အခန်း ၄၃၈
Vol. 30 Ch. 438
အခန်း ( ၄၃၈ ) တားဆီးလို့ မရသူများ။
အဘိုးကြီးအုပ်စုသည် ယဲ့ချီလျန့်ဆီကနေ အအော်လိုက်ခံရပြီးမှ သူတို့တွေ သမာဓိ လွတ်သွားတယ် ဆိုတာ နားလည်သွားကြသည်။ သူတို့ ရှက်ရွံ့သွားကာ ပြောလိုက်သည်။ " ငါတို့ တခြား ရည်ရွယ်ချက် မရှိပါဘူး။ အရမ်း စိတ်လှုပ်ရှားသွားရုံပါပဲ။ "
ယဲ့ချီလျန့်က ဒေါသကြောင့် ရှုးရှူရှားရှား ဖြစ်နေကာ ဖယ်ပေးရန် ငြင်းဆန်နေဆဲ ဖြစ်သည်။
စုယန်ယန်သည် ဒီလူတွေဟာ ယဲ့ချီလျန့်နှင့် ကောင်းကောင်း သိနေတာကို မြင်သွားခဲ့သည်။ သူမက သူတို့ကို တစ်ချက် ကြည့်ပြီး နောက်ဆုံးတော့ မေးလိုက်သည်။ " ပရော်ဖက်ဆာယဲ့ … ဒီလူတွေက … "
စုယန်ယန်၏ မေးခွန်းကို ကြားတော့ ယဲ့ချီလျန့်က တုံ့ဆိုင်းသွားသည်။ သူ စိတ်မသက်မသာဖြစ်စွာ ပြန်ဖြေလိုက်သည်။ " သူတို့က တခြား တက္ကသိုလ်တွေက ပရော်ဖက်ဆာတွေပါ။ "
" တခြား တက္ကသိုလ်တွေက ပရော်ဖက်ဆာတွေက ဘာလို့ ရှင့်တက္ကသိုလ်ကို လာကြတာလဲ။ "
ယဲ့ချီလျန့်က ရှင်းပြန်ရန် ပါးစပ်ဟလိုက်သော်လည်း သူတို့ထဲမှ တစ်ယောက်က ဖြတ်ပြောခဲ့သည်။ " ငါတို့ မင်း အတွက် လာခဲ့ကြတာပါ။ "
" ကျွန်မ အတွက် … "
" ဒါတွေ အကုန်လုံး ငါ့အမှားတွေပါပဲ။ " အံ့ဩစရာကောင်းစွာဖြင့် ယဲ့ချီလန့်က တောင်းပန်နေခဲ့လေသည်။
သူ့ဖိတ်ကြားချက်ကို စုယန်ယန် လက်ခံလိုက်ပြီးနောက် ပရော်ဖက်ဆာအိုကြီးဟာ အပျော်လွန်သွားခဲ့ပါသည်။ သူ့ပျော်ရွှင်မှုကို ပြသရန်နှင့် ကြွားဝါရန် အတွက် ထိုအကြောင်းကို သူ့ WeChat အကောင့်ထဲမှာ တင်ခဲ့မိသည်။
အဆုံးသတ်မှာတော့ အဲ့ဒီ အပြုအမူက လူတိုင်းကို ဆွဲဆောင်သွားခဲ့သည်။ ယဲ့ချီလျန့်သည် သူ့အူတွေ အစိမ်းရောင် ပြောင်းသွားတဲ့အထိ နောင်တအရကြီး ရနေမိသည်။ သူ ထိုအချိန်ကို အချိန်ပြန်ကူးပြောင်းသွားပြီး သူ့ရဲ့ ရွစိထိုးနေခဲ့သော လက်တွေကို ပုဆိန်ဖြင့် ခုတ်ပစ်လိုက်ချင်သည်။
သူ့ရှင်းပြချက်ကို ကြားပြီးနောက် စုယန်ယန် ရှက်ရွံ့သွားမိသည်။ ဖိတ်ခေါ်မထားသော ပရိသတ်ကို သူမ ကြည့်လိုက်ကာ မျက်နှာလေး ခပ်မဲ့မဲ့ ဖြစ်နေခဲ့သည်။ " အားလုံးပဲ ၊ ဒါက A တက္ကသိုလ်ပါ။ အတန်း တက်ဖို့ ဒီကို ရောက်လာတယ် ဆိုတာ ရှင်တို့ အတွက် မသင့်တော်ပါဘူး။ "
" အဲ့ဒါက ဘာများ မှားယွင်းနေလို့လဲ။ " သူတို့ရဲ့ မျက်လုံးတွေက ကျောင်းအုပ်ကြီးဆီ ရောက်သွားသည်။
ကျောင်းအုပ်ကြီးသည် သူတို့ကို ပထမဆုံး တွေ့တုန်းက ဒေါသကြောင့် ဘာကိုမှ မမြင်နိုင်အောင် ဖြစ်သွားခဲ့ရသည်။ အခုတော့ သူ စိတ်တည်ငြိမ်သွားပြီမို့ သူ့ထက် နှစ်ပေါင်းများစွာ အသက်ပိုကြီးသော ပရော်ဖက်ဆာအိုကြီးတွေထံမှ စိုက်ကြည့်နေခံရခြင်းက သူ့မျက်နှာပေါ်ကို ချွေးသီးချွေးပေါက်တွေ စီးကျလာစေခဲ့သည်။
သူ့လေသံက အရင်ကလောက် ယုံကြည်ချက်မရှိတော့ပေ။ " အစကတည်းက မှားယွင်းနေတာပါ။ ခင်ဗျားတို့က တခြား တက္ကသိုလ် တစ်ခုက လာတာလေ။ လုံခြုံရေးတွေက ခင်ဗျားတို့ကို ခွင့်ပြုချက်မရှိ ဝင်ခွင့်ပြုခဲ့တယ် ဆိုရင် ကျွန်တော် သူတို့ကို အပြစ်ပေးရလိမ့်မယ်။ ဒီအတန်းကို ခင်ဗျားတို့ တက်ရောက်ချင်တယ် ဆိုတာကို မေ့ပစ်လိုက်တော့ ၊ ခင်ဗျားတို့တွေ ဘယ်တော့မှ တရားဝင် လျှောက်လွှာလည်း မတင်ခဲ့ဖူးဘဲနဲ့ … "
သူ ရှေ့ဆက် ပြောလေ ၊ သူတို့ရဲ့ အကြည့်တွေက အေးစက်လာလေပင်။ ကျောင်းအုပ်ဆရာကြီးသည် သူ့ကိုယ်သူ အားတင်းလိုက်သည်။ ဒါက သူ သတ်မှတ်ချင်တဲ့ ထုံးတမ်းအစဉ်အလာ မဟုတ်ပါ။
မစ်စ်စုကို ယဲ့ချီလျန့်က အချိန် အကြာကြီး ဖိတ်ကြားထားခဲ့လို့သာ ရောက်လာခဲ့တယ် ဆိုတဲ့ အကြောင်းကိုတော့ ထည့်ပြောမနေပါနဲ့တော့။ တက္ကသိုလ်ရှိ သာမန် ဆရာမ တစ်ယောက် ဆိုလျှင်တောင် တခြား တက္ကသိုလ်များမှ လူတွေက သူတို့သဘောနှင့်သူတို့ လာနားထောင်နေတတ်သည်။ ပြီးတော့ အဲ့ဒါကလည်း သူ့မျက်စိရှေ့မှာ ဖြစ်နေသည်။
ဒီသတင်းသာ ပြန့်သွားရင် သူ့မျက်နှာကို ဘယ်နား သွားထားရမလဲ။
ကျောင်းအုပ်ကြီး၏ တုံ့ပြန်မှုကို မြင်တော့ သူတို့တွေ အားလုံး အဲ့ဒါက အဆင်ပြေမှာ မဟုတ်ကြောင်း နားလည်လိုက်သည်။ သူတို့က တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်ကြကာ ဆုံးဖြတ်ချက် ချပြီးသွားပုံ ပေါ်သည်။
" မင်းရဲ့ တက္ကသိုလ်က တစ်ယောက်ယောက် ဖြစ်နေရင် ဒီအတန်းကို သူတို့ တက်လို့ ရလား။ "
" ??? " ဘယ်လို ဖြစ်လို့ စကားက ဒီဘူတာ ဆိုက်သွားရတာလဲ။ ငါ အဲ့လို မပြောခဲ့ဘူး။ ငါ အဲ့လို မပြောခဲ့ဘူး။ လာရှုပ်နေတာ တော်လိုက်တော့။
အသေအချာပါပဲ။ တစ်စက္ကန့်အကြာတွင် လူ အနည်းငယ်က ပြောခဲ့သည်။ " ဒါဆို ငါတို့ရဲ့ ရာထူးတွေကို ဒီနေ့ပဲ နှုတ်ထွက်ပြီး မင်းရဲ့ တက္ကသိုလ်ကို အလုပ် လာလျှောက်မယ်လေ။ ဒီနေ့တော့ ငါတို့ကို အလကားပေးတဲ့ အနေနဲ့ အတန်းထဲမှာ ထိုင်ခွင့် ပေးပါ။ "
ကျောင်းအုပ်ကြီး : " … " သူ ငြင်းဆန်နိုင်မှာတဲ့လား။ သူ့တက္ကသိုလ်မှာ အလုပ် လာလုပ်အောင် ဒီအဘိုးကြီးတွေကို သွေးဆောင်ခဲ့ဖူးကြောင်း သူတို့တွေ သိသွားရင် သူ့ကို အစိမ်းလိုက် စားပစ်မှာ မဟုတ်လား။ မဟုတ်ဘူး ၊ အဲ့လို မဟုတ်ဘူး။ သူတို့က သူတို့ဆန္ဒနှင့်သူတို့ လာခဲ့သူတွေပါ။ သူက သူတို့ကို တခြား တက္ကသိုလ်တွေကနေ ဒီမှာ အလုပ် လာလုပ်ဖို့ သွေးဆောင်ခဲ့တာ မဟုတ်ပါဘူး။
သူတို့ရဲ့ ' အရှက်မဲ့သော အပြုအမူ ' ကြောင့် စုယန်ယန် ဆွံ့အသွားရသည်။ သူမ ခပ်တိုးတိုး ချောင်းဟန့်ကာ သူတို့ကို သတိပေးလိုက်သည်။ " ကျွန်မရဲ့ အတန်းက A တက္ကသိုလ်မှာ ရှိတဲ့ ဘယ်သူမဆို တက်ရောက်နိုင်တာမျိုး မဟုတ်ဘူးရှင့် … "
သူမ စကားမဆုံးခင်မှာပဲ နောက်တစ်ကြိမ် ဖြတ်ပြောခံလိုက်ရပြန်သည်။
" မင်း အာမခံချက် လိုချင်တယ် မဟုတ်ဘူးလား။ ငါတို့ အဲ့ဒါကို လက်မှတ်ထိုးပေးမယ်။ "
" ဟုတ်တယ် ၊ ငါတို့ လက်မှတ်ထိုးပေးမယ်။ ငါတို့ အဲ့ဒါကို အခုချက်ချင်း လက်မှတ်ထိုးပေးမယ်။ "
စုယန်ယန် တစ်ယောက် ပြောစရာစကားမရှိ ဖြစ်သွားရသည်။ ဒီလူတွေက ဘာဖြစ်နေကြတာလဲ။ အဲ့အကြောင်းကိုတောင် သူတို့ ဘယ်လိုလုပ် သိသွားကြတာလဲ။