← Chapters

အခန်း ၄၄၁

Vol. 30 Ch. 441

အခန်း ၄၄၁

Vol. 30 Ch. 441

အခန်း ( ၄၄၁ ) ဆရာ မရှိဘဲ လေ့လာခဲ့ရသူ ဉာဏ်ကြီးရှင်၏ ကြွားဝါချင်စိတ်

" ဟုတ်ပါတယ်။ အဲ့ဒီ တရုတ်ဆေးဖက်ဝင်အပင် မျိုးစေ့တွေကိုလည်း ကျွန်မ အဘိုးရဲ့ မိသားစုက ချန်ထားခဲ့တာပါ။ မကြာသေးခင် အချိန်တုန်းကမှ သူတို့ကို တစ်ပင်ပြီး တစ်ပင် စတင် စိုက်ပျိုးခဲ့ပြီး လူကြားထဲ နောက်တစ်ကြိမ် ရောက်လာခဲ့တယ် ဆိုပါတော့။ "

" ဘာလို့ မကြာသေးခင် အချိန်တုန်းကမှ စပြီး စိုက်ပျိုးခဲ့တာလဲ။ အဲ့ဒါက တရုတ်ဆေးဖက်ဝင်အပင်တွေ ဆိုတာကို ခင်ဗျား မသိခဲ့ဘူးလား။ " ဒါကလည်း လူများစွာရဲ့ စိတ်ထဲမှာ ရှိနေသော မေးခွန်း ဖြစ်သည်။

စုယန်ယန် ပြုံးပြီး ဆက်ရှင်းပြလိုက်သည်။ " အမှန်ပါပဲ။ ကျွန်မက ကလေးဘဝကတည်းက ကျွန်မ အဘိုးရဲ့ မိသားစုထဲမှာ ကြီးပြင်းလာခဲ့တာပါ။ ကျွန်မ အဘိုးရဲ့ မိသားစုမှာ စာအုပ်တွေ အများကြီး ရှိတယ် ၊ ကျွန်မကလည်း စာဖတ်ရတာ ဝါသနာပါတော့ အဘိုးရဲ့ စာကြည့်ခန်းထဲမှာ ရှိတဲ့ စာအုပ် အများစုကို ဖတ်ခဲ့ဖူးတာ‌ပေါ့။ လွန်ခဲ့တဲ့ နှစ် အနည်းငယ်တုန်းက ကျွန်မ အဘိုးရဲ့ စာကြည့်ခန်းထဲမှာ တရုတ်တိုင်းရင်းဆေးနဲ့ ပတ်သက်တဲ့ စာအုပ် အနည်းငယ်ကို ကျွန်မ အမှတ်မထင် ရှာတွေ့ခဲ့တယ်။ အဲ့ဒါကြောင့်ပဲ ကျွန်မနဲ့ ကျွန်မ မိသားစုက ကျွန်မတို့ရဲ့ ဘိုးဘေးဘီဘင်‌တွေ တချို့ဟာ တရုတ်တိုင်းရင်းဆေး ဆရာဝန်တွေ ၊ ဒါမှမဟုတ် တရုတ်တိုင်းရင်းဆေး ပါရဂူတွေ ဖြစ်လိမ့်မယ်လို့ ခန့်မှန်းမိခဲ့ပါတယ်။

ဆေးပညာဆိုင်ရာ စာအုပ်တွေ ဆိုတာ ဟင်းချက်နည်းတွေလို မဟုတ်ပါ။ လူများစွာသည် သူတို့ရဲ့ နေ့စဉ် စားသောက်မှုပုံစံကို တိုးတက်မြှင့်တင်ရန် ရည်ရွယ်ချက်ဖြင့် ဟင်းချက်နည်းကို ဝယ်ယူကာ ထိုနည်းလမ်းအတိုင်း ချက်ပြုတ်ရင် ချက်ပြုတ်နိုင်သည်။

ဒါပေမဲ့ လူ တစ်ယောက်က သူ့ဖျားနာမှုကို ကုသဖို့ ဆေးပညာဆိုင်ရာ စာအုပ်ကို ဝယ်ယူလို့ မရဘူး မဟုတ်လား။

အကောင်းဆုံး ဥပမာကတော့ မိသားစုထဲက တစ်ယောက်ယောက်ဟာ ဒီလို အရာမျိုးကို အရင်တုန်းက ပြုလုပ်ခဲ့ဖူးသောကြောင့် ထိုစာအုပ်တွေဟာ အိမ်မှာ ရှိနေတာ ဖြစ်ပြီး အခု အချိန်ထိ သိမ်းဆည်းထားခဲ့တာ ဖြစ်ဖို့ များသည်။

အဲ့ဒီ အကြောင်းကို ယဲ့ချီလျန့် ကောင်းကောင်း နားလည်ပါသည်။ တရုတ်တိုင်းရင်းဆေး အကြောင်း ရေးထားသော စာအုပ် တစ်အုပ်ကိုလည်း သူ့စာကြည့်ခန်းထဲမှာ ရှာတွေ့ခဲ့ဖူးသည်။ စာ အနည်းငယ်သာ ဖြစ်သော်လည်း ထိုစာအုပ်က သူ့ရဲ့ ပြင်းပြသော စူးစမ်းချင်စိတ်ကို ဖြစ်ပေါ်စေကာ သူ့ကံကြမ္မာကို ပြောင်း‌လဲပေးခဲ့သည်။

" အဲ့ဒီ ‌စာအုပ်တွေကို ဖတ်ပြီးတဲ့ နောက်ပိုင်း တရုတ်ဆေးဝါးတွေကို ကျွန်မ စ,စိတ်ဝင်စားလာခဲ့တယ်။ ကျွန်မရဲ့ ဘိုးဘွားတွေ ချန်ထားခဲ့တဲ့ ပစ္စည်းတွေကို ကျွန်မ ရှာဖွေကြည့်ခဲ့ပြီးတော့ အဲ့ပစ္စည်းတွေထဲက တစ်မျိုးကတော့ တရုတ်ဆေးဖက်ဝင်အပင် မျိုးစေ့တွေပါ။ အဲ့ဒါက ကျွန်မရဲ့ ဘိုးဘေးဘီဘင်တွေဟာ တရုတ်တိုင်းရင်းဆေးပညာနဲ့ ပတ်သက်တဲ့ တစ်စုံတစ်ခုကို သေချာပေါက် လုပ်ခဲ့ရမယ် ဆိုတဲ့ အထင်ကို ပိုလို့တောင် သေချာစေခဲ့ပါတယ်။ "

စုယန်ယန်ရဲ့ အလိမ်အညာ စကားတွေက အလွန် ယုံချင်စရာကောင်းသဖြင့် ဘယ်သူမှ သံသယမဖြစ်ကြပေ။

ဘယ်လိုပဲဖြစ်ဖြစ် ရွေ့ပြောင်းနေထိုင်ခြင်းဟာ အိမ်ခြေရာမဲ့ဖြစ်သွားခြင်းနှင့် ဆင်တူသည်။ ထိုအချိန်မှာ လူ အများစုက သူတို့ရဲ့ အသက်ကို ဘယ်လို ကယ်တင်ရမလဲ ဆိုတာကိုပဲ တွေးကြမှာ ဖြစ်သည်။

အဲ့လို အချိန်မျိုးမှာ ဘယ်သူကရော ဒီလို စာအုပ်တွေကို ကိုယ်နဲ့မကွာ တစ်ပါတည်း ယူသွားမှာလဲ။

" အစတုန်းက ကျွန်မ အဲ့ဒီ မျိုးစေ့တွေကို ရှာတွေ့တော့ နှစ်ပေါင်း များစွာ ကြာလာပြီးတဲ့နောက်မှာ အဲ့ဒါတွေကို စိုက်လို့ ရပါ့ဦးမလား မသေချာလို့ မျိုးစေ့တွေကို သုတေသန အဖွဲ့အစည်းဆီ လွှဲပြောင်းမပေးခဲ့ဘူး။ နောက်ပိုင်းမှ သူတို့ကို စိုက်ပျိုးလို့ ရတယ် ဆိုတာနဲ့ နောက်ဆုံး ရလဒ်က စာအုပ်ထဲမှာ ဖော်ပြထားတဲ့ အတိုင်းပဲ ဆိုတာကို အတည်ပြုပြီးတော့မှ ကျွန်မရဲ့ မိသားစုက သုတေသနလုပ်ငန်းကို ထောက်ပံ့ပေးခဲ့ပြီး ဒီမျိုးစေ့တွေကို သုတေသန အဖွဲ့အစည်းနဲ့အတူ စိုက်ပျိုးခဲ့ပါတယ်။ "

" ပျောက်ကွယ်ခဲ့ဖူးတဲ့ ဒီအရာတွေဟာ မဝေးတော့တဲ့ အနာဂတ်မှာ နောက်တစ်ကြိမ် ပြန်လည် နာမည်ကြီးလာပြီး သူတို့ရဲ့ အာနိသင်တွေကို ပြသနိုင်လိမ့်မယ်လို့ ကျွန်မ ယုံကြည်ပါတယ်။ "

စုယန်ယန် ထိုစကားကို ပြောလိုက်သည့် အခိုက်အတန့်တွင် ကျောင်းသားတွေက ခဏလောက် နစ်မျောနေပြီးမှ လက်ခုပ်သံတွေ ထွက်ပေါ်လာခဲ့သည်။

စက္ကန့် အနည်းငယ် ကြာတော့ တခြား တစ်ယောက်က ရုတ်တရက် လက်မြှောက်လိုက်သည်။ " ကျွန်တော့်မှာ မေးချင်တာ ရှိပါတယ်။ "

" မေးပါ။ "

" ပရော်ဖက်ဆာယဲ့လိုပဲ ကျွန်တော်လည်း ခင်ဗျားရဲ့ တိုက်ရိုက်ထုတ်လွှင့်တင်ဆက်မှုကို ကြည့်ဖူးပါတယ် ၊ ခင်ဗျားက တိုင်းရင်းဆေးပညာနဲ့ ပတ်သက်ပြီး အရမ်း တော်တယ်လို့လည်း ကျွန်တော် ထင်တယ်။ ဒါပေမဲ့ ခင်ဗျား ပြောသလိုသာ ဆိုရင် ခင်ဗျားက အဲ့ဒီ စာအုပ်တွေကို လွန်ခဲ့တဲ့ နှစ် အနည်းငယ်တုန်းကမှ မြင်ဖူးတာလေ။ ပြီးတော့ ခင်ဗျားက မကြာသေးခင်တုန်းကမှ ဆေးဖက်ဝင်အပင် မျိုးစေ့တွေကို စပြီး စိုက်ပျိုးခဲ့တာ။ အဲ့ဒါအပြင် ခင်ဗျားက အရမ်းလည်း အသက်မကြီးသေးဘူး ဆိုတော့ အဓိပ္ပာယ်က ကျွန်တော်တို့သာ စာကြိုးစားမယ် ဆိုရင် ကျွန်တော်တို့လည်း … "

စုယန်ယန်သည် သူမကို တစ်ဖက်လူ ခေါ်ဝေါ်နေပုံကြောင့် အနည်းငယ် ခေါင်းမူးလာသလို ခံစားလိုက်ရသည်။ သူမကို မေးခွန်းထုတ်နေသူဟာ ကျောင်းသား တစ်ယောက် မဟုတ်ဘဲ အနုပညာလောကထဲက သတင်းသမား တစ်ယောက်ပဲ ဟူ၍ သူမ ထင်သွားမိတော့မလို့ပင်။

အချိန် အတော် ကြာတော့မှ သူမ နောက်တစ်ကြိမ် ထပ်ပြုံးပြကာ သူမကိုယ်သူမ ကျေနပ်ဂုဏ်ယူစွာ ပြောလိုက်သည်။ " ရှင်သာ စာကြိုးစားမယ် ဆိုရင် တစ်စုံတစ်ခုကို သေချာပေါက် လေ့လာနိုင်မှာပါ။ ဒါပေမဲ့ ရှင် ကျွန်မလို ဖြစ်လာလိမ့်မယ်လို့တော့ ကျွန်မ အာမ,မခံနိုင်ဘူး။ ပြောရရင် အခြေအနေ အများစုမှာ အရည်အချင်း ဆိုတာ အရေးကြီးတယ်။ ကျွန်မ တစ်ယောက်တည်းရဲ့ အမြင်ကတော့ ကျွန်မက ဒီနယ်ပယ်မှာ ကျွန်မရဲ့ ဘိုးဘေး တချို့ရဲ့ အရည်အချင်းကို အမွေဆက်ခံထားရတယ်လို့ ထင်မိတယ်။ "

အတန်းထဲတွင် ရှိနေသော လူများ အားလုံး : " … " သေစမ်း။ ဆရာ မရှိဘဲ တစ်ယောက်တည်း လေ့လာခဲ့ရတဲ့ ဉာဏ်ကြီးရှင်ရဲ့ ကြွားဝါချင်စိတ်ကို ငါ ခံစားလိုက်ရတယ်။

All Chapters