← Chapters

အခန်း ၄၄၂

Vol. 30 Ch. 442

အခန်း ၄၄၂

Vol. 30 Ch. 442

အခန်း ( ၄၄၂) တိုက်ရိုက် သရုပ်ပြသင်ကြားခြင်း

စုယန်ယန်သည် အတန်းထဲက တိတ်ဆိတ်မှုကို သတိပြုမိသွားပြီး အကုန်လုံးကို ကြည့်လိုက်သည်။ " ရှင်တို့ တခြား မေးချင်တာ ‌ရှိကြသေးလား။ မရှိရင် ကျွန်မတို့ သင်ခန်းစာကို ဆက်သွားကြမယ်နော်။ "

ဘယ်သူမှ ဘာမှ မပြောကြသောကြောင့် စုယန်ယန်က ဆက်ပြောလိုက်သည်။ " တရုတ်တိုင်းရင်းဆေးပညာကို လေ့လာနိုင်ဖို့ ဆိုရင် တရုတ်ဆေးဝါး ပါဝင်ပစ္စည်းတွေကို အမျိုးအမည် ခွဲခြားနိုင်ဖို့ အရင်ဆုံး လေ့လာရမယ် ၊ ပြီးမှ ရောဂါ အမျိုးအစားကို ဘယ်လို ရှာဖွေဖော်ထုတ်ရမလဲ ဆိုတာ လေ့လာရမယ်။ ဆရာဝန်တွေ ရှင်တို့ကို မကုသခင် ဘယ်လို ရောဂါ ဝေဒနာမျိုးကို ရှင်တို့ ခံစားနေရလဲ ဆိုတာကို ဆုံးဖြတ်ပေးရသလိုပါပဲ။ ရောဂါ ဝေဒနာကို အဆုံးအဖြတ်ပေးဖို့ စက်ပစ္စည်း ကိရိယာတွေကို သုံးတဲ့ လက်ရှိ ဆရာဝန်တွေနဲ့ မတူတာကတော့ တရုတ်တိုင်းရင်းဆေးပညာဟာ ဖတ်ခြင်း ၊ ကြားခြင်းနဲ့ နားလည်ခြင်း အသိဉာဏ်အပေါ်မှာပဲ မူတည်တာပါ။ ပညာရည် ပြည့်ဝနေတဲ့ သမားတော် တစ်ယောက်က ရှင့်ခန္ဓာကိုယ်မှာ ဘာဖြစ်နေသလဲ ဆိုတာကို မျက်လုံးနဲ့ ကြည်ရုံနဲ့ ပြောနိုင်ပါတယ်။ "

" မျက်လုံးကိုပဲ သုံးပြီးတော့လား။ "

ယဲ့ချီလျန့်သည် စုယန်ယန်ကို ရှာရန် အတွက် စားသောက်ဆိုင်ကို နောက်ဆုံးတစ်ခေါက် သွားခဲ့ချိန်ကို ပြန်သတိမရဘဲ မနေနိုင်ပေ။ စုယန်ယန်ကလည်း သူ့ကျောင်းသား နှစ်ယောက်ရဲ့ ရောဂါ ဝေဒနာကို တစ်ချက်လေး ကြည့်ရုံဖြင့် သိခဲ့တာ ဖြစ်သည်။ ရောဂါ လက္ခဏာတွေက အပေါ်ယံ ကြည့်ရုံနဲ့ သိသာနေတယ် ဆိုပေမဲ့ သူ ပိုသိချင်တဲ့ အရာက …

" ခန္ဓာကိုယ်မှာ ဝေဒနာ ဖြစ်နေတယ် ဆိုတာ အပေါ်ယံ ကြည့်ရုံနဲ့ မင်း ပြောနိုင်တယ်လား။ "

ဒီမေးခွန်းကို မေးသူက ယဲ့ချီလျန့် ဖြစ်ကြောင်း စုယန်ယန် မြင်သွား၍ သူ ဆိုလိုချင်သော အဓိပ္ပာယ်ကို လျင်မြန်စွာ နားလည်သွားသည်။ သူမ ခပ်ယဲ့ယဲ့ ပြုံးရင်း ပြောလိုက်ပါသည်။ " အရင်တုန်းက ကောင်မလေးက လေချဉ်တက်နေလို့ သူမမှာ ခန္ဓာကိုယ်တွင်း ပြဿနာ တစ်ခု ရှိနေတယ် ဆိုတာ ကျွန်မ သိသွားတာပါ။ ဒါပေမဲ့ ဒါက တကယ်တော့ ပိုမြင်သာအောင် ပြောပြတာပါပဲ။ သိပ်မသိသာတဲ့ ရောဂါ ဝေဒနာတွေလည်း ရှိပါတယ်။ နေထိုင်မကောင်း ဖြစ်နေတဲ့ လူ ၊ ဒါမှမဟုတ် ရှေ့ထွက်လာပြီး ကျွန်မကို သရုပ်ပြတဲ့ နေရာမှာ ကူညီပေးချင်တဲ့ လူများ ရှိလား။ "

" နေထိုင်မကောင်း ဖြစ်နေတဲ့ လူတွေပဲလား။ "

" … နေမကောင်းဖြစ်မနေဘူး ဆိုလည်း ရပါတယ်။ " တချို့ ရောဂါတွေက မသိသာသဖြင့် သူတို့ သတိမပြုမိတာလည်း ဖြစ်နိုင်သည်။

ထိုစကားကို စုယန်ယန် ပြောလိုက်ပြီးနောက် လူတိုင်းသည် တစ်ခေါက်လောက် ကြိုးစားကြည့်ရန် စိတ်အားထက်သန်နေခဲ့သည်။ အထူးသဖြင့် အရှေ့ဆုံးတန်းမှာ ထိုင်နေကြသော အဘိုးကြီး အနည်းငယ်ပင်။ သူတို့က ချက်ချင်းပဲ အရှေ့ကို ပြေးလာချင်နေကြသည်။

စုယန်ယန်သည် သူတို့ထဲမှ တစ်ယောက်ကို ရွေးချယ်လိုက်သည်။ " စတုတ္ထမြောက် ထိင်ခုံတန်းရဲ့ ဘယ်ဘက်က ကောင်မလေး။ နင် ငါ့ကို ကူညီပေးချင်လား။ "

စုယန်ယန် ခေါ်တာ ခံလိုက်ရသော ကောင်မလေးက ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိ ကြောင်တောင်တောင် ဖြစ်မသွားမီ ခဏ ကြာအောင် ဆွံ့အနေခဲ့သည်။

နောက်ဆုံးတော့ သူမရဲ့ သူငယ်ချင်းတွေက သူမကို ဖြည်းဖြည်းချင်း တွန်းထုတ်နေသောကြောင့် သူမ အရှေ့ထွက်လာခဲ့သည်။

" တီချယ် … တီချယ် … " ကောင်မလေးက စုယန်ယန် အရှေ့မှာ အနေရခက်စွာ ရပ်နေခဲ့သည်။

" စိတ်မပူပါနဲ့ ၊ စိတ်လျှော့ထားနော်။ "

ကောင်မလေးက အနည်းငယ် ရှက်နေသည်။ ဘာလုပ်ရမှန်း မသိ၍ သူမ စိတ်လှုပ်ရှားစွာ ခေါင်းညိတ်ပြီး ခေါင်းငုံ့ထားလိုက်သည်။

စုယန်ယန်သည် သူမရဲ့ လက်ကို ကိုင်ပြီး တည်ငြိမ်စွာ ပြောလိုက်သည်။ " ' အကြည့် ' လို့ ခေါ်တဲ့ အရာက လူ တစ်ယောက်ရဲ့ မျက်နှာ အသွင်အပြင် ထူးခြားချက်တွေကို ကြည့်တာပဲ။ ရိုးရှင်းတဲ့ ဆိုရိုး တစ်ခု ရှိတယ် : အသည်း ဆိုတာ အဓိက မျက်လုံးပါ ၊ နှလုံးကတော့ လျှာပါ ၊ သရက်ရွက် ဆိုတာ အဓိက ပါးစပ်ပါ ၊ အဆုတ်ကတော့ နှာခေါင်းပါ ၊ ကျောက်ကပ် ဆိုတာ နားရွက်ပါ တဲ့။ အလွယ် ပြောရရင်တော့ ရှင်တို့ရဲ့ အသည်းမှာ ရောဂါ တစ်ခုခု ရှိနေလား ဆိုတာ ရှင်တို့မျက်လုံးကို ကြည့်ပြီး ကျွန်မ ပြောလို့ ရတယ်။ လျှာ ဆိုတာ နှလုံးနဲ့ အတူတူပဲ ၊ ပါးစပ်ကတော့ သရက်ရွက်နဲ့ တူညီတယ် ၊ နှာခေါင်းက အဆုတ်တွေနဲ့ တူတယ် ၊ နားရွက်တွေကဝောာ့ ကျောက်ကပ်နဲ့ တူညီတယ်။ "

လူစုကြီးက စုယန်ယန်ရဲ့ စကားတွေကို လိုက်မှတ်နေစဉ်မှာ စုယန်ယန်ကတော့ ကောင်မလေးရဲ့ မျက်နှာ အသွင်အပြင် ထူးခြားချက်တွေကို စေ့စေ့စပ်စပ် ကြည့်ရှုစစ်ဆေးနေခဲ့သည်။

" ဒါပေမဲ့ ကျွန်မတို့ အာရုံစိုက်ရမှာ တစ်ခု ရှိတယ်။ လျှာတွေက လျှာရဲ့ အပေါ်ယံ အလွှာနဲ့ မတူဘူး ဆိုတာကိုပါ။ လျှာတွေက နှလုံးနဲ့ တူညီပေမဲ့ လျှာရဲ့ အပေါ်ယံ အဖြူရောင် အလွှာတွေကတော့ သရက်ရွက်နဲ့ အစာအိမ်နဲ့ တူညီပါတယ်။ " စုယန်ယန်က ကောင်မလေးကို ပြောလိုက်သည်။ " နင့်ပါးစပ်ကို ဟပြီး လျှာကို နည်းနည်းလေး ထုတ်ပေးနော်။ "

ကောင်မလေးရဲ့ မျက်နှာဟာ အနည်းငယ် ရဲသွားသည်။ သူမ ပါးစပ်ဟလိုက်ကာ သူမရဲ့ လျှာကို ထုတ်သည် ဆိုရုံလေးသာ အနည်းငယ် ထုတ်လိုက်သည်။ လူမြင်ကွင်းမှာ ဒီလိုမျိုး လုပ်တာက သူမ မလုပ်နိုင်သော အရာလိုပါပဲ။

စုယန်ယန်က သူမကို အခက်တွေ့အောင် မလုပ်ပါ။ သူမရဲ့ သွေးခုန်နှုန်းကိုတော့ စမ်းသပ်ဖို့ လိုနေသေးသည်။ " နင့်လျှာရဲ့ အပေါ်ယံ အလွှာက နည်းနည်းလေး ဖြူနေတယ်။ အဓိပ္ပာယ်ကတော့ နင့်လျှာနဲ့ အစာအိမ်က အေးနေတယ် ၊ အစာအိမ်ကို အားဖြည့်ပေးဖို့ လိုအပ်နေတယ်လို့ ဆိုလိုတယ်။ နင် ကျန်းမာရေးနဲ့ မညီညွှတ်တဲ့ စားစရာတွေနဲ့ အေးတဲ့ အစားအစာတွေကို စားလေ့ရှိလား။ "

All Chapters