အခန်း ၄၃၇
Vol. 30 Ch. 437
အခန်း ( ၄၃၇ ) မင်းက ဒီကို စာသင်ပေးဖို့ ရောက်လာတာလား။
သူက အခြေအနေကို အမြတ်မထုတ်ကြောင်း စုယန်ယန် နားလည်သွားသည်။ သူမ စောင်အောက်မှာ ပုန်းနေရင်း သူမရဲ့ မျက်နှာကလည်း ချက်ပြုတ်ထားသော ပုဇွန် တစ်ကောင်လို နီရဲနေခဲ့သည်။ သို့သော်လည်း သူမ စောင်ထဲကနေ ထွက်မလာရဲပေ။
ညကို သူတို့ နှစ်ယောက် ငြိမ်းချမ်းစွာ ဖြတ်သန်းကုန်ဆုံးခဲ့သည်။ နောက်တစ်နေ့ မနက် ရောက်လျှင် စုယန်ယန်သည် ဟောက်ချန်ဟွမ်း မနိုးသေးခင် အလျင်အမြန် ထွက်လာခဲ့လိုက်သည်။
အိုးတိုးအမ်းတမ်းဖြစ်စရာ အကြောင်းအရာကို သူမ ရှောင်လွှဲနိုင်လိမ့်မည်ဟု ရိုးရိုးလေး ထင်ထားခဲ့ပေမဲ့ သူမ ထွက်လာပြီး သိပ်မကြာခင်မှာပဲ ဟောက်ချန်ဟွမ်းကလည်း အောက်ဆင်းလာခဲ့သည်။
" သခင်မလေးနဲ့အတူ တက္ကသိုလ်ကို တစ်ယောက်ယောက် လိုက်သွားပေးဖို့ လိုလား သခင်လေး။ "
" အရမ်းကြီးတော့ နီးနီးကပ်ကပ် မနေနဲ့ ၊ သူမ လုံခြုံတယ် ဆိုတာပဲ သေချာအောင် လုပ်ပါ။ "
ကျိုးယန်ပိုင်သည် ခေါင်းညိတ်ကာ သူ့နောက်ကို လိုက်လာဖို့ လူ တစ်ယောက်အား ချက်ချင်းပဲ ညွှန်ကြားလိုက်သည်။
သူမကို ယဲ့ချီလျန့် ဘယ်လောက်တောင် အလေးထားတယ် ဆိုတာကို ကြည့်လျှင် သူမကို သူ ကိုယ်တိုင် လာကြိုပေးဖို့ စုယန်ယန် မျှော်လင့်ထားမိသည်။
ဒါပေမဲ့ သူမကို A တက္ကသိုလ်ရဲ့ ကျောင်းအုပ် ဖြစ်သော ယဲ့ချီလျန့် လာကြိုပေးဖို့က လွဲလို့ တခြား ဘာကိုမှ သူမ မျှော်လင့်မထားခဲ့ပေ။ အတန်းထဲမှာ လူ ၅၀ ဝန်းကျင် စုဝေးနေလိမ့်မည်ဟု သူမ မျှော်လင့်မထားပါ။
သူတို့ထဲမှ တစ်ဝက်ဟာ အသက် ၂၀ အစောပိုင်းကာလတွေထဲမှာ ရှိနေသော လူငယ်များ ဖြစ်ကြကာ ကျန်တစ်ဝက်ကတော့ ယဲ့ချီလျန့်၏ အသက်အရွယ်ဝန်းကျင် အဘိုးကြီးများ ဖြစ်ကြသည်။
စုယန်ယန် ပြောစရာစကားမရှိ ဖြစ်သွားရသည်။
ကျောင်းသား အရေအတွက်က တက္ကသိုလ်ရဲ့ မဟာငှာနလေး တစ်ခုလောက် မများသော်လည်း စုယန်ယန်ကတော့ စိတ်လှုပ်ရှားနေဆဲပင်။
သူမ ဘာစကားမှ မပြောရသေးခင်မှာပဲ ယဲ့ချီလျန့်၏ မျက်နှာက မှုန်ကုပ်ကုပ် ဖြစ်သွားကာ အရှေ့တန်းမှာ နေရာယူထားသော အဘိုးကြီးများကို ဆူပူခဲ့သည်။ " မင်းတို့တွေ ဘာလို့ ဒီကို ရောက်နေကြတာလဲ။ "
စုယန်ယန် ဆွံ့အသွားသည်။ သူမ ယဲ့ချီလျန့်ကို အူကြောင်ကြောင်လေး ကြည့်လိုက်မိသည်။ ဒီလူတွေကို ရှင် ခေါ်ထားတာ မဟုတ်ဘူးလား။
ယဲ့ချီလျန့်နံဘေးမှာ ရပ်နေသော ကျောင်းအုပ်ကြီးက လူစုကို အကြည့် ဖြန့်ကျက်လိုက်ကာ မျက်မှောင်ကြုတ်သွားသည်။ " အဘိုးချောင် ၊ အဘိုးကုနဲ့ ကျန်တဲ့ ကောင်တွေ .. မင်းတို့တွေ ဘာလို့ ကိုယ့်ကျောင်းမှာကိုယ် မနေဘဲနဲ့ ဒီကို ရောက်နေတာလဲ။ "
စုယန်ယန် တစ်ယောက် အံ့ဩမှင်သက်သွားမိသည်။ ဒီအဘိုးကြီးတွေဟာ တက္ကသိုလ်က လူတွေ မဟုတ်ပါ။ သူတို့ အားလုံး တစ်ပြိုင်တည်း ရောက်လာကြတာ အံ့ဩစရာမရှိပါဘူး။ အကြောင်းမသိသူတွေ ဆိုလျှင် ဒီတက္ကသိုလ်အား စီနီယာတွေကို မွမ်းမံသင်ကြားပေးသည့် သင်တန်းကျောင်း တစ်ကျောင်းဟု ထင်သွားကြလိမ့်မည်။
သူတို့ထဲက လူ အနည်းငယ်ဟာ ကျောင်းအုပ်ကြီးနှင့် ယဲ့ချီလျန့်ထံမှ အခေါ်ခံလိုက်ရချိန်တွင် ထိတ်လန့်မသွားခဲ့ကြပေ။ သူတို့က မတ်တပ်ရပ်ပြီး ပြောလိုက်သည်။ " ဒါက မင်း အမှားပဲလေ အဘိုးကြီးယဲ့။ ဒီလို သတင်းကောင်းကို မင်း ဘယ်လိုလုပ် ငါ့ကို မပြောဘဲ နေနိုင်ရတာလဲ။ ငါတို့ကို ပြောစမ်းပါ ၊ မင်း သူမကို ဒီမှာ ဖွက်ထားဖို့ စီစဉ်နေတာလား။ မင်း တော်တော် မဖော်ရွေတတ်တာပဲ။ "
" အဓိပ္ပာယ်မရှိလိုက်တာ ၊ ဘာကို ဖွက်ထားရမှာတုံး။ ငါ သူမကို ဒီကို လာပေးဖို့ ကိုယ်တိုင် ဖိတ်ကြားထားတာ။ မင်းမှာ အရည်အချင်း မရှိသလို အခွင့်အရေးလည်း မရှိဘူး ၊ မင်းက ငါ့ကို အပြစ်လုပ်မိတယ်လို့ ခံစားရအောင်လို့ အမှန်တရားကို ရည်ရွယ်ချက်ရှိရှိနဲ့ ကိုယ်လိုရာ ဆွဲတွေးနေတာပဲ။ မင်း တွေးနေတာကို ငါ မသိဘူးလို့ မထင်နဲ့။ မင်းက ကိုယ်လည်း ဘာမှ ကြိုးစားအားမထုတ်ခဲ့ဘဲနဲ့ အချောင် အမြတ်ထုတ်ချင်နေတာလား။ အိပ်မက်ပဲ ဆက်မက်နေလိုက်။ "
စိတ်ပိုင်းဖြတ်ထားသော ယဲ့ချီလျန့်ကြောင့် သူတို့က တစ်ယောက်ကို တစ်ယောက် အပြန်အလှန် ကြည့်လိုက်ကာ သူတို့ရဲ့ စိတ်အာရုံကို စုယန်ယန်ဆီ လွှဲပြောင်းလိုက်သည်။ သူတို့ရဲ့ မျက်လုံးတွေ ဖျတ်ခနဲ လက်သွားပါသည်။
စုယန်ယန်သည် သူတို့ရဲ့ အကြည့်များနှင့် မျက်လုံးချင်း ဆုံချိန်မှာ မကောင်းသော ခံစားချက် တစ်မျိုးကို ခံစားလိုက်ရသည်။
သူမ နောက်မဆုတ်နိုင်သေးခင်မှာပဲ အဘိုးကြီးအဖွဲ့က သူမထံသို့ တာတိုအပြေးသမားတွေလို ပြေးလာခဲ့ကြသည်။ သူတို့က သူမရဲ့ လက်ကို ဆုပ်ကိုင်ပြီး စိတ်ရင်းအတိုင်း ပွင့်လင်းစွာ ပြောလိုက်ကြသည်။ " မင်းက သုတေသန အဖွဲ့အစည်းကို တရုတ်ဆေးဖက်ဝင်အပင် မျိုးစေ့တွေ လှူဒါန်းခဲ့တဲ့ တင်ဆက်သူ မဟုတ်လား။ မင်းကို ဒီလောက် ငယ်ရွယ်လှပလိမ့်မယ်လို့ ကျုပ် ထင်မထားဘူး။ မင်းက တကယ့်ကို ငယ်ရွယ်ထူးချွန်တဲ့ အမျိုးသမီး တစ်ယောက်ပဲ။ "
စုယန်ယန် ဆွံ့အနေခဲ့မိသည်။ ဒီလို ပုံစံမျိုးကြီးနဲ့ ချီးကျူးရမှာ မဟုတ်ဘူးလေ။
" မင်္ဂလာပါရှင် … " စုယန်ယန်က ဤလူစိမ်းတွေနှင့် ဘယ်လို လိုက်လျောညီထွေ နေရမလဲ မသိသောကြောင့် သူတို့ကို ယဉ်ကျေးစွာ အိုးတိုးအမ်းတမ်း နှုတ်ဆက်လိုက်ပါသည်။
နှုတ်ဆက်ပြီးနောက် သူမ ဘာဆက်လုပ်ရမှန်း မသိ ဖြစ်နေချိန်မှာပဲ ယဲ့ချီလျန့်သည် သူတို့ရဲ့ လက်တွေကို တွန်းဖယ်ပစ်လိုက်ပြီး စုယန်ယန်ကို သူ့နောက်မှာ ကွယ်ထားလိုက်သည်။
ကြက်သားအုပ်မကြီးက သူ့ကြက်ကလေးကို ကာကွယ်ပေးထားသလိုမျိုးပင် သူက သူတို့ လူစုကို အော်ပစ်လိုက်သည်။ " မင်းတို့ ဘာလုပ်နေကြတာလဲ။ မင်းတို့ ဘာလုပ်နေကြတာလဲ။ မင်းတို့ အသက်တွေ ဖင်ဆောင့်နေတာတောင်မှ မိန်းမငယ်လေး တစ်ယောက်ကို ထိရဲ ကိုင်ရဲတုန်းကြပါပဲလား။ မင်းတို့တွေက အိုလည်း အိုတယ် ၊ အရှက်လည်း မရှိဘူး။ "