အခန်း ၄၃၉
Vol. 30 Ch. 439
အခန်း ( ၄၃၉) အသက်ကြီးနေ၍ ပြင်းထန်စွာ ထိုးနှက်ခံရခြင်း
ယဲ့ချီလျန့်နှင့် ကျောင်းအုပ်ကြီးလည်း အတော်လေး အံ့ဩသွားခဲ့ကြသည်။ သူတို့ ရုတ်တရက်ပဲ သတိဝင်လာကာ စာသင်ခန်းထဲရှိ ကျောင်းသားတွေကို ကြည့်လိုက်သည်။
ထင်ထားသလိုပင် လူစုကြီးဟာ အနေရခက်ကာ ကူကယ်ရာမဲ့နေခဲ့ကြသည်။ ရာထူကြီး ပရော်ဖက်ဆာတွေ အများကြီးက သူတို့ကို မေးခွန်းထုတ်နေခဲ့သောကြောင့် ထိုပရော်ဖက်ဆာတွေက သူတို့ ကျောင်းမှ ဆရာတွေ မဟုတ်လျှင်တောင် သူတို့ ဘာစကားမှ မပြောရဲကြပေ။
ကျောင်းအုပ်ကြီးနှင့် ယဲ့ချီလျန့် " … " မင်းတို့ သစ္စာဖောက်တွေ ဘွဲ့ရဖို့ ကိစ္စကို မေ့ထားလိုက်တော့။
ယဲ့ချီလျန့်၏ မျက်နှာက အိုး တစ်လုံး၏ အောက်ခြေလို မည်းမှောင်နေခဲ့သည်။ " မင်းတို့ တရားလွန်မလာနဲ့။ "
" ဘယ်မှာ ငါတို့ တရားလွန်နေလို့လဲ။ ငါတို့က ဒီတိုင်း … " ထိုလူကြီးသည် သူတို့က ဒီကို အတန်း တက်ရန် အတွက်သာ ရောက်လာကြတာပါဟု ပြောတော့မလို ပါးစပ်ပြင်လိုက်သော်လည်း ဒီအတန်းဟာ မည်သူမဆို တက်ရောက်နိုင်သော အတန်း မဟုတ်ကြောင်း ပြီးမှ နားလည်သွားသည်။
စုယန်ယန်က သူတို့ကို ကျိုးကြောင်းဆီလျော်မှုမရှိဘဲ လောဘကြီးသည်ဟု ထင်သွားမှာကို စိုးရိမ်သောကြောင့် ပရော်ဖက်ဆာ အဘိုးကြီးက စကားရပ်ကာ စုယန်ယန်ကို သနားစရာကောင်းစွာ ကြည့်လိုက်သည်။
အခြား သူများကလည်း သူတို့ကိုယ်သူတို့ မသိလိုက်ခင်မှာပဲ ရှားဝမ်ချွေ့ကို ကြည့်နေခဲ့ကြကာ သူတို့ရဲ့ မျက်လုံးထဲမှာ စိုးရိမ်မှုနှင့် အသနားခံမှုတွေ ပြည့်နှက်နေသည်။
စုယန်ယန် ဆွံ့အသွားရသည်။
" အဟမ်း ၊ ရှင်တို့ ဒီမှာ ရှိနေလို့ မရတာတော့ မဟုတ်ပါဘူး။ ဒါပေမဲ့ အခြေအနေလေးတွေတော့ ရှိတယ် … "
" မင်း စာချုပ် ချုပ်ချင်လို့လား။ ငါတို့ လက်မှတ်ထိုးပေးမယ်လေ။ "
" ငါတို့ အခုချက်ချင်း လက်မှတ်ထိုးပေးမယ်။ မင်း ငါတို့ကို နေခွင့် ပြုမယ် ဆိုရင် မင်း လုပ်ခိုင်းချင်တာ မှန်သမျှ ငါတို့ လုပ်ပေးမယ်။ "
စုယန်ယန်မှာ ပြောစရာစကားပင် မရှိတော့။ စာချုပ် ချုပ်မယ် …. ။ သူမက ဘာလို့ သူတို့နဲ့ စာချုပ် ချုပ်ဖို့ လိုအပ်မှာလဲ။ သူမ သူတို့ကို အလွယ်တကူ ရောင်းစားလိုက်ရင် သူတို့ ဘယ်သူဆီ သွားငိုမှာလဲ။
သို့သော်လည်း သူမ ပြန်တွေးမိတာကတော့ ဒီလူများသည် သူမရဲ့ အတန်းတွေကို အခွင့်အရေးယူပြီး အလကား တက်ရရန် အတွက် သူတို့ လက်ရှိ အလုပ် လုပ်နေတဲ့ တက္ကသိုလ်ကနေ နှုတ်ထွက်ကာ ဒီတက္ကသိုလ်မှာ အလုပ် လာလျှောက်ဖို့ပင် ဆုံးဖြတ်ပြီးနေပြီ ဆိုတာကိုပါ။ သူတို့က အစေခံစာချုပ် ချုပ်ဆိုရမည် ဆိုလိုလျှင် မဆိုင်းမတွ ချက်ချင်း လက်မှတ်ထိုးမည့်ပုံ ပေါ်သည်။
စုယန်ယန်သည် ဘယ်သူ့ကို စကားပြောရမှန်း မသိပါ။ နောက်ဆုံးတော့ အာမခံချက်ကို လက်မှတ်ထိုးပေးသော လူစုကို သူမ ကြည့်လိုက်ပြီး သူတို့ကို အတန်းထဲမှာ နေခွင့် ပြုလိုက်လေသည်။
ပရမ်းပတာ အခြေအနေ ပြီးဆုံးသွားပြီးနောက် အဆုံးသတ်၌ စုယန်ယန် စာစသင်နိုင်ပါတော့မည်။ လက်ရှိ အချိန်မှာ အတန်း အများစုက စာသင်ချိန် ပြီးသွားပြီ ဖြစ်သည်။
စုယန်ယန်က အတန်းထဲကို စိတ်လှုပ်ရှားစွာ ဝေ့ဝဲ ကြည့်လိုက်ပြီး အဓိက အကြောင်းအရာကို ကွေ့ဝိုက်မနေဘဲ တန်းပြောလိုက်သည်။ " အားလုံးပဲ မင်္ဂလာပါ။ ကျွန်မက တရုတ် တိုင်းရင်းဆေး နယ်ပယ်ထဲမှာ ကထိက တစ်ယောက် ဖြစ်ပါတယ်။ ကျွန်မရဲ့ မျိုးရိုးနာမည်ကတော့ စုပါ ၊ အဲ့ဒါကြောင့် ရှင်တို့ ကျွန်မကို မစ်စ်စုလို့ ခေါ်လို့ ရပါတယ်။ နောက်ပိုင်းကျ ကျွန်မတို့ မကြာခဏ တွေ့ရမှာ ဆိုတော့ အကုန်လုံးနဲ့ ကျွန်မနဲ့ အဆင်ပြေပြေ လိုက်လျောညီထွေ ဖြစ်သွားနိုင်ဖို့ မျှော်လင့်ပါတယ်။ "
" ကျွန်မကို တစ်ခုခု မေးချင်တာ ရှိပါသလား။ "
ကောင်လေး တစ်ယောက်က လက်မြှောက်ရင်း မေးခဲ့သည်။ " ဘာလို့ တီချယ်စုလို့ မခေါ်ဘဲနဲ့ မစ်စ်စုလို့ ခေါ်ရမှာလဲဗျ။ "
" ဘာလို့လဲ ဆိုတော့ ကျွန်မရဲ့ ပညာရေးအဆင့်က ရှင်တို့ထဲက တချို့လောက် မမြင့်ရင် မမြင့်နိုင်လို့ပါ။ ကျွန်မကို တီချယ်လို့ ခေါ်ပေးဖို့ ရှင်တို့ကို တောင်းဆိုရမှာ ကျွန်မ လိပ်ပြာမလုံဘူး။ ပြီးတော့ … " စုယန်ယန်က စကား ခဏ ရပ်ကာ လူတိုင်းကို မျက်လုံး တစ်ဖက် မှိတ်ပြလိုက်သည်။ " ကျွန်မက ရှင်တို့ အားလုံးထက် အသက်ငယ်ပါတယ်။ ရှင်တို့ ကျွန်မကို တီချယ်လို့ ခေါ်ရင် ကျွန်မကိုယ်ကျွန်မ အသက်ကြီးသလို ခံစားရလိမ့်မယ်။ "
အတန်းထဲတွင် ရှိနေသော လူများ : " … " သူတို့ကို အသက်ကြီးနေ၍ ပြင်းထန်စွာ ထိုးနှက်ခံလိုက်ရသည်ဟု ခံစားလိုက်ရသည်။
" အဓိက အကြောင်းအရာကို စကားပြန်ဆက်ကြရအောင်။ ပထမဆုံးအနေနဲ့ တရုတ် တိုင်းရင်းဆေးကို ရှင်တို့ ဘယ်လို လေ့လာမိလဲ ဆိုတာ ကျွန်မကို ပြောပြပါ။ "
စာသင်ခန်းသည် ချက်ချင်း တိတ်ဆိတ်သွားသည်။ နောက်ဆုံးမှာတော့ လေ့လာထားခဲ့သူက ယဲ့ချီလျန့် ဖြစ်နေပါသည်။ " ဆေးပညာ လေ့လာမှုတွေက တရုတ်ဆေးဖက်ဝင်အပင်တွေအပေါ်မှာ မူတည်တာလား။ "
စုယန်ယန်က အတန်းထဲကို အကြည့် ဖြန့်ကျက်လိုက်ပြီး ပြုံးလိုက်သည်။ " တခြား အဖြေတွေရော ရှိသေးလား။ မစိုးရိမ်ပါနဲ့ ၊ ရှင်တို့ ဒီအကြောင်း သိပ်မသိဘူး ဆိုတာ ကျွန်မ နားလည်ပါတယ်။ ရှင်တို့ မှားနေတယ် ဆိုလည်း ကျွန်မ ရှင်တို့ကို မရယ်ပါဘူး။ "
ဘယ်သူမှ စကား တစ်ခွန်းမှ မပြောခဲ့ကြပေ။ စုယန်ယန်ကလည်း ဘာမှ မပြောဘဲ ဆက်မေးလိုက်သည်။ " ဒါဆို လူတိုင်းရဲ့ အမြင်မှာ တရုတ်ဆေးဖက်ဝင်အပင်တွေ ဆိုတာ ဘယ်လို အရာမျိုးလဲ။ "
" ကျွန်တော် သိတယ်။ အဲ့ဒါက အပင်တွေလေ။ တင်ဆက်သူရဲ့ တိုက်ရိုက်ထုတ်လွှင့်တင်ဆက်မှုထဲမှာ ကျွန်တော် မြင်ဖူးတယ်။ တရုတ်ဆေးဖက်ဝင်အပင်တွေက အခြောက်ခံထားတဲ့ အပင်တွေလည်း ဖြစ်နိုင်သလို လတ်ဆတ်တဲ့ အပင်တွေလည်း ဖြစ်နိုင်တယ်။ "
ဖမ်းကျားကျစ်က တက်ကြွလက်ကြွ ပြောပြီးသွားတော့မှ သူ့အမူအရာဟာ တောင့်တင်းသွားခဲ့သည်။ တိုက်ရိုက်ထုတ်လွှင့်တင်ဆက်မှုထဲမှာ သူတို့ ရောက်နေတာ မဟုတ်မှန်း သူ အခုမှ သတိရသွားတာ ဖြစ်သည်။ စုယန်ယန်က သူတို့ရဲ့ တီချယ်ပါ။ တိုက်ရိုက်ထုတ်လွှင့်တင်ဆက်မှု တင်ဆက်သူ မဟုတ်ပေ။
စုယန်ယန်သည် လူငယ်လေးကို ကြည့်လိုက်ကာ သူ့ရုပ်ကို ရင်းနှီးနေသလို ခံစားလိုက်ရသည်။
သူမ ခဏလောက် စဉ်းစားကြည့်ပြီးသောအခါ ဒီလူက ယဲ့ချီလျန့် သူမကို လာရှာတုန်းက သူနှင့်အတူ ပါလာခဲ့တဲ့ လူတွေထဲက တစ်ယောက် ဖြစ်ကြောင်း နားလည်သွားသည်။