အခန်း ၄၄၅
Vol. 30 Ch. 445
အခန်း ( ၄၄၅) မလုံလောက်သော အိမ်စာ
ဒါက စုယန်ယန်၏ ပထမဆုံး အတန်း ဖြစ်ကာ သူတို့ အတွက် လေ့လာစရာ အချက်အလက် အသစ်တွေ အများကြီး ပေးလိုက်ဖို့ သူမ ရည်ရွယ်မထားပေ။
အခြေခံ အယူအဆဆိုင်ရာ ဗဟုသုတ အနည်းငယ်ကိုသာ သူမ ပြင်ဆင်လာခဲ့သည်။ မဟာကာကြံဆစ် အပင် အမြစ် ၊ တရုတ် ဆီးသီး အနီ ၊ ကျောက်ကပ်ဆေးပင် အမြစ်နှင့် အင်ဂျလီကာ အပင် အမြစ်ကဲ့သို့သော တရုတ်ဆေးဖက်ဝင်အပင် အမျိုးအစား ၁၀ မျိုးကိုလည်း ပြင်ဆင်ထားသည်။
ထိုအရာတွေကို သူတို့ မျက်စိနှင့် ကိုယ်တိုင်ကိုယ်ကျ မြင်မှသာ ထိုအရာတွေရဲ့ အာနိသင်ကို သူတို့ နားလည်နိုင်မှာ ဖြစ်သည်။
ယဲ့ချီလျန့်နှင့် ကျန်လူများသည် ထိုဆေးဖက်ဝင်အပင်များကို မြင်သောအခါ မျက်လုံးတွေ အရောင်ပြောင်းသွားခဲ့သည်။ စင်မြင့်ပေါ်ကို ပြေးတက်သွားပြီး ဆေးပင်တွေဆီ အမြန် ပြေးသွားဖို့ သူတို့ မစောင့်နိုင်တော့ပေ။
ထိုဆေးဖက်ဝင်အပင်တွေကို လုယူဖို့ ဆိုတာ သူတို့ အတွက် မဖြစ်နိုင်သော်လည်း ခဏလောက်ဝောာ့ ထပ်ကြည့်နေနိုင်ပါသေးသည်။
ယဲ့ချီလျန့်သည် ထိုဆေးဖက်ဝင်အပင်တွေကို ကြည့်ကာ သွားရည်တမြားမြားဖြစ်နေကြသော သူ့နံဘေးရှိ " လုပ်ဖော်ကိုင်ဖက်တွေ " ကို ကြည့်လိုက်သည်။ သူ နည်းနည်းလေး စိတ်ကြီးဝင်ကာ ဝံ့ဝံ့ကြွားကြွား ဖြစ်သွားသည်။
အပေါ်ယံ ဘယ်လောက်ပဲ ဟန်ကြီးပန်ကြီးနိုင်နေပါစေ ၊ ဒီဆေးဖက်ဝင်အပင်တွေကို မြင်တဲ့အခါ သူတို့ရဲ့ စိတ်ရင်းအမှန်တွေကို ထုတ်ပြလာကြမှာ ဖြစ်သည်။ သူတို့က အိုမင်းရင့်ရော်နေပြီ ဆိုပေမဲ့ အတွေ့အကြုံ နုသေးလွန်းသူများပင်။ ရှက်စရာကောင်းလိုက်တာ … ။
နောက်ဆုံးတော့ သူက မစ်စ်စုကို သူတို့ရဲ့ ကထိက ဖြစ်လာပေးရန် အမြော်အမြင်ရှိရှိ ဖိတ်ကြားထားခဲ့သည်။ အနာဂတ်ကျ သူတို့ဟာ သူတို့ မြင်ချင်တဲ့ တရုတ်ဆေးဝါး ပါဝင်ပစ္စည်းတွေ အများကြီးကို မြင်နိုင်တော့မှာ မဟုတ်လား။
လက်ရှိအချိန်တွင် ယဲ့ချီလျန့်သည် တိုက်ရိုက်ထုတ်လွှင့်တင်ဆက်မှု အခန်းထဲမှာ တရုတ်ဆေးဝါးတွေကို မြင်ခဲ့ရချိန်တုန်းက သူ့ရဲ့ တုံ့ပြန်မှုကို မေ့သွားခဲ့ပြီ ဖြစ်သည်။ အဲ့ဒီတုန်းက သူလည်း ဒီလူတွေနှင့် ဘာမှ မထူးခဲ့ပေ။
မနက်ပိုင်း အတန်းများမှာ အကြောင်းအရာ များများစားစား မရှိသော်လည်း အနည်းဆုံးတော့ ဤ " လူပြိန်း " တွေဟာ ပထမ အဆင့်ကို ဖြတ်ကျော်လာခဲ့ပါပြီ။ သူတို့ စုယန်ယန်ကို စိတ်ချယုံကြည်သွားကြပြီ ဖြစ်သည်။
ဒီလူတွေကို အတန်း တက်ရောက်ရန် ရွေးချယ်ထားခဲ့တာ ဖြစ်သည်။ သူတို့က ဒီဘာသာရပ်ကို စိတ်ဝင်စားသည်ဟု ပြောသော်လည်း တကယ်တမ်းကတော့ စပ်စုချင်နေကြတာ ဖြစ်လေသည်။
ဘယ်လိုပဲဖြစ်ဖြစ် သူတို့က သုတေသနစာတမ်းတွေ မရှိ၍ စုယန်ယန်ရဲ့ ရှင်းပြချက်နှင့် အသားမကျသေးပါ။
ဒါပေမဲ့ မနက်ပိုင်း အတန်း ပြီးဆုံးသွားပြီးနောက် လူ များစွာသည် စုယန်ယန် ပြောသွားခဲ့သော ပစ္စည်းများကို စတင် လိုချင်နေခဲ့ကာ ဒီဆရာမ အကြောင်းကိုလည်း ပိုလို့ လေးစားသိချင်လာခဲ့ကြသည်။
" မင်းက တကယ်ကြီး ငါတို့ထက် ငယ်တာလား စုစု။ ဒီနှစ်ထဲမှာ မင်း အသက် ဘယ်နှနှစ် ရှိပြီလဲ။ "
" စုစု ဆိုတာ ဘာနာမည်ကြီးတုံး။ ကျွန်မ ဘယ်လောက် ငယ်လဲ ဆိုတာ ကြည့်လိုက်လေ ၊ ကျွန်မက ရှင်တို့ထက် အသက်ကြီးတဲ့ပုံ ပေါက်နေလို့လား။ ကျွန်မအသက် ဘယ်လောက် ရှိလဲ ဆိုတဲ့ မေးခွန်း အတွက် ဆိုရင်တော့ မိန်းကလေး တစ်ယောက်ရဲ့ အသက်ကို မေးတာက ရိုင်းတယ် ဆိုတာ ရှင် နားမလည်ဘူးလား။ "
" မင်း မိသားစုက ဘာလုပ်လဲ စုစု။ မင်းရဲ့ မိသားစုထဲက တစ်ယောက်ယောက်က ဆေးဝါး သုတေသနမှာ အလုပ် လုပ်တာလား။ မင်းရဲ့ အမျိုးတွေမှာ ဆေးဝါး ကျွမ်းကျင်ပညာရှင်တွေ ရှိလား။ "
" ကျွန်မရဲ့ မိသားစုက သာမန် မိသားစု တစ်ခုပါပဲ။ ကျွန်မတို့က လိုက်ဖက်ညီပြီး တစ်ယောက်ကို တစ်ယောက် ချစ်ကြတယ်။ အများကြီး ပြောစရာတော့ မရှိဘူး။ "
" တီချယ်က အရမ်း ငယ်သေးတယ်။ တီချယ့်မှာ ချစ်သူ မရှိလောက်သေးဘူးနော် .. ဟုတ်တယ်မို့လား။ တီချယ် ကျွန်တော့်ကို ဘယ်လို ထင်လဲ။ ကျွန်တော်က ကျွန်တော်တို့ တက္ကသိုလ်မှာ အချောဆုံး ကောင်လေး တစ်ယောက်ပဲ။ "
အကုန်လုံး : " ??? "
စုယန်ယန် တစ်ယောက် ဆွံ့အသွားရသည်။
လူတိုင်းရဲ့ မျက်လုံးတွေက ထိုစကားကို ပြောခဲ့သူအပေါ် စုပုံကျရောက်သွားခဲ့သည်။ စက္ကန့် အနည်းငယ် တိတ်ဆိတ်နေပြီးသောအခါ လူ တစ်ယောက်က ဒေါသတကြီး အော်ပြောလိုက်သည်။ " မင်းက အရှက်မရှိလိုက်တာ ယန့်ကြွယ်ရာ။ ငါတို့ တက္ကသိုလ်မှာ အချောဆုံး ကောင်လေးလေးက မင်း ဆိုရင် ငါက တစ်ကမ္ဘာလုံးမှာ အချောဆုံး ကောင်လေးပဲ။ "
" ဪဟော်။ မင်းရဲ့ အဲ့ဒီလို စိတ်ဓာတ်မျိုးနဲ့ ကိုယ့်ကိုယ်ကိုယ် A တက္ကသိုလ်မှာ အချောဆုံး ကောင်လေးလို့ ပြောနေတုန်းပဲလား။ ခွေး တစ်ကောင်ကတောင် မင်းထက် သာတယ်လို့ ငါတော့ ခံစားရတယ်။ ဒီသတင်းသာ ပြန့်သွားရင် A တက္ကသိုလ် သိက္ခာကျသွားလိမ့်မယ်။ "
" ဟုတ်တယ် ၊ ဟုတ်တယ်။ မင်းက A တက္ကသိုလ်ရဲ့ အချောဆုံး ကောင်လေး ဆိုရင် ငါ့လို လူတွေက မြို့ရဲ့ အချောဆုံး ကောင်လေးတွေ ဖြစ်သွားမှာ မဟုတ်လား။ တခြား ကျောင်းက လူတွေသာ ဒီအကြောင်းကို ကြားရင် A တက္ကသိုလ်က ကောင်တွေက ရုပ်ဆိုးလွန်းလို့ ဘယ်သူမှ ရည်းစာ မရှာနိုင်ဘူးလို့ ထင်သွားကြလိမ့်မယ်။ အဲ့ကျ အကုန်လုံး မင်းကို ဝိုင်းသတ်ကြလိမ့်မယ်။ "
စုယန်ယန်သည် လူတိုင်းရဲ့ ပြင်းထန်သော ဝေဖန်ချက်တွေကို နားထောင်ကာ ကြောင်အသွားမိသည်။
ဒီကျောင်းတော်လူချောလေးကို ဘယ်သူမှ တရားဝင် အသိအမှတ်မပြုခဲ့ကာ သူကလည်း အသိအမှတ်ပြုခံရလောက်အောင် ရုပ်မချောပါ။ ပြဿန ဖြစ်လာတာကို အံ့ဩစရာ မရှိပါဘူး။
သို့သော်လည်း ဒါက ဘာမဟုတ်သော ကိစ္စလေး ဖြစ်သည်။ သူတို့ ဘယ်လောက်တောင် စိတ်အားထက်သန်နေကြလဲ ကြည့်လိုက်ပါဦး။ သူတို့က သူ့ကို လူကြားထဲမှာ အပြစ်တင် ဝေဖန်ရန် အလွန် စိတ်လှုပ်ရှားနေခဲ့ကြလေသည်။