← Chapters

အခန်း ၄၄၇

Vol. 30 Ch. 447

အခန်း ၄၄၇

Vol. 30 Ch. 447

အခန်း ( ၄၄၇) မင်းရဲ့ အပြစ်တွေကို ပြန်လည် သုံးသပ်ပါ

သွမ်းသွမ်းသည် သူ့ခွေးအဖေကို ရိုက်လိုက်ပြီးနောက် သူလေးဟာ သူ့ကံဆိုးမှု အတွက် ဝမ်းသာကျေနပ်သွားသည်။ ' ဟာ့။ အဲ့ဒါက မင်း ငါ့အရှေ့မှာ မင်းရဲ့ အချစ်ကို ထုတ်ကြွားဖို့ ရွေးချယ်ခဲ့တာပဲ။ ' သူတို့ရဲ့ ချစ်ကြည်နူးတစ်တီတူးတဲ့ ဒဏ်ကို အမြဲတမ်း အလူးအလဲ သည်းခံခဲ့ရတဲ့ ဒီခွေးလေးက တွေးနေခဲ့သည်။ ' အခုတော့ ဘယ်လို ဖြစ်လာပြီလဲ ကြည့်လိုက်လေ။ အခု မင်း အလှည့်ပဲ။ '

စုယန်ယန်က အခုတလော အလုပ်ရှုပ်နေလို့ ဟောက်ချန်ဟွမ်းက ဒီလူဆိုးကောင်လေးကို ဂရုစိုက်ပေးနေရတာကြောင့် ဖြစ်နိုင်သည်။

သူတို့ ခေါင်းငုံ့လိုက်ပြီး တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်သောအခါ အမျိုးသား တစ်ယောက်နှင့် ခွေး တစ်ကောင်ရဲ့ ဦးနှောက်လှိုင်းများသည် ပဉ္စလက်ဆန်စွာ ချိတ်ဆက်သွားခဲ့ကြသည်။

" ဟမ့် … " ဟောက်ချန်ဟွမ်းက လှောင်ရယ် ရယ်ရင်း သူလေးရဲ့ ခေါင်းလေးကို ပုတ်လိုက်သည်။ " မင်းမှာ မိန်းမတောင် မရှိဘဲနဲ့ ဘယ်လိုလုပ် ငါ့ကို ရယ်ရဲရတာလဲ။ "

"... "

အားနည်းချက်ကို အဆွခံလိုက်ရ၍ ခွေးကလေးသည် အရှက်တကွဲဖြစ်သွားခြင်းကြောင့် ထောင်းခနဲ ဒေါသထွက်သွားလေသည်။ သူလေးက ဟောက်ချန်ဟွမ်း၏ ရင်ခွင်ထဲမှာ ပွေ့ချီခံထားရသော အနေအထားကနေ ဟောက်ချန်ဟွမ်းအပေါ်ကို ဖိထားရန် အတွက် သူ့ရဲ့ ဝဖိုင့်ဖိုင့် ခန္ဓာကိုယ်လေးကို အားယူလျက် ခုန်ဆွ ခုန်ဆွ လုပ်နေခဲ့သည်။

ဟောက်ချန်ဟွမ်းသည် အထင်သေးသော ပုံစံမျိုးဖြင့် ခွေးလေးရဲ့လည်ပင်း အနောက်ဘက်ကို ဆုပ်ကိုင်ကာ မချီလိုက်သည်။

" ရိုလီပိုလီ။ " မတိုးမကျယ် အော်ခေါ်လိုက်တော့ စာကြည့်ခန်းတံခါးက ဘန်းခနဲ ပွင့်လာကာ ပန်းရောင်ဖျော့ဖျော့ အိမ်ဖော်ဝတ်စုံလေးကို ဝတ်ဆင်ထားသော စက်ရုပ်မလေး ဝင်လာခဲ့သည်။

" တာ့တာ့မှာ ငါ့ကို ညွှန်ကြားစရာတွေ ရှိပါသလား။ " ထိုစက်ရုပ်မလေးထံမှ ချစ်စရာကောင်းကာ နူးညံ့သော စက်ရုပ်သံလေး ထွက်ပေါ်လာသည်။ ကလေး တစ်ယောက်ရဲ့ အလွန် ကလေးဆန်သော လေသံမျိုး ဖြစ်ပြီး အလွန်လည်း ချစ်စရာကောင်းပါသည်။

ဟောက်ချန်ဟွမ်းနှင့် စုယန်ယန်တို့ကြားမှ ဆက်ဆံရေးကို ရိုလီပိုလီ အတည်ပြု လက်ခံလိုက်ချိန်ကတည်းက သူမလေးဟု ပရိုဂရမ်ကို နောက်တစ်ကြိမ် ပြန်လည် အသံသွင်းခဲ့ကာ ဟောက်ချန်ဟွမ်းအား ' တာ့တာ့ ' ဟု စတင် ခေါ်ဝေါ်ခဲ့ပါသည်။ သူမက တခြား လူတွေထက် သူတို့ နှစ်ယောက်နှင့် ပိုလို့ ရင်းရင်းနှီးနှီး ‌စကားပြောတတ်သည်။

" သူ့ကို ဧည့်ခန်းထဲကို ခေါ်ထုတ်သွားပြီး သူ့အပြစ်တွေကို ပြန်လည် သုံးသပ်တာကို ကြည့်နေပါ။ သူ အဲ့လို မလုပ်ဘူး ဆိုရင် သူ့ကို ညစာ မစားခိုင်းနဲ့။ "

" ကောင်းပါပြီ။ " ရိုလီပိုလီက သွမ်းသွမ်းကို နာခံစွာ လက်ခံလိုက်သည်။

" ဝုတ် ဝုတ် " သွမ်းသွမ်းသည် သတိပြန်မဝင်ခင် စက္ကန့် အနည်းငယ် ကြာအောင် ကြောင်အမ်းအမ်း ဖြစ်နေခဲ့သည်။ ထို့နောက် သူ့ခြေထောက် ၄ ချောင်းကို ကူကယ်ရာမဲ့စွာ စတင် တဖျတ်ဖျတ် တွန်းထိုးရုန်းကန်တော့သည်။ ' ငါ ဘာအမှားမှ လုပ်မထားဘူး။ ငါ့အပြစ်တွေကို ဘာမှ ပြန်လည် သုံးသပ်စရာ မလိုဘူး။ "

' ထင်ထားတဲ့အတိုင်းပဲ ၊ ငါးစိမ်း မြင်ရင် ငါးကင် ပစ်တယ်။ မြန်မြန် ပြန်လာခဲ့ပါ သခင်မရေ။ အဖေနဲ့ ဒီမကောင်းတဲ့ စက်ရုပ်မလေးက ငါ့ကို နှိပ်စက်ပြီး ငါ့ခွေးစာကို လျှော့ချပစ်တော့မယ်။ '

လူသားကမ္ဘာရဲ့ အန္တာရာယ်တွေကို မမြင်ဖူးသော ခွေးကလေးဟာ ဉာဏ်ကောင်းသော စက်ရုပ် တစ်ရုပ်နှင့် ယှဉ်လို့ မရတာ သနားစရာကောင်းရဲ့။ သူ ဘယ်လောက် ရုန်းကန် ရုန်းကန် ၊ ရိုလီပိုလီ သူ့ကို အလွယ်တကူ ပွေ့ချီကာ ခေါ်လာခဲ့သည်။

လမ်း တစ်လျှောက်မှာလည်း သူမလေးက သူ့ကို အလွန် လေးနက်စွာ လက်ချာရိုက်နေခဲ့သည်။ " တာ့တာ့ကို ဒေါသမထွက်ဖို့ သွမ်းသွမ်းကို ဟိုးအစောကြီးကတည်းက ရိုလီပိုလီ ပြောထားတယ်နော်။ ဒီမိသားစုရဲ့ ဦးဆောင်သူက သခင်မ ဆိုပေမဲ့ တာ့တာ့က ဒုတိယ သခင်ပဲ။ သခင်မက တာ့တာ့ကို သိပ်ချစ်တာ။ မင်းတို့ နှစ်ယောက် ရန်ဖြစ်ကြရင် သခင်မက တာ့တာ့ကို သေချာပေါက် ကူညီပေးမှာ။ ဒုက္ခရောက်မယ့် လူက မင်းပဲ မဟုတ်ဘူးလား။ "

ဟောက်ချန်ဟွမ်းသည် ရိုလီပိုလီက သူ့ကို စုယန်ယန်ဟာ သိပ်ချစ်ကြောင်း ပြောနေသံကို ကြားသောအခါ မပြုံးမိဘဲ မနေနိုင်ပေ။

ဒီအရာလေးကို အလွန် သဘောကျတဲ့ စုယန်ယန်ကို သူ အပြစ်မတင်နိုင်ပါ။ သူမလေးက ခွေး တစ်ကောင်ရဲ့ ‌နလပိန်းတုံး ဦးနှောက်ထက် အများကြီး ပိုဉာဏ်ကောင်းသည်။

ရိုလီပိုလီ ပေးသော အကြံကို ကြားတော့ သွမ်းသွမ်းရဲ့ ရုန်းကန်ခြင်းက အားလျော့သထက် အားလျော့လာခဲ့သည်။ နောက်ဆုံးတော့ သူ့ခြေထောက်လေးတွေကို လက်လျှော့ကာ တွဲလောင်းချလိုက်ပြီး ကူကယ်ရာမဲ့ ခံစားလိုက်ရသည်။ အဖေက သူ့ခန္ဓာကိုယ်ကို နာကျင်အောင် လုပ်တယ် ၊ ဒီမိစ္ဆာမလေးက သူ့နှလုံးသားကို နာကျင်အောင် လုပ်တယ် ၊ သခင်မက …

' ထားလိုက်တော့။ သခင်မက သူတို့နဲ့ ကြံရာပါ ဖြစ်နေပြီ။ ဒီကလေးလေး အတွက် နေရာ မရှိတော့ဘူး။ အဟင့် … '

စာကြည့်ခန်းထဲမှ ထွက်သွားသော ကလေး နှစ်ယောက်ကို ကြည့်ပြီးနောက် ဟောက်ချန်ဟွမ်းရဲ့ မျက်နှာပေါ်က အပြုံးက မှိန်ဖျော့သွားခဲ့သည်။ ကျိုးယန်ပိုင် ပြောခဲ့တဲ့ စကားကို သူ ပြန်တွေးမိလျှင် သူ့မျက်လုံးတွေထဲမှာ အေးစက်စက် အလင်းတန်း တစ်ခု ဖြတ်ပြေးသွားသည်။ သူ့ခေါင်းစဉ်ကို သူ ထုတ်ဖော်ကြေညာဖို့ လိုအပ်လာပြီဟု သူ ခံစားနေရသည်။

ထိုအချိန်မှာ စုယန်ယန်ကတော့ တက္ကသိုလ်မှာ ဖြစ်ပျက်ခဲ့သမျှ အရာ အားလုံး ဟောက်ချန်ဟွမ်းရဲ့ နားထဲ ပြန်ရောက်သွားတဲ့ အကြောင်း မသိရှာပေ။

မနက်ပိုင်း သင်ခန်းစာများကို သင်ပြီးသွားချိန်မှာ ကျောင်းဆင်းခေါင်းလောင်း မြည်သည်နှင့် စုယန်ယန်က သူမရဲ့ အိတ်ကို ဆွဲလိုက်လေသည်။ ပရော်ဖက်ဆာအိုကြီးများကို သူမအား နှောင့်ယှက်ခွင့် မပေးဘဲ အတန်းထဲကနေ သူမ အလျင်အမြန် ထွက်လာခဲ့လိုက်သည်။

သူမ ကားပေါ် တက်ကာ အိမ်ပြန်ဖို့ ပြင်နေရုံ ရှိသေး သူမရဲ့ ဖုန်းက မြည်လာသည်။ သူမ ဖုန်းကိုင်လိုက်သည့် အခိုက်အတန့်မှာပဲ ရှားကျွင်းရှန်၏ ကြုံတောင့်ကြုံခဲ ထိတ်လန့်နေသော အသံကို ကြားလိုက်ရသည်။

" တစ်ခုခုတော့ ဖြစ်နေပြီ ယန်ယန် .. "

All Chapters