံလေးကို မြင်တော့ ဟောက်ချန်ဟွမ်းသည် သူ အရင်တုန်းက ယုကျစ်ယန်ထံမှ ကြားထားသော စကားကို ချက်ချင်း ပြန်သတိရသွားမိသည်။ ဟောက်ရှောက်ဖုန်းက သူ့ကို မသန်စွမ်းဖြစ်နေသည့်အတွက် ပျက်ရယ်ပြုခဲ့ပြီးနောက် ဟောက်ရှောက်ဖုန်းကို ဆေးရုံသို့ ပို့ခဲ့သူဟာ သူ့အရှေ့မှာ ရှိနေသော မိန်းကလေးပင်။

သူမရဲ့ နှလုံးသားက ဝါဂွမ်းစိုင်လေးလို နူးညံ့ကာ ထိုအထဲမှာ အခေါင်းပေါက် တစ်ခု ရှိနေသည်ဟု သူ ခံစားရသည်။

" အဲ့ဒါ မကောင်းဘူးလား။ ကိုယ်မှ အစကတည်းက သူတို့ကို သဘောမကျခဲ့တာ ၊ သူတို့ ကိုယ့်အနား ဆက်တိုက် ကပ်နေခဲ့တဲ့ အချိန်တုန်းက စိတ်အနှောင့်အယှက်ဖြစ်တာ တစ်ခုတည်းကိုပဲ ကိုယ် ခံစားရတယ်။ ကိုယ့်ကို သူတို့ လာမနှောင့်ယှက်တော့ရင် ကိုယ် ငြိမ်းငြိမ်းချမ်းချမ်းလေး နေနိုင်မှာ။ "

ဟောက်ချန်ဟွမ်း ထည့်မပြောခဲ့တဲ့ အရာကတော့ သူ မသန်စွမ်း ဖြစ်နေချိန်ထိ သူ့ကို ရယူချင်သော အမျိုးသမီးတွေ ရှိနေဆဲ ဆိုတာပါ။

သူ့အဖေက ဟောက် ကော်ပိုရေးရှင်းကို သူ့ဆီ လွှဲပြောင်းပေးမှာ မဟုတ်ဘဲ ဟောက်ချီဟန်ကိုသာ လွှဲပေးမှာကို သူ သိနေတာမို့ နောက်ဆုံးမှာတော့ သူ လက်လျှော့ခဲ့သည်။

သို့သော်လည်း ဟောက်ချန်ဟွမ်း ထိုအရာကို တကယ် ဂရုမစိုက်ပါ။ သူ ဂရုစိုက်တာ စုယန်ယန် တစ်ယောက်တည်းပဲ။

အတိတ်တုန်းက‌ သူဟာ စုယန်ယန် အတွက် မပြည့်စုံ မထိုက်တန်ဘူးလို့ ခံစားရ၍ သူ့ခြေထောက်တွေ မသန်စွမ်းဖြစ်နေသော အချက်ကို မုန်းခဲ့မိသည်။

ဒါပေမဲ့ အဲ့လို ဆိုရင်တောင်မှ စုယန်ယန်ကတော့ သူ့ဘဝထဲသို့ တုံ့ဆိုင်းမှုမရှိ ဝင်ရောက်လာခဲ့လေသည်။

ထိုကိစ္စနှင့် ယှဉ်လိုက်ပါက ကျန်တဲ့ ဘယ်အရာမှ အရေးမကြီးတော့ပေ။ " ပြီးတော့ ကိုယ် ဖြည်းဖြည်းချင်း ပြန်သက်သာနေပါပြီ။ မကြာခင်မှာ ကိုယ် မသန်စွမ်း တစ်ယောက် ဖြစ်နေတော့မှာ မဟုတ်ဘူး။ "

စုယန်ယန်သည် ဟောက်ချန်ဟွမ်း ပြောသော စကားရဲ့ ပထမ တစ်ဝက်ကို ကြားလိုက်သော်လည်း ဒုတိယ တစ်ဝက်ကို ကြားတော့မှ သူမရဲ့ အမူအရာက ပြောင်းလဲသွားတော့သည်။ ဟောက်ချန်ဟွမ်း၏ ပါးစပ်ကို သူမ အုပ်လိုက်သည်။ " အဲ့ဒါကို မပြောပါနဲ့။ "

" ဘာကိုလဲ။ "

" အဲ့ဒီ စကားလုံးကို မပြောနဲ့။ "

" ဟုတ်ပြီ။ ကိုယ် မပြောတော့ဘူး။ " ဟောက်ချန်ဟွမ်းက စုယန်ယန်၏ လက်ကလေးကို ဆွဲဖယ်ကာ ပြုံးလိုက်သည်။ " ဒီအကြောင်းတွေ အကုန်လုံး မင်းကို ဘယ်သူ ပြောခဲ့တာလဲ။ မင်း သူတို့နဲ့ စကားများခဲ့တာလား။ မင်း ရှုံးသွားခဲ့တာလား။ "

စုယန်ယန်သည် ပွင့်ပွင့်လင်းလင်း မပြောမီ ခဏ တုံ့ဆိုင်းနေခဲ့သည်။ " စကားများတာကို ကျွန်မ မရှုံးပါဘူး။ အစကတည်းက သူတို့က ကျွန်မ ဘယ်သူလဲ ဆိုတာတောင် မသိကြဘူး။ "

" သူတို့က မင်းကို ဘယ်သူမှန်း မသိကြဘူးလား။ "

" ဟုတ်တယ်။ အစပိုင်းမှာ သူတို့က ဟောက်ချီဟန်တို့ မိသားစုအကြောင်း ပြောနေကြတာ ၊ ဒါပေမဲ့ ရုတ်တရက်ပဲ ရှင့်အကြောင်းကို စကားရောက်သွားရော။ အမျိုးသမီးကြီးတွေထဲက တစ်ယောက်က ရှင်နဲ့ သူ့တူမနဲ့က လက်ထပ်ခါနီး အခြေအနေထိ ရောက်ခဲ့တာလို့ ပြောတယ်။ သူမဘေးမှာလည်း သူမနဲ့ သိပ်အကြောမတည့်တဲ့ အမျိုးသမီးကြီး တစ်ယောက် ရှိနေတာ။ သူမဘေးမှာ ထိုင်နေတဲ့ အမျိုးသမီးကြီးက သူမရဲ့ တူမကို ရှင့်ကို ဖြားယောင်းဖို့ ကြိုးစားခဲ့ပေမဲ့ ရှင်ကတော့ သူမကို ငြင်းပယ်ခဲ့တဲ့ အတွက် လှောင်ရယ်နေတာ။ နောက်ပိုင်းမှာ ရှင့်မှာ ကိစ္စ တစ်ခု ဖြစ်သွားတော့ သူမက အကုန်လုံးထက် အရင်ဆုံး အမြန် ထွက်ပြေးသွားတယ်တဲ့လေ။ အမျိုးသမီးကြီးက အဲ့စကားကို ကြားလည်း ကြားရော ဒေါသထွက်သွားပြီး ရှင့်အကြောင်းကို စပြောတော့တာပဲ … "

ဇာတ်လမ်း အစအဆုံးကို ကြားသောအခါ ဟောက်ချန်ဟွမ်း ရယ်မောလိုက်မိသည်။ " သူမက ကိုယ့်ကို ဖြားယောင်းနေတဲ့ မိန်းကလေး တစ်ယောက် ဆိုတာ ကိုယ် သိပေမဲ့ သူမကို လုံးဝ သဘောမကျခဲ့ပါဘူး။ မင်း အခု သဝန်တိုနေတာလား။ "

စုယန်ယန်က ထောင်းခနဲ ဒေါသထွက်သွားခဲ့သည်။ " ရှင့်မှာ အဲ့ဒါနဲ့ ပတ်သက်ပြီး ပြဿနာ ရှိလို့လား။ "

ဟောက်ချန်ဟွမ်း ရုတ်တရက်ပဲ လက်မြှောက်အရှုံးပေးလိုက်ပါတော့သည်။ " မရှိပါဘူးကွာ ၊ မင်းက ကိုယ့်ဇနီးပဲ။ လူတွေ ဒီလို ပြောနေကြရင် မင်း သဝန်တိုသင့်တာပေါ့။ ကိုယ့်ကြောင့် မင်း သဝန်တိုနေတာကို ကိုယ် ဝမ်းသာပါတယ် .. "

All Chapters